ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အေမရိကားနဲ႕ ဥေရာပမွာ ေခတ္စားလာတဲ့ အဝတ္ဗလာနဲ႕ လုပ္ရတဲ့ ေယာဂေလ့က်င့္ခန္းမ်ားႏွင့္ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေတာင့္တင္းေသာခႏၶာကိုယ္အလွ

ေယာဂေလ့က်င့္ခန္းေတြဟာ လူေတြကို မ်ားစြာ အက်ိဳးျပဳတဲ့ အိႏၵိယက ဆာဒူးေတြရဲ႕ ေလ့က်င့္ခန္းေတြျဖစ္ပါတယ္။ဒီေန႕ေခတ္မွာေတာ့ ဒီေလ့က်င့္ခန္းေတြဟာ ကမာၻေက်ာ္ခဲ့ျပီး သင္တန္းေက်ာင္းေတြ တီဗီအစီအစဥ္ေတြမွာ လူတိုင္း စိတ္ပါဝင္တစား လုပ္ေဆာင္ေနတာျဖစ္ပါတယ္။မူရင္းကေတာ့ အဝတ္အစားမဲ့ လုပ္ရတဲ့ ေလ့က်င့္ခန္းျဖစ္တာမို႕ အေမရိကန္က အမ်ိဳးသမီးေတြဟာ ဒါကို ေယာဂကလပ္ေတြမွာ အတိအက်လုပ္ေဆာင္ေနတာျဖစ္ျပီး ေဖာ္ျပေပးလိုက္ပါတယ္။

အေမရိကန္မွာတင္ အဝတ္မဲ့ ေယာဂလုပ္ၾကတာမဟုတ္ပါဘူး။ၾသစေတးလ်နဲ႕ အဂၤလန္တို႔မွာပါ ေယာဂသင္တန္းေတြ ဖြင့္ခဲ့ျပီး အသက္ 30 ရွိျပီျဖစ္တဲ့ ၾသစေတးလ် အမ်ိဳးသမီးကေတာ့ သူမဟာ ေန႕စဥ္ အဝတ္မဲ့ ေယာဂေလ့က်င့္ခန္းေတြလုပ္ရတာကို သေဘာက်ျပီး သူ႕ရဲ႕ ေျပာင္းလဲၾကံ႕ခိုင္လာတဲ့ ခႏၶာကိုယ္ကို ျမင္ေတြ႕ရတာ တေန႕ထက္ တေန႕ စိတ္ေက်နပ္မႈရေစတာျဖစ္တယ္လို႕ ေျပာခဲ့ပါတယ္။

Rosie Rees ဆိုတဲ့ သင္တန္းေထာင္သူ အမ်ိဳးသမီးကလဲ Daily Mail UK သတင္းဌာနမွာ ေျပာၾကားခ်က္အရ အဝတ္မဲ့ ေယာဂေလ့က်င့္ခန္းေတြလုပ္တာဟာ အမ်ိဳးသမီးေတြအတြက္ လိင္မႈကိစၥအျပင္ စြဲမက္ဖြယ္ ခႏၶာကိုယ္လဲ တိုးတက္လာမွာျဖစ္ျပီး အမ်ိဳးသမီးေ၇ာဂါကိုလဲ နည္းပါးေစတာျဖစ္ပါတယ္။အိပ္စက္ျခင္းေတြကို လည္း ေကာင္းမြန္ႏွစ္ျခိဳက္ေစျပီး မနက္ခင္းတိုင္း လန္းဆန္းတက္ၾကြေနမွာ ျဖစ္ပါတယ္။

