iMyanmarHouse.com - Best Property Website for Myanmar
×
မကိုက်တော့ဖူး ။
ပြန်လည်မျှဝေပါသည်။
#Unicode Version#
အဘိုးဖြစ်သူပြောပြခဲ့ဖူးပါသည် ။
“လူကလေး ညဖက်ခရီးသွားတဲ့အခါကောင်းကင်ကကြယ်ကြွေ
တဲ့ အခိုက်ကြုံရတတ်တယ်ကွယ့်”
အဲ့ဒီလိုဆုံရင် မြေကြီးပေါ်ခြေစုံရပ်ပြီး ညာလက်ညှိုးနဲ့ဘယ်လက်
ဖဝါးပေါ်မှာ “ခွေး” ဆိုပြီးရေးဖြစ်အောင်ရေး . . .
( ဖိနပ်ဝတ်မထားရဖူးနော် )
“နောက်တစ်ခါထပ်မြင်ရင် ဘယ်လက်ညှိုးနဲ့ညာလက်ဝါးပေါ်မှာ
အဲ့ဒီလိုပဲ ထပ်ပြီးရေး ။
(အဲ့ဒီလိုဘယ်လက်ညှိုးနဲ့ရေးတဲ့အခါအလေ့အကျင့်မရှိရင်ခက်
တယ် ကြိုလေ့ကျင့်ထားရမယ် )
ဒါမှကြုံတာနဲ့အခက်အခဲမရှိဘဲရေးနိုင်မယ်။
အဲ့ဒီလိုရေးပြီးတာနဲ့လူကလေးတစ်သက်လုံးဘယ်တော့မှခွေး
မကိုက်တော့ဖူး ။
(ဒါပေမယ့် ခွေးသားမစားဖို့နဲ့ခွေးမသတ်ဖို့လည်းအရေးကြီးသ
ကွယ့် သတ်မိစားမိရင်ဒီနည်း အကျိုးသက်ရောက်မှု့မရှိဖူး )
ခွေးကိုက်လျှင်ကျွန်းသားမီးသွေးနှင့်ခြေဖဝါးတွင်ခွေးဟုရေး
ပြီးဒဏ်ယာအထက်မှဖိပေးလျှင်ပျောက်သည်ဟုဆိုကြသည်။ ။
“ကျွန်း” “ခွေး” “ခြေ” တနင်္လာနံအချင်းချင်းကက်ကင်းမိပြီး
ချက်ခြင်း အကျိုးထူးပင်ဖြစ်သည် ။
စာရေးသူ ဆရာတက္ကသိုလ်ဟိန်းထက်ဇော်မှာ ခွေး ကိုက်
မခံရတော့ဟု နက္ခတ်ရောင်ခြည် မဂ္ဂဇင်းမှ မယုံလျှင်စမ်းသပ်
ကြည့်ပါ ဟုရေးသားထားပါသည် ။
ယခုလည်း “ကြယ်ကြွေ” “ခွေးကိုက်” ကက်ကင်းဆိုက်သဖြင့်
လက်ငင်း အကျိုးဆိုက်ခြင်း ဖြစ်ဟန်ရှိသည်။
ရှေးဟောင်းအမွေတစ်ခုမပျောက်ပျက်စေရန် ရည်ရွယ်၍တင်ပြ
လိုက်ရခြင်းဖြစ်ပါသည် ။
မယုံလျှင်တော့စမ်းသပ်ကြည့်ပါ_စာမူအား_မေတ္တာတရားဖြင့်
ပြန်လည်မျှဝေပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top