ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကမၻာေပၚမွာ ႏွစ္သက္ျမတ္ႏုိးဖြယ္ရာ အေကာင္းဆုံးဟာ ေမတၱာပါပဲ။ ေမတၱာတရားဟာ ယဥ္ေက်းမႈရဲ့ အသည္းနွလုံး၊ ျငိမ္းခ်မ္းျခင္းရဲ့ ဗဟုိ ခ်က္မ၊ ျမင့္ျမတ္မႈရဲ့ အေျခခံအုတ္ျမစ္ျဖစ္ ပါတယ္။

ေမတၱာတရားမွာ ရႊင္လန္းခ်မ္းေျမ႔တဲ့မ်က္ႏွာ၊ ခ်ိဳသာၾကည္ျမတဲ့ အသံ၊ နူးညံ့သိမ္ ေမြ႔တဲ့ အမူအရာနဲ႔ ယဥ္ေက်းပ်ဴငွာတဲ့ နွလုံးသားရွိပါတယ္။ ေမတၱာနဲ႔ အိပ္စက္ရျခင္း၊ ေမတၱာနဲ႔ နိုးထရျခင္း၊ေမတၱာနဲ႔ ရွင္သန္ေနထုိင္ရျခင္းေတြဟာ ဘ၀ရဲ့ အလွအပနဲ႔ နွလုံးေမြ႔ေလ်ာ္ေပ်ာ္ဖြယ္ရာ တုိ႔ရဲ့ ျဖစ္ဖ်ား ခံရာျဖစ္သလုိ လူ႔ဘ၀ရဲ့ ခြန္အား၊ လူ႔စိတ္တရဲ့ အလင္းေရာင္၊ လူေလာကရဲ့ မီးရႈးတန္ေဆာင္လည္း ျဖစ္ပါတယ္။

ေလာကမွာ အလွတရားဟာ တန္ဖုိးမျဖတ္ႏုိင္တဲ့ အရာျဖစ္ပါတယ္။ ဒါေပမယ့္ ေမတၱာ တရားရဲ့ အလွနဲ႔ ယွဥ္လုိက္ရင္ ႀကြင္းက်န္သမွ်ဟာ `ဖြဲနဲ႔ဆန္ကြဲ´ျဖစ္ကုန္ပါတယ္။

 ေမတၱာပန္းေတြ ပြင့္လန္းေ၀ဆာေနတဲ့ နွလုံးသားဥယာဥ္ျခံက်ယ္ ႀကီးေတြမွာဆုိရင္ ဘ၀ရဲ့ ခါးသီးခက္ထန္မႈေတြ က ေျမဆီေျမၾသဇာေတြျဖစ္ သြားျပီး ေဘးရန္အႏၱရာယ္ အသြယ္ အသြယ္ကေတာ့ သာယာျငိမ့္ေညာင္းတဲ့ စမ္းေခ်ာင္း ကေလးေတြ အျဖစ္ ေျပာင္းသြားပါတယ္။ အခက္အခဲ အက်ပ္အတည္း ျပႆနာေပါင္းစုံက ေတာင္ကုန္းမုိ႔မုိ႔ေလးေတြလုိ ၾကည့္ရႈမ၀ ျဖစ္ေနျပီး၊ အေႏွာက္အယွက္ အတားအဆီး အခ်ဳပ္အခ်ယ္မ်ိဳးစုံကေတာ့ လမ္းေကြ႔လမ္း ေကာက္ကေလးေတြလုိ သာယာလွပေနပါတယ္။

စိတ္ညစ္ စိတ္ရႈတ္စရာေတြက ပ်ားပိတုန္း ေကာင္ေလးေတြျဖစ္သြားျပီး စိတ္ပ်က္ အားငယ္မႈေလးေတြကေတာ့ ေရာင္စုံလိပ္ျပာငယ္ေတြ အျဖစ္ ေျပာင္းလဲကုန္ပါတယ္။ ေမတၱာတရားရဲ့ စြမ္းအားဟာ အင္မတန္ အံ့ၾသဖုိ႔ေကာင္းပါတယ္။ ပူေလာင္ညွိဳးႏြမ္းေန တဲ့ ႏွလုံးသားေတြကုိ ေအးခ်မ္းလန္းဆန္းေစျပီး၊ ေအးစက္ မာေက်ာေနတဲ့ နွလုံးသားေတြကုိ ေတာ့ နူးညံ့ေစပါတယ္။ အတၱ၊မာန မစၧရိယ စတာေတြေၾကာင့္ က်ဥ္းက်ပ္ေသးသိမ္ေနတဲ့ နွလုံးသားေတြကုိ ႀကီးက်ယ္ ျမင့္ျမတ္လာေအာင္ ခ်ဲ့ထြင္ျမွင့္တင္ေပးျပီး၊ ေလာဘ၊ေဒါသ၊ေမာဟ စတာေတြေၾကာင့္ အမုိက္အေမွာင္က်ေနတဲ့ လကြယ္ည နွလုံးသားေတြ ကုိေတာ့ လျပည့္၀န္းလုိ ထြန္းလင္းသာယာေစပါတယ္။
ေမတၱာတရားရဲ့ ေက်းဇူးေၾကာင့္ လူသားေတြဟာ ဘ၀နဲ႔ ေလာကကုိ ေပ်ာ္ရႊင္ရဲ၀ံ့စြာ ရင္ဆုိင္ႏုိင္ရုံမွ်မက၊ ေလာကေကာင္းက်ိဳးကုိ သယ္ပုိးဖုိ႔ ၀န္မေလးတဲ့သူေတြ၊ ေလာကကုိ အလွျပဳျပင္ တန္ဆာဆင္ေပးတဲ့ သူေတြျဖစ္လာပါတယ္။ ေမတၱာတရားဟာ လူသားေတြကုိ မဆင္မျခင္ မုိက္လုံးႀကီးမႈ၊ ေအာက္တန္းက် ယုတ္ညံ့မႈ၊ မယဥ္ေက်းမႈ ဗြက္ႏြံအတြင္းက ထုတ္ဆယ္ျပီး အသိအလိမၼာနဲ႔ အဆင့္အတန္းရွိ ယဥ္ေက်းတဲ့ ပုဂၢိဳလ္အျဖစ္ ျမွင့္တင္ေပးပါတယ္။

