မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #






ဆေးနည်းကောင်း လေးပါ။




# Unicode Version ဖြင့် ဖတ်ပါ #
မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ဖိုးသူတော် ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်...

တချို့ ဝက်ခြံရှိတဲ့ ပျိုပျိုမေလေးတွေမှာ ဖြစ်တတ်တာက ဝက်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ် မှာ အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ အဲဒီအမည်းစက်လေးတွေက ပျိုပျိုမေ တို့ရဲ့ လှပတဲ့ မျက်နှာလေးကို အကျဉ်းတန်စေပါတယ်နော် ၊ အမည်းစက်တွေ ကို ဒီကနေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာ၀ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။

ဖိုးသူတော်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း  ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်ကိုသုံးပြီး ပြုလုပ်ရမှာပါနော် .... လွယ်လွယ်လေးပါပဲ ပျိုပျိုမေ တို့ရေ .....

ငရုပ်ကောင်းမှုန့် နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။

နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။

ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာ၀
ဆေးနည်းကောင်း လေးပါ။

ပိုက်ဆံမကုန်ပဲ လှပစေမယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို  ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါနော်....

ဖိုးသူတော်ပရိတ်သတ်ကြီး လှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ .....


ဖိုးသူတော် (www.phothutaw.com)





 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top