ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တစ္ခါတုန္းကဗာရာဏသီျပည္မွာ ဘုရင္တစ္ပါးဟာ တရားအားထုတ္ရင္း ပထမစ်ာန္ကုိ ရထားပါတယ္။ တစ္ေန႔ေတာ့သူဟာ “ရဟန္းတရားက ျမတ္သလား၊ မင္းအျဖစ္ကပဲ ျမတ္သလား”လုိ႔ ဆင္ျခင္ မိပါတယ္။ ေသခ်ာဆင္ျခင္ေတာ့ “မင္းအျဖစ္ထက္ ရဟန္းတရားကျမတ္တယ္”ဆုိတာသိရပါတယ္။

ဒါေၾကာင့္ တိုင္းျပည္အုပ္ခ်ဳပ္ေရးကုိ အမတ္ေတြနဲ႔လႊဲထားျပီး တရားကုိပဲ အားထုတ္ေနပါတယ္။ အမတ္ေတြကုိလည္း တရားနဲ႔အညီစီရင္ဖုိ႔ တခါတည္းမိန္႔မွာထားပါတယ္။ ဒါေပမယ့္ အမတ္ေတြက လာဘ္ေပးလာဘ္ယူမွဳေတြလုပ္ျပီး တရားစီရင္ေနၾကပါတယ္။ အမႈျဖစ္ရင္ လာဘ္ေပးတဲ့သူကပဲ အႏုိင္ရေလ့ရွိပါတယ္။ အမႈတစ္ခုမွာေတာ့ ဘုရင္နဲ႔အလြန္ရင္းနွီးတဲ့သူတစ္ေယာက္ မွန္ပါလ်က္နဲ႕တရားရႈံးသြားပါတယ္။
အဲဒီတရားရႈံးသြားတဲ႔ဘုရင့္မိတ္ေဆြက ဘုရင့္ဆီပြဲေတာ္အုပ္လာဆက္ကပ္ပါတယ္။ ဆက္ကပ္ျပီးအမတ္ေတြတရားစီရင္တာ ေငြေပးႏုိင္တဲ့သူကုိအႏုိင္ေပးေနတဲ့အေၾကာင္း ေလွ်ာက္ျပလုိက္ ပါတယ္။ ေနာက္တစ္ေန႔က်ေတာ့ ဘုရင္လည္း အမတ္ေတြတရားစီရင္တဲ့ေနရာကို သြားၾကည့္ပါတယ္။ ဘုရင္ကုိျမင္လုိက္တာနဲ႔ ျပည္သူျပည္သားေတြ က ေငြေပးတဲ့သူကုိ အႏုိင္ေပးျပီး အမႈေတြကုိ မတရား သျဖင့္စီရင္ေနတဲ့ အေၾကာင္းကုိ ဝုိင္းတုိင္ၾကပါေတာ့တယ္။ ဘုရင္လည္း တရားစီရင္တဲ့ေနရာကေန ျပန္လာျပီး ျပာသာဒ္ထက္မွာ တရားရႈဖုိ႔ ထုိင္လုိက္ ပါတယ္္။ ထုိင္လုိက္တာနဲ႔ ျပည္သူေတြရဲ့ မေက်နပ္တဲ့ အသံေတြက က်ယ္က်ယ္ေလာင္ေလာင္နဲ႔ ေပၚလာျပန္ပါတယ္။
ဒါေၾကာင့္ တရားကုိဆက္ရႈမွတ္လုိ႔ မရေတာ့ပါဘူး။ ဒီေတာ့ ဘုရင္လုပ္သူက သံေဝဂေတာ္ေတာ္ျဖစ္သြားပါတယ္။ ေနာက္ သံေဝဂနဲ႔အတူ “ငါဘုရင္လုပ္ေနလုိ႔ ဘာအက်ိဳးမွမရွိဘူး။ ရဟန္းတရား ကပဲျမတ္တယ္"လုိ႔ ေသခ်ာသေဘာေပါက္ျပီး မင္းအျဖစ္ကုိ စြန္႔ပစ္လုိက္ပါတယ္။ ဆက္လက္ျပီး ဝိပႆနာရႈမွတ္လုိက္တာ ပေစၥကဗုဒၶါ ျဖစ္သြား ပါေတာ့တယ္။ (သုတၱနိပါတ္အ႒ကထာ၊ ခဂၢဝိသာဏသုတ္) မင္းနဲ႔ စာဖတ္သူ ၊ စာဖတ္သူနဲ႔မင္း။ မင္းနဲ႔ စာေရးသူ၊ စာေရးသူနဲ႔မင္း တရားသေဘာအရ ဆုိရင္ ဘာမွမဆုိင္ပါဘူး။ ကုိယ့္တရားနဲ႔ကုိယ္ပါ။
သူ႔တရားနဲ႔သူပါပဲ။ ေကာင္းတဲ့တရားကုိ အားထုတ္ရင္ ေကာင္းတဲ့တရားကုိ ခံစားရမွာပါ။ မေကာင္းတဲ့တရားကုိ အားထုတ္ရင္ မေကာင္းတဲ့တရားကုိ ခံစားရမွာပါ။ ကုိယ္စြန္႔မွ ကုိယ္ရမွာပါ။ ဒါေပမယ့္ ဘဝမွာတစ္ခါတေလ စြန္႔ဖုိ႔ခက္ေနတာေလးေတြ ရွိေနတတ္ပါတယ္။ မိသားစု သံေယာဇဥ္၊ တစ္သက္လုံးရွာခဲ့ရတဲ့အရာေတြ ေတြးမိျပန္ရင္ ခက္သြားတတ္ပါတယ္။ တရားနဲ႔ယွဥ္လာရင္ေတာ့ စြန္႔သင့္တဲ့အခ်ိန္မွာ စြန္႔သင့္တဲ့အရာေတြကုိ စြန္႔ပစ္ရမွာပါပဲ။ အဲဒီအခါမ်ိဳးမွာေတာ့ စြန္႔ဖုိ႔ခက္ေနရင္ "ေၾသာ္… ဘုရင္ျဖစ္သူေတာင္ တရားနဲ႔ယွဥ္လာရင္ မင္းအျဖစ္ ကုိေတာင္စြန္႔ေသးတာပဲ၊ ငါစြန္႔ရမယ့္အရာက ဘာမွမဟုတ္ပါဘူးေလ"လုိ႔ ႏႈိင္းယွဥ္ျပီး အားယူလုိ႔ ရပါတယ္။ တရားနဲ႔ ယွဥ္လာရင္ေတာ့ စြန္႔ရမွာပါပဲ။ တရားစခန္းဝင္ဖုိ႔ေတာင္ မိသားစုသံေယာဇဥ္ေၾကာင့္ အိမ္ကုိတစ္ပတ္ဆယ္ရက္စြန္႔ဖုိ႔ ခက္ေန တတ္ပါတယ္။

