ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေမာင္ေရ … ေမာင္ျဖစ္ေစခ်င္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ဖို႔ ကၽြန္မႀကိဳးစားေနပါတယ္။ ကၽြန္မဆႏၵေတြကို ဖိႏွိမ္ရင္း ၊ တခါတရံ ကၽြန္မစိတ္ဆႏၵနဲ႔ ဆန္႔က်င္ရင္းနဲ႔ေပါ့။ ကၽြန္မဆႏၵထက္ ေမာင့္ဆႏၵက ကၽြန္မအတြက္ ပိုအေရးႀကီးတယ္ေလ။

စိတ္သေဘာထားခ်င္းမတိုက္ဆိုင္တိုင္း မ်က္ႏွာညိဳ ၊ စိတ္မတိုပါနဲ႔ေမာင္။ ရင့္သီးတဲ့ေမာင့္စကားလံုးေတြက ကၽြန္မနားဝကတဆင့္ ႏွလံုးသားထိစီးဆင္းလို႔ နာက်င္ရတယ္။

ခြန္းတုန္႔ျပန္ေျပာမိေပမယ့္ ကၽြန္မပါးကမ်က္ရည္ေတြကို ေမာင္သိတာလည္းရွိ ၊ ေမာင္မသိတာလည္းရွိတယ္ဆိုတာ ေမာင္ယံုလိုက္ပါ။ ေမာင့္ကြယ္ရာမွာ က်ိတ္ငိုရတဲ့အႀကိမ္ေရ နည္းမွမနည္းဘဲေလ။

ျဖည့္ဆည္းေပးခ်င္တာေပါ့ ေမာင့္အလိုဆႏၵတိုင္း …. ဒါေပမယ့္ ကၽြန္မစိတ္ဆႏၵေတြေတာင္ ကၽြန္မ မျဖည့္ေပးႏိုင္ဘူးရယ္ ။ ေမာင့္စိတ္တိုင္းက် ကၽြန္မ မျဖည့္ေပးႏိုင္တဲ့အခါေတြကို ေမာင္နားလည္ေပးေနာ္ ။ ေမာင္ေပ်ာ္တာ ကၽြန္မတကယ္ျမင္ခ်င္တာပါ။

ကၽြန္မဆႏၵတိုင္း ေမာင္ျဖည့္ေပးႏိုင္လိမ့္မယ္လို႔ ကၽြန္မ မေမၽွာ္လင့္ပါဘူး။ ကၽြန္မဆႏၵေတြျဖည့္ေပးဖို႔ ေမာင့္ကို ခ်စ္ခဲ့တာမဟုတ္ဘူးေလ။ ေမာင့္ျဖစ္တည္ေနမႈေလးကို ခ်စ္ခဲ့တာ။ အဲဒီထဲမွာ ေမာင့္႐ုပ္သြင္နဲ႔ ေမာင့္စိတ္ဓါတ္ေလးလည္း ပါတယ္။

တကယ္ဆို ကၽြန္မတို႔ လက္တြဲသြားရမယ့္ခရီးလမ္းက တဘဝစာအရွည္ႀကီးေလ။ ကၽြန္မတို႔ရဲ႕အခ်စ္ခရီးဟာ ခုမွအစရွိေသးတယ္။ ကၽြန္မတို႔လက္တြဲ ၿမဲၿမံေလ ကၽြန္မတို႔ ငဲ့ညႇာရမယ့္သူေတြ တိုးလာေလမဟုတ္လား။

ေမာင့္ကိုခ်စ္လို႔ ေမာင့္မိဘကိုလည္း ကၽြန္မခ်စ္ပါ့မယ္။ သူတို႔မရွိဘဲ ေမာင္ဆိုတာ ျဖစ္မလာႏိုင္ဘူးေလ။ ေမာင့္ေဆြမ်ိဳးေတြကိုလည္း ဂါရဝတရားနဲ႔ ေလးစားဦးမွာပါ။ သူတို႔နဲ႔ေမာင္ဟာ မေခၚလို႔သာရမယ္ ၊ မေတာ္လို႔မွမရဘဲ။ ေမာင့္ေမြးခ်င္းဆိုတာရယ္ ၊ ေမာင့္အသိုင္းအဝန္းဆိုတာရယ္ ၊ ေမာင့္အေပါင္းအသင္းဆိုတာေတြနဲ႔ ကၽြန္မသဟဇာတရွိပါမွ ေမာင္ဂုဏ္တက္မွာ ကၽြန္မသိပါတယ္။