ေအးအတူပူအမွ် သက္၇ွိအခ်င္းခ်င္း ကူညီ ယုိင္းပင္းျပီး ခ်စ္ခင္စြာ ဖြဲ႔စည္း ေနထုိင္တတ္တဲ့ မိသားစုကမၻာကုိ ဖန္တီးေပးပါတယ္။ ျငိမ္းခ်မ္းသာယာတဲ့ ကမၻာေလာကရဲ့ ၾကည္နူးဖြယ္ရာ အေျခအေနအားလုံးအတြက္ ေက်းဇူး စကားဆုိရမယ့္ ဆုိသင့္တဲ့ အရာဟာ ေမတၱာတရားပါ။ အၾကမ္းဖက္မႈေတြ ပေပ်ာက္ျပီး ျငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနႏုိင္ေရး ဟစ္ေၾကြးလ်က္ရွိတဲ့ ေခတ္သစ္ကမၻာေလာကအတြက္ ေမတၱာတရား အရုိးသား ဆုံး က်င့္၀တ္တစ္ခုျဖစ္ပါတယ္။ ျမင့္ျမတ္တဲ့ လူသားအျဖစ္နဲ႔ ျငိမ္းခ်မ္းေရးနဲ႔ ေပ်ာ္ရႊင္ခ်မ္းေျမ့ေရး ပန္းတုိင္ကုိ ေရာက္ႏုိင္ေ၇း ခရီးစဥ္မွာ မွန္မွန္ကန္ကန္ လမ္းညႊန္ဦးေဆာင္မႈ ေပးႏုိင္တဲ့ အရာဟာလည္း ေမတၱာတရားပဲ ရွိပါတယ္။
ေမတၱာတရား ဆုိတာ လူမ်ိဳး မေရြး ဘာသာမေရြး ပုဂၢိဳလ္မေရြး ေဒသမေရြး က်င့္သုံး ထုိက္တဲ့ အျဖူထည္ အရုိးခံ သေဘာတရားတစ္ခု ျဖစ္တဲ့အျပင္၊ လူတစ္ဦးခ်င္းစီရဲ့ လူမႈေရး ပညာေရးက်န္းမာေရး စီးပြားေရးစတဲ့ အေရးကိစၥေပါင္းစုံေတြမွာ အျမဲဆက္ႏြယ္ပါ၀င္ေနတဲ့ အေဆာင္ သေဘာတရားတစ္ခုလည္း ျဖစ္ပါတယ္။ ေမတၱာတရားရဲ့ အေရးပါ အရာေရာက္မႈနဲ႔ စိမ့္၀င္ပတ္သက္ေနတဲ့ နယ္ပယ္ဧရိယာဟာ အင္မတန္ ႀကီးမား က်ယ္ျပန္႔ပါတယ္။

ေလာကေ၇းပဲျဖစ္ျဖစ္၊ ဓမၼေရးပဲျဖစ္ျဖစ္(တစ္နည္းေျပာရရင္) ေလာကီဘ၀မွာပဲျဖစ္ျဖစ္၊ ေလာကုတၱရာဘ၀မွာပဲျဖစ္ျဖစ္ ေမတၱာတရား မလုိအပ္ တဲ့ေနရာ၊ မပါ၀င္သင့္တဲ့ အမႈကိစၥ မရွိပါဘူး။ ဒါေၾကာင့္ ေမတၱာတရားကုိ ပါဠိစာေပမွာ ` သဗၺတၳက-အရာခပ္သိမ္း အမႈကိစၥ အားလုံးတုိ႔၌ အလုိရွိအပ္ေသာတရား၊လုိ႔ ေရးသားေဖာ္ျပထားပါတယ္။ ေနာက္ျပီး ေမတၱာဆုိတာ `စတုရာရကၡ´လုိ႔ေခၚတဲ့ ကုိယ္ေစာင့္တရားေလးပါးမွာ ပါ၀င္သလုိ `ျဗဟၼ၀ိဟာရ´လုိ႔ေခၚတဲ့ ျဗဟၼစုိရ္ တရားေလးပါးမွာလည္း ကအက်ဳံး၀င္ပါတယ္။ ပါရမီ(၁၀)ပါးထဲမွာ ပါ၀င္သလုိ ကမၼ႒ာန္း(၄၀)ထဲမွာလည္း ထည့္သြင္းထားပါတယ္။
ေလာကုတၱရာဘ၀ေအာင္ျမင္ေရးမွာ သမၼာဒိဌိ-(ပညာ)က အေရးႀကီးျပဌာန္းသလုိ၊ ေလာကီဘ၀ ေအာင္ျမင္ေ၇းမွာလည္း ေမတၱာတရားက အေရးႀကီးျပဌာန္းပါတယ္။ ေမတၱာတရားဟာ ေလာကီဘ၀ေအာင္ျမင္မႈရဲ့ အရုဏ္ဦးပါ။ အရုဏ္ မတက္ဘဲ ေန႔သစ္တစ္ခုကုိ မေရာက္ႏုိင္သလုိ၊ ေမတၱာ မပါဘဲ ေလာကီဘ၀ေအာင္ျမင္မႈကုိ လုံး၀မရႏုိင္ပါ။ ေမတၱာမပါဘဲ ေလာကီ ဘ၀ေအာင္ျမင္မႈ ရရွိထားပါတယ္ဆုိရင္ အဲဒီေအာင္ျမင္မႈ ဟာ ေရအရည္ စိန္ေအာင္ျမင္မႈ (တစ္နည္း ေျပာရရင္) သဲရဲတုိက္၊ ေရခဲစိမ္ေတြ႔ပဲ ျဖစ္မွာပါ။ တကယ္ေတာ့ ေမတၱာတရားဆုိတာ ႏွလုံးသားရဲ့ ရတနာ၊ လူ႔ဘ၀ရဲ့ ဦးေဆာက္ပန္း၊ တစ္ေလာကလုံးရဲ့ ဘာသာေရး ျဖစ္ပါတယ္။ စာေရးသူ ကေတာ့ ေမတၱာရွိရာမွာ အရာခပ္သိမ္းရွိ တယ္လုိ႔ ေျပာခ်င္ပါတယ္။
အရာခပ္သိမ္းဆုိရာမွာ အလုိရွိအပ္၊ ႏွစ္သက္အပ္၊ ေကာင္းျမတ္ တာေတြကုိ ဆုိလုိတာပါ။ ဒီအေၾကာင္းနဲ႔ စပ္ယွဥ္ျပီး ဓမၼပုံျပင္ေလးတစ္ပုဒ္ ေျပာျပခ်င္ပါတယ္။ ဒီပုံျပင္ကေလးဟာ အလင္းတန္းဂ်ယ္ထဲမွာ ဆရာအတၱေက်ာ္ ေ၇းသားခဲ့တဲ့ အေမာေျပ ပုံတုိပတ္စေတြထဲကပါ။ တစ္ခါတုန္းက အမ်ိဳးသမီးတစ္ေယာက္ဟာ အ၀တ္လွန္းဖုိ႔ အိမ္ေရွ႔ကုိအထြက္လုိက္ သူ႔ျခံ၀င္းထဲမွာ မုတ္ဆိတ္ဖားဖားႀကီးနဲ႔ အဘုိးႀကီး(၃)ေယာက္ ထုိင္ေနၾကတာကုိ ေတြ႔လုိက္ ရသတဲ့။ အမ်ိဳးသမီးက အဲဒီ သုံးေယာက္ကုိ ဘယ္သူဘယ္၀ါမွန္း မသိေပမယ့္ သက္ႀကီး ရြယ္အုိေတြ ျဖစ္ေနတာမုိ႔ ဂါရ၀ေလးနဲ႔ `အဘတုိ႔ကုိကြ်န္မ ျမင္ေတြ႔ျမင္ဖူးသလုိပဲ၊အေမာေျပ ၀င္နားေနၾကတာထင္ပါရဲံ၊ အိမ္ထဲ၀င္ျပီး အၾကမ္းေလးေသာက္၊ လက္ဖက္ေလး ျမဳံ့ပါ ဦးလား´လုိ႔ ဖိတ္မႏၱက ျပဳလုိက္ပါတယ္။

