ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သရဲဆိုတာနဲ႔ လူမ်ိဳးဘာသာ က်ားမ မေရြး၊ ႀကီးသူ ငယ္သူမေရြး၊ ေလာ႐ွည္ ဂ်ပုမေရြးေၾကာက္တတ္ၾကတာ မဆန္းပါဘူး။ သရဲေၾကာက္တာ ႐ွက္စရာမဟုတ္ပါဘူး။ ဒါေပမယ့္လည္း အဲ့ဒီ့ေၾကာက္စိတ္တစ္ခုေၾကာင့္ တစ္ခါတစ္ေလ သူငယ္ခ်င္းမိတ္ေဆြေတြ အၾကားသိမ္ငယ္ရပါတယ္။ အဲ့ဒီေတာ့ ဒီေၾကာက္စိတ္ကို ဘယ္လိုေဖ်ာက္ၾကမလဲ ဆိုတာ ဆက္လက္႐ႈစားၾကပါဦး။

၁။ဘာေၾကာင့္ေၾကာက္ရတာလဲ။

သရဲေၾကာက္သူအမ်ားစုဟာ ကိုယ္တိုင္အေျခာက္ခံရသူေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ သရဲနဲ႔ ပတ္သတ္ၿပီး ဂဃနဏ မသိပဲ စိတ္ကူးယဥ္ကမ႓ာထဲက အခ်က္အလက္အမွားေတြကို ဆက္စပ္ၿပီး ေျခာက္ျခားဖြယ္ပံုေဖာ္ထားၾကပါတယ္။ ဘယ္သူကေျပာလဲ။ သရဲဆိုတာ ႐ုပ္ဆိုးဆိုး ရြံစရာအေကာင္လို႔။

၂။စိတ္ထဲကေဖ်ာက္ပါ။

သင့္ကို ေၾကာက္ေစတာ သရဲမဟုတ္ပဲ သင္ကိုယ္တိုင္ပါ။ သရဲကား၊ သရဲစာအုပ္ဖတ္မိလို႔ စိတ္ထဲကေၾကာက္မိရင္လည္း အတတ္ႏိုင္ဆံုးစိတ္ထဲကေဖ်ာက္ပစ္ပါ။ သင့္ crush၊ ခ်စ္သူ အေၾကာင္းေျပာင္းလဲ စဥ္းစားပါ။

၃။ေလ့လာပါ။

အေၾကာင္းအရာတစ္ခုခုကို ရမ္းသမ္းေၾကာက္ျခင္းထက္ ေသခ်ာေလ့လာျခင္းကပိုထိေရာက္ပါတယ္။ သရဲနဲ႔ပတ္သတ္ၿပီး တရားဝင္ျဖစ္ရပ္မွန္ မွတ္တမ္းေတြကိုေလ့လာၾကည့္ပါ။ သင္သိလာရမွာက သရဲဆိုတာ သင္ထင္သေလာက္ေၾကာက္စရာမေကာင္းပါဘူး။တကယ့္ဓာတ္ပံုမွတ္တမ္းတစ္ခ်ိဳ႕မွာေတာင္ အလင္းအမွင္တန္းလိုပဲျမင္ရတာကို ေတြးၾကည့္ပါ။

၄။သူတူ ကိုယ္မျခား။

သရဲဆိုတာ တကယ္တမ္း ဝိညာဥ္ပါပဲ။ သရဲေျခာက္ခံရတယ္ဆိုတာ တကယ္ေတာ့ ဝိညာဥ္ရဲ႕ လႈပ္႐ွားမႈတစ္စံုတစ္ခုကိုျမင္မိလို႔ပါ။ လူသားေတြနဲ႔ကြာျခားခ်က္တစ္ခုပဲ႐ွိတယ္။ သူတို႔က ခႏၶာမဲ့ဝိညာဥ္၊ လူေတြက ခႏၶာနဲ႔ဝိညာဥ္။ အဲ့ဒီေတာ့ အခ်င္းခ်င္းေၾကာက္စရာမလိုပါဘူး။
၅။ သရဲဆိုတိုင္း လန္႔စရာမဟုတ္။

