iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၈ တကၠသိုလ္​၀င္​စာ​ေမးပြဲ အခ်ိန္​စာရင္​းကို ပညာ​ေရး၀န္​ႀကီးဌာနက ​ေၾကညာလိုက္ၿပီး စာ​ေမးပြဲကို  ၂၀၁၈ မတ္​လ ၇ ရက္​ကေန ၁၆ ရက္​​အထိ တစ္ႏိုင္​ငံလံုး စစ္​​ေဆးမယ္လို႔ သိရပါတယ္။

မတ္​လ ၇ ရက္​မွာ​ ျမန္​မာစာ၊ ၈ ရက္​မွာ အဂၤလိပ္​စာ၊ ၉ ရက္​မွာ သခ်ၤာ၊ ၁၂ ရက္​မွာ ဓာတု​ေဗဒနဲ႔ စိတ္​ႀကိဳက္​ျမန္​မာစာ၊ ၁၃ ရက္​မွာ ႐ူပ​ေဗဒ၊  ၁၄ ရက္​မွာ ဇီ၀​ေဗဒနဲ႔ ေဘာဂေဗဒ၊ ၁၅ ရက္​မွာ ပထ၀ီ၀င္​၊ ၁၆ ရက္​မွာ သမိုင္​းဘာသာရပ္ေတြကို​ ေျဖဆိုရမွာ ျဖစ္ပါတယ္။

မတ္​လ ၁၀ ရက္​ (စ​ေန) နဲ႔ ၁၁ ရက္​ (တနဂၤ​ေႏြေန႔) ေတြမွာေတာ့ စာ​ေမးပြဲမက်င္​းပဘဲ ရပ္နားမွာ ျဖစ္ပါတယ္။

အခုက်င္းပမယ့္ တကၠသိုလ္၀င္​စာ​ေမးပြဲ ​ေမးခြန္​းတခ်ိဳ႕ကို အလြတ္က်က္​​ေျဖဆိုရတဲ့ ပံုစံအစား စဥ္​းစား​ေတြး​ေခၚ​ေျဖဆိုရတဲ့ ပံုစံံ​​ေျပာင္​းလဲမယ္လို႔ ၀န္​ႀကီးဌာနက ေၾကညာထားပါတယ္။

၂၀၁၈ တကၠသိုလ္​၀င္ စာ​ေမးပြဲေျဖဆိုဖုိ႔ ​ေလ်ွာက္​ထားတဲ့ ေက်ာင္​းသား​၊ ​ေက်ာင္​းသူ ၈၄၀,၀၀၀​ ခန္႔ရွိၿပီး အရင္ႏွစ္ထက္​​ ေျဖဆိုသူ ၈၀,၀၀၀  ခန္႔တိုးလာတယ္လုိ႔ သိရပါတယ္။

ဒါ့အျပင္ ဒီႏွစ္က်င္းပမယ့္ တကၠသိုလ္​၀င္စာ​ေမးပြဲမွာ အထက္​တန္​းျပ ဆရာ၊ဆရာမအားလံုး စာေမးပြဲအေျဖလႊာ စစ္​​ေဆးရမည္​ျဖစ္ၿပီး စစ္ေဆးခ တစ္​အုပ္​ကုိ ယခင္​ က်ပ္​၇၀ ​ေပးထားတာကေန က်ပ္​ ၃၀၀ အထိ တိုးျမႇင့္ေပးမယ္လို႔ ျမန္မာႏိုင္​ငံစာစစ္​ဦးစီးဌာနက ​ေၾကညာထားပါတယ္။

Source : 7DayDaily

Photos : Kumudra,KIC
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို ပညာရေးဝန်ကြီးဌာနက ကြေညာလိုက်ပြီး စာမေးပွဲကို  ၂၀၁၈ မတ်လ ၇ ရက်ကနေ ၁၆ ရက်အထိ တစ်နိုင်ငံလုံး စစ်ဆေးမယ်လို့ သိရပါတယ်။

မတ်လ ၇ ရက်မှာ မြန်မာစာ၊ ၈ ရက်မှာ အင်္ဂလိပ်စာ၊ ၉ ရက်မှာ သင်္ချာ၊ ၁၂ ရက်မှာ ဓာတုဗေဒနဲ့ စိတ်ကြိုက်မြန်မာစာ၊ ၁၃ ရက်မှာ ရူပဗေဒ၊  ၁၄ ရက်မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒ၊ ၁၅ ရက်မှာ ပထဝီဝင်၊ ၁၆ ရက်မှာ သမိုင်းဘာသာရပ်တွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက် (စနေ) နဲ့ ၁၁ ရက် (တနင်္ဂနွေနေ့) တွေမှာတော့ စာမေးပွဲမကျင်းပဘဲ ရပ်နားမှာ ဖြစ်ပါတယ်။

အခုကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းတချို့ကို အလွတ်ကျက်ဖြေဆိုရတဲ့ ပုံစံအစား စဉ်းစားတွေးခေါ်ဖြေဆိုရတဲ့ ပုံစံံပြောင်းလဲမယ်လို့ ဝန်ကြီးဌာနက ကြေညာထားပါတယ်။

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၈၄၀,၀၀၀ ခန့်ရှိပြီး အရင်နှစ်ထက် ဖြေဆိုသူ ၈၀,၀၀၀  ခန့်တိုးလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနှစ်ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲမှာ အထက်တန်းပြ ဆရာ၊ဆရာမအားလုံး စာမေးပွဲအဖြေလွှာ စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးခ တစ်အုပ်ကို ယခင် ကျပ်၇၀ ပေးထားတာကနေ ကျပ် ၃၀၀ အထိ တိုးမြှင့်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

Source : 7DayDaily

Photos : Kumudra,KIC

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top