ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ႏွာေခါင္းဟာ မ်က္ႏွာတစ္ခု လုံး ရဲ႕ အလယ္ဗဟိုမွာ တည္ရွိပါတယ္။ လူတစ္ေယာက္ ဟာ ရုပ္ရည္ေခ်ာ၊ မေခ်ာ ဆုိတာကုိ ႏွာေခါင္း က သြယ္၀ုိက္ျပီး ထိန္းသိမ္း ေထာက္ပံ့ေပးသလုိ ႏွာေခါင္း ေၾကာင့္ အလွပ်က္သြားခဲ့ရသူေတြလည္း အမ်ားၾကီးရွိပါတယ္။ ႏွာေခါင္းေတြကေနျပီး တဆင့္ ကၽြန္ေတာ္တုိ႔ လူေတြရဲ႕ စိတ္ေနစိတ္ထား လွမ္းျပီး အကဲခတ္ႏုိင္ပါတယ္။ The Nubian Nose! The turned-up nose! The Snub nose! The Hawk Nose! The Celestial Nose! The Aquiline Nose! ဆုိျပီး ပညာရွင္ေတြကေတာ့ ႏွာေခါင္းအမ်ဳိးအစား ေျခာက္မ်ဳိး ခဲြျခားျပခဲ့ပါတယ္။

ေနာက္ေခ်းပုိးႏွာေခါင္း ( The Nubian Nose!)

ျဗက္ ( အနံ ) က်ယ္ျပီး အလ်ားတုိ တဲ့ ႏွာေခါင္းမ်ဳိးပါ..။ ကၽြန္ေတာ္တုိ႔ ျမန္မာအေခၚအားျဖင့္ေတာ့ ႏွာပြတယ္ လုိ႔ ဆုိလုိ႔ ရတဲ့ အေနအထားပုံစံပါ။ ..ဒီလုိ လူမ်ဳိးေတြဟာ အမ်ားၾကီး ထူးခၽြန္ထင္ရွားေလ့ မရွိပါဘူး ..။ သူတုိ႔ကုိယ္တုိင္ ထိပ္တန္း မေရာက္ေပမဲ့ သူတုိ႔ ဟာ တျခားသူေတြရဲ႕ ဘ၀ ေတြနဲ႔ မိသားစုေတြ ထင္ရွား ေအာင္ျမင္ေစဖုိ႔အတြက္ တြန္းအားေပး လုပ္ေဆာင္ႏုိင္စြမ္းရွိတဲ့ လူေတြ ျဖစ္ပါတယ္။ ပြေယာင္းေယာင္းျဖစ္ေနတဲ့ ႏွာေခါင္း က သူတုိ႔မ်က္ႏွာကုိ အလွဖ်က္ေနတာ ျဖစ္ေကာင္းျဖစ္ႏုိင္ေပမဲ့ တုိးတက္ၾကီးပြားလုိစိတ္ ျပင္းျပျပီး တီထြင္ၾကံဆမႈ ညဏ္စြမ္းျမင့္မားသူေတြပဲ ျဖစ္ပါတယ္။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ကာတြန္းတင္ေအာင္နီ ရဲ႕ ဇာတ္ေကာင္ “ ကုိေလးပြ “ နဲ႔ ဟာ ဒီလုိ ႏွာေခါင္းမ်ဳိး ပုိင္ဆုိင္ထားျပီး ကမာၻေက်ာ္ အေမရိကန္ သမၼတ အုိဘားမား တစ္ေယာက္ဟာလည္း The Nubian Nose ပုိင္ရွင္တစ္ေယာက္ ျဖစ္ပါတယ္။

ဇီးကြက္ႏွာေခါင္း (The turned-up nose!)

