ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ႏုိင္ငံျခားေရးဝန္ ႀကီး႐ံုးအနီးတြင္ ယမန္ေန႔က ျပည္ထဲေရးဝန္ႀကီးဌာန  ဒုတိယအၿမဲတမ္းအတြင္းဝန္ ေမာင္းလာသည့္ယာဥ္  မီးေလာင္မႈျဖစ္ပြားခဲ့သည္။

ယာဥ္သည္ အရွိန္လြန္တိမ္း ေမွာက္ခဲ့ၿပီး ေခ်ာက္ထဲက်ကာ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ထိုသို႔ ယာဥ္မီးေလာင္ကြၽမ္း ခဲ့၍ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးခုိင္ထြန္းဦးသည္ ညာဘက္ေပါင္၌ ထိခိုက္ဒဏ္ရာရရွိခဲ့သျဖင့္ ေနျပည္ေတာ္ခုတင္ ၁,၀၀၀  ေဆး႐ံုသို႔ ပို႔ေဆာင္ထားေၾကာင္း   ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

အခင္းျဖစ္ပြားသည့္ေနရာ သို႔ မီးသတ္ဗဟုိမွ မီးသတ္တပ္ဖြဲ႕ ဝင္မ်ား၊ ယာဥ္မႈစစ္႐ံုးမွ ယာဥ္ ထိန္းရဲတပ္ဖြဲ႕ဝင္မ်ား လာေရာက္ ၍ ဝိုင္းဝန္းမီးၿငိႇမ္းရာ  မီးၿငိမ္းခဲ့သည္။

 ျပည္ထဲေရးဝန္ႀကီးဌာန ရဲခ်ဳပ္႐ံုးသည္ ႏုိင္ငံျခားေရးဝန္ႀကီး ဌာနအနီးတြင္ တည္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံခြားရေးဝန် ကြီးရုံးအနီးတွင် ယမန်နေ့က ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယအမြဲတမ်းအတွင်းဝန် မောင်းလာသည့်ယာဉ်  မီးလောင်မှုဖြစ်ပွားခဲ့သည်။

ယာဉ်သည် အရှိန်လွန်တိမ်း မှောက်ခဲ့ပြီး ချောက်ထဲကျကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ယာဉ်မီးလောင်ကျွမ်း ခဲ့၍ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးသည် ညာဘက်ပေါင်၌ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော်ခုတင် ၁,၀၀၀  ဆေးရုံသို့ ပို့ဆောင်ထားကြောင်း   ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားသည့်နေရာ သို့ မီးသတ်ဗဟိုမှ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ယာဉ်မှုစစ်ရုံးမှ ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင်များ လာရောက် ၍ ဝိုင်းဝန်းမီးငြှိမ်းရာ  မီးငြိမ်းခဲ့သည်။

 ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ရုံးသည် နိုင်ငံခြားရေးဝန်ကြီး ဌာနအနီးတွင် တည်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top