ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အအိပ္မက္တဲ့ အက္ဒမင္တစ္ေယာက္ ဒီတစ္ခါေတာ့ အိပ္တဲ့အေၾကာင္း ေျပာမယ္ဗ်ိဳ႕။ အက္ဒမင္ဆိုတာက အရင္က ေနျမင့္ေအာင္အိပ္တတ္တဲ့အမ်ိဳး။ ခုေတာ့ အလုပ္လုပ္ေနတဲ့ လူႀကီးျဖစ္ေနၿပီဆိုေတာ့ (ဟဲဟဲ လူႀကီး) မနက္ဆို အေစာႀကီး ထရတယ္ကြယ္။ အဲ့လိုအေစာႀကီးထရတဲ့အခါက် အရင္က ဇီးကြက္မ်ိဳး အက္ဒမင္တို႔ဆိုတာ ခုဆိုဆယ္နာရီေလာက္ဆိုပဲ ေတာ္ေတာ္က်ိဳးေနၿပီ။ ေအာင္မယ္ အေစာႀကီးအိပ္တာေကာင္းတယ္ေနာ္။ အေရျပားထဲက ဆဲလ္ေလးေတြက ညဆိုအသစ္ေတြျဖစ္တာ ပိုျမန္ေတာ့ ည ၁၂ နာရီမထိုးခင္ အိပ္ေပးရင္ အသားအေရႏုပ်ိဳတယ္တဲ့။ အိပ္ေနရင္းနဲ႔ လွလာတာ နည္းတဲ့အက်ိဳးေက်းဇူးလားေနာ္။

အဲ..အဲ အခုလဲ အိပ္ေနရင္း အလွေတြလဲတိုး၊ ေကာင္းေကာင္းအိပ္မေပ်ာ္တဲ့ ေယာင္းတို႔ေတြလဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းတစ္ခု ေတြ႔ထားတယ္လို႔။ အာ့ဘာလဲသိလား။ မိေမြးတိုင္းဖေမြးတိုင္းအိပ္တာပါတဲ့။ ေၾသာ္… တကယ္ေျပာတာ ေယာင္းရဲ႕။ အဲ့လို ကိုယ္လံုးတီးအိပ္ျခင္းအားျဖင့္ က်န္းမာေရးဆိုင္တာ အက်ိဳးေတြအမ်ားႀကီးတဲ့။ ဘာေတြလဲေျပာျပမယ္ေနာ္ –

၁) အိပ္ေရးပိုဝတယ္။ ကိုယ္လံုးတီးအိပ္တာဟာ ေသြးလွည့္ပတ္မႈ ပိုေကာင္းေစၿပီး ကိုယ္တြင္းအပူခ်ိန္ကို ထိန္းညွိေပးတာေၾကာင့္ ညမွာပိုၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။

၂) စိတ္ဖိစီးမႈေလ်ာ့က်ေစတယ္။ စိတ္ဖိစီးမႈေတြမ်ားလာရင္ စိတ္က်ေရာဂါ၊ ႏွလံုးေရာဂါနဲ႔ အဝလြန္ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တဲ့သူေတြက စိတ္ဖိစီးမႈပိုနည္းတတ္ၾကပါတယ္။ ကိုယ္လံုးတီးအိပ္ၿပီဆို ပိုၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစၿပီး စိတ္ဖိစီးမႈေတြကိုလဲ ေလ်ာ့က်ေစပါတယ္။

၃) ကိုယ္အေလးခ်ိန္က်ေစတယ္။ အိပ္ေနရင္းေတာ့ ပိန္သြားမလားေနာ္။ ဒါေပမယ့္ အိပ္မေပ်ာ္တဲ့သူေတြမွာ စားခ်င္စိတ္ကိုျဖစ္ေစတဲ့ ဟိုမုန္းေတြ မ်ားလာၿပီး ဝဖို႔လမ္းေတာ့ပိုမ်ားတယ္ေလ။ အဝတ္မပါဘဲအိပ္တာဟာ ကိုယ္တြင္းအပူခ်ိန္ကို ညွိေပးၿပီး ကိုယ္ထဲကဟိုမုန္းေတြကို လံႈ႔ေဆာ္ေပးတဲ့အျပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစလို႔ အဝလြန္ေရာဂါကို ကာကြယ္ေပးပါတယ္။

