ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒီတစ္ခါ အိုေသြးပိုင္ရွင္မ်ား အေၾကာင္း တင္ျပသြားမွာျဖစ္ပါတယ္... အိုေသြးပိုင္ရွင္မ်ားကေတာ့

စရိုက္သဘာ၀က ထူးျခားပါတယ္...

အိုေသြးပိုင္ရွင္မ်ားကေတာ့ အိမ္မွာေတာ့ ျပႆနာရွာတတ္ၾကေပမယ့္ သူငယ္ခ်င္းေတြနဲ႔ဆိုရင္ေတာ့

သူငယ္ခ်င္းေတြကို ၾကည့္ရႈေစာင့္ေရွာက္တတ္ျပီး လူတကာနဲ႔ လိုက္ေလ်ာညီေထြေအာင္
ေနတတ္သူမ်ားျဖစ္ၾကပါတယ္... အရာအားလံုးကို တက္တက္ၾကြၾကြနဲ႔ ပါ၀င္ေဆာင္ရြက္တတ္သူမ်ား
ျဖစ္ၾကပါတယ္...

အလုပ္အားလံုးကိုလည္း ကိုယ့္အလုပ္လို႔ သတ္မွတ္ျပီး ၾကိဳးၾကိဳးစားစား
ေဆာင္ရြက္တတ္ၾကသူမ်ား ျဖစ္ပါတယ္... လုပ္ငန္းခြင္ကို ေရာက္ျပီဆိုရင္လည္း သူတပါးကို
စာနာေထာက္ထားတတ္ၾကပါသတဲ့... အနာဂတ္အတြက္ ရည္မွန္းခ်က္ တစ္ခု ရွိျပီဆိုရင္ တစိုက္မတ္မတ္နဲ႔ လုပ္ကိုင္တတ္ေပမယ့္ ေမွ်ာ္လင့္ခ်က္ မရွိဘူးလို႔ ထင္မိျပီဆိုရင္ေတာ့ အစြဲအလမ္း တစ္ခုမွမထားဘဲ လက္ေလွ်ာ့ပစ္တဲ့ အက်င့္ေလးမ်ားလည္း ရွိပါတယ္တဲ့...

အလုပ္တစ္ခုကို လုပ္ကိုင္ႏိုင္စြမ္း ျမင့္မားသလို
အေျခအေန အလိုက္ စိတ္စုစည္းမႈလည္း ေကာင္းမြန္ပါသတဲ့...

ရလဒ္ကိုဘဲ ဦးစားေပးသူမ်ားလို႔လည္း ဆိုႏိုင္ပါသတဲ့...

အလုပ္တစ္ခုကို လုပ္ေတာ့မယ္ဆိုရင္ plan အရင္ခ်ျပီးမွ လုပ္ကိုင္ေလ့လည္း ရွိပါသတဲ့...

ကိုယ့္ စတိုင္လ္နဲ႔ကို ေနတတ္သူမ်ားျဖစ္သလို ကိုယ္ပိုင္ အေတြးအေခၚမ်ားကို ပိုင္ဆိုင္သူမ်ားလည္း ျဖစ္ပါတယ္...

ဒီလို စရိုက္ေတြကို ပိုင္ဆိုင္ထားသူေတြ ျဖစ္တာမို႔ အႏုပညာေလာကကို ေျခခ်မယ္ဆိုရင္လည္း ေအာင္ျမင္ႏိုင္တဲ့သူမ်ား ျဖစ္ပါတယ္တဲ့....

 ဒါေပမယ့္ ကိုယ္ရဲ႕ အေတြးအျမင္ကသာ အမွန္ျဖစ္တယ္ဆိုတဲ့
ယံုၾကည္မႈ ျပင္းထန္ခ်င္းက တျခားသူမ်ားရဲ႕ ယံုၾကည္မႈကို လစ္လွ်ဴရႈသလို ျဖစ္ေနတတ္ပါတယ္...

အပန္းေျဖတာတုိ႔ ၀ါသနာကို အေကာင္အထည္ ေဖာ္တာတို႔ကိုေတာ့ သိပ္မႏွစ္သက္လွပါဘူး...

အိုေသြးပိုင္ရွင္မ်ားက လက္ေတြ႔က်က် လုပ္ကိုင္ရတာကို ႏွစ္သက္ၾကသူမ်ားလည္း ျဖစ္ပါတယ္...

တခါတေလမွာေတာ့ Romantic ဆန္တာေလးေတြကိုလည္း ၾကိဳက္ႏွစ္သက္ၾကပါတယ္တဲ့...
အိုေသြးပိုင္ရွင္မ်ားရဲ႕ ထူးျခားခ်က္ကေတာ့ ကိုယ့္အတြက္ အေရးၾကီးတဲ့ အရာေတြအတြက္ အမ်ားၾကီး သည္းခံတတ္ေပမယ့္ ေရရွည္ေတာ့ သည္းမခံႏိုင္ပါဘူးတဲ့... လူေတြနဲ႔ ဆက္ဆံတဲ့ အခါမွာ ယံုၾကည္မႈ ရွိရွိနဲ႔ ဆက္ဆံတတ္ျပီး ကိုယ့္ထက္ အားနည္းသူနဲ႔ ဆက္ဆံတဲ့ အခါမွာေတာ့ ေႏြးေႏြးေထြးေထြး သေဘာထား ၾကီးၾကီးနဲ႔ ဆက္ဆံတတ္ ၾကပါသတဲ့...
ျပိဳင္ခ်င္တဲ့ စိတ္ဓာတ္ ျပင္းထန္လို႔ တခါတေလမွာ မလိုအပ္ဘဲ
စိတ္ဆင္းရဲရတာမ်ိဳးလည္း ရွိပါတယ္...

အိုေသြးပိုင္ရွင္မ်ားက တခါတေလမွာ စကားနည္းျပီး
ေအးေအးေဆးေဆး တစ္ေယာက္တည္း ေတြးေခၚေနရတာကို ၾကိဳက္ႏွစ္သက္ၾကပါသတဲ့...

တစ္ေယာက္ေယာက္နဲ႔ စိတ္ကသိကေအာင့္ ျဖစ္တဲ့ အခါတုိင္း စိတ္ထဲမွာ စုမထားဘဲ တဘက္သားကို ျပတ္ျပတ္သားသား ေျပာတတ္ပါသတဲ့...

ဒါေပမယ့္ အားလံုး ျပီးသြားတဲ့ အခါမွာေတာ့ ဒါေတြ ငါ
ဘယ္တုန္းက လုပ္ခဲ့လို႔လဲ ဆိုတဲ့ ပံုစံမ်ိဳး အားလံုးကို ေမ့ျပီးေနႏိုင္သူမ်ားပါ...

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Win Thu

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်... အိုသွေးပိုင်ရှင်များကတော့

စရိုက်သဘာဝက ထူးခြားပါတယ်...

အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ဆိုရင်တော့

သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင်
နေတတ်သူများဖြစ်ကြပါတယ်... အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများ
ဖြစ်ကြပါတယ်...

အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား
ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကို
စာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့...

အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို
အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့...

ရလဒ်ကိုဘဲ ဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့...

အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...

ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်...

ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့....

 ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်...

အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...

အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်...

တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့... လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့...
ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ
စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်...

အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...

တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့...

ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ...

ဖိုးသူတော် (www.phothutaw.com)
Credit: Win Thu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top