အဘုိးႀကီးေတြက ခ်က္ခ်င္းပဲ သူ႔ကုိ ျပန္ေမးတယ္၊ ` ကေလးမရဲ့ အိမ္သား မရွိဘူးလား ကြယ္´ ၊ ` သူအျပင္သြားေနပါတယ္ရွင့္´၊ ဒါဆုိရင္ေတာ့ တုိ႔မ်ား၀င္လုိ႔ ဘယ္တင့္တယ္ပါ့မလဲ သူငယ္မရဲ့´၊ အဘုိးႀကီးေတြ ေျပာတာကလည္း သဘာက်ေနတာမုိ႔ အမ်ိဳးသမီးလည္း အတြန္႔ မတက္ေတာ့ဘဲ သူ႔အလုပ္ သူလုပ္ေနလုိက္ပါသတဲ့။ အဲဒီလုိနဲ႔ ေနေလးေစာင္းလုိ႔ သူ႔ခင္ပြန္းသည္ အလုပ္က ျပန္ေရာက္လာတဲ့အခါ အမ်ိဳးသမီးက ခင္ပြန္းသည္ကုိ အက်ိဳးအေၾကာင္း ေျပာျပ လုိက္ပါတယ္။ အဲဒီအခါ ခင္ပြန္းသည္ က `သြားေျပာေခ်ပါကြာ၊ အဘုိးအုိႀကီးေတြ သနားပါတယ္၊ အိမ္ထဲကုိ ေခၚလုိက္ပါလား´လုိ႔ ေျပာပါတယ္။

 ဒါနဲ႔ အမ်ိဳးသမီးလည္း ခင္ပြန္းသည္ေျပာတဲ့အတုိင္း အျပင္မွာ အခုထက္ထိ ရွိေသးတဲ့အဘုိးႀကီးေတြကုိ အိမ္ထဲ၀င္ဖုိ႔ ဖိတ္ေခၚတာေပါ့။ အဲဒီအခါ ` တုိ႔သုံးေယာက္ စလုံး၀င္လုိ႔ေတာ့ မျဖစ္ဘူးကေလးမရဲ့´လုိ႔ အဘုိးႀကိးေတြက ေျပာျပသတဲ့။ `ဘာျဖစ္လုိ႔ပါလဲ´လုိ႔ အမ်ိဳးသမီးက အက်ိဳးအေၾကာင္း ေမးတဲ့အခါ၊ အဘုိးႀကီးတစ္ေယာက္က သူ႔အေဖာ္ ႏွစ္ေယာက္ကုိ လက္ညွိဳးထုိးျပျပီး၊ သူ႔နာမည္က ဘဓန၊ ဟုိဘက္တစ္ေယာက္က ဘေအာင္လံတဲ့၊ အဘနာမည္ကေတာ့ ဘေမတၱာပါတဲ့ကြယ္။ ကဲ-ကဲ.. ၊ ကေလးမရဲ့ အိမ္သားကုိ အဘတုိ႔ရဲ့ နာမည္ေလးေတြ ေျပာျပျပီး၊ ဘယ္သူကုိ ကေလးတုိ႔ရဲ့ အိမ္ထဲ အဖိတ္ခ်င္းဆုံးလဲဆုိတာ သြားေမးေခ်ပါဦးလား၊ အဘတုိ႔ သုံးေယာက္စလုံးေတာ့ ၀င္လုိ႔ကုိ မျဖစ္လုိ႔ အခုလုိ ေျပာရတာပါ´လုိ႔ ဆုိျပန္သတဲ့။ ဒါနဲ႔ အမ်ိဳးသမီးလည္း အဘုိးႀကီးေျပာတဲ့အတုိင္း အိမ္ထဲကုိ ျပန္၀င္ျပီး၊ သူ႔ခင္ပြန္းသည္ကုိ အဘုိးႀကီးေတြ ေျပာတဲ့အတုိင္း တစ္လုံးမက်န္ အစီရင္ခံတာေပါ့၊ ဇနီးသည္ေျပာတဲ့ စကားကုိလည္း ၾကားလုိက္ရေရာ၊ ခင္ပြန္းလုပ္သူ အမ်ိဳးသားလည္း ထခုန္မိမတတ္ ေပ်ာ္သြား သတဲ့။

` နိပ္လုိက္တာ မိန္းမရာ၊ တစ္ေယာက္တည္းသာ ေခၚၾကစတမ္းဆုိ `ဘဓန´ကုိသာ အိမ္ထဲကုိ ေခၚလုိက္ပါကြာ၊ ဓနဆုိတာၾကြယ္ ခ်မ္းသာမႈ နိမိတ္ပဲ၊ တုိ႔အိမ္ထဲကုိ ဓနေတြနဲ႔ျဖည့္ လုိက္ရေအာင္ေလ´။ လင္သားက အဲဒီလုိေျပာေတာ့ ဇနီးလုပ္သူက သေဘာမတူဘူး၊ `အစ္ကုိရယ္ ကြ်န္မသေဘာကျဖင့္ ` ဘေအာင္လံ´ကုိ႔ သြင္းခ်င္တယ္၊ ဒါမွ တစ္အိမ္လုံးမွာ ေအာင္ျမင္မႈ ေတြ ရမွာေပါ့´။ အမ်ိဳးသမီးက အဲဒီလုိ ေျပာလုိက္တဲ့အခါ မွာေတာ့ အခန္းေထာင့္မွာ ကုပ္ကုပ္ ကေလးထုိင္ရင္း သူတုိ႔စကား နားစြင့္ေနတဲ့ သူတုိ႔ရဲ့ ေခြ်းမက ` အေဖတုိ႔ အေမတုိ႔ကလည္း ဖိတ္ခ်င္းဖိတ္`ဘေမတၱာ´ကုိသာ ဖိတ္သင့္တယ္လုိ႔ သမီးကေတာ့ ထင္ပါတယ္။ ဒါမွလည္း ဒီအိမ္ တစ္အိမ္လုံး ေမတၱာေတြနဲ႔ မြမ္းထုံျပီး ေအးခ်မ္းစုိေျပေနမွာေပါ့ အေဖတုိ႔ရဲ့´လုိ႔ တစ္စခန္း ထာျပန္ပါတယ္။

