န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အစားအေသာက္ကို မွားယြင္းစြာစားေသာက္ရင္ အႏၱရာယ္ရွိၿပီး တစ္ခ်ိဳ႕အေျခအေနေတြမွာဆုိ ေသေစႏုိင္ေလာက္တဲ့အထိ ျပင္းထန္ပါတယ္။ ယခုေဆာင္းပါးမွာေတာ့ အစားအစာေတြကို ဘယ္လိုသန္႔ရွင္းေအာင္ လုပ္မလဲဆိုတဲ့ အရာေတြကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။
(၁) လက္ကို ဆပ္ျပာႏွင့္ စင္ေအာင္ေဆးပါ။

လက္မွာ အႏၱရာယ္ရွိတဲ့ ဘက္တီးရီးယားေတြ အမ်ားႀကီး ကပ္ေနႏုိင္ပါတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြက အစားမစားမီ ဒါမွမဟုတ္ အစားအေသာက္ေတြ ျပင္ဆင္ေနတဲ့အခ်ိန္မွာ လက္ကို စင္ေအာင္ေဆးခိုင္းတာျဖစ္ပါတယ္။ ေရေႏြးရယ္ ဆပ္ျပာရယ္သံုးတာ ပုိေကာင္းပါတယ္။ ေရေႏြးထဲ စကၠန္႔ ၂၀ ေလာက္ စိမ္ၿပီးေဆးပါ။ လက္ကိုေျခာက္ေအာင္ေသခ်ာစြာထားပါ။
(၂) ပိုးသတ္ပါ။

ကလိုရင္း စတီးဇြန္းတစ္ဇြန္းနဲ႔ ေရတစ္ဂါလံက သင္ခ်က္ျပဳတ္မယ့္ ေနရာေတြကို ေဆးေၾကာဖို႔ အေကာင္းဆံုးပါ။
(၃) ေရခဲေသတၱာကို တစ္ပတ္တစ္ခါ သန္႔ရွင္းေရးလုပ္ပါ။

အနည္းဆံုးတစ္ပတ္တစ္ခါေတာ့ သန္႔ရွင္းေရးလုပ္သင့္ပါတယ္။ စားလက္စ အစာေတြကို ေရခဲေသတၱာထဲမွာ ၄ ရက္ထက္ ပုိထားၿပီး မစားသင့္ပါဘူး။ ျပဳထားတဲ့အသားနဲ႔ အသားအစိမ္းေတြကေတာ့ ၁ ရက္ ၂ ရက္ထက္ ပုိမထားသင့္ပါဘူး။
(၄) မီးဖိုေခ်ာင္သံုးပစၥည္းေတြကို သန္႔ရွင္းစြာထားပါ။

ကၽြန္ေတာ္တို႔ရဲ႕ လက္ေတြလုိပါပဲ မီးဖိုေခ်ာင္သံုးပစၥည္းေတြမွာလည္း ဘတ္တီးရီးယားေတြ အမ်ားႀကီး ရွိႏုိင္ပါတယ္။ အစာအဆိပ္သင့္တာေတြ မျဖစ္ေအာင္ မီးဖိုေခ်ာင္သံုး ပစၥည္းအသစ္ေတြကို အသံုးမျပဳခင္ ပုိးသတ္ပါ။
(၅) အစားအစာေတြကို ေရစင္ေအာင္ေဆးပါ။

သင့္မိသားစုက်န္းမာေရးအတြက္ အသီးအႏွံနဲ႔ အသားငါးေတြကို မခ်က္ခင္ ေရစင္ေအာင္ေဆးပါ။
(၆) အသားငါးသံုးဖို႔နဲ႔ အသီးအရြက္သံုးဖို႔အတြက္ ခဲြျခားပါ။

အသားနဲ႔ အသီးအရြက္ေတြအတြက္ လိုအပ္တဲ့ စဥ္႕ႏွီတံုးနဲ႔ ဓါး၊ ထည့္စရာေတြ သပ္သပ္စီခဲြထားပါ။
(၇) ခ်က္ၿပီးသားဟင္းေတြကို မခ်က္ခင္သံုးတဲ့ ပန္းကန္နဲ႔အသံုးမျပဳသင့္ပါဘူး။
(၈) အစားအေသာက္အတြက္ အသံုးျပဳတဲ့ သာမိုမီတာကို ခ်က္ၿပဳတ္တဲ့အခါမွာ သံုးပါ။
(၉) က်က္ေအာင္ခ်က္ပါ။

