×
ဆေးနည်း (၁)
ဆေးနည်း (၂)
ဆေးနည်း (၃)
# Unicode Version ဖြင့် ဖတ်ပါ #
အသည်းအဆီဖုံးရောဂါဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အဆီအဆိမ့်များခြင်း၊ အထိုင်များ၍ လှုပ်ရှားမှုနည်းပါးခြင်း၊ အအိပ်များခြင်း၊ ဇိမ်ခံလွန်းခြင်းစသည်တို့ကြောင့် ဖြစ်ရပါတယ်။
အသည်းအဆီဖုံးရောဂါကို ခံစားနေရသော ဝေဒနာရှင်များမှ သဘာဝဆေးနည်းလေးဖြင့် ကုသနိုင်ရန် မကြာခဏ တောင်းဆိုလာကြသည့်အတွက် ကျန်းမာရေးသတင်းများမှ ဆေနည်းများကို မျှဝေပေးလိုက်ပါတယ်။
ဆေးနည်း (၁)
(၁) တောင်ဆီးဖြူပင်၏ အရွက်ကို လက်တစ်ဆုပ်ခန့် ရေနှင့် ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။
(၂) ဆေးသောက်ပြီးလျှင် ချောကလက်ကို ၂ ထောင့်ခန့် စားပေးပါ။
(၃) နာရီဝက်ခန့်ကြာသောအခါ ကျွဲကောသီး ၂ စိတ် စားပေးပါ။
ဆေးသောက်ပြီး ချောကလက်စားပေးခြင်းဖြင့် အသည်းမှာ ချောကလက်နှင့် အဆီများအတူတူ ရောပြီး ကပ်ငြိနေလိမ့်မည်။ ကျွဲကောသီးက ၎င်းအဆီများကို ဆေးကျောပေးသွားလိမ့်မည်။ တစ်လခန့် နေ့စဉ် သောက်ပေးပါက အသည်းအဆီဖုံးရောဂါ သက်သာပျောက်ကင်းသွားပါမည်။
ဆေးနည်း (၂)
မြန်မာ့ရိုးရာဆေးကျမ်းများမှာ " အသည်းအူ လဲလူ " ဟု ရေးထားပါသည်။ အသည်းရောဂါအတွက်ဆိုရင် လဲလူရွက်ဟာ အင်မတန် ဆေးစွမ်းထက်ပါတယ်။
(၁) လဲလူရွက်ကို ပဉ္စငါးပါးလုံး လက်တစ်ဆုပ်ခန့် ခူးယူ၍ ရေ ၃ ခွက် ၁ ခွက်ဖြစ်အောင် ကျို၍ သောက်ပါ။
(၂) လဲလူရွက်အနုများကို ဟင်းချိုချက်သောက်ပေးပါ။ ပြုတ်၍ တို့စရာအဖြစ် စားပါ။ ငါးရံနှင့်ရော၍ ချက်စားပါ။
ဆေးနည်း (၃)
လိမ္မော်သီး မကြာခဏ စားပေးပါ။
အနောက်တိုင်း စကားပုံတစ်ခုမှာ " လိမ္မော်ရည်များသည် ဘုရားကျောင်းမှ ပရိသတ်ရည်ကဲ့သို့ ဆေးစွမ်းထက်၏" ဟု ဆိုထားသလို လိမ္မော်သီးဟာ လူ့တို့၏ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပေးပါတယ်။
လိမ္မော်သီးဟာ အသည်းအဆီဖုံး၊ အသည်းကြီးခြင်း၊ ဆီးကျောက်တည်ရောဂါ၊ သည်းခြေအိတ် ကျောက်တည်ရောဂါများကိုလည်း သက်သာစေပါတယ်။
လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
ကိုးကား - အစွမ်းထက်သောသဘာဝဆေးနည်းများ
ဖိုးသူတော် (www.phothutaw.com)
Credit: စောနွဲ့နေဆိုင် - ပူတာအို
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top