အထူးသျဖင့္ "ငါမရွိရင္ ျဖစ္ပါ့မလား"ဆုိတဲ့ အေတြးေၾကာင့္ပါ။ အပဒါန္အ႒ကထာမွာ အက်ိဳးယုတ္ေစတဲ့ ေႏွာင္ဖြဲ႔ျခင္းႏွစ္မ်ိဳးကုိ ျပထားပါတယ္။ ၁။ " သူဟာ ငါ့ရဲ့ အားကုိးရာပဲ၊ သူမရွိရင္ ငါ့မွာ အားကုိးရာမရွိဘူး။ သူရွိမွျဖစ္မယ္"ဆုိျပီး ကုိယ့္ကုိယ္ကုိ နိမ့္ရာကထားျပီး ေႏွာင္ဖြဲ႔ထားျခင္းတစ္မ်ိဳး။ ၂။ "သူတုိ႔ဟာ ငါနဲ႔ကင္းျပီး ေနလုိ႔မရဘူး။ ငါဟာ သူတုိ႔ရဲ့ အားကုိးရာပဲ"ဆုိျပီး ကုိယ့္ကုိယ္ကုိ ျမင့္ရာကထားျပီး ေႏွာင္ဖြဲ႔ျခင္းတစ္မ်ိဳး။ ဒီေႏွာင္ဖြဲ႔ျခင္းႏွစ္မ်ိဳးဟာ အက်ိုးယုတ္ေစတဲ့ေႏွာင္ဖြဲ႔ျခင္းေတြပဲလုိ႔ဆုိပါတယ္။ ကုိယ့္ကုိယ္ကုိ နွိမ့္ရာကပဲထားထား၊ ျမင့္ရာကပဲထားထား ေႏွာင္ဖြဲ႔ျခင္း နွစ္မ်ိဳးလုံးကေတာ့ မေကာင္းတာအမွန္ပါပဲ။

