န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မ,မ်ိဳးဥအိမ္ ကင္ဆာေရာဂါဟာ ေရာဂါအစပ်ိဳးေနစဥ္မွာေသာ္လည္းေကာင္း၊
ေရာဂါအေျခအေနျပင္းထန္ ေနစဥ္မွာေသာ္ လည္းေကာင္း ထင္သာျမင္သာလကၡဏာေတြ စိုးစဥ္းမွ်မျပတဲ့အတြက္ ၄င္းေရာဂါကို “ အမ်ိဳးသမီးမ်ားအတြက္ အသံတိတ္လူသတ္သမား ” လို ့ေဆးပညာရွင္မ်ားက ဆိုပါတယ္။

ေရာဂါေ၀ဒနာရွင္မ်ားအနက္ အလြန္တရာကံေကာင္းေသာ ၂၀ ရာခိုင္ႏႈန္း ခန္ ့ေလာက္သာ ကင္ဆာျဖစ္ေနတာကို ေရာဂါအစပ်ိဳးေနခ်ိန္မွာ သိခြင့္ရၾကတာပါ။

သို ့ပါ၍ ေအာက္ပါလကၡဏာ (၉)ရပ္က မ,မ်ိဳး ဥအိမ္ကင္ဆာ၏ ေရွ ့ေျပးနိမိတ္ျဖစ္နိုင္တာေၾကာင့္ မိမိကိုယ္ကို ဆန္းစစ္ၾကည့္ျခင္းျဖင့္ အသံတိတ္လူသတ္သမားကို လက္ဦးမႈ ရၾကပါေစေၾကာင္း အၾကံျပဳလိုက္ရပါတယ္။

(၁) ကိုယ္အေလးခ်ိန္ အလ်င္အျမန္က်ဆင္းသြားျခင္း။

၀ိတ္ခ်ခ်င္လို ့ ေလ့က်င့္ခန္းလုပ္တာေတြ၊ အစားေလ်ာ့စားတာေတြ မလုပ္ပါဘဲနဲ ့ သူ ့အလိုလို ကိုယ္အေလးခ်ိန္ ၁၀ ေပါင္ခန္ ့သိ သိသာသာထိုးက်သြားျခင္းဟာ မ,မ်ိဳးဥအိမ္ကင္ဆာ၏ ေရာဂါအစပ်ိဳးေနစဥ္မွာ ျဖစ္ေလ့ရွိပါတယ္။ ထိုလကၡဏာျပလာပါက ဆရာ၀န္ႏွင့္ အျမန္ဆံုးေဆြးေႏြးသင့္ပါတယ္။

(၂) မၾကာခဏ ဆီးသြားျခင္း။

ထြက္က်လုမတတ္ ဆီးသြားခ်င္စိတ္ျပင္းျပျခင္း(သို ့)ဆီးမၾကာခဏ သြားျခင္းဟာ မ,မ်ိဳးဥအိမ္ကင္ဆာ လကၡဏာမ်ားျဖစ္ပါတယ္။

အဲဒီလကၡဏာေတြထဲမွာ ဆီးအိမ္ထိန္းခ်ဳပ္နိုင္မႈအား လံုး၀က်ဆင္းသြားတာေၾကာင့္ ဆီးမထိန္းနိုင္ျခင္း ျပႆနာလည္း ပါ၀င္ပါ တယ္။

(၃) ခါးေအာက္ပိုင္းနာျခင္း။

ခါးေအာက္ဖက္ပိုင္း နာက်င္၍ ေလးလံျခင္း၊ တင္ပါးဆံုရိုးတ၀ိုက္မွာ နာက်င္ကိုက္ခဲျခင္းျဖစ္ရင္ မေပါ့ဆသင့္ေတာ့ပါဘူး။

