၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

 ရဲတစ္ဦးက အေမကုိ ဓားေထာက္ၿပီးေငြေတာင္း ေနစဥ္ သားျဖစ္သူကေလးငယ္က ရဲစခန္းသုိ႔ ဖုန္းဆက္အေၾကာင္း ၾကား၍ က်ဴးလြန္သူကုိ ဖမ္းဆီး ႏုိင္ခဲ့သည့္ျဖစ္စဥ္ ေက်ာက္ဆည္ၿမိဳ႕တြင္ ဒီဇင္ဘာ ၃၀ ရက္ နံနက္က ျဖစ္ပြားခဲ့သည္။

ေက်ာက္ဆည္ၿမိဳ႕ မင္းရပ္ အုပ္စု ဆင္ႏွစ္ေကာင္၀င္းအ တြင္းရွိ ေနအိမ္တစ္ခုတြင္ ရဲတပ္ သားတစ္ဦးက ဓားကုိင္၍ၿခိမ္း ေျခာက္ေငြေတာင္းရာ အမ်ိဳးသမီး ႏွစ္ဦး ထိခုိက္ဒဏ္ရာရခဲ့ေၾကာင္း ေက်ာက္ဆည္ၿမိဳ႕မရဲစခန္း စခန္း မွဴးဒုရဲမွဴးျမင့္ဦးက ေျပာသည္။

ေက်ာက္ဆည္ခ႐ုိင္ရဲတပ္ ဖြဲ႕မွဴး႐ုံးစာေရးမ၏ ေနအိမ္သုိ႔ ျမစ္သားၿမိဳ႕မရဲစခန္းမွ ရဲတပ္ သားက ေငြလာေရာက္ေခ်းရာက တစ္ဆင့္စကားမ်ားၿပီး ရဲတပ္သား က ဓားကုိင္ၿခိမ္းေျခာက္ေငြ ေတာင္းယူမႈ ျဖစ္ပြားခဲ့ေၾကာင္း ၎ကေျပာသည္။

အသက္(၃၀)အရြယ္အမ်ိဳး သမီး၊ အေဒၚျဖစ္သူအသက္(၅၀) ေက်ာ္အရြယ္အမ်ိဳးသမီးႏွင့္ သား ႏွစ္ဦးတို႔ေနအိမ္တြင္ ရွိေနစဥ္ ရဲ တပ္သားက ေနအိမ္ၿခံ၀င္းကုိ ေက်ာ္တက္၀င္ေရာက္လာၿပီး က်ပ္သိန္း ၅၀ ေခ်းယူေၾကာင္း၊ ေခ်း ငွားမရသျဖင့္ ေနအိမ္အတြင္းရွိ အ႐ုိးအသြား ၁၁ လက္မခန္႔ရွိ ေကာ္႐ုိးတပ္စတီးဓားျဖင့္ အေဒၚ၏လည္ပင္းကုိ ဓားျဖင့္ ေထာက္လွီးခဲ့ၿပီး ရန္ျပဳရာကအမ်ိဳးသမီးႏွစ္ဦး ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသ ႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးက သတင္း ထုတ္ျပန္သည္။

ေငြေခ်းမရ၍ ဓားျဖင့္လည္ ပင္းကုိေထာက္လွီးခဲ့ရာ ေလး လက္မခန္႔ ျပတ္ရွဒဏ္ရာရခဲ့ၿပီး လဲက်သြားေၾကာင္း ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။ ထုိ႔ေနာက္ ရဲတပ္သားက အသက္(၃၀)အ ရြယ္အမ်ိဳးသမီးကုိ ထပ္မံေငြ ေတာင္းခဲ့ၿပီး မရသျဖင့္လည္ပင္း ညႇစ္ၿပီးဓားျဖင့္ေထာက္ရာ လည္ ပင္းဓားေထာက္ဒဏ္ရာတစ္ခ်က္ ႏွင့္ ယာဘက္လက္ညိႇဳးျပတ္ရွ ဒဏ္ရာ၊ ကုတ္ျခစ္ဒဏ္ရာမ်ားရရွိ ခဲ့သည္ဟု ရဲမွတ္တမ္းတြင္ပါရွိ သည္။ ထုိသုိ႔ ၿခိမ္းေျခာက္ေငြ ေတာင္းမႈျဖစ္ပြားေနေၾကာင္း ေနအိမ္တြင္ရွိေနသည့္ ကေလး ငယ္က ရဲစခန္းသုိ႔ဖုန္းဆက္အ ေၾကာင္းၾကားခဲ့သလုိ ေဘးပတ္ ၀န္းက်င္မွသိရွိခဲ့ရာက သက္ဆိုင္ ရာနယ္ထိန္းရဲတပ္ဖြဲ႕၀င္မ်ားျဖင့္ ၀ုိင္း၀န္းဖမ္းဆီးခဲ့သည္။