ဒီအမ်ဳိးအစားကုိေတာ့ ေတာ္ေတ္ာမ်ားမ်ား က ခ်ီးက်ဴးၾကျပီး ပညာရွင္ႏွာေခါင္း လုိ႔ ဆုိၾကပါတယ္။ စမတ္က်တယ္ လုိ႔ လည္း ဆုိၾကပါတယ္။ ခြက္ေနတဲ့ မ်က္ႏွာျပင္တစ္ခုကေန အခၽြန္ကေလး တစ္ခု ျဖစ္လာသလုိ ပုံစံရွိပါတယ္။ ေရခရား နဲ႔ ေတာင္ ဆင္တူပါေသးတယ္။ အဲဒီႏွာေခါင္း ပုိင္ရွင္ ေတြကေတာ့ ခင္မင္ရင္းႏွီးဖုိ႔ လြယ္ကူျပီး စိတ္ရင္းေစတနာေကာင္း ရွိပါမယ္။ မိသားစု နဲ႔ ခ်စ္သူ အေပၚ ခ်စ္ခင္တြယ္တာစိတ္ၾကီးမားပါတယ္။ အေျပာဆုိးေပမဲ့ အေကာင္းျမင္တတ္တဲ့ စိတ္ထားရွိပါမယ္။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ေ၀ါ့ဒေစၥေန ရဲ႕ ဘဲကေလး သုံးေကာင္မွာ အဲဒီ ႏွာေခါင္း ရွိပါတယ္။ ကာတြန္းေအာင္ရွိန္ ရဲ႕ “ သူေဌးၾကီး ဦးကပ္ေစး” ဟာ ဒီလုိ ႏွာေခါင္းမ်ဳိး ပုိင္ဆုိင္ထားျပီး ကမာၻေက်ာ္ အဆုိေတာ္ေဟာင္း နဲ႔ ဖက္ရွင္ဒီဇုိင္းနာ ဗစ္တုိးရီးယား ဘက္ဟမ္း ဟာ The turned-up nose! ပုိင္ရွင္တစ္ေယာက္ ျဖစ္ပါတယ္။

ေမ်ာက္ေတာက္တီး ႏွာေခါင္း (The Snub nose!)

အေပၚပုိင္း လန္ေနတဲ့ ႏွာေခါင္းအမ်ဳိးအစား လုိ႔ ေခၚရမွာျဖစ္ပါတယ္။ Snub Monkey ဆုိတဲ့ ေမ်ာက္ေတာက္တီး မွာ ရွိတဲ့ ႏွာေခါင္း အမ်ဳိးအစား ပါ။ ကမာၻေက်ာ္ မင္းသမီးၾကီး အယ္လီဇဘက္ေတလာ ဟာ ဒီႏွာေခါင္း ပုိင္ဆုိင္ထားျပီး အရမ္းလန္ျပီး အရမ္းတုိလြန္းတယ္ ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ရုပ္ရွင္ကုမၸဏီတစ္ခု က ျငင္းပယ္ခံရဖူးပါတယ္။ ေနာက္ေတာ့လည္း အဲဒီႏွာေခါင္းေလးေၾကာင့္ပဲ ကလီယုိပါထရာ ဆုိတဲ့ ရုပ္ရွင္ကားၾကီး မွာ သရုပ္ေဆာင္ခြင့္ရခဲ့ျပီး ကမာၻ႔ ပုရိသ ပရိသတ္ေတြကုိ ကုိင္လွႈပ္ဖမ္းစားႏုိင္ခဲ့ပါတယ္။ သူရဲ႕ အခ်ိဳးအစား က ႏွာတံရွည္ျပီး ထိပ္ဆုံးပုိင္းေရာက္မွ ႏွာသီးဖ်ား ဟာ အေပၚကုိ ေကာ့လန္တက္သြားတဲ့ ပုံစံမ်ဳိးပါ ..။ ဒီအမ်ဳိးအစားဟာ ဘ၀ မွာ အနိမ့္အျမင့္ အတက္အက် ကုိ ျမန္ျမန္ဆန္ဆန္ ခံစားရေလ့ရွိပါတယ္။ေန႔ေရႊ၊ ညေငြ ဆုိတဲ့ အထဲမွာ ပါ၀င္ပါတယ္။ အလုပ္ကုိ ၾကိဳးစားလုပ္တတ္တဲ့ လူေတြပဲ ျဖစ္ပါတယ္။ ျဖစ္စဥ္တစ္ခုကုိ အကဲျဖတ္တဲ့ေနရာမွာ သမာ သမတ္က်ျပီး သူတုိ႔ရဲ႕ ရင္တြင္း က စိတ္ခံစားခ်က္ေတြကုိ ဖုံးကြယ္ထားႏုိင္စြမ္းရွိသူေတြျဖစ္ၾကပါတယ္။ ခံစားခ်က္အားေကာင္းျပီး ဘ၀ကုိ စနစ္တက် တည္ေဆာက္ေလ့ရွိေပမဲ့ မထင္မွတ္တာေတြကုိ ဂရုစုိက္ရမဲ့ ႏွာေခါင္းရွင္ေတြပါ။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ကာတြန္းေမာင္လြင္ ရဲ႕ “ သူခုိးၾကီးငတက္ျဖား” ဟာ ဒီလုိ ႏွာေခါင္းမ်ဳိး ပုိင္ဆုိင္ထားျပီး ကမာၻေက်ာ္ အႏုပညာရွင္ မုိက္ကယ္အင္ဂ်လုိ ကုိ သက္ေသျပလုိ႔ ရသလုိ အနားယူသြားျပီျဖစ္တဲ့ ကမာၻခ်စ္ အီတလီဒုိင္လူၾကီး ေကာ္လီနာ ဟာလည္း ဒီႏွာေခါင္းကုိ ပုိင္ဆုိင္ထားပါတယ္။ ေပါ့ဘုရင္ မုိက္ကယ္ဂ်က္ဆင္ကေတာ့ အမ်ဳိးမ်ဳိးခဲြစိတ္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ The Snub nose ပုိင္ရွင္စာရင္းထဲ ထည့္သြင္းလုိ႔ မရပါဘူး ..။

