လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

တစ္ခါက သူေဌးတစ္ဦးဟာ ၿခံတစ္ၿခံဝယ္လိုက္တယ္။ ၿခံထဲက အိမ္ကိုျပင္လိုက္တယ္။ ၿခံေနာက္မွာ ႏွစ္ခ်ဳိ႕သစ္သီးပင္ေတြ႐ွိတယ္။ ဒီအိမ္ကိုဝယ္ရတဲ့အေၾကာင္းရင္းက အဲဒီသစ္သီးပင္ေတြေၾကာင့္ပါပဲ။ အဲဒီအသီးေတြကို သူေဌးကေတာ္ႀကိဳက္ႏွစ္သက္လို႔ပါ။

အိမ္ျပင္ေနခ်ိန္အတြင္းမွာ မိတ္ေဆြတခ်ဳိ႕က ဖုန္းေ႐ႊဆရာေခၚၿပီး ဖုန္းေ႐ႊၾကည့္ဖို႔ သူေဌးကိုအႀကံေပးတယ္။ သူေဌးက ဒါေတြကို အယံုအၾကည္႐ွိသူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မိတ္ေဆြေတြကအႀကံေပးေတာ့ ဖုန္းေ႐ႊဆရာေခၚဖို႔ စဥ္းစားလိုက္တယ္။

ဖုန္းေ႐ႊဆရာက နာမည္ႀကီးတစ္ဦးပါ။ ဆရာကို အေဝးႀကီးကေန ပင့္ဖိတ္ၿပီး ဘူတာမွာ သူေဌးကိုယ္တိုင္သြားႀကိဳခဲ့ပါတယ္။ ဆရာကိုေခၚၿပီး အိမ္ကိုျပန္ရာလမ္းမွာ သူေဌးဟာ သူ႔ကားကိုေက်ာ္ဖို႔ႀကိဳးစားတဲ့ ကားတိုင္းကို လမ္းဖယ္ေပးခဲ့ပါတယ္။ ဒါကို ဖုန္းေ႐ႊဆရာကေတြ႔ေတာ့ “ခင္ဗ်ားကားေမာင္းတာ ေတာ္ေတာ္တည္ၿငိမ္တာပဲ” လို႔ဆိုတယ္။

သူေဌးက “ကားေက်ာ္ဖို႔ႀကိဳးစားသူတိုင္းဟာ အေရးႀကီးတဲ့ကိစၥတစ္ခုခု ႐ွိလို႔ေနမွာပါ။ သူတို႔သြားလိုရာလမ္းမွာ အခ်ိန္ေႏွာင့္ေႏွးလို႔မျဖစ္ဘူး” လို႔ ရယ္ၿပီး ေျပာပါတယ္။

အိမ္နားေရာက္ခါနီး လမ္းက်ဥ္းတစ္ခုမွာ သူေဌးက ကားအ႐ွိန္ကိုေလ်ာ့လိုက္ပါတယ္။

ကေလးငယ္တစ္ေယာက္ လမ္းၾကားကေန ၿပံဳးၿပံဳး႐ႊင္႐ႊင္ ထြက္ေျပးလာပါတယ္။ သူေဌးက ကားဘရိတ္အုပ္ၿပီး လမ္းေဘးခ်ထားလိုက္တယ္။ ကေလးငယ္ ျဖတ္ေက်ာ္သြားေပမယ့္ သူဟာ ကားဆက္မေမာင္းဘဲ ဘရိတ္ကိုနင္းၿပီး လမ္းၾကားဘက္ ၾကည့္ေနတုန္းပါ။ တစ္ခုခုကို ေစာင့္ေနသလိုပါပဲ… ခဏေနေတာ့ ကေလးငယ္ေနာက္တစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ထြက္ေျပးလာျပန္ပါတယ္။ ေ႐ွ႕ကေျပးသြားတဲ့ ကေလးေနာက္ လိုက္ေျပးသြားပါတယ္။

ဒါကို ဖုန္းေ႐ႊဆရာက “ေနာက္မွာ ကေလးတစ္ေယာက္႐ွိေသးတယ္ဆိုတာ ခင္ဗ်ားဘယ္လိုသိလဲ” လို႔ေမးပါတယ္။

သူေဌးက .. “ကေလးဆိုတာ တစ္ေယာက္ကိုတစ္ေယာက္ ေျပးလိုက္ .. လိုက္လိုက္ ေဆာ့ကစားၾကတယ္။ သူ႔တစ္ေယာက္တည္းနဲ႔ေတာ့ အဲေလာက္ ၿပံဳးၿပံဳး႐ႊင္႐ႊင္ေျပးလႊားေနမွာ မဟုတ္လို႔ပါ..” လို႔ဆိုတယ္။

