ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေအာက္တုိဘာ ၂ဝ၁၁ခုႏွစ္တြင္ အသက္ ၂၇ႏွစ္သာ႐ွိေသးတဲ့ Jetsun Pema ဟာ ဘူတန္ႏုိင္ငံရဲ႕ဘုရင္မေနရာကိုရ႐ွိခဲ့တယ္။

သူမကိုကမၻာ့အသက္ငယ္ဆံုးဘုရင္မအျဖစ္လည္း သတ္မွတ္ခဲ့ပါတယ္။ သူမ အသက္ ၂၁ႏွစ္မွာ ” Dragon King” Jigme Namgyel Wangchuck နဲ႔ လက္ထပ္ခဲ့ပါတယ္။ အခုေတာ့ သူတို႔မွာ ၁ႏွစ္သားေလး Jigme Namgyel Wangchuck ႐ွိေနျပီျဖစ္ျပီး သူတို႔ႏွစ္ေယာက္လံုးက အဂၤလန္မွာ ေက်ာင္းသြားတက္ၾကရင္း ေတြ႔ဆံုခ်စ္ၾကိဳက္ခဲ့တာျဖစ္ပါတယ္။

ဘုရင္မက လန္ဒန္႐ွိ Regent’s College တြင္ စိတ္ပညာနဲ႔ သမိုင္းပညာကို ေလ့လာခဲ့ျပီး ဘုရင္ၾကီးကေတာ့ Oxford တကၠသိုလ္မွာ International relations and politics ကိုသင္ၾကားခဲ့ပါတယ္။

” သူမကထူးျခားတယ္.. ထက္ျမက္ျပီး ၾကင္နာတတ္တယ္။ သူနဲ႔ကၽြန္ေတာ္ရဲ႕တူတဲ့အခ်က္က အႏုပညာကိုစိတ္ဝင္စားတာပဲ “‘လို႔ ဘုရင္ၾကီးက သူ႔ရဲ႕ဇနီးသည္အေၾကာင္းေတြေျပာျပခဲ့တယ္။

သူတို႔ႏွစ္ေယာက္ မဂၤလာပဲြကို ဘူတန္လူမ်ဳိး ၅ဝဝဝဝ ေက်ာ္တက္ေရာက္ခဲ့ပါတယ္။ ဝါ႐ွင္တန္သတင္းအရ Jetsunကလည္း သာမန္မိန္းကေလးမဟုတ္ဘဲ မင္းမ်ဳိးမင္းႏြယ္ဝင္တစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာဆို ပတ္ဝန္းက်င္ထိန္းသိမ္းေရး လႈပ္႐ွားမႈေတြ ၊ က်န္းမာေရးအသိပညာေပးပဲြေတြနဲ႔ မသန္စြမ္းေထာက္ပံ့ေရးေတြအတြက္ အလုပ္႐ႈပ္ေနတာေတြ႔ရပါတယ္။

သူတို႔ရဲ႕ပထမဆံုး သားဦးေလးကို ၂ဝ၁၆ ေဖေဖာ္ဝါရီလမွာေမြးဖြားခဲ့တယ္။ သူမရဲ႕ေတာ္ဝင္လုပ္ငန္းေတြနဲ႔အလုပ္႐ႈပ္ေနခ်ိန္ဆို ကေလးကို အဘြားျဖစ္သူပဲထိန္းတယ္တဲ့။ သူမက ဘုရင္မဆိုေပမယ့္ အျခားအ၀တ္စားေတြ ၀တ္ေလ့မ႐ွိဘဲ မၾကာခဏ ဘူတန္ဓေလ့႐ုိးရာဝတ္စံုကိုသာ ဝတ္ဆင္ေလ့႐ွိပါတယ္။ သူမရဲ႕႐ိုး႐ွင္းျပီး ေအးခ်မ္းတဲ့အလွနဲ႔ စိတ္ထားေလးျဖဴစင္မႈေၾကာင့္ ျပည္သူေတြက သူမကိုခ်စ္ၾကပါတယ္။

Source – Buzzy

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #

အောက်တိုဘာ ၂ဝ၁၁ခုနှစ်တွင် အသက် ၂၇နှစ်သာရှိသေးတဲ့ Jetsun Pema ဟာ ဘူတန်နိုင်ငံရဲ့ဘုရင်မနေရာကိုရရှိခဲ့တယ်။

သူမကိုကမ္ဘာ့အသက်ငယ်ဆုံးဘုရင်မအဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။ သူမ အသက် ၂၁နှစ်မှာ ” Dragon King” Jigme Namgyel Wangchuck နဲ့ လက်ထပ်ခဲ့ပါတယ်။ အခုတော့ သူတို့မှာ ၁နှစ်သားလေး Jigme Namgyel Wangchuck ရှိနေပြီဖြစ်ပြီး သူတို့နှစ်ယောက်လုံးက အင်္ဂလန်မှာ ကျောင်းသွားတက်ကြရင်း တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။

ဘုရင်မက လန်ဒန်ရှိ Regent’s College တွင် စိတ်ပညာနဲ့ သမိုင်းပညာကို လေ့လာခဲ့ပြီး ဘုရင်ကြီးကတော့ Oxford တက္ကသိုလ်မှာ International relations and politics ကိုသင်ကြားခဲ့ပါတယ်။

” သူမကထူးခြားတယ်.. ထက်မြက်ပြီး ကြင်နာတတ်တယ်။ သူနဲ့ကျွန်တော်ရဲ့တူတဲ့အချက်က အနုပညာကိုစိတ်ဝင်စားတာပဲ “‘လို့ ဘုရင်ကြီးက သူ့ရဲ့ဇနီးသည်အကြောင်းတွေပြောပြခဲ့တယ်။

သူတို့နှစ်ယောက် မင်္ဂလာပွဲကို ဘူတန်လူမျိုး ၅ဝဝဝဝ ကျော်တက်ရောက်ခဲ့ပါတယ်။ ဝါရှင်တန်သတင်းအရ Jetsunကလည်း သာမန်မိန်းကလေးမဟုတ်ဘဲ မင်းမျိုးမင်းနွယ်ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာဆို ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေ ၊ ကျန်းမာရေးအသိပညာပေးပွဲတွေနဲ့ မသန်စွမ်းထောက်ပံ့ရေးတွေအတွက် အလုပ်ရှုပ်နေတာတွေ့ရပါတယ်။

သူတို့ရဲ့ပထမဆုံး သားဦးလေးကို ၂ဝ၁၆ ဖေဖော်ဝါရီလမှာမွေးဖွားခဲ့တယ်။ သူမရဲ့တော်ဝင်လုပ်ငန်းတွေနဲ့အလုပ်ရှုပ်နေချိန်ဆို ကလေးကို အဘွားဖြစ်သူပဲထိန်းတယ်တဲ့။ သူမက ဘုရင်မဆိုပေမယ့် အခြားအဝတ်စားတွေ ဝတ်လေ့မရှိဘဲ မကြာခဏ ဘူတန်ဓလေ့ရိုးရာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိပါတယ်။ သူမရဲ့ရိုးရှင်းပြီး အေးချမ်းတဲ့အလှနဲ့ စိတ်ထားလေးဖြူစင်မှုကြောင့် ပြည်သူတွေက သူမကိုချစ်ကြပါတယ်။

Source – Buzzy

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top