×

မၾကာေသးခင္က ထိုင္းနုိင္ငံ၊Nonthaburi ျပည္နယ္မွာ ယာဥ္တိုက္မႈတစ္ခုျဖစ္သြားခဲ႔ပါတယ္။ စံုတြဲတစ္တြဲေမာင္းလာတဲ႔ကားဟာ တစ္ဖက္ကလာေနတဲ႔ လန္ေဘာ္ဂီနီကားကုိ၀င္တိုုက္မိခဲ႔တာပဲျဖစ္ပါတယ္။

၀င္တိုက္မိခဲ႔တဲ႔အမ်ိဳးသားဟာ ကားတိုက္မိမွာစုိးလုိ႔ဘရိတ္အုပ္ဖို႔ၾကိဳးစားခဲ႔ေပမဲ႔ ဘရိတ္ကုိမနင္းမိပဲ အရွိန္ပုိျမန္ေအာင္မွားလုပ္ခဲ႔မိတယ္လို႔သိရပါတယ္။

ထိုစံုတြဲဟာ ေငြေၾကးႏြမ္းပါးသူျဖစ္ျပီးငါးဖမ္းရင္းအသက္ေမြး၀မ္းေက်ာင္းျပဳေနတဲ႔သူေတြပဲျဖစ္ပါတယ္။ အဲ႔ဒါေၾကာင့္သူတုိ႔ဟာတစ္ဖက္ လန္ေဘာ္ဂီနီကားပိုင္ရွင္ျဖစ္တဲ့သူေဌးကုိ ပ်က္စီးသြားတဲ႔ကားတန္ဖိုး အတြက္ေလ်ာ္ေၾကးေငြေပးခ်င္ေပမဲ႔သူတို႔မွာေငြအလံုးအရင္းမရွိတဲ႔အေၾကာင္း၊ သူေဌးကလက္ခံမယ္ဆိုရင္အရစ္က်ဆပ္သြားမယ္ဆိုတဲ႔အေၾကာင္းေတာင္းပန္ျပီးေျပာခဲ႔ပါတယ္။

သိၾကတဲ႔အတုိင္းလန္ေဘာ္ဂီနီကားဆိုတာလူတိုင္းစီးႏုိင္ၾကတာမဟုတ္သလုိပ်က္စီးသြားရင္ျပန္ျပင္ရတ႔ဲ အဖုိးအခကလည္းမ်ားပါတယ္။ ပ်က္စီးသြားတဲ႔အပိုင္းေတြကုိျပန္ျပင္မယ္ဆိုရင္ထိုေငြေၾကးႏြမ္းပါးတဲ႔စံုတြဲက အရစ္က်ဆပ္ရင္ေတာင္ႏွစ္မ်ားစြာၾကာျမင့္မွာျဖစ္ပါတယ္။

ခရစ္စမတ္ကာလဆိုတာ အံ႔ၾသဆန္းၾကယ္မႈေတြျပည့္ေနတဲ႔အခ်ိန္ကာလလို႔လူေတြေျပာၾကတာ မမွားေလာက္ဘူးထင္ပါတယ္။လန္ေဘာ္ဂီနီကားပုိင္ရွင္သူေဌးဟာ ပ်က္စီးသြားတဲ႔တန္ဖိုးေငြကို အရစ္က်ဆပ္မယ္လို႔ေျပာတဲ႔စံုတြဲကုိ ကားပ်က္စီးမႈအတြက္ေငြေၾကးေလ်ာ္ေပးဖို႔မလိုပါဘူးလုိ႔ေျပာခဲ႔ပါတယ္။

ယာဥ္တိုက္မႈျဖစ္ျပီဆိုတည္းကကားႏွစ္စီးလံုးထိခိုက္သြားတာပါ။ေငြေၾကးႏြမး္ပါးတဲ႔စံုတဲြရဲ႔ကားကလည္း ပ်က္စီးသြားတာေၾကာင့္သူတုိ႔ခမ်ာသူတို႔ကားအတြက္လည္းျပင္ဆင္ဖို႔ေငြေၾကးရွိဦးမယ္မထင္ပါဘူး။