၄) အသားအေရနဲ႔ ဆံပင္အတြက္လဲ ေကာင္းပါတယ္။ ဝတ္လစ္စလစ္အိပ္တာက ခႏၶာကိုယ္ကို အပူခ်ိန္ေလ်ာ့ခ်ေပးတာနဲ႔အတူ ဆဲလ္ေတြအရြယ္ရင့္လာျခင္းကိုလဲ ေႏွးေကြးေစပါတယ္။ Cortisol ဆိုတဲ့ ဆံပင္နဲ႔ အသားအေရကို ရင့္ေရာေစတဲ့ ဓာတ္ကိုလဲ ထုတ္လုပ္မႈေလွ်ာ့ခ်ေပးပါတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတုန္းမွာ ဆဲလ္ေတြ အသစ္ျဖစ္တာပိုျမန္တာမို႔ အေရျပားေပၚက အစက္အေျပာက္ေတြ၊ အေရးအေၾကာင္းေတြကိုပါ ကာကြယ္ေပးပါတယ္။

၅) သားအိမ္က်န္းမာေရးပိုေကာင္းေစတယ္။ အတြင္းခံနဲ႔ အိပ္ျခင္းဟာ ပူေႏြးစြတ္စိုေစၿပီး ေရာဂါပိုးမႊားေတြ ေပါက္ဖြားျခင္းကို အားေပးပါတယ္။ ဒီတိုင္း လြတ္လြတ္လပ္လပ္ အိပ္ရင္ေတာ့ သားအိမ္ဝမွာ ရွိသင့္တဲ့ PH ပမာဏကို ထိန္းညွိေပးႏိုင္ၿပီး က်န္းမာေရးပိုေကာင္း ေစပါတယ္။ ေလဝင္ေလထြက္ေကာင္းေနမွ ေရာဂါပိုးမႊားေတြလဲ မဝင္ႏိုင္ေတာ့မွာပါ။

ကဲကဲ ဒီေလာက္ေတာင္ ေကာင္းက်ိဳးေတြမ်ားေနမွေတာ့ ဘာေတြစဥ္းစားေနၾကဦးမွာလဲ။ ဒီေန႔ကစၿပီး ေျပာင္ေျပာင္ပဲ အိပ္ၾကည့္လိုက္ရေအာင္ေနာ္။ အဲ.. တစ္ေယာက္တည္း အိပ္တဲ့လူေတြကိုပဲ ေျပာတာေနာ္။ တစ္ခန္းတည္းမွာ ႏွစ္ေယာက္သံုးေယာက္ အိပ္ၾကတယ္ဆိုရင္ေတာ့ ဟဲဟဲ အက္ဒမင္လဲ သိေတာ့ဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Khine (For Her Myanmar)

#Unicode Version#
အအိပ်မက်တဲ့ အက်ဒမင်တစ်ယောက် ဒီတစ်ခါတော့ အိပ်တဲ့အကြောင်း ပြောမယ်ဗျို့။ အက်ဒမင်ဆိုတာက အရင်က နေမြင့်အောင်အိပ်တတ်တဲ့အမျိုး။ ခုတော့ အလုပ်လုပ်နေတဲ့ လူကြီးဖြစ်နေပြီဆိုတော့ (ဟဲဟဲ လူကြီး) မနက်ဆို အစောကြီး ထရတယ်ကွယ်။ အဲ့လိုအစောကြီးထရတဲ့အခါကျ အရင်က ဇီးကွက်မျိုး အက်ဒမင်တို့ဆိုတာ ခုဆိုဆယ်နာရီလောက်ဆိုပဲ တော်တော်ကျိုးနေပြီ။ အောင်မယ် အစောကြီးအိပ်တာကောင်းတယ်နော်။ အရေပြားထဲက ဆဲလ်လေးတွေက ညဆိုအသစ်တွေဖြစ်တာ ပိုမြန်တော့ ည ၁၂ နာရီမထိုးခင် အိပ်ပေးရင် အသားအရေနုပျိုတယ်တဲ့။ အိပ်နေရင်းနဲ့ လှလာတာ နည်းတဲ့အကျိုးကျေးဇူးလားနော်။

