×

ကိုယ့္အေနနဲ႔ တစ္ေယာက္ေယာက္ကို ခ်စ္ေနၿပီလို႔ခံစားရေပမယ့္ အခ်စ္ဟုတ္မဟုတ္ မေသခ်ာမေရရာဘူးျဖစ္ေနရင္ အခုေဖာ္ျပမယ့္ ေမးခြန္းေလးကို မျဖစ္မေန ရိုးရိုးသားသား ေျဖၾကည့္လိုက္ၿပီးမွ သူ႔ကိုခ်စ္တယ္လို႔ ေျပာလိုက္ပါ။ အခ်စ္စစ္ဟုတ္မဟုတ္ ခြဲျခားရခက္တဲ့အခိုက္တန္႔ေလးမွာ ေသခ်ာမစဥ္းစားဘဲ ခ်စ္တယ္လို႔ေျပာလိုက္ရင္ ႏွစ္ဦးႏွစ္ဖက္ ထိခိုက္နာက်င္မႈေတြျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ဒီေမးခြန္းေလးေတြကို ေျဖၾကည့္ပါေနာ္။

၁။ သူ႔ကိုမွ ထူးထူးျခားျခားခံစားေနရလား။

သူ႔ကိုေတြ႔ရင္ တျခားသူေတြကို ေတြ႔တာနဲ႔မတူဘဲ တစ္ခုခု ထူးျခားေနလား။ သင့္ႏွလံုးသားကေန ထူးထူးျခားျခားေလး သူ႔ကိုမွ special ျဖစ္တယ္လို႔ ခံစားေနရလားဆိုတာ ေမးပါ။ ရိုးရိုးသားသားေျဖၾကည့္ပါ။

၂။ တစ္ေယာက္ကိုယ္တစ္ေယာက္ တံခါးမရွိဓားမရွိ ပြင့္လင္းရဲ့လား။ (သို႔) ပြင့္လင္းႏိုင္လား။

သင္တို႔ႏွစ္ေယာက္တစ္ဦးေပၚတစ္ဦး ပြင့္ပြင့္လင္းလင္း ရိုးရိုးသားသားရွိတယ္ဆိုတာ ေသခ်ာရဲ့လားဆိုတဲ့ ေမးခြန္းကိုေမးသင့္ပါတယ္။ သင္သူ႔အေပၚ ရိုးသားတာေသခ်ာလား ၊ တစ္ခုဖံုးကြယ္ထားတာမရွိဘူးဆိုတာ ေသခ်ာလားဆိုတဲ့ေမးခြန္းကို အရင္ေမးသင့္ပါတယ္။ ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ လွ်ိဳ႕၀ွက္ခ်က္ဆိုတာ ခုလည္းမရွိသင့္သလို ေနာင္လည္း ရွိမလာသင့္ဘူးေလ။

၃။ သူ႔သူငယ္ခ်င္းက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးအေပၚ ဘယ္လိုထင္ျမင္ခ်က္ေပးၾကလဲ။

ခ်စ္သူႏွစ္ဦးရဲ့ ဆက္ဆံေရးခို္င္ၿမဲဖို႔ သူငယ္ခ်င္းေတြရဲ့ အကူအညီဆိုတာ လိုအပ္ပါတယ္ေနာ္။ သူတို႔ေတြဟာ သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးနဲ႔ပတ္သတ္တဲ့ မ်က္ျမင္သက္ေသေတြျဖစ္သလို သင္တို႔ႏွစ္ေယာက္ရဲ့ ျပႆနာေတြကိုလည္း အထိုက္အေလ်ာက္ေျပလည္ေအာင္ေျဖရွင္းေပးႏိုင္တဲ့သူေတြပါ။

၄။ တစ္ေယာက္ရဲ့ အားနည္းခ်က္ေတြကို တစ္ေယာက္လက္ခံရဲ့လား။

လူတိုင္းအျပစ္မကင္းၾကပါဘူး။ အတိတ္တိုင္းဟာမလွပႏိုင္သလို လူတိုင္းမျပည့္စံုပါဘူး။ သင့္ကိုယ္သင္ သူ႔ရဲ့ အဆိုး အေကာင္းေတြ အျပစ္အနာဆာေတြ ဆင္းရဲျခင္း ခ်မ္းသာျခင္းေတြ အားနည္းခ်က္၊ အားသာခ်က္၊ ၀ျခင္း ပိန္ျခင္းေတြ၊ ျဖဴျခင္း မဲျခင္းေတြ၊ အရပ္ရွည္ျခင္း ပုျခင္းစတဲ့ အရာေတြကို လက္ခံႏိုင္ရဲ့လားဆိုတဲ့ေမးခြန္းေမးသင့္ပါတယ္။