သရဲဆိုတိုင္း ဆံပင္ဖားလ်ား၊ မ်က္လံုးကြၽတ္ထြက္၊ မ်က္ႏွာစုတ္ျပဲ ၿပီး ေသြးလန္႔မတတ္ေၾကာက္စရာေကာင္းတာ မဟုတ္ပါဘူး။ “Ghost”၊ “Casper” စတဲ့႐ုပ္႐ွင္ထဲက သရဲေတြကို သတိရလိုက္ပါ။ ကိုယ္ခ်စ္ရတဲ့ လူေတြကို ကာကြယ္ေစာင့္ေ႐ွာက္ေပးခ်င္တဲ့ ဝိညာဥ္လည္း႐ွိေကာင္း႐ွိပါလိမ့္မယ္။

၆။လူေလာက္ေတာ့ မစြမ္းေသး။

သရဲ၊ ဝိညာဥ္ေတြဟာ အမွန္တစ္ကယ္ေတာ့ လူေတြေလာက္စြမ္းအားမ႐ွိပါဘူး။ ေလ့လာခ်က္ေတြအရ ဖန္ခြက္လႈပ္ဖို႔ေတာင္ သူတို႔ energy ေတြေတာ္ေတာ္လိုအပ္တယ္တဲ့။ သင့္ကိုထိဖို႔၊ ဂုတ္ေပၚတက္ခြဖို႔ ပိုေတာင္ေဝးေသး။

၇။ဘုရားစာ ရြတ္ပါ။

အကယ္၍ တစ္ေယာက္တည္းလမ္းေလ်ွာက္ရင္း တစ္စံုတစ္ခုေၾကာင့္ေၾကာက္လာရင္ ဘုရားစာရြတ္ပါ။ ဘုရားစာရြတ္ျခင္းက တစ္ကယ္ေတာ့ စိတ္ကိုတည္ၿငိမ္မႈေပးၿပီး ကိုယ့္ကိုယ္ကို လံုျခံဳသလို ခံစားရပါတယ္။

၈။စိန္ေခၚပါ။

သရဲေၾကာက္တဲ့စိတ္ကို ေဖ်ာက္ဖ်က္ဖို႔ဆို ကိုယ့္စိတ္ကိုယ္ေလ့က်င့္ေပးပါ။ မီးပိတ္ထားတဲ့အခန္းကို တစ္ေယာက္တည္းသြားၿပီး ပစၥည္းယူတာမ်ိဳး လုပ္ၾကည့္ပါ။ ဓာတ္ေလွကားကို တစ္ေယာက္တည္းစီးၾကည့္ပါ။ အကယ္၍ အဆင္ေျပသြားရင္ “ငါကြ” လို႔ကိုယ့္ကိုယ္ကို

၉။သရဲကားၾကည့္ျဖစ္ေအာင္ၾကည့္ပါ။

သရဲအေၾကာင္းေတြ သိသင့္သေလာက္ေလ့လာၿပီးရင္ သရဲကားေတြထိုင္ၾကည့္ပါ။ ႐ုပ္႐ွင္ဇာတ္လမ္းနဲ႔ ျဖစ္ရပ္မွန္မွတ္တမ္းေတြၾကားထဲက ကြာဟခ်က္၊အလြဲ ေတြေၾကာင့္ သင္ေတာင္သတၱိ႐ွိခ်င္႐ွိလာႏိုင္ပါတယ္။

