ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေအာင္ျမင္သူ၊ က်ရံႈးသူဆိုၿပီး ကြဲျပားသြားတာက အခ်ိန္ကို စနစ္တက် စီမံခန္႔ခြဲတတ္ပံုခ်င္း ကြာျခားလို႔ျဖစ္ပါတယ္။

လူတိုင္းလူတိုင္းမွာ တစ္ရက္ကို (၂၄) နာရီပဲ ရတာခ်င္းတူေပမယ့္ ေအာင္ျမင္သူ၊ က်ရံႈးသူဆိုၿပီး ကြဲျပားသြားတာက အခ်ိန္ကို စနစ္တက် စီမံခန္႔ခြဲတတ္ပံုခ်င္း ကြာျခားလို႔ျဖစ္ပါတယ္။ ေအာင္ျမင္သူက ပ်င္းရိခ်ိန္ေတာင္ မရဘဲ အလုပ္ကိုအားထုတ္ ႀကိဳးပမ္းေနခ်ိန္မွာ (သို႔မဟုတ္) ပညာရပ္တစ္ခုခုကို က်ားကုတ္က်ားခဲ ေလ့လာဆည္းပူးေနခ်ိန္မွာ က်ရႈံးသူကေတာ့ ပ်င္းရိျခင္း အေၾကာင္းတရား (၆) ပါးကို လက္ကိုင္ထားၿပီး comfort zone ထဲမွာ နစ္ေနတတ္ပါတယ္။

အခ်ိန္ကို စနစ္တက် စီမံခန္႔ခြဲတတ္ျခင္းဟာ ဘဝအတြက္ လက္ေတြ႕က်က်အသံုးဝင္တဲ႔ ပညာတစ္ခုပဲ ျဖစ္ပါတယ္။ အခ်ိန္ကို စနစ္တက် စီမံခန္႔ခြဲတတ္ခ်င္ရင္ေတာ့ ေအာက္ပါအခ်က္ေလးေတြကို သိထားဖို႔လိုပါတယ္။

၁။ ရည္မွန္းခ်က္ကို သိပါေစ

ကိုယ့္ဘဝရဲ႕ေရတိုရည္မွန္းခ်က္၊ ေရရွည္ရည္မွန္းခ်က္ေတြကို ရွင္းရွင္းလင္းလင္း သိပါေစ။ ကိုယ့္ရည္မွန္းခ်က္အတိုင္း ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ေနတဲ့အခ်ိန္ဟာ တန္ဖိုးရိွတဲ့အခ်ိန္ျဖစ္ၿပီး ကိုယ့္ကိုယ္ကိုလည္း ေလးစားတတ္လာပါလိမ့္မယ္။ ပန္းတိုင္မရွိတဲ့ အေျပးသမားဟာ ခရီးမေရာက္ႏိုင္သလိုပဲ ရည္မွန္းခ်က္မရွိတဲ့သူဟာလည္း ႀကိဳးစားခ်င္စိတ္ (motivation) ရွိမွာမဟုတ္ပါဘူး။

၂။ ဦးစားေပးရမယ့္အရာကို ဦးစားေပးပါ

ဦးစားေပးလုပ္ေဆာင္ရမယ့္ အလုပ္ကို ေရြးခ်ယ္ဦးစားေပးႏိုင္ဖို႔အတြက္ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေဆာင္တာေတြကို စာရင္းျပဳစုၿပီး အေရးႀကီး/မႀကီး ခြဲျခားပါ။ အေရးႀကီးမႈ အနိမ့္အျမင့္အလိုက္ အဆင့္သတ္မွတ္ခ်က္ေတြ ျပဳလုပ္ပါ။ ၿပီးရင္ေတာ့ အေရးႀကီးၿပီး ခ်က္ခ်င္းလုပ္ဖို႔လိုတဲ့ အလုပ္ေတြကစၿပီး အခ်ိန္မဆိုင္းဘဲ ခ်က္ခ်င္းလုပ္ေဆာင္ပါ။

၃။ ႀကိဳတင္ျပင္ဆင္ပါ

ညတိုင္း (၁၅) မိနစ္ခန္႔ အခ်ိန္ယူၿပီး ေနာက္တစ္ေန႔မွာ လုပ္ရမယ့္လုပ္ငန္းေဆာင္တာေတြကို စာရင္းလုပ္ၿပီး ၾကိဳတင္ျပင္ဆင္တတ္တဲ့ အက်င့္ေလးတစ္ခုကို လုပ္ထားပါ။ ဒီနည္းအားျဖင့္ လုပ္ကိုင္ရမယ့္အလုပ္ေတြကို မေမ့ေတာ့သလို အခ်ိန္ကိုစီမံခန္႔ခြဲတတ္တဲ့ အရည္အခ်င္းေတြလည္း ျမင့္တက္လာပါလိမ့္မယ္။