ေခြ်းမလုပ္သူက အဲဒီလုိလည္း ေျပာလုိက္ေရာ ေယာကၡထီး ျဖစ္သူ ခင္ပြန္းသည္က ` မိန္းမေရ ငါ့သမီးေျပာတာ သိပ္မွန္တာပဲ။ ဘေမတၱာကုိ ဖိတ္လုိ္ကတာသစာ အေကာင္းဆုံး ျဖစ္မွာပဲ၊ လုပ္ကြာ၊ ဘေမတၱာကုိသာ သြားဖိတ္လုိက္ေခေတာ့´လုိ႔ မယားျဖစ္သူကုိ ေစခုိင္း လုိက္ပါသတဲ့။ ဒါနဲ႔ အမ်ိဳးသမီးလည္း အိမ္အျပင္ကုိ တစ္ေခါက္ျပန္ထြက္ျပီး အျပင္ေရာက္တာနဲ႔ အဘုိးႀကီး သုံးေယာက္ကုိ` အဘတုိ႔ထဲက ဘယ္သူဟာ ဘေမတၱာပါလဲရွင္၊ ကြ်န္မတုိ႔မိသားစု က ဘေမတၱာကုိ အိမ္ထဲ၀င္ဖုိ႔ ဖိတ္ခ်င္လုိ႔ပါေနာ္´လုိ႔ ေျပာလုိက္တာေပါ့။ အဲဒီအခါ ဘေမတၱာဆုိတဲ့ အဘုိးႀကီးလည္း ထုိင္ရာကထတဲ့ျပီး အိမ္အ၀င္ဆီကုိသြားဖုိ႔ ေျခလွမ္းျပင္ လုိက္တယ္၊ တစ္ခ်ိန္တည္းမွာပဲ က်န္တဲ့ အဘုိးႀကီးႏွစ္ေယာက္ကလည္း ေနရာကထျပီး ဘေမတၱာ ေနာက္ကုိ လုိက္ဖုိ႔ ေျခလွမ္းျပင္ လုိက္ၾကသတဲ့။ အမ်ိဳးသမီးလည္း အေတာ္ကုိ အံ့အားသင့္သြားတယ္။ ဒါနဲ႔ ဘဓနအေနနဲ႔ ဘေအာင္လံတုိ႔ကုိ ခ်က္ခ်င္း လွမ္းေျပာ လုိက္မိတယ္။ "ကြ်န္မက ဘေမတၱာ တစ္ဦးတည္းကုိသာ ဖိတ္လုိက္တာပါ။

ေစာေစာကေျပာေတာ့ သုံးေယာက္စလုံး ၀င္လုိ႔မျဖစ္ဘူးဆုိ အခုေတာ့ အဘတုိ႔ သုံးေယာက္စလုံးဟာ ဘယ္လုိလဲ၊ ၀င္လုိ႔ျဖစ္သြားျပီလား"။ အဲဒီလုိလည္း ေမးလုိက္ေရာ အဘုိးႀကီးသုံးေယာက္စလုံဒးက တစ္ျပိဳင္နက္တည္း ျပန္ေျဖ လုိက္ၾကပါတယ္။ ေအး.. ကေလးမတုိ႔က ဘဓနကုိျဖစ္ျဖစ္၊ ဘေအာင္လံကုိျဖစ္ျဖစ္ ဖိတ္မယ္ဆုိရင္ောတ့ က်န္တဲ့ႏွစ္ေယာက္က အိမ္အျပင္မွာေနခဲ့ ေတာ့မလုိပဲကြယ္၊ အခုေတာ့ သမီးတုိ႔က ဘေမတၱာကို ဖိတ္လုိက္ေပတာကုိး။ ကေလးမ ေသခ်ာမွတ္ထား။ ဘယ္ေတာ့မဆုိ ေမတၱာသာ ရွိေနမယ္ဆုိရင္ ဓနေရာ၊ ေအာင္လံပါ ရွိေနမယ္ဆုိတာ ညည္းတုိ႔ဘ၀ တစ္သက္စာ မွတ္သားထားၾကေပေတာ့ကြယ္"တဲ႔။

 ဒီပုံျပင္ကေလးက ေ၀ငွလုိက္တဲ့ ဘ၀ဒႆနဟာ အင္မတန္ ထိမိလွပလွပါတယ္။ ေမတၱာတရားဟာ မိမိတုိ႔ရဲ့ ဘ၀ထဲကုိ ထဲထဲ၀င္၀င္ ေရာက္ရွိ လာေအာင္ တေလးတစား တရုိတေသ ဖိတ္ၾကားအပ္တဲ့ ဧည့္ေကာင္း ေစာင္ေကာင္းတစ္ဦးပါ။ ဒီ ဧည့္သည္ေကာင္းကုိသာ မိမိရဲ့ ႏွလုံးသားကုိ အစထားျပိး မိမိတုိ႔ရဲ့ ရပ္ရြာ၊ ျမိဳံျပ၊ ႏုိင္ငံေတာ္ထဲအထိ ၀င္ေရာက္ အေျခခ်ေနထုိင္ခြင့္ ျပဳထားႏုိင္ခဲ့မယ္ဆုိရင္ မိမိတုိ႔ရဲ့ ႏုိင္ငံေတာ္ဟာ ကမၻာေပၚမွာေအး ခ်မ္း သာယာျပီး အၾကြယ္၀ဆုံး တုိင္းျပည္တစ္ခု ျဖစ္လာမွာကေတာ့ အေသအခ်ာပါပဲ။

ဒီပုံျပင္ကေလးကုိ တစ္ဆင့္ခံ ထပ္မံေျပာျပျဖစ္ေအာင္ ဖိအားေပး ႏႈိးေဆာ္ေနတဲ့ အခ်က္အလက္ေတာ္ေတာ္မ်ားမ်ား စာေရးသူရဲ့ ရင္ထဲမွာ တည္ရွိေန ပါတယ္။ ေမတၱာတရားဟာ သူေတာ္ေကာင္း ဂုဏ္ရည္ကုိ တုိင္းတာသတ္မွတ္ ဆုံးျဖတ္ေပးႏုိင္တဲ့ စံတစ္ခု၊ ေပတံတစ္ေခ်င္းပါ။ ေမတၱာတရားနဲ႔ ျပည့္၀ လာတဲ့အခါ သူေတာ္ေကာင္းအစစ္ ျဖစ္လာျပီး၊ သူေတာ္ေကာင္း အစစ္ ျဖစ္လာတဲ့အခါ မွာလည္း ေမတၱာတရားနဲ႔ ျပည့္၀လာေတာ့တာပါပဲ။

ေမတၱာတရားဆုိတဲ့ ဒီစံ၊ ဒီေပတဲ့နဲ႔ တုိင္းထြာၾကည့္တဲ့အခါ ကုိယ့္၀န္းက်င္မွာရွိတဲ့ ဘုရားဒကာ၊ ေက်ာင္းဒကာ အမည္ခံျပီး (ငါးပါးသီလမလုံျခဳံၾကတဲ့) သူေတာ္ေယာင္ ေတြပါးစပ္က ဘုရားဘုရား၊ လက္က ကားရားကားရား လုပ္ေနၾကတဲ့ သူယုတ္မာေတြရဲ့ ႏွလုံးသားေတြဟာ အထင္းသား အရွင္းသား ေပၚလာၾကပါေတာ့တယ္။ တခ်ိဳ့အတုအေယာင္ ျဖစ္ျပီး၊ ဆူညံေနၾကတဲ့ မဂ္သံ၊ဖုိလ္သံ၊ ၀ိပႆနာသံေတြ ၾကားထဲမွာ တိမ္ျမဳပ္ ေပ်ာက္ကြယ္ လုနီးပါး ျဖစ္ေနတဲ့ အေျခခံ လူ႔နွလုံးသား ဒီေမတၱာတရားကုိ သူေတာ္ေကာင္း စိတ္ရွိသူတုိင္းက ရုိးသား ႏုိးၾကား ႀကိဳးစားျပီး ထုတ္ေဖာ္ျဖန္႔ေ၀ၾကရမွာပါ။