ေနွာင္ဖြဲ႔ျခင္းႏွစ္မ်ိဳးမွာ ကုိယ္ကဘယ္ထဲမွာပါေနသလဲဆုိတာ ျပန္စိစစ္ၾကည့္ရမွာပါ။ နိမ့္ရာကပဲ ပါေနသလား၊ ျမင့္ရာကပဲ ပါေနသလား၊ ဘယ္ထဲမွာပဲပါပါ ႏွစ္မ်ိဳးလုံးကေတာ့ တစ္ခုမွ မေကာင္းပါဘူး။ ဒီေႏွာင္ဖြဲ႔ျခင္းေတြေၾကာင့္ပဲ တစ္ပတ္ ဆယ္ရက္ေတာင္ တရားစခန္းဝင္ဖုိ႔ ခက္ေနေတာ့တာပါ။ တကယ္ေသခ်ာစဥ္းစားရင္ ကုိယ္ေသသြားရင္ေတာင္ သူဟာနဲ႔သူ ျဖစ္ေနမွာပဲ။ ေသလည္း ေသရဦးမွာပါ။ ေနာက္တစ္ခုက လူတစ္ဦးတစ္ေယာက္ကုိ ရုိးရုိးအားမကုိးဘဲ ေႏွာင္ဖြဲ႔ျပီးအားကုိးတာပါ။ အားကုိးတာကေတာ့ အားကုိးရမွာပါပဲ။

ဒါေပမယ့္ ေႏွာင္ဖြဲ႔မႈ မပါဖုိ႔ပါ။ တကယ္ေတာ့ အားကုိးျပီး တရားရေအာင္အားထုတ္ရမွာပါ။ ဒါမွလည္း အားကုိးရတာတန္တာပါ။ အားကုိးခံရသူလည္း တန္တာပါ။ ေႏွာင္ဖြဲ႔မႈ ပါေနရင္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမရွိပါဘူး။ သူလည္းတရားနဲ႔ေဝး၊ ကုိယ္လည္း တရားနဲ႔ေဝးရတဲ့ဘဝပါ။ ကုိယ့္ဝန္းက်င္မွာ တရားေတြ ရွိေနပါလ်က္ နဲ႔ တရားေတြနဲ႔ ေဝးေနရတာေတာ့ အဓိပၸါယ္မရွိလွပါဘူး။ ကုိယ့္ဝန္းက်င္မွာ တရားေတြမရွိလုိ႔ တရားနဲ႔ ေဝးရတာဆုိ တစ္မ်ိဳးပါ။ တခ်ိဳ႔က်ေတာ့ တရားအတြက္ဆုိျပီး စြန္႔ခ်ပစ္လုိက္ၾကပါတယ္။

တကယ္တမ္း တရားနယ္ပယ္ထဲ ေရာက္သြားေရာ အဆင္မေျပျဖစ္ျပီး မူရင္းဌာေန ကုိပဲ ျပန္ေရာက္လာသူေတြလည္းရွိပါတယ္။ ဒါက အတိတ္တိတ္ျဖည့္ခဲ့တဲ့ ပါရမီေတြနဲ႔လည္းဆုိင္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ပါရမီျခင္း မတူပါဘူး။ ပါရမီရွင္ေတြလုိယတိျပတ္မစြန္႔ႏိုင္ေပမယ့္ နည္းနည္းျခင္းေတာ့ စြန္႔သြားရမွာပါ။ တရားနဲ႔ယွဥ္ရင္ စြန္႔ရမယ္ဆုိေပမယ့္ ကေလးေမြးျပီးျပီးျခင္း ကေလးကုိစြန္႔ထားခဲ့ျပီ သီလရွင္ ဝတ္သြားတာမ်ိဳးက်ေတာ့လည္း အဆင္မေျပ လွပါဘူး။ ႏုိ္႔တုိက္ဖုိ႔တာဝန္က ရွိပါေသးတယ္။ စြန္႔တယ္ဆုိတာ ေႏွာင္ဖြဲ႔ျခင္းေတြကုိ စြန္႔ရမွာပါ။ ရာထူးဌာနႏၱရ ေငြေၾကးဥစၥာ ဇနီးခင္ပြန္း သားသမီး စသည္ေတြ အေပၚမွာ ေႏွာင္ဖြဲ႔ထားတဲ့ ေႏွာင္ဖြဲ႔မႈေတြပါ။

ေက်းဇူးေတာ္ရွင္ေယာဆရာေတာ္ဘုရား အျမဲေဟာတာရွိပါတယ္။ ကေလးငုိတာလည္း တရားပါပဲ၊ ကေလးထိန္းတာလည္းတရားပါပဲတဲ့။ ကုိယ္ကေမတၱာဓာတ္နဲ႔ သတိေလးေတြပါေနရင္ တရားျဖစ္ေနတာပါပဲ။ အားလုံးၾကားဖူးတဲ့ေထရီကာဆုိတဲ့အမ်ိဳးသမီးေလး တရားရသြားတယ္ဆုိတာ မီးဖုိေခ်ာင္ထဲကပဲ တရားရသြားတာပါ။ ဒီေတာ့ သတိပါေနရင္ ထမင္းခ်က္တာလည္းတရားပါပဲ၊ ဟင္းခ်က္တာ လည္းတရားပါပဲ၊ ေကာ္ဖီေဖ်ာ္တာလည္းတရားပါပဲ။ ကုိယ့္ဝန္းက်င္မွာ အားက်အတုယူရမယ့္သူေတြအမ်ားႀကီးရယ္ပါ။