သိမ္းငွက္ႏွာေခါင္း (The Hawk Nose!)

သိမ္းငွက္ႏွာေခါင္း ပုိင္ရွင္ေတြကေတာ့ ဘ၀ ကုိ ၾကမ္းၾကမ္းတမ္းတမ္း ရုန္းကန္ရေလ့ရွိပါတယ္။ အေျခခံလူတန္းစားေတြထဲမွာ ေတြ႔ရျပီး လမ္းေပၚက ဖုိက္တာေတြ ဆုိတဲ့ အမ်ဳိးအစားထဲမွာ ပါ၀င္ပါတယ္။ သူတုိ႔ဟာ ခရီးလွည့္လည္သြားေနရတာကုိ စိတ္၀င္စားေလ့ရွိျပီး နယ္ပယ္သစ္ ရွာေဖြသူ၊ ေရႊေငြရတနာသုိက္ ရွာေဖြသူ .၊ အဲဒီလုိ လူမ်ဳိးေတြ အျဖစ္မ်ားပါတယ္။ ေပ်ာ္ေပ်ာ္ေနတတ္ျပီး ဟာသညဏ္ထက္ျမက္တဲ့ အမ်ဳိးအစား ေတြ ျဖစ္ပါတယ္။ တစ္ခါတေလမွာ ဘာမဟုတ္တဲ့ ကိစၥေလးေတြနဲ႔ စကားမ်ား ရန္ျဖစ္ေလ့ရွိပါတယ္။ သူ႔မွာ ရွိတဲ့ အေကာင္းဆုံးအခ်က္ကေတာ့ တတ္သိနားလည္လြယ္တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အဆုိး ျဖစ္ေစ၊ အေကာင္းျဖစ္ေစ သူတုိ႔ဟာ ဦးေဆာင္သူ ေနရာ က ရရွိေလ့ရွိပါတယ္။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ႏုိင္ငံေက်ာ္ လူရႊင္ေတာ္ ေက်ာ္ထူး နဲ႔ ဦးစိန္ရုိး တုိ႔ဟာ သိမ္းငွက္ႏွာေခါင္း ပုိင္ရွင္ျဖစ္ျပီး ျမန္မာကာတြန္းလက္ရာေတြထဲမွာ အဲဒီလုိ ဇာတ္ေကာင္မ်ဳိး ေတြ႔ရခဲပါတယ္။ ကမာၻေက်ာ္ မ်က္လွည့္ပညာရွင္ ဟြန္ဒီနီဟာ သိမ္းငွက္ႏွာေခါင္း ပုိင္ရွင္ ျဖစ္ေပမဲ့ သူ႔ေနရာမွာ သရုပ္ေဆာင္ခဲ့တဲ့ အက္ဒီရီယန္ ကေတာ့ လင္းယုန္ႏွာေခါင္း ပုိင္ရွင္သာ ျဖစ္ပါတယ္။

လင္းယုန္ႏွာေခါင္း(The Aquiline Nose!)