(၄) ဗိုက္နာ၍ ဗိုက္ေဖာင္းျခင္း။

ဥပမာ ၀မ္ေဖာ၀မ္းေရာင္၊ ရာသီလာ၊ အစာအိမ္နာ စသည့္ တစ္စံုတစ္ရာေၾကာင့္ ဗိုက္နာတာမ်ိဳးမဟုတ္ဘဲ၊ အေၾကာင္းျပခ်က္မရွိ ရက္သတၱ ႏွွစ္ပတ္ေက်ာ္ၾကာ ဗိုက္နာေ၀ဒနာကို ခံစားရတဲ့အျပင္၊ အတြင္းခံေဘာင္းဘီ၀တ္ထားေသာ တင္ပါး နဲ ့ခါးေနရာတို ့မွာ တင္းၾကပ္သလို ခံစားရပါက မ,မ်ိဳးဥအိမ္ ကင္ဆာလကၡဏာ ျပေနျပီဟု မွတ္ပါေလ။

(၅) ၀မ္းဗိုက္ျပႆနာ အမ်ိဳးမ်ိဳး။

မ,မ်ိဳးဥအိမ္ကင္ဆာ၏ ဂယက္ဆိုးေတြေၾကာင့္ ဆန္ ့က်င္ဖက္အေျခအေန
ႏွစ္မ်ိဳးျဖစ္ၾကေသာ ၀မ္းသက္၀မ္းေလ်ာျခင္း ႏွင့္ ၀မ္း ခ်ဳပ္ျခင္းတို ့ကို မၾကာခဏဆိုသလို ခံစားရေလ့ရွိပါတယ္။

အေၾကာင္းကေတာ့ မ,မ်ိဳးဥအိမ္အၾကိတ္ဖု ေရာင္ကိုင္းလာတာေၾကာင့္ ဆီးအိမ္၊ အစာအိမ္ ႏွင့္ အူသိမ္အူမေတြေေပၚမွာ ဖိအားသက္ေရာက္သြားလို ့ပါဘဲ။

(၆) အစာမေက်ျခင္း။

ေလပူထျခင္း၊ အူထဲမွာ ေလပြျခင္း၊ ပ်ိဳ ့ခ်င္အန္ခ်င္ျဖစ္ျခင္း၊ ေအာ္ဂလီဆန္ျခင္း၊ ဗိုက္တစ္ခုလံုး မအီမသာျဖစ္ျခင္း စသည္တို ့ ဟာလည္း မ,မ်ိဳးဥအိမ္ ကင္ဆာေရာဂါ လကၡဏာေတြဘဲျဖစ္ပါတယ္။

(၇) မိန္းမကိုယ္ေသြးဆင္းျခင္း။

ရာသီေသြးဆင္းမႈ ပံုမွန္မဟုတ္ျခင္း(သို ့)ဓမၼတာရာသီစက္၀န္းျပင္ပ၌ အခ်ိိန္အခါမဟုတ္ ဓမၼတာလာျခင္းတို ့ဟာ မ,မ်ိဳးဥအိမ္ ကင္ဆာ၏ နိမိတ္ျပလကၡဏာေတြဘဲျဖစ္ပါတယ္။

၄င္းျပင္ ပံုမွန္မဟုတ္ဘဲ ေသြးခဲမ်ားဆင္းျခင္း၊ မိန္းမကိုယ္ နာက်င္၍ ေရာင္ ကိုင္းျခင္း၊ မိန္းမကိုယ္၏ အသားအေရာင္ ေျပာင္းလဲျခင္း တို ့ကလည္း ထိုကင္ဆာေရာဂါႏွင့္ ဆက္စပ္မႈရွိေနပါတယ္။

(၈) အလြန္အမင္း ေမာပမ္းႏြမ္းနယ္ျခင္း။

အားမရွိေတာ့သလို ခံစားရျပီး၊ အလြန္အမင္းေမာႏြမ္းနယ္လာျခင္းဟာလည္း မမ်ိဳးဥအိမ္ကင္ဆာ ႏွင့္ ပတ္သက္ဆက္ႏြယ္ေနလို ့ မေပါ့ဆသင့္ပါဘူး။

(၉) ဖိုမကိစၥ မေပ်ာ္ရႊင္ေတာ့ျခင္း။
လိင္ဆက္ခံစဥ္နာက်င္ျခင္း ျဖစ္ေလ့ရွိပါတယ္။

မွတ္ခ်က္

အထက္ေဖာ္ျပပါ လကၡဏာ ၉ ရပ္စလံုးကို တျပိဳင္နက္တည္း ခံစားရမွသာ မ,မ်ိဳးဥအိမ္ကင္ဆာ ေ၀ဒနာလို ့မယူဆသင့္ပါဘူး။