ဓာတ္ကူးတယ္လို႕ ေျပာလို႕ တခ်ိဳ႕ေယာဂေလ့က်င့္ခန္းေတြဟာ အဝတ္နဲ႕ လုပ္ရင္ ခႏၶာကိုယ္ေပၚအက်ိဳးသက္ေရာက္မႈ မရွိပဲ ေလ့က်င့္ခ်ိန္သာ ကုန္လြန္သြားတာၾကံဳရပမွာျဖတယ္လိုက Rees က ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသမီး ေတြဟာ စိုးရိမ္စိတ္ၾကီးမားပါတယ္။ဒီလို ပူပင္ေသာကေတကို စိတ္က လြယ္လြယ္လက္ခံလို႕ အရြယ္မတိုင္ခင္ ရုပ္က်တာ အိုမင္းတာနဲ႕ အေရျပားတြန္႔လိပ္တာေတြကို လြယ္လြယ္နဲ႕ မျဖစ္ေစပါဘူး။ျပီးေတာ့ ႏွလံုးအားနည္းတာကို ေပ်ာက္ျပီး သတိၱနဲ႕ ခြန္အားကို ၇ရွိေစပါတယ္။

အမ်ိဳးသမီးေတြဟာ ေျခလွမ္းတိုင္း ဆြဲေဆာင္မႈရွိဖို႕နဲ႕ အျပံဳးတိုင္းလွပဖို႕ ေမာ္ဒယ္လ္သင္တန္းတက္ေနရပါတယ္။ဒါေပမယ့္ ေယာဂေလ့က်င့္ခန္းရဲ႕ အက်ိဳးေက်းဇူးမွာ ဒါေတြပါ ပါတယ္။သင့္ခႏၶာကိုယ္ဟာ သင္ထင္တာထက္ ပိုမိုလွပႏိုင္ျပီးေတာ့ ဒါကို ေဖာ္ထုတ္ဖို႕ ေသာ့ခ်က္ကပို သိဖို႕ လိုအပ္တယ္လို႕ သင္တန္းသူ အမ်ိဳးသမီးက ေျပာခဲ့ပါတယ္။

အသက္ ငယ္ရြယ္သူေတြကိုသာ ေကာင္းက်ိဳးျဖစ္ေပၚေစတာလားဆိုေတာ့ မဟုတ္ပါဘူး။အသက္ၾကီးသူေတြရဲ႕ အထိုင္အထျပႆနာေတြ အစာစားခ်င္စိတ္ေပ်ာက္ဆံုးတာေတြနဲ႕ ခႏၶာကိုယ္ျဖစ္စဥ္ေတြကို ေျပာင္းလဲတိုးတက္ေစျပီး ေတာ္ရုံနာဖ်ားမႈကို မျဖစ္ေစပါဘူး။

အမ်ိဳးသမီးေတြရဲ႕ ခႏၶာျဖစ္စဥ္ ေျပာင္းလဲေနမႈက တေယာက္နဲ႕ တေယာက္နဲ႕ မတူပါဘူး။အသက္ရလာတာနဲ႕ ေသြးဆံုးကိုင္လို႕ ခံစားရတာျခင္းလဲ မတူပါဘူး။ဒါကို အေကာင္းမြန္ဆံုး ထိန္းခ်ဳပ္ဖို႕ က်မဟာ သင္တန္းလာတဲ့ အမ်ိဳးသမီးေတြကို မွတ္တမ္းနဲ႕ ထားျပီး ေလ့လာခဲ့ရာ သူတို႕ရဲ႕ အေျခအေနေတြဟာ ထင္မွတ္မထားမိေအာင္ တိုးတက္ခဲ့တဲံတယ္လို႕ င္တန္းတည္ေထာင္သူ Rees က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေယာဂဟာ စိတ္ပိုင္းဆိုင္ရာေရာ ရုပ္ပိုင္းဆိုင္ရာပါ ပတ္သက္ ဆက္ႏြယ္ေနတဲ့ က်င့္စဥ္ေတြျဖစ္တာမို႕ ေန႕စဥ္ ကိုယ္အခ်ိန္ထဲက တစ္နာရီေလာက္ ဖဲ့ျပီး လုပ္ရတာ အက်ိဳးမယုတ္ပါဘူး။ေနာက္ႏွစ္ေတြမွာ ဒီထက္ပိုက်ယ္ျပန္႔တဲံ အဝတ္မဲံေယာဂသင္တန္းေတြ ျမင္လာရမွာျဖစ္ျပီး အမ်ိုးသမီးေတြအေနနဲ႕ အိမ္မွာ အလြယ္တကူလုပ္လို႕ရတဲ့ ဒီေလ့က်င့္ခန္းေတြက ပိုမိုတြင္က်ယ္လာဦးမွာျဖစ္တယ္လို႕ သံုးသပ္ထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #

အမေရိကားနဲ့ ဥရောပမှာ ခေတ်စားလာတဲ့ အဝတ်ဗလာနဲ့ လုပ်ရတဲ့ ယောဂလေ့ကျင့်ခန်းများနှင့် အမျိုးသမီးတွေရဲ့ ကျန်းမာတောင့်တင်းသောခန္ဓာကိုယ်အလှ

ယောဂလေ့ကျင့်ခန်းတွေဟာ လူတွေကို များစွာ အကျိုးပြုတဲ့ အိန္ဒိယက ဆာဒူးတွေရဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ ဒီလေ့ကျင့်ခန်းတွေဟာ ကမ္ဘာကျော်ခဲ့ပြီး သင်တန်းကျောင်းတွေ တီဗီအစီအစဉ်တွေမှာ လူတိုင်း စိတ်ပါဝင်တစား လုပ်ဆောင်နေတာဖြစ်ပါတယ်။မူရင်းကတော့ အဝတ်အစားမဲ့ လုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာမို့ အမေရိကန်က အမျိုးသမီးတွေဟာ ဒါကို ယောဂကလပ်တွေမှာ အတိအကျလုပ်ဆောင်နေတာဖြစ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်မှာတင် အဝတ်မဲ့ ယောဂလုပ်ကြတာမဟုတ်ပါဘူး။သြစတေးလျနဲ့ အင်္ဂလန်တို့မှာပါ ယောဂသင်တန်းတွေ ဖွင့်ခဲ့ပြီး အသက် 30 ရှိပြီဖြစ်တဲ့ သြစတေးလျ အမျိုးသမီးကတော့ သူမဟာ နေ့စဉ် အဝတ်မဲ့ ယောဂလေ့ကျင့်ခန်းတွေလုပ်ရတာကို သဘောကျပြီး သူ့ရဲ့ ပြောင်းလဲကြံ့ခိုင်လာတဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ရတာ တနေ့ထက် တနေ့ စိတ်ကျေနပ်မှုရစေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Rosie Rees ဆိုတဲ့ သင်တန်းထောင်သူ အမျိုးသမီးကလဲ Daily Mail UK သတင်းဌာနမှာ ပြောကြားချက်အရ အဝတ်မဲ့ ယောဂလေ့ကျင့်ခန်းတွေလုပ်တာဟာ အမျိုးသမီးတွေအတွက် လိင်မှုကိစ္စအပြင် စွဲမက်ဖွယ် ခန္ဓာကိုယ်လဲ တိုးတက်လာမှာဖြစ်ပြီး အမျိုးသမီးရောဂါကိုလဲ နည်းပါးစေတာဖြစ်ပါတယ်။အိပ်စက်ခြင်းတွေကို လည်း ကောင်းမွန်နှစ်ခြိုက်စေပြီး မနက်ခင်းတိုင်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။

ဓာတ်ကူးတယ်လို့ ပြောလို့ တချို့ယောဂလေ့ကျင့်ခန်းတွေဟာ အဝတ်နဲ့ လုပ်ရင် ခန္ဓာကိုယ်ပေါ်အကျိုးသက်ရောက်မှု မရှိပဲ လေ့ကျင့်ချိန်သာ ကုန်လွန်သွားတာကြုံရပမှာဖြတယ်လိုက Rees က ပြောကြားခဲ့ပါတယ်။