ၿပီးျပည့္စံုသူဆိုတာ တစ္ဦးတစ္ေယာက္မွမရွိတာမို႔ အမွားကေလးေတြလည္း ရွိႏိုင္ပါတယ္။ ကၽြန္မတို႔က တစိမ္းေတြ အတူေနၾကမွာမဟုတ္လား။ ကိုယ့္ေသြးသားရင္းေတြေတာင္ စိတ္အခန္႔မသင့္တဲ့အခ်ိန္ေတြ ရွိေနတာမို႔ တစိမ္းေတြဆက္ဆံတဲ့အခါ ေမာင့္မ်က္ႏွာနဲ႔ ကၽြန္မစိတ္ေတြ ႏွိမ္ခ်ထားပါ့မယ္။ ေမာင္ေရာ ကၽြန္မလို က်ိဳးႏြံဆက္ဆံသြားမယ္မဟုတ္လား။ ကၽြန္မမိဘေဆြမ်ိဳးနဲ႔ အသိုင္းအဝန္းဆိုတာကိုေလ …

တခ်ိန္မွာ ကၽြန္မတို႔ရဲ႕ ရင္ေသြးေလးေတြလည္း ကၽြန္မတို႔မ်ိဳးဆက္အျဖစ္ ရွိလာဦးမယ္။ သူတို႔အတြက္စံျပအျဖစ္ ကၽြန္မတို႔ေနျပရေအာင္။ ဒီမိသားစုထဲ လူျဖစ္လာတာ  ကံေကာင္းလွခ်ည္ရဲ႕လို႔ သူတို႔ကို ေက်နပ္ေပ်ာ္႐ႊင္ေစခ်င္တာ။ ေမာင္နဲ႔တူတဲ့ ရင္ေသြးေလးေတြလည္း ျဖစ္ႏိုင္သလို ၊ ကၽြန္မနဲ႔တူတဲ့ ရင္ေသြးေလးေတြလည္း ရႏိုင္တယ္။ ရင္ခုန္စရာေကာင္းလိုက္တာ …

ဘဝမွာ ဘယ္ေလာက္ေမာပန္းႏြမ္းနယ္ပေစ … သူတို႔အတြက္ရည္စူးလို႔ ကၽြန္မတို႔ ႀကိဳးစားရဦးမယ္။ သူတို႔ေျခေထာက္ေပၚ သူတို႔မရပ္တည္ႏိုင္သေရြ႕ သူတို႔ေရွ႕က ေဖးမရည္တည္ေပးသြားဖို႔ ကၽြန္မတို႔မွာ တာဝန္ရွိတယ္ေမာင္။ ဒီတာဝန္က နက္နဲတယ္ ၊ ႀကီးေလးတယ္ ။ ဒါေပမယ့္ ကၽြန္မတို႔ေက်ေအာင္ထမ္းရမယ္။ ကၽြန္မကေတာ့ ေမတၱာတရားနဲ႔ ထမ္းပိုးမယ္ေမာင္။

ေမာင္နဲ႔လက္တြဲသြားမယ့္ ဘဝခရီးရွည္ႀကီးမယ္ ကၽြန္မရည္ရြယ္ေမၽွာ္ေတြးထားတာက ဒီမွာတင္မၿပီးဘူးေမာင္။ အသိုက္ကိုစြန္႔ သူ႔လမ္းသူေလၽွာက္သြားတဲ့ သားသမီးေတြေၾကာင့္ ကၽြန္မတို႔ႏွစ္ေယာက္တည္း က်န္ခဲ့မယ္ဆို အေရျပားေလ်ာ႔တြဲတြဲျဖစ္ေနတဲ့ တစ္ဦးလက္တစ္ဦး အျပန္အလွန္ၿမဲၿမဲတြဲလို႔ ဘဝမွာပင္ပန္းခဲ့သမၽွ အတူစိတ္အပန္းေျဖခ်င္တယ္ေမာင္။

