ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဓားႀကီးေတြ ေပၚတင္ကိုင္ ဆဲဆိုစိန္ေခၚေနၾကေပမဲ့ အေရးယူမႈ အားနည္းတယ္။

စက္မႈဇုန္ႀကီးေတြတည္ရွိၿပီး ေ႐ႊ႕ေျပာင္းလုပ္သားေတြ အမ်ားဆုံးေနထိုင္တဲ့ လူဦးေရသိပ္သည္းဆုံးၿမိဳ႕မွာ ဒုစ႐ိုက္မႈခင္းေတြ မ်ားျပားလာတဲ့အတြက္လႈိင္သာယာမွာေနထိုင္တဲ့ ျပည္သူေတြ စိုးရိမ္ေၾကာင့္ၾကမႈေတြ လြန္ကဲေနရပါတယ္။

ေဒသခံ ရင္ဖြင့္သံ

ကိုယ္တိုင္လည္းလက္ရွိမွာ လႈိင္သာယာမွာေန စီးပြားေရးလုပ္ေနရေပမဲ့ အဆင္ေျပတဲ့တစ္ ေန႔ လႈိင္သာယာက အၿပီးထြက္ခြာခ်င္လာတယ္။ ငါးႏွစ္သားေလာက္ကတည္းကေနလာ တာ အခု ၂၈ ႏွစ္ရွိပါၿပီ။ အရင္ကလို  လႈိင္သာယာက မသာယာေတာ့ပါဘူး။

လူငယ္အခ်ိဳ႕ ပညာဆည္းပူးတက္လမ္း ရွာဖို႔ထက္လူမိုက္ျဖစ္ခ်င္လာၾကတယ္။ လူမိုက္ဆိုရင္ လႈိင္သာယာမွာ ေနရာရတာကိုး။ ဖဲဝိုင္း လိုက္ၿပီး ေစာင့္ေရွာက္ခေတာင္းမယ္။ ဆိုင္ႀကီးေတြမွာ ျပႆနာရွာရင္ ရွင္းေပးမယ္။ ေဆးခ် မယ္၊ ေဆးေရာင္းမယ္၊ အုပ္စုဖြဲ႕ၿပီး လူမိုက္လုပ္လာၾကတယ္။ လူမိုက္အႀကီးစားတစ္ခုကလည္း လႈိင္သာယာမွာ အေျခခ်ေတာ့ သူတို႔ ေအာက္ကို ဝင္လာၾကတယ္။ အေနအစား လည္းေခ်ာင္ လူလည္းရွိန္တာေပါ့။

အခုဆိုရင္ လူ႔အသက္တစ္ေခ်ာင္းကို ၾကက္ေလးငွက္ေလးလို အုပ္စု လိုက္အေသ သတ္လာၾကၿပီ။ ရပ္ကြက္ထဲမွာ ေငြတိုးေပး ေခ်း စားတဲ့ လူခ်မ္းသာ အခ်ိဳ႕ကလည္း အဲသည္လို လူငယ္ေတြကို ေပးကမ္းၿပီး  လူမိုက္အျဖစ္ ေမြးလာခဲ့တယ္။ သူတို႔နဲ႔ပတ္သက္ၿပီး ျပႆနာတစ္ ခုခုျဖစ္ၿပီဆို ေပးထားေကြၽးထားတဲ့ လူမိုက္ေလးေတြကို ေျမႇာက္ေပးတယ္။ ခုတ္ၾကထစ္ၾကေပါ့။  သူမ်ား အသက္ေသသြားရင္ သတ္တဲ့သူပဲ ေထာင္ က်မွာ။ သူတို႔က ေအးေဆးပဲေလ။
အဲသည္လိုလူငယ္ေလးေတြ ဓားႀကီးေတြ ေပၚတင္ကိုင္ ဆဲဆို စိန္ေခၚေနၾကေပမဲ့ အေရး ယူမႈ အားနည္းတယ္။ အဲသည္ေတာ့ ေငြရွင္ ေၾကးရွင္တခ်ိဳ႕က  သူတို႔လုပ္ခ်င္တာလုပ္မယ္။ သူတို႔နဲ႔ မတည့္ရင္ သူတို႔ေမြးထားတဲ့ လူမိုက္အဖြဲ႕ေခၚၿပီး ခုတ္ခိုင္းမယ္။ ျပည္သူ႔ရဲတို႔ ရပ္ကြက္လူႀကီးတို႔ကို ေခါင္းထဲမထည့္ေတာ့ဘူး။