ေမတၱာတရားကုိ ကုသိုလ္ရတဲ့အလုပ္၊ ဘာသာေရးရဲ့ အဆင္တန္ဆာအျဖစ္ သာမန္ကာ လွ်ံကာ က်င့္သုံးျခင္းဟာ အေပၚယံဆန္ လြန္းရုံမွ်မက တန္ဖုိးထားျမတ္ႏုိးမႈ နည္းပါးလြန္းရာ လည္း ေရာက္ပါတယ္။ တကယ္ေတာ့ ေမတၱာတရားရဲ့ စြမ္းရည္ဟာ အင္မတန္ ယုံၾကည္အား ထားထုိက္တဲ့ အရာပါ။ ေမတၱာတရားက ဘီလူးကုိ လူ၊ လူကုိ ျဗဟၼာျဖစ္ေအာင္ စြမ္းေဆာင္ ႏုိင္ပါတယ္။ ေနာက္ျပီး ေမတၱာတရားဆုိတဲ့ သစ္ပင္ႀကီးဟာ အလြန္ေအးျမတဲ့ အရိပ္ အာ၀ါသကုိသာမက ကရုဏာဆုိတဲ့ အရင္းအျမစ္၊ မုဒိတာဆုိတဲ့ အသီးအပြင့္နဲ႔ ရင့္မွည့္ ျပီးျဖစ္တဲ့ ဥေပကၡာဆုိတဲ့ သစ္သီးေတြကုိလည္း ေပးစြမ္းႏုိင္ပါတယ္။ ေမတၱာတရားဆုိတဲ့ ဒီအျမဲစိမ္း သစ္ပင္ႀကီးေတြနဲ႔ လူ႔ႏွလုံးသားေျမျပင္တုိင္း အစဥ္စိမ္း လန္း စုိျပည္ေနေစလုိတာဟာ ဒီပုံျပင္ကေလးကုိ ေျပာျပရတဲ့ စာေရးသူရဲ့ အဓိက ရည္ရြယ္ခ်က္ ပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေတာ္ဝင္ႏြယ္

# Uniciode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟို ချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။

မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊ နူးညံ့သိမ် မွေ့တဲ့ အမူအရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။ မေတ္တာနဲ့ အိပ်စက်ရခြင်း၊ မေတ္တာနဲ့ နိုးထရခြင်း၊မေတ္တာနဲ့ ရှင်သန်နေထိုင်ရခြင်းတွေဟာ ဘဝရဲ့ အလှအပနဲ့ နှလုံးမွေ့လျော်ပျော်ဖွယ်ရာ တို့ရဲ့ ဖြစ်ဖျား ခံရာဖြစ်သလို လူ့ဘဝရဲ့ ခွန်အား၊ လူ့စိတ်တရဲ့ အလင်းရောင်၊ လူလောကရဲ့ မီးရှုးတန်ဆောင်လည်း ဖြစ်ပါတယ်။

လောကမှာ အလှတရားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာ တရားရဲ့ အလှနဲ့ ယှဉ်လိုက်ရင် ကြွင်းကျန်သမျှဟာ `ဖွဲနဲ့ဆန်ကွဲ´ဖြစ်ကုန်ပါတယ်။

 မေတ္တာပန်းတွေ ပွင့်လန်းဝေဆာနေတဲ့ နှလုံးသားဥယာဉ်ခြံကျယ် ကြီးတွေမှာဆိုရင် ဘဝရဲ့ ခါးသီးခက်ထန်မှုတွေ က မြေဆီမြေသြဇာတွေဖြစ် သွားပြီး ဘေးရန်အန္တရာယ် အသွယ် အသွယ်ကတော့ သာယာငြိမ့်ညောင်းတဲ့ စမ်းချောင်း ကလေးတွေ အဖြစ် ပြောင်းသွားပါတယ်။ အခက်အခဲ အကျပ်အတည်း ပြဿနာပေါင်းစုံက တောင်ကုန်းမို့မို့လေးတွေလို ကြည့်ရှုမ၀ ဖြစ်နေပြီး၊ အနှောက်အယှက် အတားအဆီး အချုပ်အချယ်မျိုးစုံကတော့ လမ်းကွေ့လမ်း ကောက်ကလေးတွေလို သာယာလှပနေပါတယ်။

စိတ်ညစ် စိတ်ရှုတ်စရာတွေက ပျားပိတုန်း ကောင်လေးတွေဖြစ်သွားပြီး စိတ်ပျက် အားငယ်မှုလေးတွေကတော့ ရောင်စုံလိပ်ပြာငယ်တွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။ မေတ္တာတရားရဲ့ စွမ်းအားဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ ပူလောင်ညှိုးနွမ်းနေ တဲ့ နှလုံးသားတွေကို အေးချမ်းလန်းဆန်းစေပြီး၊ အေးစက် မာကျောနေတဲ့ နှလုံးသားတွေကို တော့ နူးညံ့စေပါတယ်။ အတ္တ၊မာန မစ္ဆရိယ စတာတွေကြောင့် ကျဉ်းကျပ်သေးသိမ်နေတဲ့ နှလုံးသားတွေကို ကြီးကျယ် မြင့်မြတ်လာအောင် ချဲ့ထွင်မြှင့်တင်ပေးပြီး၊ လောဘ၊ဒေါသ၊မောဟ စတာတွေကြောင့် အမိုက်အမှောင်ကျနေတဲ့ လကွယ်ည နှလုံးသားတွေ ကိုတော့ လပြည့်ဝန်းလို ထွန်းလင်းသာယာစေပါတယ်။
မေတ္တာတရားရဲ့ ကျေးဇူးကြောင့် လူသားတွေဟာ ဘဝနဲ့ လောကကို ပျော်ရွှင်ရဲဝံ့စွာ ရင်ဆိုင်နိုင်ရုံမျှမက၊ လောကကောင်းကျိုးကို သယ်ပိုးဖို့ ဝန်မလေးတဲ့သူတွေ၊ လောကကို အလှပြုပြင် တန်ဆာဆင်ပေးတဲ့ သူတွေဖြစ်လာပါတယ်။ မေတ္တာတရားဟာ လူသားတွေကို မဆင်မခြင် မိုက်လုံးကြီးမှု၊ အောက်တန်းကျ ယုတ်ညံ့မှု၊ မယဉ်ကျေးမှု ဗွက်နွံအတွင်းက ထုတ်ဆယ်ပြီး အသိအလိမ္မာနဲ့ အဆင့်အတန်းရှိ ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်အဖြစ် မြှင့်တင်ပေးပါတယ်။