သိမ္းငွက္ႏွာေခါင္းကေန ေယာင္ေယာင္ကေလး ေကာက္သြားရင္ လင္းယုန္ႏွာေခါင္း ျဖစ္သြားပါမယ္။ ဒီအမ်ဳီးအစား ၂ ခု ဟာ တူ မလုလုိနဲ႔ မတူပါဘူး ..။ သိမ္းငွက္ႏွာေခါင္း ဟာ ရုိးရုိးေကာက္တာ ျဖစ္ျပီး သိမ္းငွက္ႏွာေခါင္း ကေတာ့ ၉၀ ဒီဂရီအတိအက် ေကာက္တယ္ လုိ႔ ပညာရွင္ေတြ အဆုိရွိပါတယ္။ ဒီပုဂၢိဳလ္ေတြဟာ ဆဲြေဆာင္မႈရွိျပီး ညဏ္ပညာအလြန္ထက္ျမက္ပါတယ္။ ေလာကဓံတရားေတြကုိ ၾကံ့ၾက့ံခံႏုိင္စြမ္းရွိပါတယ္။ ဘ၀ ဟာ ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ .. လုိခ်င္တဲ့ ေနရာေရာက္ေအာင္ တည့္မတ္ႏုိင္စြမ္းရွိတဲ့အတြက္ မာလိန္မွဴးႏွာေခါင္းလုိ႔လည္း ေနာက္တစ္မ်ဳိး ေခၚၾကပါေသးတယ္။ အလွဖ်က္တယ္ လုိ႔ ေျပာႏုိင္တဲ့ သူတုိ႔ရဲ႕ႏွာေခါင္း ကပဲ သူတုိ႔ကုိ ျပန္လည္ အလွဆင္ထားတာကုိ ေတြ႔ရပါတယ္။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ႏုိင္ငံေက်ာ္ အဆုိေတာ္ ၊ မင္းသား စုိးသူ ဟာ လင္းယုန္ႏွာေခါင္း ပုိင္ရွင္ျဖစ္ျပီး ျမန္မာကာတြန္းလက္ရာေတြထဲမွာေတာ့ အဲဒီလုိ ဇာတ္ေကာင္မ်ဳိး ေတြ႔ရခဲပါတယ္။ ေနာက္တစ္ေယာက္ ကေတာ့ ကမာၻသိ သရုပ္ေဆာင္ ဟယ္ရီေပၚတာ (ဒယ္နီရယ္ကလစ္ခ်္) ပဲ ျဖစ္ပါတယ္။

ရဲတုိက္ႏွာေခါင္း (The Celestial Nose)

ဒီ ႏွာေခါင္းေတြကုိ ပညာရွင္ေတာ္ေတာ္မ်ားမ်ား နွစ္သက္ၾကပါတယ္။ “ႏွာတံကေလးကုိ စင္းေနတာပဲ” ဆုိတဲ့ အမ်ဳိးအစားေတြေပါ့ ..။ ရုပ္ပုိင္း နဲ႔ စိတ္ပုိင္း ထပ္တူညီတဲ့ ႏွာေခါင္းမ်ဳိးေတြပါ ..။ ကမာၻ႔ေနရာေဒသေတြကုိ လုိက္ျပီး လူေကာင္ၾကီးရင္ ႏွာေခါင္း အရွည္ၾကီးထြားမွာျဖစ္ျပီး လူေကာင္ေသးရင္ေတာ့ ႏွာေခါင္းအရွည္အနံ ေသးသြားမွာျဖစ္ပါတယ္။