အိမ္ေထာင္ဦးအစ ေငြေၾကးမႏိုင္လို႔ေသာ္လည္းေကာင္း ၊ အိမ္ေထာင့္တာဝန္နဲ႔ မအားလပ္လို႔ေသာ္လည္းေကာင္း ၊ သားသမီးေတြကိုငဲ့ညႇာၿပီး မသြားျဖစ္ခဲ့တဲ့ခရီးေတြ ကၽြန္မတို႔ ႏွစ္ေယာက္ လည္ပတ္သြားရေအာင္ေနာ္။ ေတာင္မတက္ႏိုင္ေတာ့ေပမယ့္ ကမ္းစပ္မွာ ကၽြန္မတို႔ႏွစ္ဦး ေလညႇင္းခံႏိုင္ေသးတယ္။ အေမာအပန္းမခံႏိုင္ေတာ့ေပမယ့္ ဘုရားသြားေက်ာင္းတက္အတူ လိုတဲ့ေနရာေလးေတြ လွဴႏိုင္ေသးတယ္။ ေျပာင္းလဲသြားတဲ့႐ုပ္သြင္ေတြကို အျပန္အလွန္အသိအမွတ္ျပဳလို႔ ဇရာနဲ႔ မရဏကို စိန္ေခၚလိုက္ရေအာင္ေနာ္။ ဒို႔ႏွစ္ဦး တက္ညီလက္ညီရွိပါတယ္လို႔ …

ေမာင္ပဲအရင္ခြဲခြဲ ၊ ကၽြန္မပဲအရင္ခြဲခြဲ ဦးဆံုးစြန္႔သူ ေနာက္ဆံမငင္ေအာင္ အားတင္းထားမယ္။ ေသအတူရွင္မကြဲ ကတိေပးခဲ့ဖူးေပမယ့္ တကယ့္တကယ္မွာ ေသြကြဲ ၊ ရွင္ကြဲရယ္လို႔ ရွိေသးတာပဲ။ သဘာဝတရားကို သဘာဝက်က် လက္ခံရင္း ႐ႈိက္သံမထြက္ေစရဘူးေမာင္။ က်လာတဲ့မ်က္ရည္ေတြကို လက္နဲ႔မသိမ္းဘဲ ရင္ထဲထိ သိမ္းထားၾကရေအာင္ … ေသတဲ့အထိ သစၥာရွိျပမယ္လို႔။

ကၽြန္မကေတာ့ေလ ေနာက္ဆံုးထြက္သက္ထိ သစၥာရွိပါ့မယ္ေမာင္ ။ ေမာင္ကလြဲလို႔ ဘယ္သူ႔မွ မခ်စ္ႏိုင္ေတာ့ဘူး။ စြယ္ေတာ္ရြက္ကေလး တဘက္လပ္သြားရင္ေတာင္ ေကာ္နဲ႔ျပန္ကပ္လို႔မရပဲေလ …. ကၽြန္မရဲ႕အသည္းတျခမ္း တဘက္လပ္သြားခဲ့ရင္ ေသတဲ့အထိ သိမ္းထားပါ့မယ္။ ေမာင့္လြမ္းဆြတ္တိုင္း ထုတ္ၾကည့္ဖို႔ေလ …

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရတု (Burmesehearts.com)

# Unicode Version ျဖင့္ ဖတ္ပါ #

မောင်ရေ … မောင်ဖြစ်စေချင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ကျွန်မကြိုးစားနေပါတယ်။ ကျွန်မဆန္ဒတွေကို ဖိနှိမ်ရင်း ၊ တခါတရံ ကျွန်မစိတ်ဆန္ဒနဲ့ ဆန့်ကျင်ရင်းနဲ့ပေါ့။ ကျွန်မဆန္ဒထက် မောင့်ဆန္ဒက ကျွန်မအတွက် ပိုအရေးကြီးတယ်လေ။

စိတ်သဘောထားချင်းမတိုက်ဆိုင်တိုင်း မျက်နှာညို ၊ စိတ်မတိုပါနဲ့မောင်။ ရင့်သီးတဲ့မောင့်စကားလုံးတွေက ကျွန်မနားဝကတဆင့် နှလုံးသားထိစီးဆင်းလို့ နာကျင်ရတယ်။

ခွန်းတုန့်ပြန်ပြောမိပေမယ့် ကျွန်မပါးကမျက်ရည်တွေကို မောင်သိတာလည်းရှိ ၊ မောင်မသိတာလည်းရှိတယ်ဆိုတာ မောင်ယုံလိုက်ပါ။ မောင့်ကွယ်ရာမှာ ကျိတ်ငိုရတဲ့အကြိမ်ရေ နည်းမှမနည်းဘဲလေ။