ရဲတပ္သားသည္ အခင္းျဖစ္ ပြားခဲ့ေသာ ေနအိမ္သုိ႔ယခင္က လည္း ေငြေခ်းငွားမႈမ်ားရွိဖူးၿပီး ယခုထပ္မံေငြေခ်းရာက စကား မ်ားၿပီး ၿခိမ္းေျခာက္ေငြေတာင္း ျခင္းျဖစ္သည္ဟု မႏၲေလးတိုုင္း ေဒသႀကီးရဲတပ္ဖြဲ႕မွဴး႐ုံးမွ အႀကီး တန္းရဲအရာရွိက ေျပာသည္။

‘‘ပထမကေတာ့ ပုိက္ဆံေခ်း တယ္။ ေစာေစာစီးစီးက်က္သေရ တုံးတယ္ေျပာေတာ့ စကားမ်ား တယ္။ အဘြားႀကီးကုိ စိတ္တုိတို နဲ႔ မီးဖုိေခ်ာင္ကရွိတဲ့ဓားနဲ႔လည္ ပင္းကုိ ထုိးမယ္ျပဳမယ္လုပ္လုိက္ တယ္။ ပုိက္ဆံက သိန္း ၅၀ လုိ တယ္ေျပာတယ္။ ရဲေဘာ္က သူ႕ အေမက်န္းမာေရးမေကာင္းလုိ႔ ေခ်းတယ္လု႔ိေျပာတယ္။ သူစိမ္း ေတြေတာ့ မဟုတ္ဘူး။ ဒဏ္ရာ ကေတာ့ စုိးရိမ္စရာမရွိဘူး။ ဓား နဲ႔ကပ္ထိတာ ျခစ္မိတဲ့ သေဘာ ပဲ’’ ဟု အႀကီးတန္းရဲအရာရွိက ေျပာသည္။

ျပစ္မႈက်ဴးလြန္ခဲ့သည့္ ရဲ တပ္သားကုိ ေက်ာက္ဆည္ၿမိဳ႕မ ရဲတပ္ဖြဲ႕စခန္းတြင္ ခ်ဳပ္ေႏွာင္ ထားၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၈၆ (ေျခာက္လွန္႔ေငြေတာင္းရမ္းမႈ) ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၄၅၂ (အိမ္ေက်ာ္နင္းမႈ)တို႔ျဖင့္ အမႈဖြင့္ ထားေၾကာင္း ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴးျမင့္ဦးကေျပာ ၾကားသည္။

‘‘ေငြေၾကးေခ်းငွားတဲ့ကိစၥနဲ႔ ျဖစ္ၾကတာပါ။ ဓားကလည္း အဲဒီ အိမ္က ဓားနဲ႔ပါ။ ေလာေလာဆယ္ မွာ ေကာင္ေလးကုိ စခန္းမွာပဲ ဖမ္းထားတယ္’’ ဟု ၎ကေျပာ သည္။

  ထိခုိက္ဒဏ္ရာရခဲ့သည့္ အမ်ိဳးသမီးႏွစ္ဦးသည္ ေက်ာက္ ဆည္ၿမိဳ႕နယ္ေဆး႐ုံတြင္ တက္ ေရာက္ေဆးကုသေနၿပီး မစုိးရိမ္ရ ေၾကာင္း ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းမွ တာ၀န္ရွိသူမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ရဲတစ်ဦးက အမေကို ဓားထောက်ပြီးငွေတောင်း နေစဉ် သားဖြစ်သူကလေးငယ်က ရဲစခန်းသို့ ဖုန်းဆက်အကြောင်း ကြား၍ ကျူးလွန်သူကို ဖမ်းဆီး နိုင်ခဲ့သည့်ဖြစ်စဉ် ကျောက်ဆည်မြို့တွင် ဒီဇင်ဘာ ၃၀ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

ကျောက်ဆည်မြို့ မင်းရပ် အုပ်စု ဆင်နှစ်ကောင်ဝင်းအ တွင်းရှိ နေအိမ်တစ်ခုတွင် ရဲတပ် သားတစ်ဦးက ဓားကိုင်၍ခြိမ်း ခြောက်ငွေတောင်းရာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျောက်ဆည်မြို့မရဲစခန်း စခန်း မှူးဒုရဲမှူးမြင့်ဦးက ပြောသည်။

ကျောက်ဆည်ခရိုင်ရဲတပ် ဖွဲ့မှူးရုံးစာရေးမ၏ နေအိမ်သို့ မြစ်သားမြို့မရဲစခန်းမှ ရဲတပ် သားက ငွေလာရောက်ချေးရာက တစ်ဆင့်စကားများပြီး ရဲတပ်သား က ဓားကိုင်ခြိမ်းခြောက်ငွေ တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။