အိမ္ကိုျပန္ေရာက္ေတာ့ သူေဌးက ကားေပၚကဆင္းၿပီး ၿခံတံခါးဖြင့္ဖို႔ ေသာ့ထုတ္ေတာ့ အိမ္ေနာက္ၿခံထဲမွာ ငွက္တခ်ဳိ႕ ႐ုတ္တရက္ ထျပန္သြားတာကို ေတြ႔လိုက္တယ္။ သူေဌးက ၿခံတံခါးမဖြင့္ေသးဘဲ အားနာတဲ့ပံုစံနဲ႔ “ဆရာ… ခဏေလာက္ ေစာင့္ပါေနာ္” လို႔ဆိုတယ္။

ဘာေၾကာင့္လဲလို႔ ဆရာကေမးေတာ့ သူေဌးက”အိမ္ေနာက္ၿခံထဲမွာ ကေလးေတြ သစ္သီးဝင္ခိုးေနတယ္ထင္တယ္။ ကၽြန္ေတာ္တို႔ အခုခ်ိန္ဝင္သြားရင္ ကေလးေတြလန္႔ၿပီး သစ္ပင္ေပၚက ျပဳတ္က်ရင္ ေျခလက္ေတြက်ဳိးမွာ စိုးတယ္။ သူတို႔ကို ေပးခူးလိုက္မယ္… ကၽြန္ေတာ္တို႔ ၿခံျပင္ဘက္ကို အရင္ပတ္ၾကည့္ၾကတာေပါ့” လို႔ဆိုတယ္။

သူေဌးရဲ႕ေျပာစကားကိုၾကားေတာ့ ဆရာက တစ္ခ်က္စဥ္းစားလိုက္ၿပီး “ကၽြန္ေတာ့္ကို ဘူတာပဲျပန္ပို႔လိုက္ပါ။ ဒီအိမ္ရဲ႕ ဖုန္းေ႐ႊကို ကၽြန္ေတာ္မၾကည့္ေတာ့ပါဘူး” လို႔ေျပာတယ္။

သူေဌးက တအံ့တၾသနဲ႔ ဘာျဖစ္လို႔လဲ ေမးေတာ့ ဆရာက

“ဟုတ္ပါတယ္… ခင္ဗ်ားသာ႐ွိရင္ ခင္ဗ်ား႐ွိတဲ့အရပ္က တကယ့္ဖုန္းေ႐ႊေကာင္းတဲ့ေနရာမို႔ပါ” လို႔႐ွင္းျပတယ္။

လူရဲ႕အျပဳအမူက ဖုန္းေ႐ႊျဖစ္သလို ကံတရားလည္းျဖစ္ပါတယ္။

အျပဳအမူလုပ္ရပ္ ေကာင္းတယ္၊ ၾကင္နာတတ္တယ္၊ ကိုယ္ခ်င္းစာတရားလက္ကိုင္ထားရင္ သူဘယ္ေရာက္ေရာက္ သူေရာက္တဲ့အရပ္ဟာ ဖုန္းေ႐ႊေကာင္းတဲ့အရပ္ျဖစ္တယ္။
ဆန္႔က်င္ဘက္အေနနဲ႔ အက်င့္စ႐ုိက္မေကာင္းသူ၊ ကိုယ္ခ်င္းစာတရား ကင္းမဲ့သူေတြဟာ ဘယ္လိုပဲ ႀကိဳးစား႐ုန္းကန္လည္း အက်ဳိးမျဖစ္ထြန္းပါဘူး။

ကိုယ္ကိုယ္တိုင္ဟာ အရာအားလံုးရဲ႕ ရင္းျမစ္ျဖစ္ပါတယ္။

wechat မွာ ဖတ္မိတဲ့စာတစ္ပုဒ္ ဘာသာျပန္မွ်ေဝပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: NineNineSaNay

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ ခြံထဲက အိမ်ကိုပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။ ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဖုန်းရွှေဆရာခေါ်ပြီး ဖုန်းရွှေကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဖုန်းရွှေဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဖုန်းရွှေဆရာက နာမည်ကြီးတစ်ဦးပါ။ ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။ ဆရာကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။ ဒါကို ဖုန်းရွှေဆရာကတွေ့တော့ “ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ” လို့ဆိုတယ်။

သူဌေးက “ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး” လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။

ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။ ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကိုနင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ… ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဖုန်းရွှေဆရာက “နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ” လို့မေးပါတယ်။

သူဌေးက .. “ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ..” လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပြန်သွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ “ဆရာ… ခဏလောက် စောင့်ပါနော်” လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက”အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ်… ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့” လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး “ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်ရဲ့ ဖုန်းရွှေကို ကျွန်တော်မကြည့်တော့ပါဘူး” လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက

“ဟုတ်ပါတယ်… ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ့်ဖုန်းရွှေကောင်းတဲ့နေရာမို့ပါ” လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ဖုန်းရွှေဖြစ်သလို ကံတရားလည်းဖြစ်ပါတယ်။

အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ဖုန်းရွှေကောင်းတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။

wechat မှာ ဖတ်မိတဲ့စာတစ်ပုဒ် ဘာသာပြန်မျှဝေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: NineNineSaNay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top