လိုအပ္တဲ့အပူခ်ိန္ ေရာက္တဲ့အထိ က်က္ေအာင္ခ်က္ပါ။ အစားအေသာက္ေတြက်က္ဖို႔ ဘတ္တီးရီးယားေတြ ေသဖို႔ လိုအပ္တဲ့အပူခ်ိန္ကို သိရွိႏုိင္ရန္ သာမိုမီတာ အသံုးျပဳပါ။ ဒါမွသင့္ကို ဘတ္တီးရီးယားအႏၱရာယ္က ကာကြယ္ႏုိင္မွာ ျဖစ္ပါတယ္။
(၁၀) အသီးအရြက္၊ အသား၊ ပင္လယ္စာနဲ႔ ၾကက္ဥဘဲဥေတြကို အစိမ္းမစားပါႏွင့္။

တခ်ိဳ႕လူေတြအတြက္ မီးန႔ဲ ခ်က္မထားတာ ဒါမွမဟုတ္ အစိမ္းစားတာက ပိုၿပီးလတ္ဆတ္ ပိုၿပီးအရသာရွိတယ္လို႔ ထင္ေနႏုိင္ပါတယ္။ ဒီလို အစိမ္းစားတာက ဘက္တီးရီးယားေတြကို စားမိသလို ျဖစ္ႏုိင္တဲ့အတြက္ အႏၱရာယ္ရွိႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ အစိမ္းစားေတာ့မယ္ဆိုရင္ ဒီအႏၱရာယ္ေတြ ေသခ်ာစဥ္းစားပါ။

အစားအေသာက္ေတြကို ခ်က္ျပဳတ္တာ ျပင္ဆင္တာ ပန္းကန္ထဲထည့္တဲ့အလုပ္ေတြက စိတ္ရွည္ဖို လိုပါတယ္။ အႏၱရယ္ကင္းဖို႔အတြက္ ပိုးသတ္ဖို႔လည္း လုိပါတယ္။ အစိမ္းစားေတာ့မယ္ ဆိုရင္ေတာ့ အႏၱရာယ္အခြင့္အလမ္း ရွိႏုိင္တဲ့အတြက္ အခုေၿပာခဲ့တဲ့ အခ်က္(၁၀) ခ်က္ကို သတိရပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
အစားအသောက်ကို မှားယွင်းစွာစားသောက်ရင် အန္တရာယ်ရှိပြီး တစ်ချို့အခြေအနေတွေမှာဆို သေစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ယခုဆောင်းပါးမှာတော့ အစားအစာတွေကို ဘယ်လိုသန့်ရှင်းအောင် လုပ်မလဲဆိုတဲ့ အရာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။
(၁) လက်ကို ဆပ်ပြာနှင့် စင်အောင်ဆေးပါ။

လက်မှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ အများကြီး ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေက အစားမစားမီ ဒါမှမဟုတ် အစားအသောက်တွေ ပြင်ဆင်နေတဲ့အချိန်မှာ လက်ကို စင်အောင်ဆေးခိုင်းတာဖြစ်ပါတယ်။ ရေနွေးရယ် ဆပ်ပြာရယ်သုံးတာ ပိုကောင်းပါတယ်။ ရေနွေးထဲ စက္ကန့် ၂၀ လောက် စိမ်ပြီးဆေးပါ။ လက်ကိုခြောက်အောင်သေချာစွာထားပါ။
(၂) ပိုးသတ်ပါ။

ကလိုရင်း စတီးဇွန်းတစ်ဇွန်းနဲ့ ရေတစ်ဂါလံက သင်ချက်ပြုတ်မယ့် နေရာတွေကို ဆေးကြောဖို့ အကောင်းဆုံးပါ။
(၃) ရေခဲသေတ္တာကို တစ်ပတ်တစ်ခါ သန့်ရှင်းရေးလုပ်ပါ။