၄င္းတို ့အနက္မွ အျဖစ္အပ်က္တစ္ခုခုကို ရက္သတၱ ႏွစ္ပတ္ထက္ပို၍ ခံစားေနရျပီဆိုပါက နီးစပ္ရာေဆးခန္းသို ့မဆိုင္းမတြ သြားေရာက္၍ သက္ဆိုင္ရာ ဆရာ၀န္ျဖင့္ ေဆြးေႏြးတိုင္ပင္သင့္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေပါက္ေပါက္

# Unicode Version ျဖင့္ ဖတ္ပါ #
မ,မျိုးဥအိမ် ကင်ဆာရောဂါဟာ ရောဂါအစပျိုးနေစဉ်မှာသော်လည်းကောင်း၊
ရောဂါအခြေအနေပြင်းထန် နေစဉ်မှာသော် လည်းကောင်း ထင်သာမြင်သာလက္ခဏာတွေ စိုးစဉ်းမျှမပြတဲ့အတွက် ၎င်းရောဂါကို “ အမျိုးသမီးများအတွက် အသံတိတ်လူသတ်သမား ” လို့ဆေးပညာရှင်များက ဆိုပါတယ်။

ရောဂါဝေဒနာရှင်များအနက် အလွန်တရာကံကောင်းသော ၂၀ ရာခိုင်နှုန်း ခန့်လောက်သာ ကင်ဆာဖြစ်နေတာကို ရောဂါအစပျိုးနေချိန်မှာ သိခွင့်ရကြတာပါ။

သို့ပါ၍ အောက်ပါလက္ခဏာ (၉)ရပ်က မ,မျိုး ဥအိမ်ကင်ဆာ၏ ရှေ့ပြေးနိမိတ်ဖြစ်နိုင်တာကြောင့် မိမိကိုယ်ကို ဆန်းစစ်ကြည့်ခြင်းဖြင့် အသံတိတ်လူသတ်သမားကို လက်ဦးမှု ရကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ကိုယ်အလေးချိန် အလျင်အမြန်ကျဆင်းသွားခြင်း။

ဝိတ်ချချင်လို့ လေ့ကျင့်ခန်းလုပ်တာတွေ၊ အစားလျော့စားတာတွေ မလုပ်ပါဘဲနဲ့ သူ့အလိုလို ကိုယ်အလေးချိန် ၁၀ ပေါင်ခန့်သိ သိသာသာထိုးကျသွားခြင်းဟာ မ,မျိုးဥအိမ်ကင်ဆာ၏ ရောဂါအစပျိုးနေစဉ်မှာ ဖြစ်လေ့ရှိပါတယ်။ ထိုလက္ခဏာပြလာပါက ဆရာဝန်နှင့် အမြန်ဆုံးဆွေးနွေးသင့်ပါတယ်။

(၂) မကြာခဏ ဆီးသွားခြင်း။

ထွက်ကျလုမတတ် ဆီးသွားချင်စိတ်ပြင်းပြခြင်း(သို့)ဆီးမကြာခဏ သွားခြင်းဟာ မ,မျိုးဥအိမ်ကင်ဆာ လက္ခဏာများဖြစ်ပါတယ်။

အဲဒီလက္ခဏာတွေထဲမှာ ဆီးအိမ်ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းသွားတာကြောင့် ဆီးမထိန်းနိုင်ခြင်း ပြဿနာလည်း ပါဝင်ပါ တယ်။

(၃) ခါးအောက်ပိုင်းနာခြင်း။

ခါးအောက်ဖက်ပိုင်း နာကျင်၍ လေးလံခြင်း၊ တင်ပါးဆုံရိုးတဝိုက်မှာ နာကျင်ကိုက်ခဲခြင်းဖြစ်ရင် မပေါ့ဆသင့်တော့ပါဘူး။