အေးအတူပူအမျှ သက်၇ှိအချင်းချင်း ကူညီ ယိုင်းပင်းပြီး ချစ်ခင်စွာ ဖွဲ့စည်း နေထိုင်တတ်တဲ့ မိသားစုကမ္ဘာကို ဖန်တီးပေးပါတယ်။ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာလောကရဲ့ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူး စကားဆိုရမယ့် ဆိုသင့်တဲ့ အရာဟာ မေတ္တာတရားပါ။ အကြမ်းဖက်မှုတွေ ပပျောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေး ဟစ်ကြွေးလျက်ရှိတဲ့ ခေတ်သစ်ကမ္ဘာလောကအတွက် မေတ္တာတရား အရိုးသား ဆုံး ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ မြင့်မြတ်တဲ့ လူသားအဖြစ်နဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ချမ်းမြေ့ရေး ပန်းတိုင်ကို ရောက်နိုင်ရေး ခရီးစဉ်မှာ မှန်မှန်ကန်ကန် လမ်းညွှန်ဦးဆောင်မှု ပေးနိုင်တဲ့ အရာဟာလည်း မေတ္တာတရားပဲ ရှိပါတယ်။
မေတ္တာတရား ဆိုတာ လူမျိုး မရွေး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး ဒေသမရွေး ကျင့်သုံး ထိုက်တဲ့ အဖြူထည် အရိုးခံ သဘောတရားတစ်ခု ဖြစ်တဲ့အပြင်၊ လူတစ်ဦးချင်းစီရဲ့ လူမှုရေး ပညာရေးကျန်းမာရေး စီးပွားရေးစတဲ့ အရေးကိစ္စပေါင်းစုံတွေမှာ အမြဲဆက်နွယ်ပါဝင်နေတဲ့ အဆောင် သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။ မေတ္တာတရားရဲ့ အရေးပါ အရာရောက်မှုနဲ့ စိမ့်ဝင်ပတ်သက်နေတဲ့ နယ်ပယ်ဧရိယာဟာ အင်မတန် ကြီးမား ကျယ်ပြန့်ပါတယ်။

လောကရေးပဲဖြစ်ဖြစ်၊ ဓမ္မရေးပဲဖြစ်ဖြစ်(တစ်နည်းပြောရရင်) လောကီဘဝမှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘဝမှာပဲဖြစ်ဖြစ် မေတ္တာတရား မလိုအပ် တဲ့နေရာ၊ မပါဝင်သင့်တဲ့ အမှုကိစ္စ မရှိပါဘူး။ ဒါကြောင့် မေတ္တာတရားကို ပါဠိစာပေမှာ ` သဗ္ဗတ္ထက-အရာခပ်သိမ်း အမှုကိစ္စ အားလုံးတို့၌ အလိုရှိအပ်သောတရား၊လို့ ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး မေတ္တာဆိုတာ `စတုရာရက္ခ´လို့ခေါ်တဲ့ ကိုယ်စောင့်တရားလေးပါးမှာ ပါဝင်သလို `ဗြဟ္မဝိဟာရ´လို့ခေါ်တဲ့ ဗြဟ္မစိုရ် တရားလေးပါးမှာလည်း ကအကျုံးဝင်ပါတယ်။ ပါရမီ(၁၀)ပါးထဲမှာ ပါဝင်သလို ကမ္မဋ္ဌာန်း(၄၀)ထဲမှာလည်း ထည့်သွင်းထားပါတယ်။
လောကုတ္တရာဘဝအောင်မြင်ရေးမှာ သမ္မာဒိဌိ-(ပညာ)က အရေးကြီးပြဌာန်းသလို၊ လောကီဘ၀ အောင်မြင်ရေးမှာလည်း မေတ္တာတရားက အရေးကြီးပြဌာန်းပါတယ်။ မေတ္တာတရားဟာ လောကီဘဝအောင်မြင်မှုရဲ့ အရုဏ်ဦးပါ။ အရုဏ် မတက်ဘဲ နေ့သစ်တစ်ခုကို မရောက်နိုင်သလို၊ မေတ္တာ မပါဘဲ လောကီဘဝအောင်မြင်မှုကို လုံးဝမရနိုင်ပါ။ မေတ္တာမပါဘဲ လောကီ ဘဝအောင်မြင်မှု ရရှိထားပါတယ်ဆိုရင် အဲဒီအောင်မြင်မှု ဟာ ရေအရည် စိန်အောင်မြင်မှု (တစ်နည်း ပြောရရင်) သဲရဲတိုက်၊ ရေခဲစိမ်တွေ့ပဲ ဖြစ်မှာပါ။ တကယ်တော့ မေတ္တာတရားဆိုတာ နှလုံးသားရဲ့ ရတနာ၊ လူ့ဘဝရဲ့ ဦးဆောက်ပန်း၊ တစ်လောကလုံးရဲ့ ဘာသာရေး ဖြစ်ပါတယ်။ စာရေးသူ ကတော့ မေတ္တာရှိရာမှာ အရာခပ်သိမ်းရှိ တယ်လို့ ပြောချင်ပါတယ်။
အရာခပ်သိမ်းဆိုရာမှာ အလိုရှိအပ်၊ နှစ်သက်အပ်၊ ကောင်းမြတ် တာတွေကို ဆိုလိုတာပါ။ ဒီအကြောင်းနဲ့ စပ်ယှဉ်ပြီး ဓမ္မပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဒီပုံပြင်ကလေးဟာ အလင်းတန်းဂျယ်ထဲမှာ ဆရာအတ္တကျော် ရေးသားခဲ့တဲ့ အမောပြေ ပုံတိုပတ်စတွေထဲကပါ။ တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ဟာ အဝတ်လှန်းဖို့ အိမ်ရှေ့ကိုအထွက်လိုက် သူ့ခြံဝင်းထဲမှာ မုတ်ဆိတ်ဖားဖားကြီးနဲ့ အဘိုးကြီး(၃)ယောက် ထိုင်နေကြတာကို တွေ့လိုက် ရသတဲ့။ အမျိုးသမီးက အဲဒီ သုံးယောက်ကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် သက်ကြီး ရွယ်အိုတွေ ဖြစ်နေတာမို့ ဂါရဝလေးနဲ့ `အဘတို့ကိုကျွန်မ မြင်တွေ့မြင်ဖူးသလိုပဲ၊အမောပြေ ဝင်နားနေကြတာထင်ပါရဲံ၊ အိမ်ထဲဝင်ပြီး အကြမ်းလေးသောက်၊ လက်ဖက်လေး မြုံ့ပါ ဦးလား´လို့ ဖိတ်မန္တက ပြုလိုက်ပါတယ်။

