ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အဆိုေတာ္ R ဇာနည္ ရဲ႕ ဇနီး ေမာ္ဒယ္ ဝမ္း က ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလလယ္ခန္႔မွာ ဒုတိယေျမာက္ ရင္ေသြး ကို ေမြးဖြား မွာျဖစ္ၿပီး သားငယ္ရဲ႕ပင္မဆဲလ္ ကိုသိမ္းဆည္းၿပီး ေနာင္တစ္ခ်ိန္ က်န္းမာေရး အေမြ အတြက္ထားရွိသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ဖစ္ဖစ္တံု တုန္းကလုပ္ဖို႔ မစဥ္းစားမိတာေတာ့ မဟုတ္ပါဘူး၊ အဲဒီတုန္းကမရွိေသးဘူး၊ ဒီမွာလဲမတြင္က်ယ္ေသးဘူးေပါ့ေနာ္၊ သားဦးလဲျဖစ္ေတာ့ေလ၊ အခု သားငယ္ ေမြးမယ္ဆိုေတာ့ အားလံုးကလဲ ေျပာတယ္၊ ေခတ္မီ နည္းစနစ္ကလဲတြင္က်ယ္လာတယ္၊ သိမ္းဆည္းလို႔ရတယ္ဆိုၿပီး ဆရာဝန္ေတြက တစ္ဆင့္သိလာရတယ္၊ ဆရာဝန္ေတြနဲ႔ ညႇိႏိႈင္းတိုင္ပင္ၾကည့္ေတာ့ ေနာင္တစ္ခ်ိန္ က်န္းမာေရး မေကာင္းတဲ့အခ်ိန္မွာျပန္ၿပီး ကုသ လို႔ရတယ္လို႔ ေျပာတယ္၊ ေဆးပညာသေဘာတရားအရေတာ့ အစ္မ ေသခ်ာမေျပာတတ္ဘူး။

အဲဒါကေတာ့ နားလည္တတ္ကြ်မ္းတဲ့ ဆရာ ေတြကိုေမးၾကည့္တာအေကာင္းဆံုးထင္ပါတယ္၊ ေကာင္းတာတစ္ခုက ကိုယ့္စိတ္ထဲမွာေနာင္တစ္ခ်ိန္မွာ ငါ့သားသမီး အတြက္ က်န္းမာေရး အေမြ ေပးလိုက္ႏိုင္ တယ္ဆိုတာကိုက ကိုယ့္အတြက္ကေတာ့ ပီတိပဲေလ၊ ဂ်န္နေရးရွင္း တစ္ခုအတြက္ မိခင္ တစ္ေယာက္အေနနဲ႔ဆိုေတာ့ ကိုယ့္ သားသမီး ကိုအေကာင္းျဖစ္ေစခ်င္တဲ့သေဘာနဲ႔ပါပဲ၊ သားငယ္ က်မွလုပ္ဖို႔အခြင့္အေရးႀကံဳလာလို႔ လုပ္ျဖစ္တယ္၊ သက္သက္ခ်ဲ႕ကားၿပီး လုပ္တာမ်ိဳးလဲမဟုတ္ပါဘူး၊ အဓိကကေတာ့ ေရာဂါ ေတာ္ေတာ္မ်ားမ်ားကို ဥပမာ ကိုယ့္ေဆြမ်ိဳးသားခ်င္းေတြ ျဖစ္ခဲ့ရင္ကုႏိုင္တယ္လို႔ေျပာတာပဲ၊ အဲဒါေၾကာင့္လုပ္ျဖစ္လိုက္တာ၊ မိဘ က သားသမီး တစ္ေယာက္ကိုေပးႏိုင္တဲ့ က်န္းမာေရးအေမြေပါ့၊ အစ္မကိုဆရာဝန္ေတြရွင္းျပတာကေတာ့ ေသြးလိုအပ္တာကအစေမြးတဲ့အခါထုတ္ထားတဲ့ အခ်င္းပင္မဆဲလ္ေပါ့၊ သူတို႔ေခၚတာက အဲဒါေလးနဲ႔ ကုလို႔ရတယ္ေပါ့၊ အဲဒီလိုေလးေတာ့နားလည္ထားတယ္၊ လက္ရွိကိုယ္ဝန္အတြက္ က်န္းမာေရး ေလ့က်င့္မႈကေတာ့ မနက္တိုင္းေယာဂေလ့က်င့္ခန္းလုပ္ျဖစ္ပါတယ္လို႔ ေမာ္ဒယ္ သ႐ုပ္ေဆာင္ဝမ္းက ေျပာပါတယ္။ဒုတိယသားေလးကိုေတာ့ ဇန္နဝါရီလအတြင္းမွာ ေဒါက္တာ ေမသူမ်ိဳးညြန္႔နဲ႔ ပန္းလိႈင္ေဆး႐ံုမွာ ႐ိုး႐ိုးေမြးဖြားသြားမယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kumudra

# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော် R ဇာနည် ရဲ့ ဇနီး မော်ဒယ် ဝမ်း က ၂၀၁၈ ခုနှစ် ဇန်နဝါရီလလယ်ခန့်မှာ ဒုတိယမြောက် ရင်သွေး ကို မွေးဖွား မှာဖြစ်ပြီး သားငယ်ရဲ့ပင်မဆဲလ် ကိုသိမ်းဆည်းပြီး နောင်တစ်ချိန် ကျန်းမာရေး အမွေ အတွက်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ဖစ်ဖစ်တုံ တုန်းကလုပ်ဖို့ မစဉ်းစားမိတာတော့ မဟုတ်ပါဘူး၊ အဲဒီတုန်းကမရှိသေးဘူး၊ ဒီမှာလဲမတွင်ကျယ်သေးဘူးပေါ့နော်၊ သားဦးလဲဖြစ်တော့လေ၊ အခု သားငယ် မွေးမယ်ဆိုတော့ အားလုံးကလဲ ပြောတယ်၊ ခေတ်မီ နည်းစနစ်ကလဲတွင်ကျယ်လာတယ်၊ သိမ်းဆည်းလို့ရတယ်ဆိုပြီး ဆရာဝန်တွေက တစ်ဆင့်သိလာရတယ်၊ ဆရာဝန်တွေနဲ့ ညှိနှိုင်းတိုင်ပင်ကြည့်တော့ နောင်တစ်ချိန် ကျန်းမာရေး မကောင်းတဲ့အချိန်မှာပြန်ပြီး ကုသ လို့ရတယ်လို့ ပြောတယ်၊ ဆေးပညာသဘောတရားအရတော့ အစ်မ သေချာမပြောတတ်ဘူး။

အဲဒါကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာ တွေကိုမေးကြည့်တာအကောင်းဆုံးထင်ပါတယ်၊ ကောင်းတာတစ်ခုက ကိုယ့်စိတ်ထဲမှာနောင်တစ်ချိန်မှာ ငါ့သားသမီး အတွက် ကျန်းမာရေး အမွေ ပေးလိုက်နိုင် တယ်ဆိုတာကိုက ကိုယ့်အတွက်ကတော့ ပီတိပဲလေ၊ ဂျန်နရေးရှင်း တစ်ခုအတွက် မိခင် တစ်ယောက်အနေနဲ့ဆိုတော့ ကိုယ့် သားသမီး ကိုအကောင်းဖြစ်စေချင်တဲ့သဘောနဲ့ပါပဲ၊ သားငယ် ကျမှလုပ်ဖို့အခွင့်အရေးကြုံလာလို့ လုပ်ဖြစ်တယ်၊ သက်သက်ချဲ့ကားပြီး လုပ်တာမျိုးလဲမဟုတ်ပါဘူး၊ အဓိကကတော့ ရောဂါ တော်တော်များများကို ဥပမာ ကိုယ့်ဆွေမျိုးသားချင်းတွေ ဖြစ်ခဲ့ရင်ကုနိုင်တယ်လို့ပြောတာပဲ၊ အဲဒါကြောင့်လုပ်ဖြစ်လိုက်တာ၊ မိဘ က သားသမီး တစ်ယောက်ကိုပေးနိုင်တဲ့ ကျန်းမာရေးအမွေပေါ့၊ အစ်မကိုဆရာဝန်တွေရှင်းပြတာကတော့ သွေးလိုအပ်တာကအစမွေးတဲ့အခါထုတ်ထားတဲ့ အချင်းပင်မဆဲလ်ပေါ့၊ သူတို့ခေါ်တာက အဲဒါလေးနဲ့ ကုလို့ရတယ်ပေါ့၊ အဲဒီလိုလေးတော့နားလည်ထားတယ်၊ လက်ရှိကိုယ်ဝန်အတွက် ကျန်းမာရေး လေ့ကျင့်မှုကတော့ မနက်တိုင်းယောဂလေ့ကျင့်ခန်းလုပ်ဖြစ်ပါတယ်လို့ မော်ဒယ် သရုပ်ဆောင်ဝမ်းက ပြောပါတယ်။ဒုတိယသားလေးကိုတော့ ဇန်နဝါရီလအတွင်းမှာ ဒေါက်တာ မေသူမျိုးညွန့်နဲ့ ပန်းလှိုင်ဆေးရုံမှာ ရိုးရိုးမွေးဖွားသွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top