သရဲေၾကာက္တယ္ဆိုတာ ႐ွက္စရာမဟုတ္ပါဘူး။ “သရဲမေၾကာက္တတ္ဘူး” ဆိုရင္ေတာ့ လူေႂကြစရာပါပဲ။ ေၾကာက္တယ္၊မေၾကာက္ဘူးဆိုတာထက္ ကိုယ္မျမင္ဖူးတဲ့အရာတစ္ခုအတြက္ စိတ္မေျခာက္ျခားေစခ်င္ပါဘူး။ အေပၚကအခ်က္ကေလးေတြက သင့္စိတ္ကို အနည္းအက်ဥ္း ခြန္အားရ႐ွိေစမယ္လို႔ေမ်ွာ္လင့္မိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Forhermyanmar

#Unicode Version#
သရဲဆိုတာနဲ့ လူမျိုးဘာသာ ကျားမ မရွေး၊ ကြီးသူ ငယ်သူမရွေး၊ လောရှည် ဂျပုမရွေးကြောက်တတ်ကြတာ မဆန်းပါဘူး။ သရဲကြောက်တာ ရှက်စရာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီ့ကြောက်စိတ်တစ်ခုကြောင့် တစ်ခါတစ်လေ သူငယ်ချင်းမိတ်ဆွေတွေ အကြားသိမ်ငယ်ရပါတယ်။ အဲ့ဒီတော့ ဒီကြောက်စိတ်ကို ဘယ်လိုဖျောက်ကြမလဲ ဆိုတာ ဆက်လက်ရှုစားကြပါဦး။

၁။ဘာကြောင့်ကြောက်ရတာလဲ။

သရဲကြောက်သူအများစုဟာ ကိုယ်တိုင်အခြောက်ခံရသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် သရဲနဲ့ ပတ်သတ်ပြီး ဂဃနဏ မသိပဲ စိတ်ကူးယဉ်ကမ္ဘာထဲက အချက်အလက်အမှားတွေကို ဆက်စပ်ပြီး ခြောက်ခြားဖွယ်ပုံဖော်ထားကြပါတယ်။ ဘယ်သူကပြောလဲ။ သရဲဆိုတာ ရုပ်ဆိုးဆိုး ရွံစရာအကောင်လို့။


၂။စိတ်ထဲကဖျောက်ပါ။

သင့်ကို ကြောက်စေတာ သရဲမဟုတ်ပဲ သင်ကိုယ်တိုင်ပါ။ သရဲကား၊ သရဲစာအုပ်ဖတ်မိလို့ စိတ်ထဲကကြောက်မိရင်လည်း အတတ်နိုင်ဆုံးစိတ်ထဲကဖျောက်ပစ်ပါ။ သင့် crush၊ ချစ်သူ အကြောင်းပြောင်းလဲ စဉ်းစားပါ။

၃။လေ့လာပါ။

အကြောင်းအရာတစ်ခုခုကို ရမ်းသမ်းကြောက်ခြင်းထက် သေချာလေ့လာခြင်းကပိုထိရောက်ပါတယ်။ သရဲနဲ့ပတ်သတ်ပြီး တရားဝင်ဖြစ်ရပ်မှန် မှတ်တမ်းတွေကိုလေ့လာကြည့်ပါ။ သင်သိလာရမှာက သရဲဆိုတာ သင်ထင်သလောက်ကြောက်စရာမကောင်းပါဘူး။တကယ့်ဓာတ်ပုံမှတ်တမ်းတစ်ချို့မှာတောင် အလင်းအမှင်တန်းလိုပဲမြင်ရတာကို တွေးကြည့်ပါ။

၄။သူတူ ကိုယ်မခြား။

သရဲဆိုတာ တကယ်တမ်း ဝိညာဉ်ပါပဲ။ သရဲခြောက်ခံရတယ်ဆိုတာ တကယ်တော့ ဝိညာဉ်ရဲ့ လှုပ်ရှားမှုတစ်စုံတစ်ခုကိုမြင်မိလို့ပါ။ လူသားတွေနဲ့ကွာခြားချက်တစ်ခုပဲရှိတယ်။ သူတို့က ခန္ဓာမဲ့ဝိညာဉ်၊ လူတွေက ခန္ဓာနဲ့ဝိညာဉ်။ အဲ့ဒီတော့ အချင်းချင်းကြောက်စရာမလိုပါဘူး။