ဖြည့်ဆည်းပေးချင်တာပေါ့ မောင့်အလိုဆန္ဒတိုင်း …. ဒါပေမယ့် ကျွန်မစိတ်ဆန္ဒတွေတောင် ကျွန်မ မဖြည့်ပေးနိုင်ဘူးရယ် ။ မောင့်စိတ်တိုင်းကျ ကျွန်မ မဖြည့်ပေးနိုင်တဲ့အခါတွေကို မောင်နားလည်ပေးနော် ။ မောင်ပျော်တာ ကျွန်မတကယ်မြင်ချင်တာပါ။

ကျွန်မဆန္ဒတိုင်း မောင်ဖြည့်ပေးနိုင်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ပါဘူး။ ကျွန်မဆန္ဒတွေဖြည့်ပေးဖို့ မောင့်ကို ချစ်ခဲ့တာမဟုတ်ဘူးလေ။ မောင့်ဖြစ်တည်နေမှုလေးကို ချစ်ခဲ့တာ။ အဲဒီထဲမှာ မောင့်ရုပ်သွင်နဲ့ မောင့်စိတ်ဓါတ်လေးလည်း ပါတယ်။

တကယ်ဆို ကျွန်မတို့ လက်တွဲသွားရမယ့်ခရီးလမ်းက တဘဝစာအရှည်ကြီးလေ။ ကျွန်မတို့ရဲ့အချစ်ခရီးဟာ ခုမှအစရှိသေးတယ်။ ကျွန်မတို့လက်တွဲ မြဲမြံလေ ကျွန်မတို့ ငဲ့ညှာရမယ့်သူတွေ တိုးလာလေမဟုတ်လား။

မောင့်ကိုချစ်လို့ မောင့်မိဘကိုလည်း ကျွန်မချစ်ပါ့မယ်။ သူတို့မရှိဘဲ မောင်ဆိုတာ ဖြစ်မလာနိုင်ဘူးလေ။ မောင့်ဆွေမျိုးတွေကိုလည်း ဂါရဝတရားနဲ့ လေးစားဦးမှာပါ။ သူတို့နဲ့မောင်ဟာ မခေါ်လို့သာရမယ် ၊ မတော်လို့မှမရဘဲ။ မောင့်မွေးချင်းဆိုတာရယ် ၊ မောင့်အသိုင်းအဝန်းဆိုတာရယ် ၊ မောင့်အပေါင်းအသင်းဆိုတာတွေနဲ့ ကျွန်မသဟဇာတရှိပါမှ မောင်ဂုဏ်တက်မှာ ကျွန်မသိပါတယ်။

ပြီးပြည့်စုံသူဆိုတာ တစ်ဦးတစ်ယောက်မှမရှိတာမို့ အမှားကလေးတွေလည်း ရှိနိုင်ပါတယ်။ ကျွန်မတို့က တစိမ်းတွေ အတူနေကြမှာမဟုတ်လား။ ကိုယ့်သွေးသားရင်းတွေတောင် စိတ်အခန့်မသင့်တဲ့အချိန်တွေ ရှိနေတာမို့ တစိမ်းတွေဆက်ဆံတဲ့အခါ မောင့်မျက်နှာနဲ့ ကျွန်မစိတ်တွေ နှိမ်ချထားပါ့မယ်။ မောင်ရော ကျွန်မလို ကျိုးနွံဆက်ဆံသွားမယ်မဟုတ်လား။ ကျွန်မမိဘဆွေမျိုးနဲ့ အသိုင်းအဝန်းဆိုတာကိုလေ …

တချိန်မှာ ကျွန်မတို့ရဲ့ ရင်သွေးလေးတွေလည်း ကျွန်မတို့မျိုးဆက်အဖြစ် ရှိလာဦးမယ်။ သူတို့အတွက်စံပြအဖြစ် ကျွန်မတို့နေပြရအောင်။ ဒီမိသားစုထဲ လူဖြစ်လာတာ  ကံကောင်းလှချည်ရဲ့လို့ သူတို့ကို ကျေနပ်ပျော်ရွှင်စေချင်တာ။ မောင်နဲ့တူတဲ့ ရင်သွေးလေးတွေလည်း ဖြစ်နိုင်သလို ၊ ကျွန်မနဲ့တူတဲ့ ရင်သွေးလေးတွေလည်း ရနိုင်တယ်။ ရင်ခုန်စရာကောင်းလိုက်တာ …