ရဟန္းထဲမွာေရာ လူထဲမွာေရာ အမ်ားႀကီးမွ အမ်ားႀကီးပါ။ ကုိယ္က သတိမျပဳမိလုိ႔ပါ။ တစ္ခါက ဦးဇင္းေလးတစ္ပါး နယ္ကဆရာေတာ္ႀကီးတစ္ပါးကုိ သြားဖူးပါသတဲ့။ ဆရာေတာ္ ႀကီးကုိ ဖူးတဲ့အခ်ိန္မွာ ဆရာေတာ္ႀကီးက ေယာဂီေတြကုိ တရားစစ္ေပးေနတဲ့ အခ်ိန္ပါ။ ဆရာေတာ္ႀကီးမိန္႔တဲ့အထဲမွာ ထူးဆန္းတာေတြပါေနပါသတဲ့။ ဒီေတာ့ဦးဇင္းေလးက "ဒါေတြဟာ ဘုရားလက္ထက္တုန္းကပဲ ရႏုိင္ရွိႏုိင္တာ၊ ဒီေခတ္မွာ မရွိႏုိင္ေတာ့ပါဘူး၊ ဆရာေတာ္ႀကီး ေလွ်ာက္ေျပာေနတာ"လုိ႔ စိတ္ထဲက ေတြးလုိက္ပါသတဲ့။ ဆရာေတာ္ႀကီးက ခ်က္ခ်င္းဆုိသလုိပဲ ဦးဇင္းေလးဘက္လွည့္ျပီး “ဦးဇင္းေလးရဲ့ ကုိယ္မရတာနဲ႔ မရႏုိင္ဘူး၊ မျဖစ္ႏုိင္ဘူးလုိ႔ မေတြးရဘူး။ မသိဘဲနဲ႔ျပစ္မွားမိရင္ အျပစ္ျဖစ္တတ္တယ္”လုိ႔ မိန္႔လုိက္ ပါသတဲ့။

ဦးဇင္းေလးလည္းေတာ္ေတာ္ေလးထိတ္လန္႔သြားျပီး ဆရာေတာ္ႀကီးကုိေတာင္းပန္ျပီး ျပန္ခဲ့ပါ သတဲ့။ အဲဒီဆရာေတာ္ႀကီးဟာ စာေရးသူရဲ့ ငယ္သူငယ္ခ်င္းရဲ့ဆရာေတာ္ႀကီးပါ။ သူငယ္ခ်င္း ဦးဇင္းကုိ ဆရာေတာ္ႀကီးဆီက “နည္းနာနိႆယ ယူထားလုိက္သလား”လုိ႔ ေမးၾကည့္ေတာ့ “အဲဒီတုန္းက တပည့္ေတာ္တုိ႔က ကုိရင္ငယ္ငယ္ပဲရွိေသးတယ္။ ကုိယ္နဲ႔မဆုိင္ဘူး၊ ဒါဆရာေတာ္ႀကီးေတြရဲ့ အလုပ္လုိ႔ ထင္ခဲ့တာ။ဆရာေတာ္ႀကီးသက္ေတာ္ႀကီးလာမွ ဆရာေတာ္ႀကီးတရားအဆင့္တစ္ခုေတာ့ရေန ေလာက္ျပီလုိ႔ ခန္႔မွန္းမိတာ”လုိ႔ ျပန္ေျပာျပ ပါတယ္။ ဒီေခတ္မွာ တကယ္က်င့္ႀကံပြါးမ်ားအားထုတ္ေနတဲ့သူေတြ အမ်ားႀကီးရွိေနတာဆုိေတာ့ မျပစ္မွားမိေအာင္ေနတာ အေကာင္းဆုံးပါပဲ။ ျပစ္မွားမိလုိ႔ ကုိယ္ျပစ္မွားမိတဲ့သူက အရိယာျဖစ္ေနရင္ အရိယူပဝါဒကံ ထိုက္သြားပါလိမ့္မယ္။ မစားရမေသာက္ရ ႀကီးမားလွတဲ့အကုသုိလ္ကံႀကီးကုိ က်ဴးလြန္မိသြားတာပါ။ ျပစ္မွားတာကေတာ့ အရိယာကုိျပစ္မွားမွသာ မဟုတ္ပါဘူး။
ကုိယ့္ထက္ သီလ သမာဓိႀကီးသူကုိ ျပစ္မွားလည္းအျပစ္ပါပဲ။ စြန္႔တဲ့သူေတြကေတာ့ စြန္႔ျပီးအားထုတ္ေနၾကတာပါ။ ကုိယ္ပဲမစြန္႔ႏုိင္ ျဖစ္ေနတာပါ။ စြန္႔ျခင္းရဲ့ အက်ိဳးရလဒ္ကုိ မသိလုိ႔မစြန္႔ႏုိင္ၾကတာပါ။ ရလဒ္ကုိသိတဲ့သူေတြကေတာ့ စြန္႔ေနၾကတာပါပဲ။ ေလာကမွာ စြန္႔တဲ့သူေတြကစြန္႔ျပီး ေနွာင္ဖြဲ႔တဲ့သူေတြက ေႏွာင္ဖြဲ႔ေနၾကတာပါ။ ဒီရာထူးဌာနႏၱရ ေငြေၾကးဥစၥာ ဇနီးခင္ပြန္း သားသမီး သက္ရွိ သက္မဲ့ေတြကုိပဲ ေႏွာင္ဖြဲ႔ထားၾကပါတယ္။ ေနွာင္ဖြဲ႔ေတာ့ မစြန္႔လႊတ္ႏုိင္ဘဲ ျဖစ္ေနၾကတာပါ။ ဒီေတာ့တရားနဲ႔ေဝးသထက္ေဝးေနေတာ့တာပါ။ တရားနဲ ႔ေဝးေနေတာ့ အမွားအမွန္လည္းမသိေတာ့ပါဘူး။