တခ်ိဳ႕ကထင္မယ္။ ငါ့ႏွမလာစလို႔ကေတာ့ အသက္ခ်င္းလဲပစ္လိုက္မယ္ေပါ့။ စဥ္းစားၾကည့္ရင္ မိသားစုက ကိုယ့္ကို မွီခိုေနရတာ။ ကိုယ္ေသရင္ ကိုယ့္ကိုမွီခိုေနတဲ့သူေတြ ဒုကၡေရာက္မွာပါ။ သူေသသြားရင္လည္း ကိုယ္ေထာင္က်ရမွာ။ သူေသသြားလို႔ သိပ္မနစ္ နာၾကဘူး။ သူကလူမိုက္ ပတ္ဝန္းက်င္ကို အက်ိဳးမျပဳတဲ့သူ။ ကိုယ္ေသရင္  ကိုယ္ေထာင္ က်ရင္ ျပႆနာေတြ အမ်ားႀကီး။ လႈိင္သာယာမွာ အလုပ္လာလုပ္တဲ့ တစ္နယ္တစ္ေက်းက သူေတြအားလုံး အဆင္မေျပလို႔သာ လုပ္စား ၾကရတာပါ။ ဘဝလုံၿခဳံမႈ မရွိပါဘူး။ ဖုန္းလု လိုက္၊ ပိုက္ဆံအိတ္လုလိုက္၊ ဆြဲႀကိဳး ျဖတ္ လိုက္၊ ေနာက္ဆုံး ထမင္းဘူးကအစ အလုခံရတတ္ပါတယ္။ ကံဆိုးတဲ့သူေတြဆိုရင္ မုဒိမ္းက်င့္ခံရၿပီး လူပါအသတ္ခံရတဲ့အထိ ျဖစ္ဖူးခဲ့ ၾကပါတယ္။
ဒါေပမဲ့ လက္ရွိအုပ္ခ်ဳပ္ေရးပိုင္းမွာ တာဝန္ ရွိသူေတြနဲ႔ သက္ဆိုင္ရာ လႊတ္ေတာ္အမတ္ေတြကို ေျပာလိုတာက လႈိင္သာယာၿမိဳ႕နယ္မွာ စိတ္ခ်မ္းခ်မ္း သာ သာနဲ႔ မတရားမႈကင္းရွင္းၿပီး ကိုယ္ပိုင္လြတ္လပ္ခြင့္ နဲ႔ ေနႏိုင္ေအာင္ ေဖာ္ေဆာင္ေပးပါလို႔ ေဒသခံ အခ်ိဳ႕က ရင္ဖြင့္ၾကပါတယ္ ။