အမျိုးသမီး တွေဟာ စိုးရိမ်စိတ်ကြီးမားပါတယ်။ဒီလို ပူပင်သောကတေကို စိတ်က လွယ်လွယ်လက်ခံလို့ အရွယ်မတိုင်ခင် ရုပ်ကျတာ အိုမင်းတာနဲ့ အရေပြားတွန့်လိပ်တာတွေကို လွယ်လွယ်နဲ့ မဖြစ်စေပါဘူး။ပြီးတော့ နှလုံးအားနည်းတာကို ပျောက်ပြီး သတ္တိနဲ့ ခွန်အားကို ၇ရှိစေပါတယ်။

အမျိုးသမီးတွေဟာ ခြေလှမ်းတိုင်း ဆွဲဆောင်မှုရှိဖို့နဲ့ အပြုံးတိုင်းလှပဖို့ မော်ဒယ်လ်သင်တန်းတက်နေရပါတယ်။ဒါပေမယ့် ယောဂလေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးမှာ ဒါတွေပါ ပါတယ်။သင့်ခန္ဓာကိုယ်ဟာ သင်ထင်တာထက် ပိုမိုလှပနိုင်ပြီးတော့ ဒါကို ဖော်ထုတ်ဖို့ သော့ချက်ကပို သိဖို့ လိုအပ်တယ်လို့ သင်တန်းသူ အမျိုးသမီးက ပြောခဲ့ပါတယ်။

အသက် ငယ်ရွယ်သူတွေကိုသာ ကောင်းကျိုးဖြစ်ပေါ်စေတာလားဆိုတော့ မဟုတ်ပါဘူး။အသက်ကြီးသူတွေရဲ့ အထိုင်အထပြဿနာတွေ အစာစားချင်စိတ်ပျောက်ဆုံးတာတွေနဲ့ ခန္ဓာကိုယ်ဖြစ်စဉ်တွေကို ပြောင်းလဲတိုးတက်စေပြီး တော်ရုံနာဖျားမှုကို မဖြစ်စေပါဘူး။

အမျိုးသမီးတွေရဲ့ ခန္ဓာဖြစ်စဉ် ပြောင်းလဲနေမှုက တယောက်နဲ့ တယောက်နဲ့ မတူပါဘူး။အသက်ရလာတာနဲ့ သွေးဆုံးကိုင်လို့ ခံစားရတာခြင်းလဲ မတူပါဘူး။ဒါကို အကောင်းမွန်ဆုံး ထိန်းချုပ်ဖို့ ကျမဟာ သင်တန်းလာတဲ့ အမျိုးသမီးတွေကို မှတ်တမ်းနဲ့ ထားပြီး လေ့လာခဲ့ရာ သူတို့ရဲ့ အခြေအနေတွေဟာ ထင်မှတ်မထားမိအောင် တိုးတက်ခဲ့တဲံတယ်လို့ င်တန်းတည်ထောင်သူ Rees က ပြောကြားခဲ့တာဖြစ်ပါတယ်။

ယောဂဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပတ်သက် ဆက်နွယ်နေတဲ့ ကျင့်စဉ်တွေဖြစ်တာမို့ နေ့စဉ် ကိုယ်အချိန်ထဲက တစ်နာရီလောက် ဖဲ့ပြီး လုပ်ရတာ အကျိုးမယုတ်ပါဘူး။နောက်နှစ်တွေမှာ ဒီထက်ပိုကျယ်ပြန့်တဲံ အဝတ်မဲံယောဂသင်တန်းတွေ မြင်လာရမှာဖြစ်ပြီး အမျိုးသမီးတွေအနေနဲ့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒီလေ့ကျင့်ခန်းတွေက ပိုမိုတွင်ကျယ်လာဦးမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top