သူတုိ႔ဟာ သမားရုိးက် လူသားေတြပါ .။ သူတုိ႔ေတြထဲမွာ ထူးခၽြန္ထက္ျမက္တဲ့ လူလည္း ရွိသလုိ ညံ့တဲ့လူလည္း ရွိပါတယ္။ ေယဘုယ်အားျဖင့္ ျခဳံငုံေျပာရရင္ေတာ့ သူတုိ႔ ဟာ ရုပ္ပုိင္းဆုိင္ရာ ေျပျပစ္ေခ်ာေမြ႔တဲ့သူေတြ မ်ားပါတယ္။ စိတ္ထားသိမ္ေမြ႔ႏူးညံ့တဲ့ လူေတြ ဆီမွာ ေတြ႔ရတာမ်ားတဲ့ ႏွာေခါင္းမ်ဳိးလည္း ျဖစ္ပါတယ္။ စိတ္ေကာင္းႏုလုံးေကာင္း ရွိတဲ့ ရဲတုိက္ႏွာေခါင္းပုိင္ရွင္ ဟာ ႏွာေခါင္းအားလုံး ရဲ႕ ဘုံအခ်ဳပ္ ႏွာေခါင္းမ်ဳိးျဖစ္ျပီး သူ႔ႏွာတံကုိ ပြျပီး တုိလုိက္ရင္ ေနာက္ေခ်းပုိးႏွာေခါင္း ျဖစ္သလုိ ခၽြန္လုိက္ရင္လည္း သိမ္းငွက္၊ လင္းယုန္ေတြထဲ ပါ၀င္သြားမွာျဖစ္ပါတယ္။ မူရင္း ေဆာင္းပါးမွာေတာ့ Carey Mulligan နဲ႔ နမူနာ ျပထားပါတယ္။ ျပင္ပ ပုံစံ နမူနာ ျပရမယ္ ဆုိရင္ ရုပ္ျပ ပန္းခ်ီ ေက်ာ္ေအာင္ေမာ္ ၊ ပန္းခ်ီ စုိင္းလားရႈိး တုိ႔ရဲ႕ ဇာတ္ေကာင္ေတြ ဟာ ဒီလုိ ႏွာေခါင္းမ်ဳိးေတြ ပုိင္ဆုိင္ထားပါတယ္။ ရဲတုိက္ႏွာေခါင္းပုိင္ရွင္ေတြကုိ  အာရွတုိက္ေတြ မွာ ေတြ႔ရေလ့ရွိပါတယ္။

ကမာၻေပၚမွာ The Celestial Nose ေတြအမ်ားၾကီး ေတြ႔ရွိနုိင္တဲ့ ႏုိင္ငံ ဟာ တစ္ႏုိင္ငံပဲ ရွိပါတယ္။ အဲဒါကေတာ့ ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
နှာခေါင်းဟာ မျက်နှာတစ်ခု လုံး ရဲ့ အလယ်ဗဟိုမှာ တည်ရှိပါတယ်။ လူတစ်ယောက် ဟာ ရုပ်ရည်ချော၊ မချော ဆိုတာကို နှာခေါင်း က သွယ်ဝိုက်ပြီး ထိန်းသိမ်း ထောက်ပံ့ပေးသလို နှာခေါင်း ကြောင့် အလှပျက်သွားခဲ့ရသူတွေလည်း အများကြီးရှိပါတယ်။ နှာခေါင်းတွေကနေပြီး တဆင့် ကျွန်တော်တို့ လူတွေရဲ့ စိတ်နေစိတ်ထား လှမ်းပြီး အကဲခတ်နိုင်ပါတယ်။ The Nubian Nose! The turned-up nose! The Snub nose! The Hawk Nose! The Celestial Nose! The Aquiline Nose! ဆိုပြီး ပညာရှင်တွေကတော့ နှာခေါင်းအမျိုးအစား ခြောက်မျိုး ခွဲခြားပြခဲ့ပါတယ်။

နောက်ချေးပိုးနှာခေါင်း ( The Nubian Nose!)

ဗြက် ( အနံ ) ကျယ်ပြီး အလျားတို တဲ့ နှာခေါင်းမျိုးပါ..။ ကျွန်တော်တို့ မြန်မာအခေါ်အားဖြင့်တော့ နှာပွတယ် လို့ ဆိုလို့ ရတဲ့ အနေအထားပုံစံပါ။ ..ဒီလို လူမျိုးတွေဟာ အများကြီး ထူးချွန်ထင်ရှားလေ့ မရှိပါဘူး ..။ သူတို့ကိုယ်တိုင် ထိပ်တန်း မရောက်ပေမဲ့ သူတို့ ဟာ တခြားသူတွေရဲ့ ဘ၀ တွေနဲ့ မိသားစုတွေ ထင်ရှား အောင်မြင်စေဖို့အတွက် တွန်းအားပေး လုပ်ဆောင်နိုင်စွမ်းရှိတဲ့ လူတွေ ဖြစ်ပါတယ်။ ပွယောင်းယောင်းဖြစ်နေတဲ့ နှာခေါင်း က သူတို့မျက်နှာကို အလှဖျက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တိုးတက်ကြီးပွားလိုစိတ် ပြင်းပြပြီး တီထွင်ကြံဆမှု ညဏ်စွမ်းမြင့်မားသူတွေပဲ ဖြစ်ပါတယ်။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် ကာတွန်းတင်အောင်နီ ရဲ့ ဇာတ်ကောင် “ ကိုလေးပွ “ နဲ့ ဟာ ဒီလို နှာခေါင်းမျိုး ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော် အမေရိကန် သမ္မတ အိုဘားမား တစ်ယောက်ဟာလည်း The Nubian Nose ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။

ဇီးကွက်နှာခေါင်း (The turned-up nose!)