လိုအပ္ခ်က္ေတြ

ေဒသခံတစ္ဦးျဖစ္တဲ့ ကိုမ်ိဳးဝင္းကေတာ့ ရဲအင္အားနည္းေနတယ္။ လူဦးေရ ကိုးသိန္း ေလာက္ေနတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြကလည္းမ်ားတယ္။ ရဲအင္အားနဲ႔ လူဦးေရအခ်ိဳးက  အမ်ားႀကီး ကြာျခားတယ္။ တစ္ႏိုင္ငံလုံး အ တိုင္းအတာအေနနဲ႔  လူဦးေရ ၁၀ဝဝမွာ ရဲတစ္ေယာက္ ႏႈန္းနဲ႔ လုံၿခဳံေရးရယူပါတယ္။ လႈိင္သာယာမွာကေတာ့ လူဦးေရ ၃၀ဝဝေက်ာ္ကို ရဲတစ္ေယာက္ႏႈန္းနဲ႔ လုံၿခဳံေရး ရယူေနတာလို႔ ဆိုတယ္။
ေနာက္တစ္ခ်က္က မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားတာမ်ားတယ္။ ကြမ္းယာဆိုင္ေတြမွာကအစ ဝယ္ယူလို႔ ရေနတယ္။ အဲဒါေၾကာင့္ မူးယစ္ရမ္းကားတာေတြ  မ်ားပါတယ္။ တြံေတး၊ ေကာ့မႉးသြားတဲ့ ကားေတြထဲက ေအာက္ဆိုက္ကားတစ္စီးကို တစ္လကို က်ပ္ႏွစ္သိန္းေတာင္းတယ္။ အဲသည္လို မိုက္ေၾကး ခြဲစားတဲ့သူေတြရွိတယ္။

ရဲစခန္းက ႏွစ္ခုပဲရွိတယ္။ ရဲအင္အားကေတာ့ ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ ဖြဲ႕စည္းပုံထက္ ပိုေပးထားတာ ျဖစ္ေပမဲ့ လုံေလာက္မႈ၊ မရွိတဲ့ ျပႆနာပါ။ ရပ္ကြက္ေက်း႐ြာ ၂၉ ခုရွိေနၿပီး ရပ္ကြက္တစ္ကြက္ကို အျခားတစ္ၿမိဳ႕နယ္ရဲ႕ လူဥိးေရ မ်ိဳးရွိေန တယ္။
မူးယစ္ေဆးဝါးသုံးစြဲမႈနဲ႔ တရားမဝင္ ေန ထိုင္မႈေတြ မ်ားလာတာကလည္း ဒုစ႐ိုက္မႈေတြ ျဖစ္ဖို႔ အားေပးေနတယ္။ လႈိင္သာယာမွာ လိုင္ စင္နဲ႔ ခြင့္ျပဳေပးထားတဲ့ အရက္ဆိုင္ ၇၂၂ဆိုင္ ရွိ ပါတယ္။ ဒါေပမဲ့ အမွန္တကယ္ ဖြင့္လွစ္ေရာင္းခ်ေနတဲ့ အရက္ဆိုင္ေပါင္း ၁၅၀ဝေက်ာ္ရွိ ေနပါတယ္။ အဲဒါေတြက မူးယစ္ရမ္းကားမႈေတြကို  အားေပးေနတာပါ။

လမ္းမီးမလုံေလာက္တာကလည္း ေမွာင္ရိပ္ခို က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို ျဖစ္ေစတယ္။ က်ဴးေတြနဲ႔ အေဆာင္ေတြမွာ တရားမဝင္ ေနထိုင္တာေတြမ်ားေနတယ္။ အဲဒါက သန္း ေခါင္စာရင္း အလြယ္တကူ လုပ္လို႔မရတာက ေန ျပႆနာစတာပါ။

ေျပာင္းေ႐ႊ႕ေနထိုင္တဲ့ သူတိုင္းမွာ  သန္းေခါင္စာရင္းမွန္မွန္ကန္ကန္ ရွိေနရင္ လူတစ္ ေယာက္ရဲ႕ မွတ္တမ္းကို အစအဆုံး လိုက္လို႔ရတယ္။  အခုဟာက သန္းေခါင္စာရင္းလည္း မရွိ ၾက၊ ဧည့္စာရင္းလည္း တိုင္စရာမလို၊ အေဆာင္ေတြမွာလည္း အေဆာင္ ဥပေဒ ျပ႒ာန္းထားတာ မရွိေတာ့ ဒုစ႐ိုက္ သမားေတြကို ေနခ်င္သလို ေနထိုင္ဖို႔ အခြင့္အေရး ေပးထားသလို ျဖစ္ေန တယ္ လို႔ဆိုတယ္။ ဒါေတြကို သက္ဆိုင္ရာက အေသး စိတ္ကိုင္တြယ္ေျဖရွင္းေပးဖို႔ လိုပါတယ္။