အဲ..အဲ အခုလဲ အိပ်နေရင်း အလှတွေလဲတိုး၊ ကောင်းကောင်းအိပ်မပျော်တဲ့ ယောင်းတို့တွေလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နည်းလမ်းတစ်ခု တွေ့ထားတယ်လို့။ အာ့ဘာလဲသိလား။ မိမွေးတိုင်းဖမွေးတိုင်းအိပ်တာပါတဲ့။ သြော်… တကယ်ပြောတာ ယောင်းရဲ့။ အဲ့လို ကိုယ်လုံးတီးအိပ်ခြင်းအားဖြင့် ကျန်းမာရေးဆိုင်တာ အကျိုးတွေအများကြီးတဲ့။ ဘာတွေလဲပြောပြမယ်နော် –

၁) အိပ်ရေးပိုဝတယ်။ ကိုယ်လုံးတီးအိပ်တာဟာ သွေးလှည့်ပတ်မှု ပိုကောင်းစေပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးတာကြောင့် ညမှာပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

၂) စိတ်ဖိစီးမှုလျော့ကျစေတယ်။ စိတ်ဖိစီးမှုတွေများလာရင် စိတ်ကျရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့သူတွေက စိတ်ဖိစီးမှုပိုနည်းတတ်ကြပါတယ်။ ကိုယ်လုံးတီးအိပ်ပြီဆို ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး စိတ်ဖိစီးမှုတွေကိုလဲ လျော့ကျစေပါတယ်။

၃) ကိုယ်အလေးချိန်ကျစေတယ်။ အိပ်နေရင်းတော့ ပိန်သွားမလားနော်။ ဒါပေမယ့် အိပ်မပျော်တဲ့သူတွေမှာ စားချင်စိတ်ကိုဖြစ်စေတဲ့ ဟိုမုန်းတွေ များလာပြီး ဝဖို့လမ်းတော့ပိုများတယ်လေ။ အဝတ်မပါဘဲအိပ်တာဟာ ကိုယ်တွင်းအပူချိန်ကို ညှိပေးပြီး ကိုယ်ထဲကဟိုမုန်းတွေကို လှုံ့ဆော်ပေးတဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေလို့ အဝလွန်ရောဂါကို ကာကွယ်ပေးပါတယ်။

၄) အသားအရေနဲ့ ဆံပင်အတွက်လဲ ကောင်းပါတယ်။ ဝတ်လစ်စလစ်အိပ်တာက ခန္ဓာကိုယ်ကို အပူချိန်လျော့ချပေးတာနဲ့အတူ ဆဲလ်တွေအရွယ်ရင့်လာခြင်းကိုလဲ နှေးကွေးစေပါတယ်။ Cortisol ဆိုတဲ့ ဆံပင်နဲ့ အသားအရေကို ရင့်ရောစေတဲ့ ဓာတ်ကိုလဲ ထုတ်လုပ်မှုလျှော့ချပေးပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ ဆဲလ်တွေ အသစ်ဖြစ်တာပိုမြန်တာမို့ အရေပြားပေါ်က အစက်အပြောက်တွေ၊ အရေးအကြောင်းတွေကိုပါ ကာကွယ်ပေးပါတယ်။

၅) သားအိမ်ကျန်းမာရေးပိုကောင်းစေတယ်။ အတွင်းခံနဲ့ အိပ်ခြင်းဟာ ပူနွေးစွတ်စိုစေပြီး ရောဂါပိုးမွှားတွေ ပေါက်ဖွားခြင်းကို အားပေးပါတယ်။ ဒီတိုင်း လွတ်လွတ်လပ်လပ် အိပ်ရင်တော့ သားအိမ်ဝမှာ ရှိသင့်တဲ့ PH ပမာဏကို ထိန်းညှိပေးနိုင်ပြီး ကျန်းမာရေးပိုကောင်း စေပါတယ်။ လေဝင်လေထွက်ကောင်းနေမှ ရောဂါပိုးမွှားတွေလဲ မဝင်နိုင်တော့မှာပါ။

ကဲကဲ ဒီလောက်တောင် ကောင်းကျိုးတွေများနေမှတော့ ဘာတွေစဉ်းစားနေကြဦးမှာလဲ။ ဒီနေ့ကစပြီး ပြောင်ပြောင်ပဲ အိပ်ကြည့်လိုက်ရအောင်နော်။ အဲ.. တစ်ယောက်တည်း အိပ်တဲ့လူတွေကိုပဲ ပြောတာနော်။ တစ်ခန်းတည်းမှာ နှစ်ယောက်သုံးယောက် အိပ်ကြတယ်ဆိုရင်တော့ ဟဲဟဲ အက်ဒမင်လဲ သိတော့ဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top