အသက်(၃၀)အရွယ်အမျိုး သမီး၊ အဒေါ်ဖြစ်သူအသက်(၅၀) ကျော်အရွယ်အမျိုးသမီးနှင့် သား နှစ်ဦးတို့နေအိမ်တွင် ရှိနေစဉ် ရဲ တပ်သားက နေအိမ်ခြံဝင်းကို ကျော်တက်ဝင်ရောက်လာပြီး ကျပ်သိန်း ၅၀ ချေးယူကြောင်း၊ ချေး ငှားမရသဖြင့် နေအိမ်အတွင်းရှိ အရိုးအသွား ၁၁ လက်မခန့်ရှိ ကော်ရိုးတပ်စတီးဓားဖြင့် အဒေါ်၏လည်ပင်းကို ဓားဖြင့် ထောက်လှီးခဲ့ပြီး ရန်ပြုရာကအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

ငွေချေးမရ၍ ဓားဖြင့်လည် ပင်းကိုထောက်လှီးခဲ့ရာ လေး လက်မခန့် ပြတ်ရှဒဏ်ရာရခဲ့ပြီး လဲကျသွားကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။ ထို့နောက် ရဲတပ်သားက အသက်(၃၀)အ ရွယ်အမျိုးသမီးကို ထပ်မံငွေ တောင်းခဲ့ပြီး မရသဖြင့်လည်ပင်း ညှစ်ပြီးဓားဖြင့်ထောက်ရာ လည် ပင်းဓားထောက်ဒဏ်ရာတစ်ချက် နှင့် ယာဘက်လက်ညှိုးပြတ်ရှ ဒဏ်ရာ၊ ကုတ်ခြစ်ဒဏ်ရာများရရှိ ခဲ့သည်ဟု ရဲမှတ်တမ်းတွင်ပါရှိ သည်။ ထိုသို့ ခြိမ်းခြောက်ငွေ တောင်းမှုဖြစ်ပွားနေကြောင်း နေအိမ်တွင်ရှိနေသည့် ကလေး ငယ်က ရဲစခန်းသို့ဖုန်းဆက်အ ကြောင်းကြားခဲ့သလို ဘေးပတ် ဝန်းကျင်မှသိရှိခဲ့ရာက သက်ဆိုင် ရာနယ်ထိန်းရဲတပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

ရဲတပ်သားသည် အခင်းဖြစ် ပွားခဲ့သော နေအိမ်သို့ယခင်က လည်း ငွေချေးငှားမှုများရှိဖူးပြီး ယခုထပ်မံငွေချေးရာက စကား များပြီး ခြိမ်းခြောက်ငွေတောင်း ခြင်းဖြစ်သည်ဟု မန္တလေးတိုုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ အကြီး တန်းရဲအရာရှိက ပြောသည်။

‘‘ပထမကတော့ ပိုက်ဆံချေး တယ်။ စောစောစီးစီးကျက်သရေ တုံးတယ်ပြောတော့ စကားများ တယ်။ အဘွားကြီးကို စိတ်တိုတို နဲ့ မီးဖိုချောင်ကရှိတဲ့ဓားနဲ့လည် ပင်းကို ထိုးမယ်ပြုမယ်လုပ်လိုက် တယ်။ ပိုက်ဆံက သိန်း ၅၀ လို တယ်ပြောတယ်။ ရဲဘော်က သူ့ အမေကျန်းမာရေးမကောင်းလို့ ချေးတယ်လု့ိပြောတယ်။ သူစိမ်း တွေတော့ မဟုတ်ဘူး။ ဒဏ်ရာ ကတော့ စိုးရိမ်စရာမရှိဘူး။ ဓား နဲ့ကပ်ထိတာ ခြစ်မိတဲ့ သဘော ပဲ’’ ဟု အကြီးတန်းရဲအရာရှိက ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ရဲ တပ်သားကို ကျောက်ဆည်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် ချုပ်နှောင် ထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၆ (ခြောက်လှန့်ငွေတောင်းရမ်းမှု) နှင့် ရာဇသတ်ကြီးပုဒ်မ ၄၅၂ (အိမ်ကျော်နင်းမှု)တို့ဖြင့် အမှုဖွင့် ထားကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးကပြော ကြားသည်။

‘‘ငွေကြေးချေးငှားတဲ့ကိစ္စနဲ့ ဖြစ်ကြတာပါ။ ဓားကလည်း အဲဒီ အိမ်က ဓားနဲ့ပါ။ လောလောဆယ် မှာ ကောင်လေးကို စခန်းမှာပဲ ဖမ်းထားတယ်’’ ဟု ၎င်းကပြော သည်။

  ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးနှစ်ဦးသည် ကျောက် ဆည်မြို့နယ်ဆေးရုံတွင် တက် ရောက်ဆေးကုသနေပြီး မစိုးရိမ်ရ ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top