ရဲတပ္ဖြဲ႕ေဆာင္႐ြက္

ႏိုဝင္ဘာ ၂၇ရက္ေန႔ ည ၁၁း၃၀နာရီ အခ်ိန္ က ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က  တပ္ဖြဲ႕ ဝင္ေတြဟာ လႈိင္သာယာၿမိဳ႕နယ္အတြင္း ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးပါတယ္။ လႈိင္သာယာ (၆)ရပ္ ကြက္က ဆိုးသြမ္းရမ္းကားသူႏွစ္ဦးကို ေျခခ်ဳပ္ နဲ႔ ခံဝန္ဥပေဒအရ ၊ လက္နက္အက္ဥပေဒပုဒ္မ ၁၉ (င)နဲ႔ တစ္ဥိး၊ (၁၅) ရပ္ကြက္မွာ ရဲအက္ဥပေဒ နဲ႔တစ္ဦး အေရးယူေဆာင္႐ြက္ပါတယ္။

လႈိင္သာယာၿမိဳ႕မရဲစခန္းအေနနဲ႔ ၂၀၁၇ ခုႏွစ္ မတ္လ ၁ရက္ေန႔ကေန  ႏိုဝင္ဘာလ ၁၂ ရက္ေန႔ အထိ လက္နက္အက္ဥပေဒပုဒ္မ ၁၉ (င) နဲ႔ အေရးယူေဆာင္႐ြက္ခဲ့တဲ့ အမႈေပါင္း ၁၅၈ မႈ၊ ျပစ္မႈ က်ဴးလြန္တတ္သူေတြကို ေျခခ်ဳပ္နဲ႔ ခံဝန္ ဥပေဒအရ အေရးယူေဆာင္႐ြက္ခဲ့တဲ့ အမႈေပါင္း ၃၈၄ မႈ ဖမ္းဆီးေဆာင္႐ြက္ခဲ့တယ္လို႔ သိရတယ္။

ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕အေနနဲ႔ လႈိင္သာယာၿမိဳ႕နယ္မွာ မႈခင္းပညာေပး ေဆာင္႐ြက္တာနဲ႔ ခိုး၊ ဆိုး၊ လု၊ ႏႈိက္ ဖမ္းဆီးေဆာင္႐ြက္တာေတြကို ဆက္လက္ေဆာင္႐ြက္မယ္လို႔ သိရပါတယ္။
လႈိင္သာယာၿမိဳ႕ေတာ္ကို  ဒုစ႐ိုက္ၿမိဳ႕ေတာ္ မျဖစ္ေအာင္ အျမန္ဆုံးကာကြယ္ဖို႔ လိုအပ္ေနပါၿပီ။

Author / ေအာင္ထြန္းဦး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kumudra

# Unicode Version ျဖင့္ ဖတ္ပါ #

ဓားကြီးတွေ ပေါ်တင်ကိုင် ဆဲဆိုစိန်ခေါ်နေကြပေမဲ့ အရေးယူမှု အားနည်းတယ်။

စက်မှုဇုန်ကြီးတွေတည်ရှိပြီးရွှေ့ပြောင်းလုပ်သားတွေအများဆုံးနေထိုင်တဲ့လူဦးရေသိပ်သည်းဆုံးမြို့မှာဒုစရိုက်မှုခင်းတွေ များပြားလာတဲ့အတွက်လှိုင်သာယာမှာနေထိုင်တဲ့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုတွေ လွန်ကဲနေရပါတယ်။

