မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×





Chris ဟာ သူရဲ့အကြောင်းတစေ့တစောင်းကို ပြောဆိုခဲ့ရာဟာ သူကူလီတစ်ယောက်အဖြစ် ဆွီဒင်နိုင်ငံမှာ အလုပ်လုပ်ခဲ့စဉ်က မန်နေဂျာမလေးနဲ့ ငြိစွန်းခဲ့ကြောင်းနဲ့ လင်ရှိမယားတစ်ဦးနဲ့လည်း ဘုမသိဘမသိ အိပ်စက်မိလို့ နောက်တစ်နေ့မနက်မှာ အမျိုးသမီးကြီးရဲ့လင်ယောကျာင်္းရောက်လာပြီး သူ့ကိုကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။


# Unicode Version ဖြင့် ဖတ်ပါ #
အသက် ၇၉ နှစ်အရွယ်ရှိ ဘဘကြီးတစ်ဦးက သူရဲ့ဘဝတလျောက်မှာ အမျိုးသမီးပေါင်း အမျိုးသမီး စုစုပေါင်း ၂,၀၈၄ ယောက်နဲ့ အတူအိပ်စက်ဖူးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Chris Culleton လို့အမည်ရတဲ့ အဘိုးကြီးဟာ ပုရိသာတို့အကြိုက် Playboy မဂ္ဂဇင်းရဲ့ သူဌေးဖြစ်သူ Hugh Hefner ထက် ပိုမိုအစွမ်းပြနိုင်ခဲ့ပြီး အင်္ဂလန်နိုင်ငံမှာ Music Promoter အဖြစ် လာရောက်လုပ်ကိုင်ရင်း အင်္ဂလန်နိုင်ငံသူများစွာနဲ့ အိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို အိပ်ရာပေါင်းများစွာထက်မှာ အစွမ်းပြခဲ့တဲ့ Chris ဟာ အခုအချိန်မှာတော့ ဒီကိစ္စတွေကနေ လုံးဝစိတ်ကုန်သွားပြီဖြစ်လို့ ထပ်မံအစွမ်းပြတော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ Chris က ဒီအချိန်မှာ မိန်းမများစွာနဲ့ အတူပျော်ဖို့ထက် ငါးမျှားထွက်ဖို့ကိုသာ အာရုံရောက်နေတယ်လို့ ပြောဆိုထားပါတယ်။

Chris Culleton ဟာ သူရဲ့ ဂုဏ်သတင်းကြောင့် Longford Lover လို့တောင် တင်စားခေါ်ဆိုခံရတဲ့အထိ ထင်ရှားနေသူလည်းဖြစ်ပါတယ်။

Chris ဟာ သူရဲ့အကြောင်းတစေ့တစောင်းကို ပြောဆိုခဲ့ရာဟာ သူကူလီတစ်ယောက်အဖြစ် ဆွီဒင်နိုင်ငံမှာ အလုပ်လုပ်ခဲ့စဉ်က မန်နေဂျာမလေးနဲ့ ငြိစွန်းခဲ့ကြောင်းနဲ့ လင်ရှိမယားတစ်ဦးနဲ့လည်း ဘုမသိဘမသိ အိပ်စက်မိလို့ နောက်တစ်နေ့မနက်မှာ အမျိုးသမီးကြီးရဲ့လင်ယောကျာၤးရောက်လာပြီး သူ့ကိုကန်ကျောက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: STH ( HtooDaily.com )
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top