အဲ႔ဒါေၾကာင့္ လန္ေဘာ္ဂီနီကားပုိင္ရွင္ကပ်က္စီးမႈအတြက္ေလ်ာ္ဖို႔မလိုေၾကာင္းေျပာခဲ႔ပါတယ္။ ဒါေပမဲ့ အဲ႔ဒီအစား ထုိင္းဘတ္ေငြ၃၀၀၀ကုိဘုရားေက်ာင္းမွာ ၁၀ၾကိမ္လွဴဒါန္းေပးဖို႔ေျပာခဲ႔ပါတယ္။

သူက “ကြ်န္ေတာ္ကခ်မ္းသာတယ္ဆိုျပီးေမာက္မာ၀င့္ၾကြားတာမ်ိဳးကုိလက္မခံပါဘူး။ သူတို႔စံုတြဲကုိကားပ်က္စီးမႈအတြက္ေလ်ာ္ေၾကးေပးစရာ မလိုပါဘူးလုိ႔ေျပာလိုက္တာမွန္ပါတယ္။ အဲ႔ဒါဟာတျခားသူေတြကိုလည္းတစ္ေယာက္နဲ႔တစ္ေယာက္ခြင့္လႊတ္ နားလည္တတ္တဲ႔စိတ္မ်ိဳးရွိေစခ်င္လို႔ပါ။ ကားကတန္ဖိုးၾကီးပါတယ္။ဒါေပမဲ႔ အဲ႔ဒါက ဘာျဖစ္လဲ?ဒီကားတုိက္မႈဟာ တမင္တကာတိုက္ခဲ႔တာမဟုတ္တ႔ဲအတြက္ ဘာလို႔ခြင့္မလႊတ္ေပးႏုိင္ရမွာလဲ” လို႔ေျပာခဲ႔ပါတယ္။

အဲ႔ဒီသတင္းဟာ အင္တာနက္မွာပ်ံ႔ႏွံ႔သြားျပီး ကားပုိင္ရွင္သူေဌးကိုခ်ီးက်ဴးေလးစားတဲ႔သူေတြ အမ်ားအျပားရွိခဲ႔ပါတယ္။ေငြေၾကးခ်မ္းသာသလို စိတ္ဓာတ္လည္းခ်မ္းသာတဲ႔အမ်ိဳးသားတစ္ေယာက္ပါ။

Source:Rachfeed, Buzzy

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးခင်က ထိုင်းနိုင်ငံ၊Nonthaburi ပြည်နယ်မှာ ယာဉ်တိုက်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ စုံတွဲတစ်တွဲမောင်းလာတဲ့ကားဟာ တစ်ဖက်ကလာနေတဲ့ လန်ဘော်ဂီနီကားကိုဝင်တိုုက်မိခဲ့တာပဲဖြစ်ပါတယ်။

ဝင်တိုက်မိခဲ့တဲ့အမျိုးသားဟာ ကားတိုက်မိမှာစိုးလို့ဘရိတ်အုပ်ဖို့ကြိုးစားခဲ့ပေမဲ့ ဘရိတ်ကိုမနင်းမိပဲ အရှိန်ပိုမြန်အောင်မှားလုပ်ခဲ့မိတယ်လို့သိရပါတယ်။

ထိုစုံတွဲဟာ ငွေကြေးနွမ်းပါးသူဖြစ်ပြီးငါးဖမ်းရင်းအသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်သူတို့ဟာတစ်ဖက် လန်ဘော်ဂီနီကားပိုင်ရှင်ဖြစ်တဲ့သူဌေးကို ပျက်စီးသွားတဲ့ကားတန်ဖိုး အတွက်လျော်ကြေးငွေပေးချင်ပေမဲ့သူတို့မှာငွေအလုံးအရင်းမရှိတဲ့အကြောင်း၊ သူဌေးကလက်ခံမယ်ဆိုရင်အရစ်ကျဆပ်သွားမယ်ဆိုတဲ့အကြောင်းတောင်းပန်ပြီးပြောခဲ့ပါတယ်။