ဒေသခံ ရင်ဖွင့်သံ

ကိုယ်တိုင်လည်းလက်ရှိမှာ လှိုင်သာယာမှာနေ စီးပွားရေးလုပ်နေရပေမဲ့ အဆင်ပြေတဲ့တစ် နေ့ လှိုင်သာယာက အပြီးထွက်ခွာချင်လာတယ်။ ငါးနှစ်သားလောက်ကတည်းကနေလာ တာ အခု ၂၈ နှစ်ရှိပါပြီ။ အရင်ကလို  လှိုင်သာယာက မသာယာတော့ပါဘူး။

လူငယ်အချို့ ပညာဆည်းပူးတက်လမ်း ရှာဖို့ထက်လူမိုက်ဖြစ်ချင်လာကြတယ်။ လူမိုက်ဆိုရင် လှိုင်သာယာမှာ နေရာရတာကိုး။ ဖဲဝိုင်း လိုက်ပြီး စောင့်ရှောက်ခတောင်းမယ်။ ဆိုင်ကြီးတွေမှာ ပြဿနာရှာရင် ရှင်းပေးမယ်။ ဆေးချ မယ်၊ ဆေးရောင်းမယ်၊ အုပ်စုဖွဲ့ပြီး လူမိုက်လုပ်လာကြတယ်။ လူမိုက်အကြီးစားတစ်ခုကလည်း လှိုင်သာယာမှာ အခြေချတော့ သူတို့ အောက်ကို ဝင်လာကြတယ်။ အနေအစား လည်းချောင် လူလည်းရှိန်တာပေါ့။

အခုဆိုရင် လူ့အသက်တစ်ချောင်းကို ကြက်လေးငှက်လေးလို အုပ်စု လိုက်အသေ သတ်လာကြပြီ။ ရပ်ကွက်ထဲမှာ ငွေတိုးပေး ချေး စားတဲ့ လူချမ်းသာ အချို့ကလည်း အဲသည်လို လူငယ်တွေကို ပေးကမ်းပြီး  လူမိုက်အဖြစ် မွေးလာခဲ့တယ်။ သူတို့နဲ့ပတ်သက်ပြီး ပြဿနာတစ် ခုခုဖြစ်ပြီဆို ပေးထားကျွေးထားတဲ့ လူမိုက်လေးတွေကို မြှောက်ပေးတယ်။ ခုတ်ကြထစ်ကြပေါ့။  သူများ အသက်သေသွားရင် သတ်တဲ့သူပဲ ထောင် ကျမှာ။ သူတို့က အေးဆေးပဲလေ။
အဲသည်လိုလူငယ်လေးတွေ ဓားကြီးတွေ ပေါ်တင်ကိုင် ဆဲဆို စိန်ခေါ်နေကြပေမဲ့ အရေး ယူမှု အားနည်းတယ်။ အဲသည်တော့ ငွေရှင် ကြေးရှင်တချို့က  သူတို့လုပ်ချင်တာလုပ်မယ်။ သူတို့နဲ့ မတည့်ရင် သူတို့မွေးထားတဲ့ လူမိုက်အဖွဲ့ခေါ်ပြီး ခုတ်ခိုင်းမယ်။ ပြည်သူ့ရဲတို့ ရပ်ကွက်လူကြီးတို့ကို ခေါင်းထဲမထည့်တော့ဘူး။

