စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ဘဂၤလားပင္လယ္ တြင္ ျဖစ္ေပၚေနသည့္မုန္တုိင္း ငယ္အရွိန္ေၾကာင့္ ရခိုင္ျပည္နယ္ ရွိ ၿမိဳ႕နယ္အမ်ားစုတြင္ မုိးရြာသြန္းသျဖင့္ ရိတ္သိမ္းဆဲ စပါးခင္းအ ခ်ဳိ႕ ပ်က္စီးေၾကာင္း ေတာင္သူမ်ားက ေျပာသည္။

မုန္တုိင္းငယ္ အရွိန္ေၾကာင့္

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အမ်ား စုတြင္ ဒီဇင္ဘာ ၈ ရက္ကစတင္ကာ မုိးရြာေနၿပီး ရိတ္သိမ္းထားသည့္ စပါးမ်ားအမုိးကာေအာက္ မေရာက္ခဲ့ေၾကာင္း သံတဲြၿမိဳ႕နယ္ ေရႊေလွေက်းရြာေန ေတာင္သူ ဦးေက်ာ္သက္လြင္က ေျပာသည္။

‘‘ပထမတစ္ေခါက္ ေတာင္ သူေတြ ဒုကၡေရာက္ၿပီးၿပီ။ အခု ဒုတိယတစ္ေခါက္မိုးရြာတယ္။ စပါးခင္းေတြအကုန္လုံးနီးပါး ၿပိဳ လဲသြားတယ္။ ရိတ္သိမ္းထားၿပီ ျဖစ္တဲ့ စပါးတခ်ဳိ႕ ေရစိုသြားတယ္၊ ၿပိဳလဲသြားတဲ့စပါးေတြ ရိတ္သိမ္း ရခက္ခဲေနတယ္’’ဟု ၎ကဆုိ သည္။ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ အမ်ားစုတြင္ ၿပီးခဲ့သည့္ ႏုိ၀င္ဘာ ၂၄ ႏွင့္ ၂၅ ရက္က မုိးရြာသြန္းခဲ့၍ စပါးခင္းအခ်ဳိ႕ ၿပိဳလဲသည္။

စပါးရိတ္သိမ္းခ်ိန္ မုိးရြာသြန္းမႈေၾကာင့္ ပ်က္စီးမႈအေျခအေန ကုိ စပါးႀကိတ္ခဲြသည့္အခါ သိရမည္ ျဖစ္ၿပီး အနည္းႏွင့္အမ်ားဆုံး႐ႈံး မႈရွိမည္ဟု ေတာင္ကုတ္ၿမိဳ႕နယ္ ရြာမေက်းရြာေန ေတာင္သူဦးခင္ ေမာင္ရီက ေျပာသည္။

မုိးရြာသြန္းမႈေၾကာင့္ ရိတ္ သိမ္းၿပီးစပါးမ်ား အမိုးအကာ ေအာက္ေရာက္ရွိေရး ရခိုင္ျပည္နယ္၀န္ႀကီးခ်ဳပ္ ဦးညီပုသည္ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္သို႔ ကြင္းဆင္း၍ စီစဥ္ ေဆာင္ရြက္ေပးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ဘင်္ဂလားပင်လယ် တွင် ဖြစ်ပေါ်နေသည့်မုန်တိုင်း ငယ်အရှိန်ကြောင့် ရခိုင်ပြည်နယ် ရှိ မြို့နယ်အများစုတွင် မိုးရွာသွန်းသဖြင့် ရိတ်သိမ်းဆဲ စပါးခင်းအ ချို့ ပျက်စီးကြောင်း တောင်သူများက ပြောသည်။

မုန်တိုင်းငယ် အရှိန်ကြောင့်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများ စုတွင် ဒီဇင်ဘာ ၈ ရက်ကစတင်ကာ မိုးရွာနေပြီး ရိတ်သိမ်းထားသည့် စပါးများအမိုးကာအောက် မရောက်ခဲ့ကြောင်း သံတွဲမြို့နယ် ရွှေလှေကျေးရွာနေ တောင်သူ ဦးကျော်သက်လွင်က ပြောသည်။

‘‘ပထမတစ်ခေါက် တောင် သူတွေ ဒုက္ခရောက်ပြီးပြီ။ အခု ဒုတိယတစ်ခေါက်မိုးရွာတယ်။ စပါးခင်းတွေအကုန်လုံးနီးပါး ပြို လဲသွားတယ်။ ရိတ်သိမ်းထားပြီ ဖြစ်တဲ့ စပါးတချို့ ရေစိုသွားတယ်၊ ပြိုလဲသွားတဲ့စပါးတွေ ရိတ်သိမ်း ရခက်ခဲနေတယ်’’ဟု ၎င်းကဆို သည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ နှင့် ၂၅ ရက်က မိုးရွာသွန်းခဲ့၍ စပါးခင်းအချို့ ပြိုလဲသည်။

စပါးရိတ်သိမ်းချိန် မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုအခြေအနေ ကို စပါးကြိတ်ခွဲသည့်အခါ သိရမည် ဖြစ်ပြီး အနည်းနှင့်အများဆုံးရှုံး မှုရှိမည်ဟု တောင်ကုတ်မြို့နယ် ရွာမကျေးရွာနေ တောင်သူဦးခင် မောင်ရီက ပြောသည်။

မိုးရွာသွန်းမှုကြောင့် ရိတ် သိမ်းပြီးစပါးများ အမိုးအကာ အောက်ရောက်ရှိရေး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်သို့ ကွင်းဆင်း၍ စီစဉ် ဆောင်ရွက်ပေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top