ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပုပၸားရွိ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ပိုင္ဆိုင္ေသာ ၿခံတြင္ ေဒသခံမ်ား၊ ၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ားအတြက္ ပထမဆံုးအႀကိမ္ ကြန္ပ်ဴတာသင္တန္းေက်ာင္းဖြင့္လွစ္မည္ဟု ၿခံယာယီ တာ၀န္ခံ ကိုမင္းစံက ေျပာသည္။

ပုပၸား-ေက်ာက္ပန္းေတာင္း-ျမင္းၿခံသံုးပြင့္ဆိုင္လမ္းခြဲအနီး တြင္ ေဒၚေအာင္ဆန္းစုၾကည္ပိုင္ ဆိုင္ေသာ ႏွစ္ဧကေက်ာ္က်ယ္ ၀န္းသည့္ ၿခံရွိၿပီး ယခုအခါ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဦးေဆာင္ ကာကြန္ပ်ဴတာသင္တန္းေက်ာင္း ဖြင့္လွစ္ရန္ အေကာင္အထည္ ေဖာ္ေနသည္။


‘‘လာမယ့္ တစ္ပတ္ ဗုဒၶဟူး ေန႔ (ဒီဇင္ဘာ ၁၃ ရက္)မွာ သင္ တန္းစဖြင့္ေတာ့မယ္။ သင္တန္း ေက်ာင္းဖြင့္ပြဲကေတာ့ ဇန္န၀ါရီ မွာလုပ္မယ္။ အခုက ေလွ်ာက္တဲ့ သူအရမ္းမ်ားေနတယ္’’ဟု ကိုမင္း စံက ေျပာသည္။

သင္တန္းျဖစ္ေျမာက္ေရး ဦး ေဆာင္ေနသူ ေဒၚ ခင္ၾကည္ေဖာင္ေဒးရွင္းေရြ႕လ်ားစာၾကည့္တုိက္ လက္ေထာက္စာၾကည့္တိုက္မွဴး ကိုေစာညီစံက ကြန္ပ်ဴတာသင္တန္းေက်ာင္းကို ကြန္ပ်ဴတာအလံုးေရ ၂၀ ျဖင့္ စတင္မည္ျဖစ္ၿပီး သင္တန္းသား ၄၀ ပထမဆံုးလက္ခံထားေၾကာင္းေျပာသည္။ ေက်ာင္းဖြင့္ပြဲကို ၂၀၁၈ ဇန္န၀ါရီ ပထမပတ္တြင္ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း ေျပာသည္။

ဒီဇင္ဘာ ၁၃ ရက္တြင္ စတင္မည့္ ယင္းသင္တန္း၌ ဗုဒၶဟူး၊ ၾကာသပေတး၊ ေသာၾကာေန႔မ်ား ၌ ေဒသခံလူငယ္ ၂၀ အား သင္ၾကားမည္ျဖစ္ၿပီး စေနႏွင့္ တနဂၤေႏြေန႔တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ၀န္ထမ္းစုစုေပါင္း ၂၀ ဦးအား သင္ၾကားမည္ဟု ကိုမင္းစံက ေျပာသည္။ တနလၤာေန႔ႏွင့္ အဂၤါေန႔ကို ပိတ္ရက္အျဖစ္ သတ္မွတ္ထားသည္။

 ေဒၚေအာင္ဆန္းစုၾကည္ သည္ ေနအိမ္အက်ယ္ခ်ဳပ္မွ ၂၀၁၀ ႏို၀င္ဘာ ၁၃ ရက္က လြတ္ေျမာက္ၿပီးေနာက္ သားငယ္ကင္မ္ အဲရစ္ႏွင့္အတူ ပုဂံသို႔ အပန္းေျဖသြားေရာက္ရာမွ ယင္းၿခံကို ေတြ႕ရိွကာ ၀ယ္ယူခဲ့သည္။ လူငယ္မ်ားအတြက္ ဘာသာစကားသင္တန္းမ်ားႏွင့္ အသက္ေမြး၀မ္းေက်ာင္း သင္တန္းမ်ားကို ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက ဦးေဆာင္ကာ ယင္းၿခံတြင္ ဖြင့္လွစ္ရန္ စီစဥ္ေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပုပ္ပားရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပိုင်ဆိုင်သော ခြံတွင် ဒေသခံများ၊ ဝန်ထမ်းများနှင့် ကျောင်းသားများအတွက် ပထမဆုံးအကြိမ် ကွန်ပျူတာသင်တန်းကျောင်းဖွင့်လှစ်မည်ဟု ခြံယာယီ တာဝန်ခံ ကိုမင်းစံက ပြောသည်။

ပုပ္ပား-ကျောက်ပန်းတောင်း-မြင်းခြံသုံးပွင့်ဆိုင်လမ်းခွဲအနီး တွင် ဒေါ်အောင်ဆန်းစုကြည်ပိုင် ဆိုင်သော နှစ်ဧကကျော်ကျယ် ဝန်းသည့် ခြံရှိပြီး ယခုအခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးဆောင် ကာကွန်ပျူတာသင်တန်းကျောင်း ဖွင့်လှစ်ရန် အကောင်အထည် ဖော်နေသည်။


‘‘လာမယ့် တစ်ပတ် ဗုဒ္ဓဟူး နေ့ (ဒီဇင်ဘာ ၁၃ ရက်)မှာ သင် တန်းစဖွင့်တော့မယ်။ သင်တန်း ကျောင်းဖွင့်ပွဲကတော့ ဇန်နဝါရီ မှာလုပ်မယ်။ အခုက လျှောက်တဲ့ သူအရမ်းများနေတယ်’’ဟု ကိုမင်း စံက ပြောသည်။

သင်တန်းဖြစ်မြောက်ရေး ဦး ဆောင်နေသူ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်းရွေ့လျားစာကြည့်တိုက် လက်ထောက်စာကြည့်တိုက်မှူး ကိုစောညီစံက ကွန်ပျူတာသင်တန်းကျောင်းကို ကွန်ပျူတာအလုံးရေ ၂၀ ဖြင့် စတင်မည်ဖြစ်ပြီး သင်တန်းသား ၄၀ ပထမဆုံးလက်ခံထားကြောင်းပြောသည်။ ကျောင်းဖွင့်ပွဲကို ၂၀၁၈ ဇန်နဝါရီ ပထမပတ်တွင်ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် စတင်မည့် ယင်းသင်တန်း၌ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့များ ၌ ဒေသခံလူငယ် ၂၀ အား သင်ကြားမည်ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းစုစုပေါင်း ၂၀ ဦးအား သင်ကြားမည်ဟု ကိုမင်းစံက ပြောသည်။ တနင်္လာနေ့နှင့် အင်္ဂါနေ့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်က လွတ်မြောက်ပြီးနောက် သားငယ်ကင်မ် အဲရစ်နှင့်အတူ ပုဂံသို့ အပန်းဖြေသွားရောက်ရာမှ ယင်းခြံကို တွေ့ရှိကာ ဝယ်ယူခဲ့သည်။ လူငယ်များအတွက် ဘာသာစကားသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဦးဆောင်ကာ ယင်းခြံတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top