အဘိုးကြီးတွေက ချက်ချင်းပဲ သူ့ကို ပြန်မေးတယ်၊ ` ကလေးမရဲ့ အိမ်သား မရှိဘူးလား ကွယ်´ ၊ ` သူအပြင်သွားနေပါတယ်ရှင့်´၊ ဒါဆိုရင်တော့ တို့များဝင်လို့ ဘယ်တင့်တယ်ပါ့မလဲ သူငယ်မရဲ့´၊ အဘိုးကြီးတွေ ပြောတာကလည်း သဘာကျနေတာမို့ အမျိုးသမီးလည်း အတွန့် မတက်တော့ဘဲ သူ့အလုပ် သူလုပ်နေလိုက်ပါသတဲ့။ အဲဒီလိုနဲ့ နေလေးစောင်းလို့ သူ့ခင်ပွန်းသည် အလုပ်က ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက ခင်ပွန်းသည်ကို အကျိုးအကြောင်း ပြောပြ လိုက်ပါတယ်။ အဲဒီအခါ ခင်ပွန်းသည် က `သွားပြောချေပါကွာ၊ အဘိုးအိုကြီးတွေ သနားပါတယ်၊ အိမ်ထဲကို ခေါ်လိုက်ပါလား´လို့ ပြောပါတယ်။

 ဒါနဲ့ အမျိုးသမီးလည်း ခင်ပွန်းသည်ပြောတဲ့အတိုင်း အပြင်မှာ အခုထက်ထိ ရှိသေးတဲ့အဘိုးကြီးတွေကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တာပေါ့။ အဲဒီအခါ ` တို့သုံးယောက် စလုံးဝင်လို့တော့ မဖြစ်ဘူးကလေးမရဲ့´လို့ အဘိုးကြိးတွေက ပြောပြသတဲ့။ `ဘာဖြစ်လို့ပါလဲ´လို့ အမျိုးသမီးက အကျိုးအကြောင်း မေးတဲ့အခါ၊ အဘိုးကြီးတစ်ယောက်က သူ့အဖော် နှစ်ယောက်ကို လက်ညှိုးထိုးပြပြီး၊ သူ့နာမည်က ဘဓန၊ ဟိုဘက်တစ်ယောက်က ဘအောင်လံတဲ့၊ အဘနာမည်ကတော့ ဘမေတ္တာပါတဲ့ကွယ်။ ကဲ-ကဲ.. ၊ ကလေးမရဲ့ အိမ်သားကို အဘတို့ရဲ့ နာမည်လေးတွေ ပြောပြပြီး၊ ဘယ်သူကို ကလေးတို့ရဲ့ အိမ်ထဲ အဖိတ်ချင်းဆုံးလဲဆိုတာ သွားမေးချေပါဦးလား၊ အဘတို့ သုံးယောက်စလုံးတော့ ဝင်လို့ကို မဖြစ်လို့ အခုလို ပြောရတာပါ´လို့ ဆိုပြန်သတဲ့။ ဒါနဲ့ အမျိုးသမီးလည်း အဘိုးကြီးပြောတဲ့အတိုင်း အိမ်ထဲကို ပြန်ဝင်ပြီး၊ သူ့ခင်ပွန်းသည်ကို အဘိုးကြီးတွေ ပြောတဲ့အတိုင်း တစ်လုံးမကျန် အစီရင်ခံတာပေါ့၊ ဇနီးသည်ပြောတဲ့ စကားကိုလည်း ကြားလိုက်ရရော၊ ခင်ပွန်းလုပ်သူ အမျိုးသားလည်း ထခုန်မိမတတ် ပျော်သွား သတဲ့။

` နိပ်လိုက်တာ မိန်းမရာ၊ တစ်ယောက်တည်းသာ ခေါ်ကြစတမ်းဆို `ဘဓန´ကိုသာ အိမ်ထဲကို ခေါ်လိုက်ပါကွာ၊ ဓနဆိုတာကြွယ် ချမ်းသာမှု နိမိတ်ပဲ၊ တို့အိမ်ထဲကို ဓနတွေနဲ့ဖြည့် လိုက်ရအောင်လေ´။ လင်သားက အဲဒီလိုပြောတော့ ဇနီးလုပ်သူက သဘောမတူဘူး၊ `အစ်ကိုရယ် ကျွန်မသဘောကဖြင့် ` ဘအောင်လံ´ကို့ သွင်းချင်တယ်၊ ဒါမှ တစ်အိမ်လုံးမှာ အောင်မြင်မှု တွေ ရမှာပေါ့´။ အမျိုးသမီးက အဲဒီလို ပြောလိုက်တဲ့အခါ မှာတော့ အခန်းထောင့်မှာ ကုပ်ကုပ် ကလေးထိုင်ရင်း သူတို့စကား နားစွင့်နေတဲ့ သူတို့ရဲ့ ချွေးမက ` အဖေတို့ အမေတို့ကလည်း ဖိတ်ချင်းဖိတ်`ဘမေတ္တာ´ကိုသာ ဖိတ်သင့်တယ်လို့ သမီးကတော့ ထင်ပါတယ်။ ဒါမှလည်း ဒီအိမ် တစ်အိမ်လုံး မေတ္တာတွေနဲ့ မွမ်းထုံပြီး အေးချမ်းစိုပြေနေမှာပေါ့ အဖေတို့ရဲ့´လို့ တစ်စခန်း ထာပြန်ပါတယ်။

ချွေးမလုပ်သူက အဲဒီလိုလည်း ပြောလိုက်ရော ယောက္ခထီး ဖြစ်သူ ခင်ပွန်းသည်က ` မိန်းမရေ ငါ့သမီးပြောတာ သိပ်မှန်တာပဲ။ ဘမေတ္တာကို ဖိတ်လိုကတာသစာ အကောင်းဆုံး ဖြစ်မှာပဲ၊ လုပ်ကွာ၊ ဘမေတ္တာကိုသာ သွားဖိတ်လိုက်ခေတော့´လို့ မယားဖြစ်သူကို စေခိုင်း လိုက်ပါသတဲ့။ ဒါနဲ့ အမျိုးသမီးလည်း အိမ်အပြင်ကို တစ်ခေါက်ပြန်ထွက်ပြီး အပြင်ရောက်တာနဲ့ အဘိုးကြီး သုံးယောက်ကို` အဘတို့ထဲက ဘယ်သူဟာ ဘမေတ္တာပါလဲရှင်၊ ကျွန်မတို့မိသားစု က ဘမေတ္တာကို အိမ်ထဲဝင်ဖို့ ဖိတ်ချင်လို့ပါနော်´လို့ ပြောလိုက်တာပေါ့။ အဲဒီအခါ ဘမေတ္တာဆိုတဲ့ အဘိုးကြီးလည်း ထိုင်ရာကထတဲ့ပြီး အိမ်အဝင်ဆီကိုသွားဖို့ ခြေလှမ်းပြင် လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ အဘိုးကြီးနှစ်ယောက်ကလည်း နေရာကထပြီး ဘမေတ္တာ နောက်ကို လိုက်ဖို့ ခြေလှမ်းပြင် လိုက်ကြသတဲ့။ အမျိုးသမီးလည်း အတော်ကို အံ့အားသင့်သွားတယ်။ ဒါနဲ့ ဘဓနအနေနဲ့ ဘအောင်လံတို့ကို ချက်ချင်း လှမ်းပြော လိုက်မိတယ်။ "ကျွန်မက ဘမေတ္တာ တစ်ဦးတည်းကိုသာ ဖိတ်လိုက်တာပါ။

