လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူတစ္ပိုင္း ငါးတစ္ပိုင္းျဖစ္တဲ့ အသြင္ေျပာင္းသတၱဝါျကီး တစ္ေကာင္ကို ဧရာဝတီတိုင္း လပြတၱာျမိဳ႕နယ္ အျပင္ေရဆိုင္ရြာတြင္ ဒီဇင္ဘာ ၇ ရက္ေန႔ ဖမ္းဆီးရမိခဲ့ေၾကာင္း ယင္းေက်းရြာေနသူမ်ားထံမွ သိရွိရသည္။

“ဒီငါးျကီးကို ေတြ႔ေနတာ ၅ ရက္ေလာက္ရွိျပီဗ် ဒီေန႔မွ သူပဲ ကံဆိုးလို႔လား က်ြန္ေတာ္ပဲကံေကာင္းလို႔လား မသိဘူး က်ြန္ေတာ္ပိုက္ကြန္မွာ လာတိုးပဲ။ နိုင္ငံတကာ လွည့္လည္ျပီး ဒီငါးၾကီး ရံုသြင္း ျပသသြားမွာပါ ျပီးေတာ့ က်ြန္ေတာ္တို႔ ဒီငါးၾကီး မိထားေၾကာင္းလည္း အထက္ကိုစာတင္ ထားျပီးပါျပီ” ဟု တံငါသည္ၾကီး ဦးသားစစ္က ေျပာျကားသည္။

အဆိုပါ လူတစ္ပိုင္းငါးတစ္ပိုင္း သတၱဝါၾကီးကို နိုင္ငံတကာလွည့္လည္ျပီး ရံုသြင္း ျပသလိုက္မယ္ဆိုရင္ USD ေဒၚလာေငြ ဘီလီယံနဲ႕ခ်ီျပီး ရရွိနိုင္မွာျဖစ္ျပီး ျမန္မာနိုင္ငံသည္ မၾကာခင္မွာ စကၤာပူနိုင္ငံနဲ႔ တန္းပူ ကမာၻ႔ အခ်မ္းသာဆံုး စားရင္းဝင္ နိုင္ငံ တစ္နိုင္ငံ ျဖစ္လာေတာ့ျဖစ္ေၾကာင္း သိရွိရသည္။

အၾကီးတန္းသတင္းေထာက္ – ေနထူးနိုင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Apann Pyay

# Unicode Version ျဖင့္ ဖတ္ပါ #
လူတစ်ပိုင်း ငါးတစ်ပိုင်းဖြစ်တဲ့ အသွင်ပြောင်းသတ္တဝါကြီး တစ်ကောင်ကို ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အပြင်ရေဆိုင်ရွာတွင် ဒီဇင်ဘာ ၇ ရက်နေ့ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းကျေးရွာနေသူများထံမှ သိရှိရသည်။

“ဒီငါးကြီးကို တွေ့နေတာ ၅ ရက်လောက်ရှိပြီဗျ ဒီနေ့မှ သူပဲ ကံဆိုးလို့လား ကျွန်တော်ပဲကံကောင်းလို့လား မသိဘူး ကျွန်တော်ပိုက်ကွန်မှာ လာတိုးပဲ။ နိုင်ငံတကာ လှည့်လည်ပြီး ဒီငါးကြီး ရုံသွင်း ပြသသွားမှာပါ ပြီးတော့ ကျွန်တော်တို့ ဒီငါးကြီး မိထားကြောင်းလည်း အထက်ကိုစာတင် ထားပြီးပါပြီ” ဟု တံငါသည်ကြီး ဦးသားစစ်က ပြောကြားသည်။

အဆိုပါ လူတစ်ပိုင်းငါးတစ်ပိုင်း သတ္တဝါကြီးကို နိုင်ငံတကာလှည့်လည်ပြီး ရုံသွင်း ပြသလိုက်မယ်ဆိုရင် USD ဒေါ်လာငွေ ဘီလီယံနဲ့ချီပြီး ရရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသည် မကြာခင်မှာ စင်္ကာပူနိုင်ငံနဲ့ တန်းပူ ကမ္ဘာ့ အချမ်းသာဆုံး စားရင်းဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာတော့ဖြစ်ကြောင်း သိရှိရသည်။

အကြီးတန်းသတင်းထောက် – နေထူးနိုင်

ဖိုးသူတော် (www.phothutaw.com)
Credit: Apann Pyay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top