(၄) ဗိုက်နာ၍ ဗိုက်ဖောင်းခြင်း။

ဥပမာ ဝမ်ဖောဝမ်းရောင်၊ ရာသီလာ၊ အစာအိမ်နာ စသည့် တစ်စုံတစ်ရာကြောင့် ဗိုက်နာတာမျိုးမဟုတ်ဘဲ၊ အကြောင်းပြချက်မရှိ ရက်သတ္တ နှှစ်ပတ်ကျော်ကြာ ဗိုက်နာဝေဒနာကို ခံစားရတဲ့အပြင်၊ အတွင်းခံဘောင်းဘီဝတ်ထားသော တင်ပါး နဲ့ခါးနေရာတို့မှာ တင်းကြပ်သလို ခံစားရပါက မ,မျိုးဥအိမ် ကင်ဆာလက္ခဏာ ပြနေပြီဟု မှတ်ပါလေ။

(၅) ဝမ်းဗိုက်ပြဿနာ အမျိုးမျိုး။

မ,မျိုးဥအိမ်ကင်ဆာ၏ ဂယက်ဆိုးတွေကြောင့် ဆန့်ကျင်ဖက်အခြေအနေ
နှစ်မျိုးဖြစ်ကြသော ဝမ်းသက်ဝမ်းလျောခြင်း နှင့် ဝမ်း ချုပ်ခြင်းတို့ကို မကြာခဏဆိုသလို ခံစားရလေ့ရှိပါတယ်။

အကြောင်းကတော့ မ,မျိုးဥအိမ်အကြိတ်ဖု ရောင်ကိုင်းလာတာကြောင့် ဆီးအိမ်၊ အစာအိမ် နှင့် အူသိမ်အူမတွေေပေါ်မှာ ဖိအားသက်ရောက်သွားလို့ပါဘဲ။

(၆) အစာမကျေခြင်း။

လေပူထခြင်း၊ အူထဲမှာ လေပွခြင်း၊ ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ဗိုက်တစ်ခုလုံး မအီမသာဖြစ်ခြင်း စသည်တို့ ဟာလည်း မ,မျိုးဥအိမ် ကင်ဆာရောဂါ လက္ခဏာတွေဘဲဖြစ်ပါတယ်။

(၇) မိန်းမကိုယ်သွေးဆင်းခြင်း။

ရာသီသွေးဆင်းမှု ပုံမှန်မဟုတ်ခြင်း(သို့)ဓမ္မတာရာသီစက်ဝန်းပြင်ပ၌ အချိန်အခါမဟုတ် ဓမ္မတာလာခြင်းတို့ဟာ မ,မျိုးဥအိမ် ကင်ဆာ၏ နိမိတ်ပြလက္ခဏာတွေဘဲဖြစ်ပါတယ်။

၎င်းပြင် ပုံမှန်မဟုတ်ဘဲ သွေးခဲများဆင်းခြင်း၊ မိန်းမကိုယ် နာကျင်၍ ရောင် ကိုင်းခြင်း၊ မိန်းမကိုယ်၏ အသားအရောင် ပြောင်းလဲခြင်း တို့ကလည်း ထိုကင်ဆာရောဂါနှင့် ဆက်စပ်မှုရှိနေပါတယ်။

(၈) အလွန်အမင်း မောပမ်းနွမ်းနယ်ခြင်း။

အားမရှိတော့သလို ခံစားရပြီး၊ အလွန်အမင်းမောနွမ်းနယ်လာခြင်းဟာလည်း မမျိုးဥအိမ်ကင်ဆာ နှင့် ပတ်သက်ဆက်နွယ်နေလို့ မပေါ့ဆသင့်ပါဘူး။

(၉) ဖိုမကိစ္စ မပျော်ရွှင်တော့ခြင်း။
လိင်ဆက်ခံစဉ်နာကျင်ခြင်း ဖြစ်လေ့ရှိပါတယ်။

မှတ်ချက်

အထက်ဖော်ပြပါ လက္ခဏာ ၉ ရပ်စလုံးကို တပြိုင်နက်တည်း ခံစားရမှသာ မ,မျိုးဥအိမ်ကင်ဆာ ဝေဒနာလို့မယူဆသင့်ပါဘူး။

၎င်းတို့အနက်မှ အဖြစ်အပျက်တစ်ခုခုကို ရက်သတ္တ နှစ်ပတ်ထက်ပို၍ ခံစားနေရပြီဆိုပါက နီးစပ်ရာဆေးခန်းသို့မဆိုင်းမတွ သွားရောက်၍ သက်ဆိုင်ရာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:  ပေါက်ပေါက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top