၅။ သရဲဆိုတိုင်း လန့်စရာမဟုတ်။

သရဲဆိုတိုင်း ဆံပင်ဖားလျား၊ မျက်လုံးကျွတ်ထွက်၊ မျက်နှာစုတ်ပြဲ ပြီး သွေးလန့်မတတ်ကြောက်စရာကောင်းတာ မဟုတ်ပါဘူး။ “Ghost”၊ “Casper” စတဲ့ရုပ်ရှင်ထဲက သရဲတွေကို သတိရလိုက်ပါ။ ကိုယ်ချစ်ရတဲ့ လူတွေကို ကာကွယ်စောင့်ရှောက်ပေးချင်တဲ့ ဝိညာဉ်လည်းရှိကောင်းရှိပါလိမ့်မယ်။

၆။လူလောက်တော့ မစွမ်းသေး။

သရဲ၊ ဝိညာဉ်တွေဟာ အမှန်တစ်ကယ်တော့ လူတွေလောက်စွမ်းအားမရှိပါဘူး။ လေ့လာချက်တွေအရ ဖန်ခွက်လှုပ်ဖို့တောင် သူတို့ energy တွေတော်တော်လိုအပ်တယ်တဲ့။ သင့်ကိုထိဖို့၊ ဂုတ်ပေါ်တက်ခွဖို့ ပိုတောင်ဝေးသေး။

၇။ဘုရားစာ ရွတ်ပါ။

အကယ်၍ တစ်ယောက်တည်းလမ်းလျှောက်ရင်း တစ်စုံတစ်ခုကြောင့်ကြောက်လာရင် ဘုရားစာရွတ်ပါ။ ဘုရားစာရွတ်ခြင်းက တစ်ကယ်တော့ စိတ်ကိုတည်ငြိမ်မှုပေးပြီး ကိုယ့်ကိုယ်ကို လုံခြုံသလို ခံစားရပါတယ်။

၈။စိန်ခေါ်ပါ။

သရဲကြောက်တဲ့စိတ်ကို ဖျောက်ဖျက်ဖို့ဆို ကိုယ့်စိတ်ကိုယ်လေ့ကျင့်ပေးပါ။ မီးပိတ်ထားတဲ့အခန်းကို တစ်ယောက်တည်းသွားပြီး ပစ္စည်းယူတာမျိုး လုပ်ကြည့်ပါ။ ဓာတ်လှေကားကို တစ်ယောက်တည်းစီးကြည့်ပါ။ အကယ်၍ အဆင်ပြေသွားရင် “ငါကွ” လို့ကိုယ့်ကိုယ်ကို


၉။သရဲကားကြည့်ဖြစ်အောင်ကြည့်ပါ။

သရဲအကြောင်းတွေ သိသင့်သလောက်လေ့လာပြီးရင် သရဲကားတွေထိုင်ကြည့်ပါ။ ရုပ်ရှင်ဇာတ်လမ်းနဲ့ ဖြစ်ရပ်မှန်မှတ်တမ်းတွေကြားထဲက ကွာဟချက်၊အလွဲ တွေကြောင့် သင်တောင်သတ္တိရှိချင်ရှိလာနိုင်ပါတယ်။

သရဲကြောက်တယ်ဆိုတာ ရှက်စရာမဟုတ်ပါဘူး။ “သရဲမကြောက်တတ်ဘူး” ဆိုရင်တော့ လူကြွေစရာပါပဲ။ ကြောက်တယ်၊မကြောက်ဘူးဆိုတာထက် ကိုယ်မမြင်ဖူးတဲ့အရာတစ်ခုအတွက် စိတ်မခြောက်ခြားစေချင်ပါဘူး။ အပေါ်ကအချက်ကလေးတွေက သင့်စိတ်ကို အနည်းအကျဉ်း ခွန်အားရရှိစေမယ်လို့မျှော်လင့်မိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Forhermyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top