တချို့ကထင်မယ်။ ငါ့နှမလာစလို့ကတော့ အသက်ချင်းလဲပစ်လိုက်မယ်ပေါ့။ စဉ်းစားကြည့်ရင် မိသားစုက ကိုယ့်ကို မှီခိုနေရတာ။ ကိုယ်သေရင် ကိုယ့်ကိုမှီခိုနေတဲ့သူတွေ ဒုက္ခရောက်မှာပါ။ သူသေသွားရင်လည်း ကိုယ်ထောင်ကျရမှာ။ သူသေသွားလို့ သိပ်မနစ် နာကြဘူး။ သူကလူမိုက် ပတ်ဝန်းကျင်ကို အကျိုးမပြုတဲ့သူ။ ကိုယ်သေရင်  ကိုယ်ထောင် ကျရင် ပြဿနာတွေ အများကြီး။ လှိုင်သာယာမှာ အလုပ်လာလုပ်တဲ့ တစ်နယ်တစ်ကျေးက သူတွေအားလုံး အဆင်မပြေလို့သာ လုပ်စား ကြရတာပါ။ ဘဝလုံခြုံမှု မရှိပါဘူး။ ဖုန်းလု လိုက်၊ ပိုက်ဆံအိတ်လုလိုက်၊ ဆွဲကြိုး ဖြတ် လိုက်၊ နောက်ဆုံး ထမင်းဘူးကအစ အလုခံရတတ်ပါတယ်။ ကံဆိုးတဲ့သူတွေဆိုရင် မုဒိမ်းကျင့်ခံရပြီး လူပါအသတ်ခံရတဲ့အထိ ဖြစ်ဖူးခဲ့ ကြပါတယ်။
ဒါပေမဲ့ လက်ရှိအုပ်ချုပ်ရေးပိုင်းမှာ တာဝန် ရှိသူတွေနဲ့ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကို ပြောလိုတာက လှိုင်သာယာမြို့နယ်မှာ စိတ်ချမ်းချမ်း သာ သာနဲ့ မတရားမှုကင်းရှင်းပြီး ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ နေနိုင်အောင် ဖော်ဆောင်ပေးပါလို့ ဒေသခံ အချို့က ရင်ဖွင့်ကြပါတယ် ။

လိုအပ်ချက်တွေ

ဒေသခံတစ်ဦးဖြစ်တဲ့ ကိုမျိုးဝင်းကတော့ ရဲအင်အားနည်းနေတယ်။ လူဦးရေ ကိုးသိန်း လောက်နေတယ်။ ရွှေ့ပြောင်းလုပ်သားတွေကလည်းများတယ်။ ရဲအင်အားနဲ့ လူဦးရေအချိုးက  အများကြီး ကွာခြားတယ်။ တစ်နိုင်ငံလုံး အ တိုင်းအတာအနေနဲ့  လူဦးရေ ၁၀ဝဝမှာ ရဲတစ်ယောက် နှုန်းနဲ့ လုံခြုံရေးရယူပါတယ်။ လှိုင်သာယာမှာကတော့ လူဦးရေ ၃၀ဝဝကျော်ကို ရဲတစ်ယောက်နှုန်းနဲ့ လုံခြုံရေး ရယူနေတာလို့ ဆိုတယ်။
နောက်တစ်ချက်က မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာများတယ်။ ကွမ်းယာဆိုင်တွေမှာကအစ ဝယ်ယူလို့ ရနေတယ်။ အဲဒါကြောင့် မူးယစ်ရမ်းကားတာတွေ  များပါတယ်။ တွံတေး၊ ကော့မှူးသွားတဲ့ ကားတွေထဲက အောက်ဆိုက်ကားတစ်စီးကို တစ်လကို ကျပ်နှစ်သိန်းတောင်းတယ်။ အဲသည်လို မိုက်ကြေး ခွဲစားတဲ့သူတွေရှိတယ်။

ရဲစခန်းက နှစ်ခုပဲရှိတယ်။ ရဲအင်အားကတော့ မြို့တစ်မြို့ရဲ့ ဖွဲ့စည်းပုံထက် ပိုပေးထားတာ ဖြစ်ပေမဲ့ လုံလောက်မှု၊ မရှိတဲ့ ပြဿနာပါ။ ရပ်ကွက်ကျေးရွာ ၂၉ ခုရှိနေပြီး ရပ်ကွက်တစ်ကွက်ကို အခြားတစ်မြို့နယ်ရဲ့ လူဥိးရေ မျိုးရှိနေ တယ်။
မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တရားမဝင် နေ ထိုင်မှုတွေ များလာတာကလည်း ဒုစရိုက်မှုတွေ ဖြစ်ဖို့ အားပေးနေတယ်။ လှိုင်သာယာမှာ လိုင် စင်နဲ့ ခွင့်ပြုပေးထားတဲ့ အရက်ဆိုင် ၇၂၂ဆိုင် ရှိ ပါတယ်။ ဒါပေမဲ့ အမှန်တကယ် ဖွင့်လှစ်ရောင်းချနေတဲ့ အရက်ဆိုင်ပေါင်း ၁၅၀ဝကျော်ရှိ နေပါတယ်။ အဲဒါတွေက မူးယစ်ရမ်းကားမှုတွေကို  အားပေးနေတာပါ။

