ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသီးအရြက္ေတြထဲမွာမွ အစိမ္းစိုဆံုးနဲ႔ အရြက္အမ်ားဆံုး အရြက္တစ္မ်ိဳးကေတာ့ ဆလတ္ရြက္ပါပဲဲ။ ေနာက္ၿပီး ဟင္းသီးဟင္းရြက္ ေတြထဲမွာမွ antioxidant နဲ႔ ဗိုက္တာမင္အၾကြယ္ဝဆံုုး အရြက္ကို ေဖာ္ျပပါဆိုရင္ ဆလတ္ရြက္ကိုပဲ လက္ညွိဳးထိုးျပရမွာပါပဲ။

ဆလတ္ရြက္ကို တျခားအစားအစာ အမ်ားအျပားနဲ႔ တြဲဖက္စားသံုးၾကသလို အခ်ဥ္တို႔၊ ငပိရည္တို႔နဲ႔တို႔ၿပီးလည္း အစိမ္းစားသံုး ၾကပါတယ္။ ဆလတ္ရြက္ကို စားသာစားေနရတယ္။ သူ႔ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြကို မသိဘူးဆိုသူမ်ားအတြက္ ဆလတ္ရြက္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ ေရာင္ရမ္းျခင္းကို တားဆီးေပးတယ္
Related image
ဘူးသီးေၾကာ္စားရင္ ဆလတ္ရြက္ခ်ေပးတာ အေၾကာင္းရွိပါတယ္။ ဆီေၾကာ္မုန္႔ေတြေၾကာင့္ ကိုလက္စ္ထေရာမ်ားၿပီး အေရျပားေရာင္ရမ္းျခင္း ျဖစ္တဲ့အခါ ဆလတ္ရြက္က တားဆီးေပးႏိုင္လို႔ပါပဲ။ ဆလတ္ရြက္ထဲမွာ ပါဝင္တဲ့ lipoxygenase နဲ႔ carrageenan တို႔လို ပရိုတိန္းဓာတ္ေတြဟာ အေရျပားေရာင္ရမ္းျခင္းကို တားဆီးေပးႏိုင္ပါတယ္။

ဒါဟာ အီရန္သုေတသနတစ္ခုမွာ သိပၸံနည္းက် သက္ေသျပၿပီးသား အခ်က္ျဖစ္ပါတယ္။ ေနာက္ၿပီး ဆလတ္ရြက္ထဲမွာ ပါဝင္တဲ့ ဗိုက္တာမင္ေကဓာတ္ကလည္း အေရျပားေရာင္ရမ္းျခင္းကို ထိေရာက္စြာ တားဆီးေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္ ထမင္းစားရင္ တို႔စရာပြဲထဲမွာ ဆလတ္ရြက္ကို ထည့္သြင္းစားသံုးသင့္ပါတယ္။

၂။ ကိုယ္အေလးခ်ိန္က်ေစတယ္
Related image
ဝိတ္က်ေနတဲ့သူေတြ ဆလတ္ရြက္ကို မရိုးနိစ္ေလးဆမ္းၿပီး သုပ္စားေနၾကတာ ေတြ႕ဖူးၾကမွာေပါ့။ ဆလတ္ရြက္ကို ဝိတ္က်လိုသူေတြ အားကိုးရတဲ့ အဓိကအေၾကာင္းရင္းတစ္ခုကေတာ့ ကယ္လိုရီပါပဲ။ ဆလတ္ရြက္တစ္ပြဲမွာမွ (၅) ကယ္လိုရီပဲ ပါဝင္ပါတယ္။

ဒီလိုကယ္လိုရီနည္းေပမယ့္ အာဟာရတန္ဖိုးက်ေတာ့ အျပည့္ပါေတာ့ က်န္းမာေရးမထိခိုက္ဘဲ ဝိတ္အျမန္က်လိုသူေတြ ႏွစ္သက္စြာ စားသံုးတဲ့ အရြက္တစ္မ်ိဳး ျဖစ္သြားရတာေပါ့။ ေနာက္တစ္ခုက ဆလတ္ရြက္မွာ အမွ်င္ဓာတ္လည္း ၾကြယ္ဝတဲ့အတြက္ အစာအိမ္ အူလမ္းေၾကာင္းက အဆီပိုေတြကို ရွင္းလင္းေပးႏိုင္ပါတယ္။
၃။ ဦးေႏွာက္စြမ္းေဆာင္ရည္ကို တိုးတက္ေစတယ္

ဦးေႏွာက္မွာ ဒဏ္ျဖစ္တာေတြ မ်ားလာတဲ့အခါ အာရံုေၾကာဆဲလ္ေလးေတြ ေသဆံုးမႈကို ျဖစ္ေစႏိုင္ၿပီး အဲဒီကမွတဆင့္ အယ္လ္ဇိုင္းမား ေရာဂါလိုမ်ိဳး ဆိုးဝါးတဲ့ ဦးေႏွာက္ေရာဂါမ်ိဳးကို ျဖစ္ေစႏိုင္ပါတယ္။ ဆလတ္ရြက္ကေန အရည္ညွစ္ထားတဲ့ အရည္ဟာ ဦးေႏွာက္နဲ႔ အာရံုေၾကာဆဲလ္ေလးေတြ ေသဆံုးမႈကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