၅။ သူ႔ကိုအၿမဲတမ္း လိုအပ္ေနလား။

ကိုယ့္ဘ၀မွာ သူ႔ကို အၿမဲတမ္းလိုအပ္ေနလား။ သူ႔ကိုမရွိမျဖစ္လိုအပ္တာ ေသခ်ာလားဆိုတဲ့ေမးခြန္းကို ေမးျမန္သင့္ပါတယ္။ တနာစိတ္ေၾကာင့္ သူလွတာေၾကာင့္မဟုတ္ဘဲ သူ႔ကို ဒီအတိုင္းလိုအပ္ေနတာလားဆိုတဲ့ ေမးခြန္းကိုေမးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကိုယ့်အနေနဲ့ တစ်ယောက်ယောက်ကို ချစ်နေပြီလို့ခံစားရပေမယ့် အချစ်ဟုတ်မဟုတ် မသေချာမရေရာဘူးဖြစ်နေရင် အခုဖော်ပြမယ့် မေးခွန်းလေးကို မဖြစ်မနေ ရိုးရိုးသားသား ဖြေကြည့်လိုက်ပြီးမှ သူ့ကိုချစ်တယ်လို့ ပြောလိုက်ပါ။ အချစ်စစ်ဟုတ်မဟုတ် ခွဲခြားရခက်တဲ့အခိုက်တန့်လေးမှာ သေချာမစဉ်းစားဘဲ ချစ်တယ်လို့ပြောလိုက်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်နာကျင်မှုတွေဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းလေးတွေကို ဖြေကြည့်ပါနော်။

၁။ သူ့ကိုမှ ထူးထူးခြားခြားခံစားနေရလား။

သူ့ကိုတွေ့ရင် တခြားသူတွေကို တွေ့တာနဲ့မတူဘဲ တစ်ခုခု ထူးခြားနေလား။ သင့်နှလုံးသားကနေ ထူးထူးခြားခြားလေး သူ့ကိုမှ special ဖြစ်တယ်လို့ ခံစားနေရလားဆိုတာ မေးပါ။ ရိုးရိုးသားသားဖြေကြည့်ပါ။

၂။ တစ်ယောက်ကိုယ်တစ်ယောက် တံခါးမရှိဓားမရှိ ပွင့်လင်းရဲ့လား။ (သို့) ပွင့်လင်းနိုင်လား။

သင်တို့နှစ်ယောက်တစ်ဦးပေါ်တစ်ဦး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားရှိတယ်ဆိုတာ သေချာရဲ့လားဆိုတဲ့ မေးခွန်းကိုမေးသင့်ပါတယ်။ သင်သူ့အပေါ် ရိုးသားတာသေချာလား ၊ တစ်ခုဖုံးကွယ်ထားတာမရှိဘူးဆိုတာ သေချာလားဆိုတဲ့မေးခွန်းကို အရင်မေးသင့်ပါတယ်။ ချစ်သူနှစ်ဦးဆက်ဆံရေးမှာ လျှို့ဝှက်ချက်ဆိုတာ ခုလည်းမရှိသင့်သလို နောင်လည်း ရှိမလာသင့်ဘူးလေ။

၃။ သူ့သူငယ်ချင်းက သင်တို့နှစ်ယောက်ဆက်ဆံရေးအပေါ် ဘယ်လိုထင်မြင်ချက်ပေးကြလဲ။

ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးခိုင်မြဲဖို့ သူငယ်ချင်းတွေရဲ့ အကူအညီဆိုတာ လိုအပ်ပါတယ်နော်။ သူတို့တွေဟာ သင်တို့နှစ်ယောက်ဆက်ဆံရေးနဲ့ပတ်သတ်တဲ့ မျက်မြင်သက်သေတွေဖြစ်သလို သင်တို့နှစ်ယောက်ရဲ့ ပြဿနာတွေကိုလည်း အထိုက်အလျောက်ပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့သူတွေပါ။

၄။ တစ်ယောက်ရဲ့ အားနည်းချက်တွေကို တစ်ယောက်လက်ခံရဲ့လား။

လူတိုင်းအပြစ်မကင်းကြပါဘူး။ အတိတ်တိုင်းဟာမလှပနိုင်သလို လူတိုင်းမပြည့်စုံပါဘူး။ သင့်ကိုယ်သင် သူ့ရဲ့ အဆိုး အကောင်းတွေ အပြစ်အနာဆာတွေ ဆင်းရဲခြင်း ချမ်းသာခြင်းတွေ အားနည်းချက်၊ အားသာချက်၊ ဝခြင်း ပိန်ခြင်းတွေ၊ ဖြူခြင်း မဲခြင်းတွေ၊ အရပ်ရှည်ခြင်း ပုခြင်းစတဲ့ အရာတွေကို လက်ခံနိုင်ရဲ့လားဆိုတဲ့မေးခွန်းမေးသင့်ပါတယ်။

၅။ သူ့ကိုအမြဲတမ်း လိုအပ်နေလား။

ကိုယ့်ဘဝမှာ သူ့ကို အမြဲတမ်းလိုအပ်နေလား။ သူ့ကိုမရှိမဖြစ်လိုအပ်တာ သေချာလားဆိုတဲ့မေးခွန်းကို မေးမြန်သင့်ပါတယ်။ တနာစိတ်ကြောင့် သူလှတာကြောင့်မဟုတ်ဘဲ သူ့ကို ဒီအတိုင်းလိုအပ်နေတာလားဆိုတဲ့ မေးခွန်းကိုမေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top