၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

မိန္းကေလးအခ်ိဳ့က ဆံပင္အရွည္ျမန္ေစၾကျပီး ဆံပင္ရွည္ထြက္လာတဲ ့အခါတစ္ေလွ်ာက္မွာ ကိစၥမ်ိဳးစံုၾကံဳရတက္ပါတယ္။ ႏွစ္ခြျဖစ္ျခင္း ၊ ကၽြတ္ျခင္း ၊ ျပတ္ေတာက္လြယ္ျခင္းတို့က ဓမၼတာလိုျဖစ္ေနကာ စိတ္ဖိစီးမွုမ်ားျခင္း၊ ေလထုညစ္ညမ္းမွု ႏွင့္ ဆံပင္အာဟာရမေကာင္းျခင္း ၊ မ်ိဳးရိုးတို့ေၾကာင့္လည္း ဆံပင္ထြက္ေႏွးျခင္း၊ ဆံပင္သားမေကာင္းျခင္းမ်ား ျဖစ္တက္ပါတယ္။

ေထာပါတ္သီးဆီ

၎အဆီက ဆံသားအားျဖည့္ေပးျပီး သဘာ၀ SPF ပါ၀င္တဲ ့အတြက္ ဆံပင္ကၽြတ္ျခင္းကို သက္သာေစကာ ဦးေရျပားကုိ ႏူးည့ံေစပါတယ္။

သံလြင္ဆီ

သံလြင္ဆီက ဆံပင္ရွည္ျမန္ေစပါတယ္။ ဆံပင္ႏွစ္ခြျဖစ္ျခင္း ၊ ဆံပင္ကၽြတ္ျခင္း ၊တို့ကို ကာကြယ္ေပးကာ ဆံသားထူေစျပီး ေပ်ာ့ေပ်ာင္းေစပါတယ္။

ၾကက္ဆူဆီ

ဗီတာမင္ ၊ ကဆီဓါတ္ေတြၾကြယ္၀တဲ ့ၾကက္ဆူဆီက ဆံပင္က်န္းမာေရးအတြက္ အသင့္ေတာ္ဆံုးအဆီျဖစ္ပါတယ္။ ဆံပင္ရွည္ျမန္ေစျပီး ဆံပင္ကၽြတ္ျခင္း ကင္းေ၀းေစပါတယ္။

အဆိုပါဆီေတြက ေဘးထြက္ဆိုးက်ိဴးမရွိပါဘူး။ ေနရာတုိင္းနီးပါးအသံုးျပဳလို့ရျပီး ေငြကုန္ေၾကးက်လည္း သက္သာေစပါတယ္။

ျပဳလုပ္ပံု.....

ၾကက္ဆူဆီ ႏွစ္ပံုတစ္ပံု

သံလြင္ဆီ ႏွစ္ပံုတစ္ပံု

ေထာပါတ္သီးဆီ ေလးပံုတစ္ပံု တို့တြင္

    သံလြင္ဆီကို အနည္းငယ္အပူေပးကာ ၾကက္ဆူဆီေရာထည့္ပါ။

    ထို့ေနာက္ ေထာပါတ္သီးဆီေရာျပီး သမေအာင္ေမႊပါ။

    ထိုဆီမ်ား ေႏြးေနတုန္း ဆံပင္မွာလိမ္းေပးျပီး မိနစ္ ၃၀ခန့္ ႏွိပ္နယ္ေပးပါ။

    ျပီးေနာက္ ဆံပင္ကို စည္းထားေပး၍ ၃နာရီၾကာ (သို့) တစ္ညလံုးလိမ္းအိပ္နိုင္ပါတယ္။

    ထိေရာက္မွုရွိေစရန္ တစ္ပါတ္တစ္ခါ ျပဳလုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
မိန်းကလေးအချို့က ဆံပင်အရှည်မြန်စေကြပြီး ဆံပင်ရှည်ထွက်လာတဲ့အခါတစ်လျှောက်မှာ ကိစ္စမျိုးစုံကြုံရတက်ပါတယ်။ နှစ်ခွဖြစ်ခြင်း ၊ ကျွတ်ခြင်း ၊ ပြတ်တောက်လွယ်ခြင်းတို့က ဓမ္မတာလိုဖြစ်နေကာ စိတ်ဖိစီးမှုများခြင်း၊ လေထုညစ်ညမ်းမှု နှင့် ဆံပင်အာဟာရမကောင်းခြင်း ၊ မျိုးရိုးတို့ကြောင့်လည်း ဆံပင်ထွက်နှေးခြင်း၊ ဆံပင်သားမကောင်းခြင်းများ ဖြစ်တက်ပါတယ်။

ထောပါတ်သီးဆီ

၎င်းအဆီက ဆံသားအားဖြည့်ပေးပြီး သဘာ၀ SPF ပါဝင်တဲ့အတွက် ဆံပင်ကျွတ်ခြင်းကို သက်သာစေကာ ဦးရေပြားကို နူးညံ့စေပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ဆံပင်ရှည်မြန်စေပါတယ်။ ဆံပင်နှစ်ခွဖြစ်ခြင်း ၊ ဆံပင်ကျွတ်ခြင်း ၊တို့ကို ကာကွယ်ပေးကာ ဆံသားထူစေပြီး ပျော့ပျောင်းစေပါတယ်။

ကြက်ဆူဆီ

ဗီတာမင် ၊ ကဆီဓါတ်တွေကြွယ်ဝတဲ့ကြက်ဆူဆီက ဆံပင်ကျန်းမာရေးအတွက် အသင့်တော်ဆုံးအဆီဖြစ်ပါတယ်။ ဆံပင်ရှည်မြန်စေပြီး ဆံပင်ကျွတ်ခြင်း ကင်းဝေးစေပါတယ်။

အဆိုပါဆီတွေက ဘေးထွက်ဆိုးကျိူးမရှိပါဘူး။ နေရာတိုင်းနီးပါးအသုံးပြုလို့ရပြီး ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

ပြုလုပ်ပုံ.....

ကြက်ဆူဆီ နှစ်ပုံတစ်ပုံ

သံလွင်ဆီ နှစ်ပုံတစ်ပုံ

ထောပါတ်သီးဆီ လေးပုံတစ်ပုံ တို့တွင်

    သံလွင်ဆီကို အနည်းငယ်အပူပေးကာ ကြက်ဆူဆီရောထည့်ပါ။

    ထို့နောက် ထောပါတ်သီးဆီရောပြီး သမအောင်မွှေပါ။

    ထိုဆီများ နွေးနေတုန်း ဆံပင်မှာလိမ်းပေးပြီး မိနစ် ၃၀ခန့် နှိပ်နယ်ပေးပါ။

    ပြီးနောက် ဆံပင်ကို စည်းထားပေး၍ ၃နာရီကြာ (သို့) တစ်ညလုံးလိမ်းအိပ်နိုင်ပါတယ်။

    ထိရောက်မှုရှိစေရန် တစ်ပါတ်တစ်ခါ ပြုလုပ်ပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top