သိကြတဲ့အတိုင်းလန်ဘော်ဂီနီကားဆိုတာလူတိုင်းစီးနိုင်ကြတာမဟုတ်သလိုပျက်စီးသွားရင်ပြန်ပြင်ရတဲ့ အဖိုးအခကလည်းများပါတယ်။ ပျက်စီးသွားတဲ့အပိုင်းတွေကိုပြန်ပြင်မယ်ဆိုရင်ထိုငွေကြေးနွမ်းပါးတဲ့စုံတွဲက အရစ်ကျဆပ်ရင်တောင်နှစ်များစွာကြာမြင့်မှာဖြစ်ပါတယ်။

ခရစ်စမတ်ကာလဆိုတာ အံ့သြဆန်းကြယ်မှုတွေပြည့်နေတဲ့အချိန်ကာလလို့လူတွေပြောကြတာ မမှားလောက်ဘူးထင်ပါတယ်။လန်ဘော်ဂီနီကားပိုင်ရှင်သူဌေးဟာ ပျက်စီးသွားတဲ့တန်ဖိုးငွေကို အရစ်ကျဆပ်မယ်လို့ပြောတဲ့စုံတွဲကို ကားပျက်စီးမှုအတွက်ငွေကြေးလျော်ပေးဖို့မလိုပါဘူးလို့ပြောခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီဆိုတည်းကကားနှစ်စီးလုံးထိခိုက်သွားတာပါ။ငွေကြေးနွမ်းပါးတဲ့စုံတွဲရဲ့ကားကလည်း ပျက်စီးသွားတာကြောင့်သူတို့ခမျာသူတို့ကားအတွက်လည်းပြင်ဆင်ဖို့ငွေကြေးရှိဦးမယ်မထင်ပါဘူး။

အဲ့ဒါကြောင့် လန်ဘော်ဂီနီကားပိုင်ရှင်ကပျက်စီးမှုအတွက်လျော်ဖို့မလိုကြောင်းပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအစား ထိုင်းဘတ်ငွေ၃၀၀၀ကိုဘုရားကျောင်းမှာ ၁၀ကြိမ်လှူဒါန်းပေးဖို့ပြောခဲ့ပါတယ်။

သူက “ကျွန်တော်ကချမ်းသာတယ်ဆိုပြီးမောက်မာဝင့်ကြွားတာမျိုးကိုလက်မခံပါဘူး။ သူတို့စုံတွဲကိုကားပျက်စီးမှုအတွက်လျော်ကြေးပေးစရာ မလိုပါဘူးလို့ပြောလိုက်တာမှန်ပါတယ်။ အဲ့ဒါဟာတခြားသူတွေကိုလည်းတစ်ယောက်နဲ့တစ်ယောက်ခွင့်လွှတ် နားလည်တတ်တဲ့စိတ်မျိုးရှိစေချင်လို့ပါ။ ကားကတန်ဖိုးကြီးပါတယ်။ဒါပေမဲ့ အဲ့ဒါက ဘာဖြစ်လဲ?ဒီကားတိုက်မှုဟာ တမင်တကာတိုက်ခဲ့တာမဟုတ်တဲ့အတွက် ဘာလို့ခွင့်မလွှတ်ပေးနိုင်ရမှာလဲ” လို့ပြောခဲ့ပါတယ်။

အဲ့ဒီသတင်းဟာ အင်တာနက်မှာပျံ့နှံ့သွားပြီး ကားပိုင်ရှင်သူဌေးကိုချီးကျူးလေးစားတဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ငွေကြေးချမ်းသာသလို စိတ်ဓာတ်လည်းချမ်းသာတဲ့အမျိုးသားတစ်ယောက်ပါ။

Source:Rachfeed, Buzzy

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top