တခ်ိဳ႔ေႏွာင္ဖြဲ႔မႈေတြက်ေတာ့ ေႏွာင္ဖြဲ႔သူတင္ နစ္နာတာမဟုတ္ပါဘူး။ ေႏွာင္ဖြဲ႔သူနဲ႔ ဆက္စပ္သူ မွန္သမွ်ပါ ထိခုိက္နစ္နာရေတာ့တာပါ။ စာေရးသူေရာ စာဖတ္သူေရာ စြန္႔ခ်ိန္တန္ရင္ စြန္႔ရမွာပါပဲ။ ဒီလုိပါပဲ စြန္႔သင့္တာကုိ စြန္႔ရမွာပါပဲ။ အထူးသျဖင့္ တရားနဲ႔ယွဥ္လာရင္ေတာ့ အားလုံး အားလုံးကုိ စြန္႔ရမွာပါပဲ။ မစြန္႔ႏုိင္ေသးရင္ေတာင္ စြန္႔ႏိုင္ေအာင္ ႀကိဳးစားယူရမွာပါ။ တစ္ခါတေလ ပုထုဇဥ္အားေလ်ာ္စြာ စြန္႔ဖုိ႔ခက္ေနရင္ ဘုရားအေလာင္းစြန္႔ခဲ့တာေလးေတြ၊ အထက္ကပေစၥကဗုဒၶါေလာင္း မင္းစည္းစိမ္ကို စြန္႔ခဲ့ တာေလးေတြကုိအာရုံျပဳျပီး"ေၾသာ္…. အေလာင္းေတာ္ေတြ ပါရမီရွင္ေတြဟာ တရားနဲ႔ယွဥ္လာရင္ မင္းစည္းစိမ္ေတာင္ စြန္႔ၾကေသးတာပဲ၊ ငါစြန္႔ရမယ့္ အရာက သူတုိ႔ေလာက္ မႀကီးမားဘူး"လုိ႔ အားက် အတုယူလုိ႔ရပါတယ္။ မိတ္ေဆြေလးမ်ိဳးရွိတဲ့အထဲမွာ အတၳကၡာယီမိတ္ေဆြဆုိတာရွိပါတယ္။
ျမန္မာလုိေျပာရရင္ ေတာ့ အက်ိဳးရွိေအာင္ေျပာျပတတ္တဲ့ မိတ္ေဆြလုိ ႔ေခၚပါတယ္။ အဲဒီမိတ္ေဆြျဖစ္ဖုိ႔ အဂၤါေလးပါးနဲ႔ ျပည့္စုံရပါတယ္။ အဂၤါေလးပါးဆုိတာက… ၁။ မေကာင္းမွဳ အကုသိုလ္လုပ္ေနရင္ တားျမစ္ေျပာျပေပးရပါတယ္။ ၂။ ေကာင္းမွႈကုသိုလ္လုပ္ေအာင္ တုိက္တြန္းေျပာျပေပးရပါတယ္။ ၃။ မၾကားဖူးတဲ့ တရားစကားကုိ ေျပာျပေပးရပါတယ္။ ၄။ ခ်မ္းသာေရာက္ေၾကာင္းျဖစ္တဲ့ နတ္ျပည္လမ္း၊ မဂ္ ဖုိလ္ နိဗၺာန္လမ္းကုိညႊန္ၾကား ေျပာျပ ေပးရပါတယ္။ ဒီေလးမ်ိဳးပါ။ ကုိယ္ကဒီအဂၤါေလးခ်က္ကုိအာရုံျပဳျပီး ကုိယ္ခ်စ္တဲ့မိတ္ေဆြေတြကုိ တားသင့္တာကုိတားျပီး တုိက္တြန္းသင့္တာကုိ တုိက္တြန္းရမွာပါ။