ဒီအမျိုးအစားကိုတော့ တော်တေ်ာများများ က ချီးကျူးကြပြီး ပညာရှင်နှာခေါင်း လို့ ဆိုကြပါတယ်။ စမတ်ကျတယ် လို့ လည်း ဆိုကြပါတယ်။ ခွက်နေတဲ့ မျက်နှာပြင်တစ်ခုကနေ အချွန်ကလေး တစ်ခု ဖြစ်လာသလို ပုံစံရှိပါတယ်။ ရေခရား နဲ့ တောင် ဆင်တူပါသေးတယ်။ အဲဒီနှာခေါင်း ပိုင်ရှင် တွေကတော့ ခင်မင်ရင်းနှီးဖို့ လွယ်ကူပြီး စိတ်ရင်းစေတနာကောင်း ရှိပါမယ်။ မိသားစု နဲ့ ချစ်သူ အပေါ် ချစ်ခင်တွယ်တာစိတ်ကြီးမားပါတယ်။ အပြောဆိုးပေမဲ့ အကောင်းမြင်တတ်တဲ့ စိတ်ထားရှိပါမယ်။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် ဝေါ့ဒစ္စေနေ ရဲ့ ဘဲကလေး သုံးကောင်မှာ အဲဒီ နှာခေါင်း ရှိပါတယ်။ ကာတွန်းအောင်ရှိန် ရဲ့ “ သူဌေးကြီး ဦးကပ်စေး” ဟာ ဒီလို နှာခေါင်းမျိုး ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော် အဆိုတော်ဟောင်း နဲ့ ဖက်ရှင်ဒီဇိုင်းနာ ဗစ်တိုးရီးယား ဘက်ဟမ်း ဟာ The turned-up nose! ပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။

မျောက်တောက်တီး နှာခေါင်း (The Snub nose!)

အပေါ်ပိုင်း လန်နေတဲ့ နှာခေါင်းအမျိုးအစား လို့ ခေါ်ရမှာဖြစ်ပါတယ်။ Snub Monkey ဆိုတဲ့ မျောက်တောက်တီး မှာ ရှိတဲ့ နှာခေါင်း အမျိုးအစား ပါ။ ကမ္ဘာကျော် မင်းသမီးကြီး အယ်လီဇဘက်တေလာ ဟာ ဒီနှာခေါင်း ပိုင်ဆိုင်ထားပြီး အရမ်းလန်ပြီး အရမ်းတိုလွန်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရုပ်ရှင်ကုမ္ပဏီတစ်ခု က ငြင်းပယ်ခံရဖူးပါတယ်။ နောက်တော့လည်း အဲဒီနှာခေါင်းလေးကြောင့်ပဲ ကလီယိုပါထရာ ဆိုတဲ့ ရုပ်ရှင်ကားကြီး မှာ သရုပ်ဆောင်ခွင့်ရခဲ့ပြီး ကမ္ဘာ့ ပုရိသ ပရိသတ်တွေကို ကိုင်လှှုပ်ဖမ်းစားနိုင်ခဲ့ပါတယ်။ သူရဲ့ အချိုးအစား က နှာတံရှည်ပြီး ထိပ်ဆုံးပိုင်းရောက်မှ နှာသီးဖျား ဟာ အပေါ်ကို ကော့လန်တက်သွားတဲ့ ပုံစံမျိုးပါ ..။ ဒီအမျိုးအစားဟာ ဘ၀ မှာ အနိမ့်အမြင့် အတက်အကျ ကို မြန်မြန်ဆန်ဆန် ခံစားရလေ့ရှိပါတယ်။နေ့ရွှေ၊ ညငွေ ဆိုတဲ့ အထဲမှာ ပါဝင်ပါတယ်။ အလုပ်ကို ကြိုးစားလုပ်တတ်တဲ့ လူတွေပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုကို အကဲဖြတ်တဲ့နေရာမှာ သမာ သမတ်ကျပြီး သူတို့ရဲ့ ရင်တွင်း က စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်စွမ်းရှိသူတွေဖြစ်ကြပါတယ်။ ခံစားချက်အားကောင်းပြီး ဘဝကို စနစ်တကျ တည်ဆောက်လေ့ရှိပေမဲ့ မထင်မှတ်တာတွေကို ဂရုစိုက်ရမဲ့ နှာခေါင်းရှင်တွေပါ။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် ကာတွန်းမောင်လွင် ရဲ့ “ သူခိုးကြီးငတက်ဖြား” ဟာ ဒီလို နှာခေါင်းမျိုး ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော် အနုပညာရှင် မိုက်ကယ်အင်ဂျလို ကို သက်သေပြလို့ ရသလို အနားယူသွားပြီဖြစ်တဲ့ ကမ္ဘာချစ် အီတလီဒိုင်လူကြီး ကော်လီနာ ဟာလည်း ဒီနှာခေါင်းကို ပိုင်ဆိုင်ထားပါတယ်။ ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ကတော့ အမျိုးမျိုးခွဲစိတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် The Snub nose ပိုင်ရှင်စာရင်းထဲ ထည့်သွင်းလို့ မရပါဘူး ..။