လမ်းမီးမလုံလောက်တာကလည်း မှောင်ရိပ်ခို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖြစ်စေတယ်။ ကျူးတွေနဲ့ အဆောင်တွေမှာ တရားမဝင် နေထိုင်တာတွေများနေတယ်။ အဲဒါက သန်း ခေါင်စာရင်း အလွယ်တကူ လုပ်လို့မရတာက နေ ပြဿနာစတာပါ။

ပြောင်းရွှေ့နေထိုင်တဲ့ သူတိုင်းမှာ  သန်းခေါင်စာရင်းမှန်မှန်ကန်ကန် ရှိနေရင် လူတစ် ယောက်ရဲ့ မှတ်တမ်းကို အစအဆုံး လိုက်လို့ရတယ်။  အခုဟာက သန်းခေါင်စာရင်းလည်း မရှိ ကြ၊ ဧည့်စာရင်းလည်း တိုင်စရာမလို၊ အဆောင်တွေမှာလည်း အဆောင် ဥပဒေ ပြဋ္ဌာန်းထားတာ မရှိတော့ ဒုစရိုက် သမားတွေကို နေချင်သလို နေထိုင်ဖို့ အခွင့်အရေး ပေးထားသလို ဖြစ်နေ တယ် လို့ဆိုတယ်။ ဒါတွေကို သက်ဆိုင်ရာက အသေး စိတ်ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုပါတယ်။

ရဲတပ်ဖွဲ့ဆောင်ရွက်

နိုဝင်ဘာ ၂၇ရက်နေ့ ည ၁၁း၃၀နာရီ အချိန် က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က  တပ်ဖွဲ့ ဝင်တွေဟာ လှိုင်သာယာမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးပါတယ်။ လှိုင်သာယာ (၆)ရပ် ကွက်က ဆိုးသွမ်းရမ်းကားသူနှစ်ဦးကို ခြေချုပ် နဲ့ ခံဝန်ဥပဒေအရ ၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င)နဲ့ တစ်ဥိး၊ (၁၅) ရပ်ကွက်မှာ ရဲအက်ဥပဒေ နဲ့တစ်ဦး အရေးယူဆောင်ရွက်ပါတယ်။

လှိုင်သာယာမြို့မရဲစခန်းအနေနဲ့ ၂၀၁၇ ခုနှစ် မတ်လ ၁ရက်နေ့ကနေ  နိုဝင်ဘာလ ၁၂ ရက်နေ့ အထိ လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င) နဲ့ အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၁၅၈ မှု၊ ပြစ်မှု ကျူးလွန်တတ်သူတွေကို ခြေချုပ်နဲ့ ခံဝန် ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တဲ့ အမှုပေါင်း ၃၈၄ မှု ဖမ်းဆီးဆောင်ရွက်ခဲ့တယ်လို့ သိရတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လှိုင်သာယာမြို့နယ်မှာ မှုခင်းပညာပေး ဆောင်ရွက်တာနဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက် ဖမ်းဆီးဆောင်ရွက်တာတွေကို ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့တော်ကို  ဒုစရိုက်မြို့တော် မဖြစ်အောင် အမြန်ဆုံးကာကွယ်ဖို့ လိုအပ်နေပါပြီ။

Author / အောင်ထွန်းဦး

ဖိုးသူတော် (www.phothutaw.com)
Credit: kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top