စောစောကပြောတော့ သုံးယောက်စလုံး ဝင်လို့မဖြစ်ဘူးဆို အခုတော့ အဘတို့ သုံးယောက်စလုံးဟာ ဘယ်လိုလဲ၊ ဝင်လို့ဖြစ်သွားပြီလား"။ အဲဒီလိုလည်း မေးလိုက်ရော အဘိုးကြီးသုံးယောက်စလုံဒးက တစ်ပြိုင်နက်တည်း ပြန်ဖြေ လိုက်ကြပါတယ်။ အေး.. ကလေးမတို့က ဘဓနကိုဖြစ်ဖြစ်၊ ဘအောင်လံကိုဖြစ်ဖြစ် ဖိတ်မယ်ဆိုရင်ောတ့ ကျန်တဲ့နှစ်ယောက်က အိမ်အပြင်မှာနေခဲ့ တော့မလိုပဲကွယ်၊ အခုတော့ သမီးတို့က ဘမေတ္တာကို ဖိတ်လိုက်ပေတာကိုး။ ကလေးမ သေချာမှတ်ထား။ ဘယ်တော့မဆို မေတ္တာသာ ရှိနေမယ်ဆိုရင် ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ ညည်းတို့ဘ၀ တစ်သက်စာ မှတ်သားထားကြပေတော့ကွယ်"တဲ့။

 ဒီပုံပြင်ကလေးက ဝေငှလိုက်တဲ့ ဘဝဒဿနဟာ အင်မတန် ထိမိလှပလှပါတယ်။ မေတ္တာတရားဟာ မိမိတို့ရဲ့ ဘဝထဲကို ထဲထဲဝင်ဝင် ရောက်ရှိ လာအောင် တလေးတစား တရိုတသေ ဖိတ်ကြားအပ်တဲ့ ဧည့်ကောင်း စောင်ကောင်းတစ်ဦးပါ။ ဒီ ဧည့်သည်ကောင်းကိုသာ မိမိရဲ့ နှလုံးသားကို အစထားပြိး မိမိတို့ရဲ့ ရပ်ရွာ၊ မြိုံပြ၊ နိုင်ငံတော်ထဲအထိ ဝင်ရောက် အခြေချနေထိုင်ခွင့် ပြုထားနိုင်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာအေး ချမ်း သာယာပြီး အကြွယ်ဝဆုံး တိုင်းပြည်တစ်ခု ဖြစ်လာမှာကတော့ အသေအချာပါပဲ။

ဒီပုံပြင်ကလေးကို တစ်ဆင့်ခံ ထပ်မံပြောပြဖြစ်အောင် ဖိအားပေး နှိုးဆော်နေတဲ့ အချက်အလက်တော်တော်များများ စာရေးသူရဲ့ ရင်ထဲမှာ တည်ရှိနေ ပါတယ်။ မေတ္တာတရားဟာ သူတော်ကောင်း ဂုဏ်ရည်ကို တိုင်းတာသတ်မှတ် ဆုံးဖြတ်ပေးနိုင်တဲ့ စံတစ်ခု၊ ပေတံတစ်ချေင်းပါ။ မေတ္တာတရားနဲ့ ပြည့်၀ လာတဲ့အခါ သူတော်ကောင်းအစစ် ဖြစ်လာပြီး၊ သူတော်ကောင်း အစစ် ဖြစ်လာတဲ့အခါ မှာလည်း မေတ္တာတရားနဲ့ ပြည့်ဝလာတော့တာပါပဲ။

မေတ္တာတရားဆိုတဲ့ ဒီစံ၊ ဒီပေတဲ့နဲ့ တိုင်းထွာကြည့်တဲ့အခါ ကိုယ့်ဝန်းကျင်မှာရှိတဲ့ ဘုရားဒကာ၊ ကျောင်းဒကာ အမည်ခံပြီး (ငါးပါးသီလမလုံခြုံကြတဲ့) သူတော်ယောင် တွေပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရား လုပ်နေကြတဲ့ သူယုတ်မာတွေရဲ့ နှလုံးသားတွေဟာ အထင်းသား အရှင်းသား ပေါ်လာကြပါတော့တယ်။ တချို့အတုအယောင် ဖြစ်ပြီး၊ ဆူညံနေကြတဲ့ မဂ်သံ၊ဖိုလ်သံ၊ ဝိပဿနာသံတွေ ကြားထဲမှာ တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ အခြေခံ လူ့နှလုံးသား ဒီမေတ္တာတရားကို သူတော်ကောင်း စိတ်ရှိသူတိုင်းက ရိုးသား နိုးကြား ကြိုးစားပြီး ထုတ်ဖော်ဖြန့်ဝေကြရမှာပါ။

မေတ္တာတရားကို ကုသိုလ်ရတဲ့အလုပ်၊ ဘာသာရေးရဲ့ အဆင်တန်ဆာအဖြစ် သာမန်ကာ လျှံကာ ကျင့်သုံးခြင်းဟာ အပေါ်ယံဆန် လွန်းရုံမျှမက တန်ဖိုးထားမြတ်နိုးမှု နည်းပါးလွန်းရာ လည်း ရောက်ပါတယ်။ တကယ်တော့ မေတ္တာတရားရဲ့ စွမ်းရည်ဟာ အင်မတန် ယုံကြည်အား ထားထိုက်တဲ့ အရာပါ။ မေတ္တာတရားက ဘီလူးကို လူ၊ လူကို ဗြဟ္မာဖြစ်အောင် စွမ်းဆောင် နိုင်ပါတယ်။ နောက်ပြီး မေတ္တာတရားဆိုတဲ့ သစ်ပင်ကြီးဟာ အလွန်အေးမြတဲ့ အရိပ် အာဝါသကိုသာမက ကရုဏာဆိုတဲ့ အရင်းအမြစ်၊ မုဒိတာဆိုတဲ့ အသီးအပွင့်နဲ့ ရင့်မှည့် ပြီးဖြစ်တဲ့ ဥပေက္ခာဆိုတဲ့ သစ်သီးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မေတ္တာတရားဆိုတဲ့ ဒီအမြဲစိမ်း သစ်ပင်ကြီးတွေနဲ့ လူ့နှလုံးသားမြေပြင်တိုင်း အစဉ်စိမ်း လန်း စိုပြည်နေစေလိုတာဟာ ဒီပုံပြင်ကလေးကို ပြောပြရတဲ့ စာရေးသူရဲ့ အဓိက ရည်ရွယ်ချက် ပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: တော်ဝင်နွယ်




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top