၄။ စိတ္ပ်ံ႕လႊင့္ေစမယ့္ အရာေတြကို ဖယ္ရွားပါ

ဆိုရွယ္မီဒီယာ (Facebook, Twitter) ၊ ရုပ္ရွင္နဲ႔ ဂိမ္းတို႔ကို စိတ္အပန္းေျဖခ်င္လိုတဲ့ အခ်ိန္ခဏမွတပါး အခ်ိန္ျပည့္နီးပါး သံုးစြဲေနမိျခင္းကို ေရွာင္ရွားပါ။ အထူးသျဖင့္ Facebook သံုးျခင္းဟာ လူကိုစြဲလမ္းေစတတ္တဲ့ သေဘာရွိၿပီး မိမိရဲ႕တန္ဖိုးရွိတဲ့ အခ်ိန္ေတြဟာ Facebook newsfeed မွာ ဟိုပြတ္ဒီပြတ္ ပြတ္ေနရင္း ကုန္ဆံုးသြားတာကို ထိတ္လန္႔ဖြယ္ ေတြ႕ျမင္ရပါလိမ့္မယ္။ (၂၁) ရာစုမွာ စမတ္ဖုန္းသံုးစြဲၿပီး မိမိလိုခ်င္တဲ့ သတင္းအခ်က္အလက္ကို လြယ္ကူစြာရယူႏိုင္သလို သတင္းအခ်က္အလက္က မိမိကိုသံုးစြဲသြားတာမ်ိဳး အျဖစ္မခံပါနဲ႔။

၅။ က်န္းမာေရးကို ဂရုစိုက္ပါ

အခ်ိန္ကို စနစ္တက်စီမံခန္႔ခြဲျခင္းဟု ဆိုရာမွာ အလုပ္ခ်ည္းပဲ လွိမ့္လုပ္ေနဖို႔မဟုတ္ဘဲ စနစ္တက်အိပ္စက္ အနားယူတတ္ဖို႔နဲ႔ ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ေလ႔က်င့္ခန္းေတြ ျပဳလုပ္တတ္ဖို႔လည္း လိုအပ္ပါေသးတယ္။ အဓိကကေတာ့ အခ်ိန္မွန္မွန္အိပ္၊ အခ်ိန္မွန္မွန္စား၊ အခ်ိန္မွန္မွန္ အလုပ္လုပ္ပါက အလုပ္ခ်ိန္တြင္လည္း ပင္ပန္းႏြမ္းနယ္မႈမရွိဘဲ အခ်ိန္တိုတိုနဲ႔ အလုပ္ကို စြမ္းေဆာင္ရည္ျပည့္ဝစြာ လုပ္ေဆာင္လာႏိုင္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အောင်မြင်သူ၊ ကျရှုံးသူဆိုပြီး ကွဲပြားသွားတာက အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ပုံချင်း ကွာခြားလို့ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းမှာ တစ်ရက်ကို (၂၄) နာရီပဲ ရတာချင်းတူပေမယ့် အောင်မြင်သူ၊ ကျရှုံးသူဆိုပြီး ကွဲပြားသွားတာက အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ပုံချင်း ကွာခြားလို့ဖြစ်ပါတယ်။ အောင်မြင်သူက ပျင်းရိချိန်တောင် မရဘဲ အလုပ်ကိုအားထုတ် ကြိုးပမ်းနေချိန်မှာ (သို့မဟုတ်) ပညာရပ်တစ်ခုခုကို ကျားကုတ်ကျားခဲ လေ့လာဆည်းပူးနေချိန်မှာ ကျရှုံးသူကတော့ ပျင်းရိခြင်း အကြောင်းတရား (၆) ပါးကို လက်ကိုင်ထားပြီး comfort zone ထဲမှာ နစ်နေတတ်ပါတယ်။

အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ခြင်းဟာ ဘဝအတွက် လက်တွေ့ကျကျအသုံးဝင်တဲ့ ပညာတစ်ခုပဲ ဖြစ်ပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ချင်ရင်တော့ အောက်ပါအချက်လေးတွေကို သိထားဖို့လိုပါတယ်။