ေလ့လာမႈေတြအရ ဆလတ္ရြက္ဟာ ႏိုက္ထရိတ္ဓာတ္လည္း ၾကြယ္ဝပါေသးတယ္။ ႏိုက္ထရိတ္ဓာတ္ဟာ ခႏၶာကိုယ္ထဲမွာ ႏိုက္ထရိတ္ေအာက္ဆိုဒ္ ျဖစ္သြားတဲ့အခါ ဦးေႏွာက္နဲ႔အာရံုေၾကာ လုပ္ေဆာင္မႈေတြကို အားေပးကူညီႏိုင္ပါတယ္။
၄။ ႏွလံုးအားေကာင္းေစတယ္

ႏွလံုးအားနည္းလို႔ မၾကာခဏေမာပန္းေနတတ္သူေတြ ဘာမွမပူပါနဲ႔။ ဆလတ္ရြက္ဟာ ဖိုလိတ္ဓာတ္ၾကြယ္ဝၿပီး ႏွလံုးက်န္းမာေရးကို အားေပးတဲ့အတြက္ ဆလတ္ရြက္ကို ပံုမွန္မွီဝဲေပးသင့္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဆလတ္ရြက္မွာ ဗိုက္တာမင္ေအနဲ႔ စီၾကြယ္ဝစြာပါဝင္ၿပီး ႏွစ္မ်ိဳးလံုးက ကိုလက္စ္ထေရာေတြကို ေအာက္ဆီဂ်င္ဓာတ္ျပဳေစဖို႔နဲ႔ ႏွလံုးေသြးေၾကာေတြကို အားေကာင္းေစဖို႔ အေထာက္အကူျပဳေပးႏိုင္ပါတယ္။ ေသြးလည္ပတ္မႈေတြကိုလည္း အားေကာင္းေစတဲ့အတြက္ ႏွလံုးထေဖာက္ျခင္း မျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။
၅။ ဆီးခ်ိဳအႏၱရာယ္ကို ေလွ်ာ့ခ်ေပးတယ္
 Related image
ေလ့လာမႈေတြအရ ဆလတ္ရြက္လို အစိမ္းေရာင္အသီးအရြက္ေတြဟာ Type 2 ဆီးခ်ိဳေရာဂါ အႏၱရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါဟာ အစိမ္းေရာင္အသီးအရြက္ေတြမွာ ပါဝင္တဲ့ glycemic index (ေသြးတြင္းအခ်ိဳဓာတ္ ညႊန္းကိန္း) က နည္းပါးၿပီး ေသြးထဲမွာ အခ်ိဳဓာတ္ေဆာင့္တက္မလာေအာင္ ထိန္းထားေပးႏိုင္လို႔ပါပဲ။

ေနာက္ၿပီး ဆလတ္ရြက္မွာ ကယ္လိုရီ (၅) သာပါဝင္ၿပီး ကာဘိုဟိုက္ဒရိတ္ကလည္း အလြန္နည္းပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳသမားေတြ အတြက္ေတာ့ ဒီထက္သင့္ေတာ္တဲ့ အစားအစာ မရွိေတာ့ပါဘူး။

Source: Stylecraze
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
အသီးအရွက်တွေထဲမှာမှ အစိမ်းစိုဆုံးနဲ့ အရွက်အများဆုံး အရွက်တစ်မျိုးကတော့ ဆလတ်ရွက်ပါပဲ။ နောက်ပြီး ဟင်းသီးဟင်းရွက် တွေထဲမှာမှ antioxidant နဲ့ ဗိုက်တာမင်အကြွယ်ဝဆုံုး အရွက်ကို ဖော်ပြပါဆိုရင် ဆလတ်ရွက်ကိုပဲ လက်ညှိုးထိုးပြရမှာပါပဲ။

ဆလတ်ရွက်ကို တခြားအစားအစာ အများအပြားနဲ့ တွဲဖက်စားသုံးကြသလို အချဉ်တို့၊ ငပိရည်တို့နဲ့တို့ပြီးလည်း အစိမ်းစားသုံး ကြပါတယ်။ ဆလတ်ရွက်ကို စားသာစားနေရတယ်။ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို မသိဘူးဆိုသူများအတွက် ဆလတ်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရောင်ရမ်းခြင်းကို တားဆီးပေးတယ်

ဘူးသီးကြော်စားရင် ဆလတ်ရွက်ချပေးတာ အကြောင်းရှိပါတယ်။ ဆီကြော်မုန့်တွေကြောင့် ကိုလက်စ်ထရောများပြီး အရေပြားရောင်ရမ်းခြင်း ဖြစ်တဲ့အခါ ဆလတ်ရွက်က တားဆီးပေးနိုင်လို့ပါပဲ။ ဆလတ်ရွက်ထဲမှာ ပါဝင်တဲ့ lipoxygenase နဲ့ carrageenan တို့လို ပရိုတိန်းဓာတ်တွေဟာ အရေပြားရောင်ရမ်းခြင်းကို တားဆီးပေးနိုင်ပါတယ်။

