ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီကေန႔ ခင္ဗ်ား တို႔ကို ကၽြန္ေတာ္ အဲ့ဒီ ေရာက္ေနစဥ္ တုန္းက သိခဲ့တာေတြကို ျပန္ေျပာျပခ်င္တယ္။အဲဒီက… စိတၱဇ  ေဝဒနာသည္ ေတြဆီမွာ အႀကီးမားဆံုး ႏွလံုးသား ရွိတတ္တယ္။

ကိုယ့္ကိုယ္ကို သတ္ပစ္ခ်င္ေလာက္ေအာင္ ေခါင္းမာတဲ့ ေကာင္ေလး က သူ ႔ဘဝ ရဲ႕ အိပ္မက္ ကို လာေျပာျပဖူးတယ္။ လက္သည္းနီ ဆိုးထားတဲ့ စားဖိုမႉး တစ္ေယာက္ ျဖစ္ခ်င္တယ္တဲ့။

အေရျပား ကို လက္သည္း နဲ႔ ေသြးထြက္ေအာင္ ကုတ္တတ္တဲ့ မိန္းကေလး ဟာ ေျပာင္ေျမာက္တဲ့ ပန္းခ်ီကား ေတြ ေရးတတ္တယ္။အေၾကာဆြဲေနတဲ့ ေကာင္ေလး ဟာ ဘယ္အခ်ိန္ ေကာက္ေမးေမး ရယ္စရာ အေကာင္းဆံုး ဟာသ ကို ေျပာႏိုင္တယ္။

ေဆးစြဲတဲ့ ေကာင္မေလး ကေတာ့ နက္နဲတဲ့ အေတြးအေခၚ ပိုင္ရွင္ ျဖစ္တယ္။
ေသေၾကာင္းၾကံခဲ့ဖူးတဲ့ မိန္းကေလး ေတြမွာ ေျပာျပစရာ ပံုျပင္ ေတြ ရွိတတ္ၾကၿပီး အိပ္မရတဲ့ ကေလးငယ္ ေတြကို ညဖက္မွာ ေခ်ာ့သိပ္တတ္ၾကပါတယ္။ေဒါသေတြ ေျခာင္းေျခာင္းထြက္ေနတဲ့ လူနာဟာ ဖက္လိုက္ရင္ အေႏြးဆံုး။

အေအးဆံုး မိန္းကေလး ဟာ အရက္စြဲ ေနသူျဖစ္ၿပီးေတာ့ သူ႔ေရွ႕ အႏိုင္က်င့္ခံရသူ မွန္သမွ် ေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ ေပးေလ့ ရွိပါတယ္။
တကယ္ေတာ့ေလ… လူသားေတြဟာ ကၽြန္ေတာ္ တို႔ သိ႐ွိ နားလည္ထားတာထက္ ပိုထူးျခားတယ္။ ျဖစ္တည္မႈဟာ သိမ္ေမြ႕တယ္။ ျဖည့္ဆည္းပံုဟာ နက္နဲတယ္။
တစ္ကိုယ္လံုး အမာရြတ္ ေတြ အျပည့္နဲ႔ ကေလးမ တစ္ေယာက္ကိုေတြ႕ေတာ့ ကၽြန္ေတာ္ငိုမိတယ္။ သူက တစ္ရွဴးေလးနဲ႔ ကၽြန္ေတာ့္ မ်က္ႏွာ ကို လာတို႔ရင္း ေျပာရွာတယ္။ “အလွေတြ ပ်က္ကုန္မယ္… မငိုပါနဲ႔” တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lyhealthcare

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီကနေ့ ခင်ဗျား တို့ကို ကျွန်တော် အဲ့ဒီ ရောက်နေစဉ် တုန်းက သိခဲ့တာတွေကို ပြန်ပြောပြချင်တယ်။အဲဒီက… စိတ္တဇ  ဝေဒနာသည် တွေဆီမှာ အကြီးမားဆုံး နှလုံးသား ရှိတတ်တယ်။

ကိုယ့်ကိုယ်ကို သတ်ပစ်ချင်လောက်အောင် ခေါင်းမာတဲ့ ကောင်လေး က သူ့ဘဝ ရဲ့ အိပ်မက် ကို လာပြောပြဖူးတယ်။ လက်သည်းနီ ဆိုးထားတဲ့ စားဖိုမှူး တစ်ယောက် ဖြစ်ချင်တယ်တဲ့။

အရေပြား ကို လက်သည်း နဲ့ သွေးထွက်အောင် ကုတ်တတ်တဲ့ မိန်းကလေး ဟာ ပြောင်မြောက်တဲ့ ပန်းချီကား တွေ ရေးတတ်တယ်။အကြောဆွဲနေတဲ့ ကောင်လေး ဟာ ဘယ်အချိန် ကောက်မေးမေး ရယ်စရာ အကောင်းဆုံး ဟာသ ကို ပြောနိုင်တယ်။

ဆေးစွဲတဲ့ ကောင်မလေး ကတော့ နက်နဲတဲ့ အတွေးအခေါ် ပိုင်ရှင် ဖြစ်တယ်။
သေကြောင်းကြံခဲ့ဖူးတဲ့ မိန်းကလေး တွေမှာ ပြောပြစရာ ပုံပြင် တွေ ရှိတတ်ကြပြီး အိပ်မရတဲ့ ကလေးငယ် တွေကို ညဖက်မှာ ချော့သိပ်တတ်ကြပါတယ်။ဒေါသတွေ ခြောင်းခြောင်းထွက်နေတဲ့ လူနာဟာ ဖက်လိုက်ရင် အနွေးဆုံး။

အအေးဆုံး မိန်းကလေး ဟာ အရက်စွဲ နေသူဖြစ်ပြီးတော့ သူ့ရှေ့ အနိုင်ကျင့်ခံရသူ မှန်သမျှ ရှေ့ကနေ မားမားမတ်မတ် ရပ်တည် ပေးလေ့ ရှိပါတယ်။
တကယ်တော့လေ… လူသားတွေဟာ ကျွန်တော် တို့ သိရှိ နားလည်ထားတာထက် ပိုထူးခြားတယ်။ ဖြစ်တည်မှုဟာ သိမ်မွေ့တယ်။ ဖြည့်ဆည်းပုံဟာ နက်နဲတယ်။
တစ်ကိုယ်လုံး အမာရွတ် တွေ အပြည့်နဲ့ ကလေးမ တစ်ယောက်ကိုတွေ့တော့ ကျွန်တော်ငိုမိတယ်။ သူက တစ်ရှူးလေးနဲ့ ကျွန်တော့် မျက်နှာ ကို လာတို့ရင်း ပြောရှာတယ်။ “အလှတွေ ပျက်ကုန်မယ်… မငိုပါနဲ့” တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: lyhealthcare
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top