တရား စကားေတြကုိ ေျပာျပေပးရမွာျဖစ္သလုိ နတ္ျပည္ မဂ္ဖိုိလ္ရေၾကာင္းေတြကုိလည္း ညႊန္ၾကားေျပာျပေပးရမွာပါပဲ။ ကုိယ္တားတာ တုိက္တြန္းတာေတြကုိ သူမႀကိဳက္ေပမယ့္ ကုိယ္ခ်စ္တဲ့သူကုိယ့္မိတ္ေဆြ ဆုိးက်ိဳးမျဖစ္ဖုိ႔ သူႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ တားရ၊ တုိက္တြန္းရမွာပါ။ ဒါမွအတၳကၡာယီမိတ္ေဆြ ပီသမွာပါ။ စာေရးသူစာေရးတဲ့အခါ နိဗၺာန္ကုိဦးတည္ရုံမကပါဘူး၊ ဒီသေဘာေလးေတြကုိလည္း အာရုံျပဳျပီး ေရးပုိ႔ေနပါတယ္။ တကယ္ေတာ့ စာေရးသူက ခ်ည္း ေရးျပ ေဟာျပ ေနရပါတယ္။ စာဖတ္သူ့က ေရးျပ ေဟာျပတာေလးေတြကုိလည္း တလွည့္နာခ်င္ပါေသးတယ္။ ဒါေၾကာင့္ ဖုန္းနဲ႔ပဲျဖစ္ျဖစ္ Emailနဲ႔ပဲျဖစ္ျဖစ္ ေဟာျပေပးပါဦး။ စာဖတ္သူေတြ ေဟာျပတာ လည္း နာခ်င္လုိ႔ပါ။ ဒါမွလည္း အျပန္အလွန္ ညီမွ်မွာေပါ့။ ျပီးေတာ့ စာဖတ္သူေတြက ဆရာေတာ္ မ်ိဳးစုံဆီက နာထား၊ ဖတ္ထားတာရယ္ ကုိယ္ေတြ႔ဘဝအေတြ႔အႀကဳံေတြရယ္ေၾကာင့္ ပိုလုိ႔ေတာင္ နာလုိ႔ေကာင္းဦးမွာပါ။ ဘာပဲျဖစ္ျဖစ္ တရားနဲ႔ယွဥ္လာရင္ေတာ့ စြန္႔လုိက္တာအေကာင္းဆုံးပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရေဝႏြယ္(အင္းမ) က်မ္းကုိး

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါတုန်းကဗာရာဏသီပြည်မှာ ဘုရင်တစ်ပါးဟာ တရားအားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာဆင်ခြင်တော့ “မင်းအဖြစ်ထက် ရဟန်းတရားကမြတ်တယ်”ဆိုတာသိရပါတယ်။

