စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

triple talaq လို႔ ေခၚတဲ့ တာလပ္ သုံးႀကိမ္ ေခၚလိုက္႐ုံနဲ႔ မြတ္စလင္ ခင္ပြန္းတေယာက္က သူ႔ဇနီးသည္ကို ခ်က္ခ်င္း ကြာရွင္းနိုင္တယ္ဆိုတဲ့စနစ္ကို အိႏၵိယနိုင္ငံမွာ ျပစ္မွုေျမာက္တယ္လို႔ အိႏၵိယေအာက္လႊတ္ေတာ္ က မဲခြဲဆုံးျဖတ္ လိုက္ပါတယ္။

အခုအခါ ဒီဥပေဒၾကမ္းအရ မြတ္စလင္အမ်ိဳးသားေတြ မလိုက္နာရင္ ေထာင္ဒဏ္၃ႏွစ္အထိ အျပစ္ေပးနိုင္ၿပီး အထက္လႊတ္ေတာ္က ဆက္လက္အတည္ျပဳမယ္လို႔ ေမၽွာ္လင့္ရပါတယ္။

မြတ္စလင္အမ်ိဳးသားေတြက သူတို႔ ဇနီးသည္ေတြကို အာရဘီ လို ကြာရွင္းတယ္လို႔ အဓိပၸါယ္ေပါက္တဲ့ တာလပ္ဆိုတဲ့ စကားသုံးခြန္း ေျပာ႐ုံနဲ႔ လင္မယားကြာရွင္း ခြင့္ျပဳတဲ့ ဥပေဒဟာ အေျခခံဥပေဒနဲ႔ မညီညြတ္ဘူးလို႔ အိႏၵိယ တရား႐ုံးခ်ဳပ္က အခုႏွစ္ ေစာေစာပိုင္းက ဆုံးျဖတ္ခဲ့ပါတယ္။

ဒီလို တာလပ္သုံးႀကိမ္ ေခၚလိုက္႐ုံနဲ႔ လင္ခန္းမယားခန္း ျပတ္စဲတယ္ဆိုတာ သူတို႔အတြက္ အလြန္နစ္နာၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖါက္ရာက်တယ္လို႔ မြတ္စလင္ဇနီးသည္ အမ်ားအျပား ကေခ်ပေျပာဆိုၾကပါတယ္။

ဒီစကားသုံးလုံးကို သုံးၿပီး တခ်ိဳ႕ ေယာက္်ားေတြက ဆိုရွယ္မီဒီယာကေန တဆင့္ေတာင္ သူတို႔ ဇနီးသည္ေတြကို ကြာရွင္းခဲ့ၾကပါတယ္။

အခုအခါ အိႏၵိယေအာက္လႊတ္ေတာ္က ဒီလိုအျငင္းပြားစရာ ျဖစ္ေနတဲ့လုပ္ရပ္ကို မဲခြဲကန္႔ကြက္လိုက္ၿပီး အထက္လႊတ္ေတာ္က ဆုံးျဖတ္ဖို႔ ဆက္ေဆာင္ရြက္ေနပါၿပီ ျဖစ္ပါတယ္။

ဟိႏၵဴ ဘာသာ၀င္ေတြ ႀကီးစိုးတဲ့ အိႏၵိယနိုင္ငံမွာ အစၥလာမ္ ဘာသာဟာ လူနည္းစုေတြ အတြင္း အမ်ားဆုံး ကိုးကြယ္ၾကတဲ့ ဘာသာတရပ္ ျဖစ္ပါတယ္။

မြတ္စလင္ အမ်ားအျပား ကေတာ့ အခုလို ခ်က္ျခင္းကြာရွင္းခြင့္ျပဳတဲ့စနစ္ဟာ မွားယြင္းၿပီးေခတ္နဲ႔ မေလ်ာ္ညီေတာ့ဘူးလို႔ လက္ခံသေဘာတူၾကပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ လူ႔အသိုင္းအဝိုင္းကေခါင္းေဆာင္ေတြကေတာ့ မြတ္စလင္ေတြရဲ့ ကိုယ္ပိုင္ ဥပေဒကို အိႏၵိယ အစိုးရကေန ေျပာင္းလဲ ခြင့္မရွိဘူးလို႔ အျငင္းပြား ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese

# Unicode Version ျဖင့္ ဖတ္ပါ #
triple talaq လို့ ခေါ်တဲ့ တာလပ် သုံးကြိမ် ခေါ်လိုက်ရုံနဲ့ မွတ်စလင် ခင်ပွန်းတယောက်က သူ့ဇနီးသည်ကို ချက်ချင်း ကွာရှင်းနိုင်တယ်ဆိုတဲ့စနစ်ကို အိန္ဒိယနိုင်ငံမှာ ပြစ်မှုမြောက်တယ်လို့ အိန္ဒိယအောက်လွှတ်တော် က မဲခွဲဆုံးဖြတ် လိုက်ပါတယ်။

အခုအခါ ဒီဥပဒေကြမ်းအရ မွတ်စလင်အမျိုးသားတွေ မလိုက်နာရင် ထောင်ဒဏ်၃နှစ်အထိ အပြစ်ပေးနိုင်ပြီး အထက်လွှတ်တော်က ဆက်လက်အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

မွတ်စလင်အမျိုးသားတွေက သူတို့ ဇနီးသည်တွေကို အာရဘီ လို ကွာရှင်းတယ်လို့ အဓိပ္ပါယ်ပေါက်တဲ့ တာလပ်ဆိုတဲ့ စကားသုံးခွန်း ပြောရုံနဲ့ လင်မယားကွာရှင်း ခွင့်ပြုတဲ့ ဥပဒေဟာ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အိန္ဒိယ တရားရုံးချုပ်က အခုနှစ် စောစောပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို တာလပ်သုံးကြိမ် ခေါ်လိုက်ရုံနဲ့ လင်ခန်းမယားခန်း ပြတ်စဲတယ်ဆိုတာ သူတို့အတွက် အလွန်နစ်နာပြီး လူ့အခွင့်အရေး ချိုးဖေါက်ရာကျတယ်လို့ မွတ်စလင်ဇနီးသည် အများအပြား ကချေပပြောဆိုကြပါတယ်။

ဒီစကားသုံးလုံးကို သုံးပြီး တချို့ ယောက်ျားတွေက ဆိုရှယ်မီဒီယာကနေ တဆင့်တောင် သူတို့ ဇနီးသည်တွေကို ကွာရှင်းခဲ့ကြပါတယ်။

အခုအခါ အိန္ဒိယအောက်လွှတ်တော်က ဒီလိုအငြင်းပွားစရာ ဖြစ်နေတဲ့လုပ်ရပ်ကို မဲခွဲကန့်ကွက်လိုက်ပြီး အထက်လွှတ်တော်က ဆုံးဖြတ်ဖို့ ဆက်ဆောင်ရွက်နေပါပြီ ဖြစ်ပါတယ်။

ဟိန္ဒူ ဘာသာဝင်တွေ ကြီးစိုးတဲ့ အိန္ဒိယနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ လူနည်းစုတွေ အတွင်း အများဆုံး ကိုးကွယ်ကြတဲ့ ဘာသာတရပ် ဖြစ်ပါတယ်။

မွတ်စလင် အများအပြား ကတော့ အခုလို ချက်ခြင်းကွာရှင်းခွင့်ပြုတဲ့စနစ်ဟာ မှားယွင်းပြီးခေတ်နဲ့ မလျော်ညီတော့ဘူးလို့ လက်ခံသဘောတူကြပါတယ်။

ဒါပေမယ့် အချို့ လူ့အသိုင်းအဝိုင်းကခေါင်းဆောင်တွေကတော့ မွတ်စလင်တွေရဲ့ ကိုယ်ပိုင် ဥပဒေကို အိန္ဒိယ အစိုးရကနေ ပြောင်းလဲ ခွင့်မရှိဘူးလို့ အငြင်းပွား နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top