၁။ ရည်မှန်းချက်ကို သိပါစေ

ကိုယ့်ဘဝရဲ့ရေတိုရည်မှန်းချက်၊ ရေရှည်ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်း သိပါစေ။ ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်မြောက်အောင် လုပ်ဆောင်နေတဲ့အချိန်ဟာ တန်ဖိုးရှိတဲ့အချိန်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားတတ်လာပါလိမ့်မယ်။ ပန်းတိုင်မရှိတဲ့ အပြေးသမားဟာ ခရီးမရောက်နိုင်သလိုပဲ ရည်မှန်းချက်မရှိတဲ့သူဟာလည်း ကြိုးစားချင်စိတ် (motivation) ရှိမှာမဟုတ်ပါဘူး။

၂။ ဦးစားပေးရမယ့်အရာကို ဦးစားပေးပါ

ဦးစားပေးလုပ်ဆောင်ရမယ့် အလုပ်ကို ရွေးချယ်ဦးစားပေးနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စာရင်းပြုစုပြီး အရေးကြီး/မကြီး ခွဲခြားပါ။ အရေးကြီးမှု အနိမ့်အမြင့်အလိုက် အဆင့်သတ်မှတ်ချက်တွေ ပြုလုပ်ပါ။ ပြီးရင်တော့ အရေးကြီးပြီး ချက်ချင်းလုပ်ဖို့လိုတဲ့ အလုပ်တွေကစပြီး အချိန်မဆိုင်းဘဲ ချက်ချင်းလုပ်ဆောင်ပါ။

၃။ ကြိုတင်ပြင်ဆင်ပါ

ညတိုင်း (၁၅) မိနစ်ခန့် အချိန်ယူပြီး နောက်တစ်နေ့မှာ လုပ်ရမယ့်လုပ်ငန်းဆောင်တာတွေကို စာရင်းလုပ်ပြီး ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်လေးတစ်ခုကို လုပ်ထားပါ။ ဒီနည်းအားဖြင့် လုပ်ကိုင်ရမယ့်အလုပ်တွေကို မမေ့တော့သလို အချိန်ကိုစီမံခန့်ခွဲတတ်တဲ့ အရည်အချင်းတွေလည်း မြင့်တက်လာပါလိမ့်မယ်။

၄။ စိတ်ပျံ့လွှင့်စေမယ့် အရာတွေကို ဖယ်ရှားပါ

ဆိုရှယ်မီဒီယာ (Facebook, Twitter) ၊ ရုပ်ရှင်နဲ့ ဂိမ်းတို့ကို စိတ်အပန်းဖြေချင်လိုတဲ့ အချိန်ခဏမှတပါး အချိန်ပြည့်နီးပါး သုံးစွဲနေမိခြင်းကို ရှောင်ရှားပါ။ အထူးသဖြင့် Facebook သုံးခြင်းဟာ လူကိုစွဲလမ်းစေတတ်တဲ့ သဘောရှိပြီး မိမိရဲ့တန်ဖိုးရှိတဲ့ အချိန်တွေဟာ Facebook newsfeed မှာ ဟိုပွတ်ဒီပွတ် ပွတ်နေရင်း ကုန်ဆုံးသွားတာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါလိမ့်မယ်။ (၂၁) ရာစုမှာ စမတ်ဖုန်းသုံးစွဲပြီး မိမိလိုချင်တဲ့ သတင်းအချက်အလက်ကို လွယ်ကူစွာရယူနိုင်သလို သတင်းအချက်အလက်က မိမိကိုသုံးစွဲသွားတာမျိုး အဖြစ်မခံပါနဲ့။

၅။ ကျန်းမာရေးကို ဂရုစိုက်ပါ

အချိန်ကို စနစ်တကျစီမံခန့်ခွဲခြင်းဟု ဆိုရာမှာ အလုပ်ချည်းပဲ လှိမ့်လုပ်နေဖို့မဟုတ်ဘဲ စနစ်တကျအိပ်စက် အနားယူတတ်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ပြုလုပ်တတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အဓိကကတော့ အချိန်မှန်မှန်အိပ်၊ အချိန်မှန်မှန်စား၊ အချိန်မှန်မှန် အလုပ်လုပ်ပါက အလုပ်ချိန်တွင်လည်း ပင်ပန်းနွမ်းနယ်မှုမရှိဘဲ အချိန်တိုတိုနဲ့ အလုပ်ကို စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top