ဒါဟာ အီရန်သုတေသနတစ်ခုမှာ သိပ္ပံနည်းကျ သက်သေပြပြီးသား အချက်ဖြစ်ပါတယ်။ နောက်ပြီး ဆလတ်ရွက်ထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်ကေဓာတ်ကလည်း အရေပြားရောင်ရမ်းခြင်းကို ထိရောက်စွာ တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ထမင်းစားရင် တို့စရာပွဲထဲမှာ ဆလတ်ရွက်ကို ထည့်သွင်းစားသုံးသင့်ပါတယ်။


၂။ ကိုယ်အလေးချိန်ကျစေတယ်

ဝိတ်ကျနေတဲ့သူတွေ ဆလတ်ရွက်ကို မရိုးနိစ်လေးဆမ်းပြီး သုပ်စားနေကြတာ တွေ့ဖူးကြမှာပေါ့။ ဆလတ်ရွက်ကို ဝိတ်ကျလိုသူတွေ အားကိုးရတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ကယ်လိုရီပါပဲ။ ဆလတ်ရွက်တစ်ပွဲမှာမှ (၅) ကယ်လိုရီပဲ ပါဝင်ပါတယ်။

ဒီလိုကယ်လိုရီနည်းပေမယ့် အာဟာရတန်ဖိုးကျတော့ အပြည့်ပါတော့ ကျန်းမာရေးမထိခိုက်ဘဲ ဝိတ်အမြန်ကျလိုသူတွေ နှစ်သက်စွာ စားသုံးတဲ့ အရွက်တစ်မျိုး ဖြစ်သွားရတာပေါ့။ နောက်တစ်ခုက ဆလတ်ရွက်မှာ အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့အတွက် အစာအိမ် အူလမ်းကြောင်းက အဆီပိုတွေကို ရှင်းလင်းပေးနိုင်ပါတယ်။
၃။ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေတယ်

ဦးနှောက်မှာ ဒဏ်ဖြစ်တာတွေ များလာတဲ့အခါ အာရုံကြောဆဲလ်လေးတွေ သေဆုံးမှုကို ဖြစ်စေနိုင်ပြီး အဲဒီကမှတဆင့် အယ်လ်ဇိုင်းမား ရောဂါလိုမျိုး ဆိုးဝါးတဲ့ ဦးနှောက်ရောဂါမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဆလတ်ရွက်ကနေ အရည်ညှစ်ထားတဲ့ အရည်ဟာ ဦးနှောက်နဲ့ အာရုံကြောဆဲလ်လေးတွေ သေဆုံးမှုကို ထိန်းချုပ်နိုင်ပါတယ်။

လေ့လာမှုတွေအရ ဆလတ်ရွက်ဟာ နိုက်ထရိတ်ဓာတ်လည်း ကြွယ်ဝပါသေးတယ်။ နိုက်ထရိတ်ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာ နိုက်ထရိတ်အောက်ဆိုဒ် ဖြစ်သွားတဲ့အခါ ဦးနှောက်နဲ့အာရုံကြော လုပ်ဆောင်မှုတွေကို အားပေးကူညီနိုင်ပါတယ်။
၄။ နှလုံးအားကောင်းစေတယ်

နှလုံးအားနည်းလို့ မကြာခဏမောပန်းနေတတ်သူတွေ ဘာမှမပူပါနဲ့။ ဆလတ်ရွက်ဟာ ဖိုလိတ်ဓာတ်ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို အားပေးတဲ့အတွက် ဆလတ်ရွက်ကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆလတ်ရွက်မှာ ဗိုက်တာမင်အေနဲ့ စီကြွယ်ဝစွာပါဝင်ပြီး နှစ်မျိုးလုံးက ကိုလက်စ်ထရောတွေကို အောက်ဆီဂျင်ဓာတ်ပြုစေဖို့နဲ့ နှလုံးသွေးကြောတွေကို အားကောင်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုတွေကိုလည်း အားကောင်းစေတဲ့အတွက် နှလုံးထဖောက်ခြင်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။
၅။ ဆီးချိုအန္တရာယ်ကို လျှော့ချပေးတယ်

လေ့လာမှုတွေအရ ဆလတ်ရွက်လို အစိမ်းရောင်အသီးအရွက်တွေဟာ Type 2 ဆီးချိုရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာ အစိမ်းရောင်အသီးအရွက်တွေမှာ ပါဝင်တဲ့ glycemic index (သွေးတွင်းအချိုဓာတ် ညွှန်းကိန်း) က နည်းပါးပြီး သွေးထဲမှာ အချိုဓာတ်ဆောင့်တက်မလာအောင် ထိန်းထားပေးနိုင်လို့ပါပဲ။

နောက်ပြီး ဆလတ်ရွက်မှာ ကယ်လိုရီ (၅) သာပါဝင်ပြီး ကာဘိုဟိုက်ဒရိတ်ကလည်း အလွန်နည်းပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ အတွက်တော့ ဒီထက်သင့်တော်တဲ့ အစားအစာ မရှိတော့ပါဘူး။

Source: Stylecraze
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top