သိမ်းငှက်နှာခေါင်း (The Hawk Nose!)

သိမ်းငှက်နှာခေါင်း ပိုင်ရှင်တွေကတော့ ဘ၀ ကို ကြမ်းကြမ်းတမ်းတမ်း ရုန်းကန်ရလေ့ရှိပါတယ်။ အခြေခံလူတန်းစားတွေထဲမှာ တွေ့ရပြီး လမ်းပေါ်က ဖိုက်တာတွေ ဆိုတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ သူတို့ဟာ ခရီးလှည့်လည်သွားနေရတာကို စိတ်ဝင်စားလေ့ရှိပြီး နယ်ပယ်သစ် ရှာဖွေသူ၊ ရွှေငွေရတနာသိုက် ရှာဖွေသူ .၊ အဲဒီလို လူမျိုးတွေ အဖြစ်များပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟာသညဏ်ထက်မြက်တဲ့ အမျိုးအစား တွေ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ဘာမဟုတ်တဲ့ ကိစ္စလေးတွေနဲ့ စကားများ ရန်ဖြစ်လေ့ရှိပါတယ်။ သူ့မှာ ရှိတဲ့ အကောင်းဆုံးအချက်ကတော့ တတ်သိနားလည်လွယ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုး ဖြစ်စေ၊ အကောင်းဖြစ်စေ သူတို့ဟာ ဦးဆောင်သူ နေရာ က ရရှိလေ့ရှိပါတယ်။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် နိုင်ငံကျော် လူရွှင်တော် ကျော်ထူး နဲ့ ဦးစိန်ရိုး တို့ဟာ သိမ်းငှက်နှာခေါင်း ပိုင်ရှင်ဖြစ်ပြီး မြန်မာကာတွန်းလက်ရာတွေထဲမှာ အဲဒီလို ဇာတ်ကောင်မျိုး တွေ့ရခဲပါတယ်။ ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဟွန်ဒီနီဟာ သိမ်းငှက်နှာခေါင်း ပိုင်ရှင် ဖြစ်ပေမဲ့ သူ့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ အက်ဒီရီယန် ကတော့ လင်းယုန်နှာခေါင်း ပိုင်ရှင်သာ ဖြစ်ပါတယ်။

လင်းယုန်နှာခေါင်း(The Aquiline Nose!)