ဒါကြောင့် တိုင်းပြည်အုပ်ချုပ်ရေးကို အမတ်တွေနဲ့လွှဲထားပြီး တရားကိုပဲ အားထုတ်နေပါတယ်။ အမတ်တွေကိုလည်း တရားနဲ့အညီစီရင်ဖို့ တခါတည်းမိန့်မှာထားပါတယ်။ ဒါပေမယ့် အမတ်တွေက လာဘ်ပေးလာဘ်ယူမှုတွေလုပ်ပြီး တရားစီရင်နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့သူကပဲ အနိုင်ရလေ့ရှိပါတယ်။ အမှုတစ်ခုမှာတော့ ဘုရင်နဲ့အလွန်ရင်းနှီးတဲ့သူတစ်ယောက် မှန်ပါလျက်နဲ့တရားရှုံးသွားပါတယ်။
အဲဒီတရားရှုံးသွားတဲ့ဘုရင့်မိတ်ဆွေက ဘုရင့်ဆီပွဲတော်အုပ်လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီးအမတ်တွေတရားစီရင်တာ ငွေပေးနိုင်တဲ့သူကိုအနိုင်ပေးနေတဲ့အကြောင်း လျှောက်ပြလိုက် ပါတယ်။ နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေတရားစီရင်တဲ့နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကိုမြင်လိုက်တာနဲ့ ပြည်သူပြည်သားတွေ က ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့်စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင်ကြပါတော့တယ်။ ဘုရင်လည်း တရားစီရင်တဲ့နေရာကနေ ပြန်လာပြီး ပြာသာဒ်ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။ ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့ အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။
ဒါကြောင့် တရားကိုဆက်ရှုမှတ်လို့ မရတော့ပါဘူး။ ဒီတော့ ဘုရင်လုပ်သူက သံဝေဂတော်တော်ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှမရှိဘူး။ ရဟန်းတရား ကပဲမြတ်တယ်"လို့ သေချာသဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ်လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။ (သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်) မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ကိုယ်ပါ။
သူ့တရားနဲ့သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။ ဒါပေမယ့် ဘဝမှာတစ်ခါတလေ စွန့်ဖို့ခက်နေတာလေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံးရှာခဲ့ရတဲ့အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။ တရားနဲ့ယှဉ်လာရင်တော့ စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီအခါမျိုးမှာတော့ စွန့်ဖို့ခက်နေရင် "သြော်… ဘုရင်ဖြစ်သူတောင် တရားနဲ့ယှဉ်လာရင် မင်းအဖြစ် ကိုတောင်စွန့်သေးတာပဲ၊ ငါစွန့်ရမယ့်အရာက ဘာမှမဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။ တရားစခန်းဝင်ဖို့တောင် မိသားစုသံယောဇဉ်ကြောင့် အိမ်ကိုတစ်ပတ်ဆယ်ရက်စွန့်ဖို့ ခက်နေ တတ်ပါတယ်။

အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။ အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းနှစ်မျိုးကို ပြထားပါတယ်။ ၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ထားခြင်းတစ်မျိုး။ ၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။ ဒီနှောင်ဖွဲ့ခြင်းနှစ်မျိုးဟာ အကျိုးယုတ်စေတဲ့နှောင်ဖွဲ့ခြင်းတွေပဲလို့ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာကပဲထားထား၊ မြင့်ရာကပဲထားထား နှောင်ဖွဲ့ခြင်း နှစ်မျိုးလုံးကတော့ မကောင်းတာအမှန်ပါပဲ။

နှောင်ဖွဲ့ခြင်းနှစ်မျိုးမှာ ကိုယ်ကဘယ်ထဲမှာပါနေသလဲဆိုတာ ပြန်စိစစ်ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာပဲပါပါ နှစ်မျိုးလုံးကတော့ တစ်ခုမှ မကောင်းပါဘူး။ ဒီနှောင်ဖွဲ့ခြင်းတွေကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။ တကယ်သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦးမှာပါ။ နောက်တစ်ခုက လူတစ်ဦးတစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ နှောင်ဖွဲ့ပြီးအားကိုးတာပါ။ အားကိုးတာကတော့ အားကိုးရမှာပါပဲ။

ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။ တကယ်တော့ အားကိုးပြီး တရားရအောင်အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာတန်တာပါ။ အားကိုးခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှု ပါနေရင် နှစ်ဦးနှစ်ဖက် အကျိုးမရှိပါဘူး။ သူလည်းတရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ဝေးရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ်မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေမရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။ တချို့ကျတော့ တရားအတွက်ဆိုပြီး စွန့်ချပစ်လိုက်ကြပါတယ်။

တကယ်တမ်း တရားနယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေဖြစ်ပြီး မူရင်းဌာနေ ကိုပဲ ပြန်ရောက်လာသူတွေလည်းရှိပါတယ်။ ဒါက အတိတ်တိတ်ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့လည်းဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလိုယတိပြတ်မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။ တရားနဲ့ယှဉ်ရင် စွန့်ရမယ်ဆိုပေမယ့် ကလေးမွေးပြီးပြီးခြင်း ကလေးကိုစွန့်ထားခဲ့ပြီ သီလရှင် ဝတ်သွားတာမျိုးကျတော့လည်း အဆင်မပြေ လှပါဘူး။ နို့်တိုက်ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ်ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို စွန့်ရမှာပါ။ ရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး စသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင်ယောဆရာတော်ဘုရား အမြဲဟောတာရှိပါတယ်။ ကလေးငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်းတရားပါပဲတဲ့။ ကိုယ်ကမေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။ အားလုံးကြားဖူးတဲ့ထေရီကာဆိုတဲ့အမျိုးသမီးလေး တရားရသွားတယ်ဆိုတာ မီးဖိုချောင်ထဲကပဲ တရားရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက်တာလည်းတရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီဖျော်တာလည်းတရားပါပဲ။ ကိုယ့်ဝန်းကျင်မှာ အားကျအတုယူရမယ့်သူတွေအများကြီးရယ်ပါ။

ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။ တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီးတစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။ ဆရာတော်ကြီးမိန့်တဲ့အထဲမှာ ထူးဆန်းတာတွေပါနေပါသတဲ့။ ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။ ဆရာတော်ကြီးက ချက်ချင်းဆိုသလိုပဲ ဦးဇင်းလေးဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ပြစ်မှားမိရင် အပြစ်ဖြစ်တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

ဦးဇင်းလေးလည်းတော်တော်လေးထိတ်လန့်သွားပြီး ဆရာတော်ကြီးကိုတောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။ အဲဒီဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီးဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီးတွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ဆရာတော်ကြီးသက်တော်ကြီးလာမှ ဆရာတော်ကြီးတရားအဆင့်တစ်ခုတော့ရနေ လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြ ပါတယ်။ ဒီခေတ်မှာ တကယ်ကျင့်ကြံပွါးများအားထုတ်နေတဲ့သူတွေ အများကြီးရှိနေတာဆိုတော့ မပြစ်မှားမိအောင်နေတာ အကောင်းဆုံးပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှားမိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရမသောက်ရ ကြီးမားလှတဲ့အကုသိုလ်ကံကြီးကို ကျူးလွန်မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကိုပြစ်မှားမှသာ မဟုတ်ပါဘူး။
ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်းအပြစ်ပါပဲ။ စွန့်တဲ့သူတွေကတော့ စွန့်ပြီးအားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။ စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့မစွန့်နိုင်ကြတာပါ။ ရလဒ်ကိုသိတဲ့သူတွေကတော့ စွန့်နေကြတာပါပဲ။ လောကမှာ စွန့်တဲ့သူတွေကစွန့်ပြီး နှောင်ဖွဲ့တဲ့သူတွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူးဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့တရားနဲ့ဝေးသထက်ဝေးနေတော့တာပါ။ တရားနဲ့ဝေးနေတော့ အမှားအမှန်လည်းမသိတော့ပါဘူး။

တချို့နှောင်ဖွဲ့မှုတွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာတာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက်နစ်နာရတော့တာပါ။ စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ယှဉ်လာရင်တော့ အားလုံး အားလုံးကို စွန့်ရမှာပါပဲ။ မစွန့်နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။ တစ်ခါတလေ ပုထုဇဉ်အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်းစွန့်ခဲ့တာလေးတွေ၊ အထက်ကပစ္စေကဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့ တာလေးတွေကိုအာရုံပြုပြီး"သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ယှဉ်လာရင် မင်းစည်းစိမ်တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့် အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။ မိတ်ဆွေလေးမျိုးရှိတဲ့အထဲမှာ အတ္ထက္ခာယီမိတ်ဆွေဆိုတာရှိပါတယ်။
မြန်မာလိုပြောရရင် တော့ အကျိုးရှိအောင်ပြောပြတတ်တဲ့ မိတ်ဆွေလို့ခေါ်ပါတယ်။ အဲဒီမိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက… ၁။ မကောင်းမှု အကုသိုလ်လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။ ၂။ ကောင်းမှှုကုသိုလ်လုပ်အောင် တိုက်တွန်းပြောပြပေးရပါတယ်။ ၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။ ၄။ ချမ်းသာရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန်လမ်းကိုညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။ ကိုယ်ကဒီအင်္ဂါလေးချက်ကိုအာရုံပြုပြီး ကိုယ်ချစ်တဲ့မိတ်ဆွေတွေကို တားသင့်တာကိုတားပြီး တိုက်တွန်းသင့်တာကို တိုက်တွန်းရမှာပါ။

တရား စကားတွေကို ပြောပြပေးရမှာဖြစ်သလို နတ်ပြည် မဂ်ဖိုလ်ရကြောင်းတွေကိုလည်း ညွှန်ကြားပြောပြပေးရမှာပါပဲ။ ကိုယ်တားတာ တိုက်တွန်းတာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှအတ္ထက္ခာယီမိတ်ဆွေ ပီသမှာပါ။ စာရေးသူစာရေးတဲ့အခါ နိဗ္ဗာန်ကိုဦးတည်ရုံမကပါဘူး၊ ဒီသဘောလေးတွေကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူက ချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူ့က ရေးပြ ဟောပြတာလေးတွေကိုလည်း တလှည့်နာချင်ပါသေးတယ်။ ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ဘဝအတွေ့အကြုံတွေရယ်ကြောင့် ပိုလို့တောင် နာလို့ကောင်းဦးမှာပါ။ ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာအကောင်းဆုံးပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: ရဝေနွယ်(အင်းမ) ကျမ်းကိုး


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top