အနည်းဆုံးတစ်ပတ်တစ်ခါတော့ သန့်ရှင်းရေးလုပ်သင့်ပါတယ်။ စားလက်စ အစာတွေကို ရေခဲသေတ္တာထဲမှာ ၄ ရက်ထက် ပိုထားပြီး မစားသင့်ပါဘူး။ ပြုထားတဲ့အသားနဲ့ အသားအစိမ်းတွေကတော့ ၁ ရက် ၂ ရက်ထက် ပိုမထားသင့်ပါဘူး။
(၄) မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းစွာထားပါ။

ကျွန်တော်တို့ရဲ့ လက်တွေလိုပါပဲ မီးဖိုချောင်သုံးပစ္စည်းတွေမှာလည်း ဘတ်တီးရီးယားတွေ အများကြီး ရှိနိုင်ပါတယ်။ အစာအဆိပ်သင့်တာတွေ မဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းအသစ်တွေကို အသုံးမပြုခင် ပိုးသတ်ပါ။
(၅) အစားအစာတွေကို ရေစင်အောင်ဆေးပါ။

သင့်မိသားစုကျန်းမာရေးအတွက် အသီးအနှံနဲ့ အသားငါးတွေကို မချက်ခင် ရေစင်အောင်ဆေးပါ။
(၆) အသားငါးသုံးဖို့နဲ့ အသီးအရွက်သုံးဖို့အတွက် ခွဲခြားပါ။

အသားနဲ့ အသီးအရွက်တွေအတွက် လိုအပ်တဲ့ စဉ့်နှီတုံးနဲ့ ဓါး၊ ထည့်စရာတွေ သပ်သပ်စီခွဲထားပါ။
(၇) ချက်ပြီးသားဟင်းတွေကို မချက်ခင်သုံးတဲ့ ပန်းကန်နဲ့အသုံးမပြုသင့်ပါဘူး။
(၈) အစားအသောက်အတွက် အသုံးပြုတဲ့ သာမိုမီတာကို ချက်ပြုတ်တဲ့အခါမှာ သုံးပါ။
(၉) ကျက်အောင်ချက်ပါ။

လိုအပ်တဲ့အပူချိန် ရောက်တဲ့အထိ ကျက်အောင်ချက်ပါ။ အစားအသောက်တွေကျက်ဖို့ ဘတ်တီးရီးယားတွေ သေဖို့ လိုအပ်တဲ့အပူချိန်ကို သိရှိနိုင်ရန် သာမိုမီတာ အသုံးပြုပါ။ ဒါမှသင့်ကို ဘတ်တီးရီးယားအန္တရာယ်က ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၁၀) အသီးအရွက်၊ အသား၊ ပင်လယ်စာနဲ့ ကြက်ဥဘဲဥတွေကို အစိမ်းမစားပါနှင့်။

တချို့လူတွေအတွက် မီးနဲ့ ချက်မထားတာ ဒါမှမဟုတ် အစိမ်းစားတာက ပိုပြီးလတ်ဆတ် ပိုပြီးအရသာရှိတယ်လို့ ထင်နေနိုင်ပါတယ်။ ဒီလို အစိမ်းစားတာက ဘက်တီးရီးယားတွေကို စားမိသလို ဖြစ်နိုင်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အစိမ်းစားတော့မယ်ဆိုရင် ဒီအန္တရာယ်တွေ သေချာစဉ်းစားပါ။

အစားအသောက်တွေကို ချက်ပြုတ်တာ ပြင်ဆင်တာ ပန်းကန်ထဲထည့်တဲ့အလုပ်တွေက စိတ်ရှည်ဖို လိုပါတယ်။ အန္တရယ်ကင်းဖို့အတွက် ပိုးသတ်ဖို့လည်း လိုပါတယ်။ အစိမ်းစားတော့မယ် ဆိုရင်တော့ အန္တရာယ်အခွင့်အလမ်း ရှိနိုင်တဲ့အတွက် အခုပြောခဲ့တဲ့ အချက်(၁၀) ချက်ကို သတိရပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top