ဘဝမှာ ဘယ်လောက်မောပန်းနွမ်းနယ်ပစေ … သူတို့အတွက်ရည်စူးလို့ ကျွန်မတို့ ကြိုးစားရဦးမယ်။ သူတို့ခြေထောက်ပေါ် သူတို့မရပ်တည်နိုင်သရွေ့ သူတို့ရှေ့က ဖေးမရည်တည်ပေးသွားဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်မောင်။ ဒီတာဝန်က နက်နဲတယ် ၊ ကြီးလေးတယ် ။ ဒါပေမယ့် ကျွန်မတို့ကျေအောင်ထမ်းရမယ်။ ကျွန်မကတော့ မေတ္တာတရားနဲ့ ထမ်းပိုးမယ်မောင်။

မောင်နဲ့လက်တွဲသွားမယ့် ဘဝခရီးရှည်ကြီးမယ် ကျွန်မရည်ရွယ်မျှော်တွေးထားတာက ဒီမှာတင်မပြီးဘူးမောင်။ အသိုက်ကိုစွန့် သူ့လမ်းသူလျှောက်သွားတဲ့ သားသမီးတွေကြောင့် ကျွန်မတို့နှစ်ယောက်တည်း ကျန်ခဲ့မယ်ဆို အရေပြားလျော့တွဲတွဲဖြစ်နေတဲ့ တစ်ဦးလက်တစ်ဦး အပြန်အလှန်မြဲမြဲတွဲလို့ ဘဝမှာပင်ပန်းခဲ့သမျှ အတူစိတ်အပန်းဖြေချင်တယ်မောင်။

အိမ်ထောင်ဦးအစ ငွေကြေးမနိုင်လို့သော်လည်းကောင်း ၊ အိမ်ထောင့်တာဝန်နဲ့ မအားလပ်လို့သော်လည်းကောင်း ၊ သားသမီးတွေကိုငဲ့ညှာပြီး မသွားဖြစ်ခဲ့တဲ့ခရီးတွေ ကျွန်မတို့ နှစ်ယောက် လည်ပတ်သွားရအောင်နော်။ တောင်မတက်နိုင်တော့ပေမယ့် ကမ်းစပ်မှာ ကျွန်မတို့နှစ်ဦး လေညှင်းခံနိုင်သေးတယ်။ အမောအပန်းမခံနိုင်တော့ပေမယ့် ဘုရားသွားကျောင်းတက်အတူ လိုတဲ့နေရာလေးတွေ လှူနိုင်သေးတယ်။ ပြောင်းလဲသွားတဲ့ရုပ်သွင်တွေကို အပြန်အလှန်အသိအမှတ်ပြုလို့ ဇရာနဲ့ မရဏကို စိန်ခေါ်လိုက်ရအောင်နော်။ ဒို့နှစ်ဦး တက်ညီလက်ညီရှိပါတယ်လို့ …

မောင်ပဲအရင်ခွဲခွဲ ၊ ကျွန်မပဲအရင်ခွဲခွဲ ဦးဆုံးစွန့်သူ နောက်ဆံမငင်အောင် အားတင်းထားမယ်။ သေအတူရှင်မကွဲ ကတိပေးခဲ့ဖူးပေမယ့် တကယ့်တကယ်မှာ သွေကွဲ ၊ ရှင်ကွဲရယ်လို့ ရှိသေးတာပဲ။ သဘာဝတရားကို သဘာဝကျကျ လက်ခံရင်း ရှိုက်သံမထွက်စေရဘူးမောင်။ ကျလာတဲ့မျက်ရည်တွေကို လက်နဲ့မသိမ်းဘဲ ရင်ထဲထိ သိမ်းထားကြရအောင် … သေတဲ့အထိ သစ္စာရှိပြမယ်လို့။

ကျွန်မကတော့လေ နောက်ဆုံးထွက်သက်ထိ သစ္စာရှိပါ့မယ်မောင် ။ မောင်ကလွဲလို့ ဘယ်သူ့မှ မချစ်နိုင်တော့ဘူး။ စွယ်တော်ရွက်ကလေး တဘက်လပ်သွားရင်တောင် ကော်နဲ့ပြန်ကပ်လို့မရပဲလေ …. ကျွန်မရဲ့အသည်းတခြမ်း တဘက်လပ်သွားခဲ့ရင် သေတဲ့အထိ သိမ်းထားပါ့မယ်။ မောင့်လွမ်းဆွတ်တိုင်း ထုတ်ကြည့်ဖို့လေ …

ဖိုးသူတော် (www.phothutaw.com)
Credit: ရတု (Burmesehearts.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top