န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
ဆန်းဝှစ် နဲ့ ကော်ဖီ
image
image
အာလူး နဲ့ ဘာဘီကျူ
image
image
ဘီယာ နဲ့ အစေ့အဆံ
image
image
image
# Unicode Version ဖြင့် ဖတ်ပါ #
ဆန်းဝှစ် နဲ့ ကော်ဖီ
မနက်အချိန်မရှိလို့ အဆင်ပြေသလို စားသောက်သွားရတဲ့ဆန်းဝှစ်နဲ့ကော်ဖီက တွဲဖက်မသင့်တဲ့အတွဲပါ။ ချိစ့်ပါတဲ့ ဆန်းဝှစ်က ကောင်းပေမယ့် ပေါင်မှန့်က အာဟာရဓါတ်တွေကို စုပ်ယူသွားပါတယ်။ ဒါကိုမှ အသင့်ဖျော် ကော်ဖီနဲ့တွဲစားလိုက်တော့ ပိုပြီး ဆိုးသွားနိုင်ပါတယ်။ ချိစ့်ကြိုက်တယ်ဆို ဆန်းဝှစ်စားပါ ကော်ဖီရှောင်ပါ။ ၎င်း နှစ်မျိုးလုံးစားချင်ရင် ကော်ဖီကို နို့များများထည့်ပါ။
ခရမ်းချဉ်သီး နဲ့သခွါးသီး
လိုက်ဖက်တဲ့အသုတ်စုံတွဲဖြစ်ပါတယ်။သို့သော်ငြား သုတေသနတွေအရ ၎င်းနှစ်မျိုးပေါင်းလိုက်ရင် ဇီဝဓါတ်တွေကို ခြေဖျက်နိုင်စွမ်းရှိလို့ သီးခြားစီမှီဝဲဖို့ တိုက်တွန်းထားပါတယ်။
အာလူး နဲ့ဘာဘီကျူ
လူတွေမလွန်ဆန်နိုင်တဲ့အစားစုံတွဲပါ။နေရာတိုင်းနီးပါး သူတို့မပါမဖြစ်ရှိနေတက်ပါတယ်။သို့ပေမယ့် သက်သက်စီစားတာက ပိုပြီးအာဟာရဖြစ်စေပါတယ်။တွဲစားမယ်ဆိုရင်တော့ နှလုံးရောဂါ ၊ အစာမကျေ ၊ လေအောင့်လေခံဖြစ်စေနိုင်ပါတယ်။ ဘာဘီကျူ စားမယ်ဆို အသီးအနှံလေးတွေနဲ့သာတွဲစားပေးပါ။
ပါစတာ နဲ့အသားနှုပ်နှုပ်စဉ်း
ပါစတာမှာထည့်ရတဲ့သကြားတစ်မျိုးက အသားမှာရှိတဲ့ပရိုတင်းဓါတ်ကို တိုက်ထုတ်နိုင်ပါတယ်။ တွဲစားမယ်ဆိုပါက သွေးချို ဖြစ်စေနိုင်ပါတယ်။ပါစတာလုပ်စားမယ်ဆို အတက်နိုင်ဆုံး ဂျုံခေါက်ဆွဲရှာပါ။ အသားနှုပ်နှုပ်စဉ်းနဲ့ ရောစားခြင်းကိုရှောင်ပြီး တစ်ပန်းကန်သတ်သတ်စားပါ။
ဘီယာ နဲ့အစေ့အဆံ
ပေါ်ပြူလာစုံတွဲဖြစ်ပါတယ်။ဘီယာသောက်ရင်း မြေပဲဖြစ်ဖြစ်စားလိုက်ရတာ ဖီလ်း တစ်မျိုးပေးနိုင်ပါတယ်။ ဒါပေမယ့် အငန်ဓါတ်ပါတဲ့အစာတွေက လူကိုကောင်းကျိုးမပေးပါဘူး။ ဘီယာကလည်း ကျန်းမာရေးတွက် အထောက်အကူမဖြစ်စေပါဘူး။ မကောင်းတဲ့အရာခြင်းတွေ့တော့ ပိုဆိုးပြီး ဒုက္ခများရုံသာရှိပါတော့တယ်။ဂရုပြုကြပါ။ဘီယာ သို့မဟုတ် အရက်သောက်ရင် ရေများများရော ၊ ဆိုဒါထည့်သောက်မှသာ ဆိုးကျိုးလျှော့ကျစေနိုင်မှာဖြစ်ပါတယ်။
နို့ထွက်ပစ္စည်း နဲ့နာနတ်သီး
ချဉ်တဲ့အသီးတွေက အလုပ်နှေးကွေးစေပါတယ်။အဲ့ဒါကိုမှ နို့ထွက်ပစ္စည်းနဲ့တွဲစားမယ်ဆိုရင် မူးယစ်အော့အန်စေနိုင်ပါတယ်။
နွားနို့ နဲ့ငှက်ပျောသီး
တစ်ခုချင်းဆို အာဟာရများစွာထောက်ပံ့ပေးတဲ့ အစာတွေဖြစ်ပေမယ့် တွဲစားရင် အစာမကြေတာ မှစ၍ အခြားသော ဆိုးကျိုးများလည်း ဖြစ်စေနိုင်ပါတယ်။ ငှက်ပျောသီးကို ထမင်းစားပြီးတဲ့နောက်စားပါ ။ အိပ်ခါနီးမှ နို့သောက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top