သိမ်းငှက်နှာခေါင်းကနေ ယောင်ယောင်ကလေး ကောက်သွားရင် လင်းယုန်နှာခေါင်း ဖြစ်သွားပါမယ်။ ဒီအမျီုးအစား ၂ ခု ဟာ တူ မလုလိုနဲ့ မတူပါဘူး ..။ သိမ်းငှက်နှာခေါင်း ဟာ ရိုးရိုးကောက်တာ ဖြစ်ပြီး သိမ်းငှက်နှာခေါင်း ကတော့ ၉၀ ဒီဂရီအတိအကျ ကောက်တယ် လို့ ပညာရှင်တွေ အဆိုရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဆွဲဆောင်မှုရှိပြီး ညဏ်ပညာအလွန်ထက်မြက်ပါတယ်။ လောကဓံတရားတွေကို ကြံ့ကြံ့ခံနိုင်စွမ်းရှိပါတယ်။ ဘ၀ ဟာ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ .. လိုချင်တဲ့ နေရာရောက်အောင် တည့်မတ်နိုင်စွမ်းရှိတဲ့အတွက် မာလိန်မှူးနှာခေါင်းလို့လည်း နောက်တစ်မျိုး ခေါ်ကြပါသေးတယ်။ အလှဖျက်တယ် လို့ ပြောနိုင်တဲ့ သူတို့ရဲ့နှာခေါင်း ကပဲ သူတို့ကို ပြန်လည် အလှဆင်ထားတာကို တွေ့ရပါတယ်။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် နိုင်ငံကျော် အဆိုတော် ၊ မင်းသား စိုးသူ ဟာ လင်းယုန်နှာခေါင်း ပိုင်ရှင်ဖြစ်ပြီး မြန်မာကာတွန်းလက်ရာတွေထဲမှာတော့ အဲဒီလို ဇာတ်ကောင်မျိုး တွေ့ရခဲပါတယ်။ နောက်တစ်ယောက် ကတော့ ကမ္ဘာသိ သရုပ်ဆောင် ဟယ်ရီပေါ်တာ (ဒယ်နီရယ်ကလစ်ချ်) ပဲ ဖြစ်ပါတယ်။

ရဲတိုက်နှာခေါင်း (The Celestial Nose)

ဒီ နှာခေါင်းတွေကို ပညာရှင်တော်တော်များများ နှစ်သက်ကြပါတယ်။ “နှာတံကလေးကို စင်းနေတာပဲ” ဆိုတဲ့ အမျိုးအစားတွေပေါ့ ..။ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း ထပ်တူညီတဲ့ နှာခေါင်းမျိုးတွေပါ ..။ ကမ္ဘာ့နေရာဒေသတွေကို လိုက်ပြီး လူကောင်ကြီးရင် နှာခေါင်း အရှည်ကြီးထွားမှာဖြစ်ပြီး လူကောင်သေးရင်တော့ နှာခေါင်းအရှည်အနံ သေးသွားမှာဖြစ်ပါတယ်။

သူတို့ဟာ သမားရိုးကျ လူသားတွေပါ .။ သူတို့တွေထဲမှာ ထူးချွန်ထက်မြက်တဲ့ လူလည်း ရှိသလို ညံ့တဲ့လူလည်း ရှိပါတယ်။ ယေဘုယျအားဖြင့် ခြုံငုံပြောရရင်တော့ သူတို့ ဟာ ရုပ်ပိုင်းဆိုင်ရာ ပြေပြစ်ချောမွေ့တဲ့သူတွေ များပါတယ်။ စိတ်ထားသိမ်မွေ့နူးညံ့တဲ့ လူတွေ ဆီမှာ တွေ့ရတာများတဲ့ နှာခေါင်းမျိုးလည်း ဖြစ်ပါတယ်။ စိတ်ကောင်းနုလုံးကောင်း ရှိတဲ့ ရဲတိုက်နှာခေါင်းပိုင်ရှင် ဟာ နှာခေါင်းအားလုံး ရဲ့ ဘုံအချုပ် နှာခေါင်းမျိုးဖြစ်ပြီး သူ့နှာတံကို ပွပြီး တိုလိုက်ရင် နောက်ချေးပိုးနှာခေါင်း ဖြစ်သလို ချွန်လိုက်ရင်လည်း သိမ်းငှက်၊ လင်းယုန်တွေထဲ ပါဝင်သွားမှာဖြစ်ပါတယ်။ မူရင်း ဆောင်းပါးမှာတော့ Carey Mulligan နဲ့ နမူနာ ပြထားပါတယ်။ ပြင်ပ ပုံစံ နမူနာ ပြရမယ် ဆိုရင် ရုပ်ပြ ပန်းချီ ကျော်အောင်မော် ၊ ပန်းချီ စိုင်းလားရှိုး တို့ရဲ့ ဇာတ်ကောင်တွေ ဟာ ဒီလို နှာခေါင်းမျိုးတွေ ပိုင်ဆိုင်ထားပါတယ်။ ရဲတိုက်နှာခေါင်းပိုင်ရှင်တွေကို  အာရှတိုက်တွေ မှာ တွေ့ရလေ့ရှိပါတယ်။

ကမ္ဘာပေါ်မှာ The Celestial Nose တွေအများကြီး တွေ့ရှိနိုင်တဲ့ နိုင်ငံ ဟာ တစ်နိုင်ငံပဲ ရှိပါတယ်။ အဲဒါကတော့ ….

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top