×




Credit: takhon

# Unicode Version ဖြင့် ဖတ်ပါ #
သရုပ်ဆောင်ဇေယျ နဲ့ ဝိုင်းစုခိုင်သိန်း ဟာ တချိန်တည်းမှာ အနုပညာလောကထဲကိုအတူတူ ရောက်ရှိလာတာဖြစ်ပြီး ရိုက်ကူးရေးတွေမှာလည်း အတူတွဲရိုက်တာများတဲ့အတွက်ကြောင့် ပရိသတ်တွေက အမြင်တမျိုးထင်နေကြတာလည်းဖြစ်ပါတယ်။

‘တကယ်တမ်းက ကျတော်တို့က တကယ်သူငယ်ချင်းလို တကယ်မောင်နှမလို အရမ်းလည်းရင်းနှီးတယ် သူ့အိမ်ကိုမုန့်သွားစားတာတွေဘာတွေလည်းရှိတယ် တခါတလေကျရင်လည်းရယ်ရတယ် အန်တီ(ဝိုင်းစုအမေ)တို့က ပြောရင် ပရိသတ်ကတော့အထင်မှားတာပေါ့ ကိုယ်တွေကတော့ ကိုယ့်ဘာသာ ကိုယ်သူငယ်ချင်းလို မောင်နှမလိုဖြစ်နေတဲ့အတွက် တခါတလေကျရင်ပြောပြောပြီးတော့ ရယ်ချင်တာပေါ့နော်’

‘သူကစိတ်ကောက်တတ်တယ် သူငယ်ချင်းတွေအပေါ်အရမ်းသိတတ်တယ် အရမ်း ခင်ဖို့ကောင်းတယ် ပွင့်လင်းတယ် တခါတခါကျရင် ကျတော်တို့နဲ့ဆိုစလိုက်နောက်လိုက် ပွင့်ပွင့်လင်းလင်းပေါ့နော် သူတပါးကို အရမ်းကူညီတတ်တယ်’ လို့ Myanmar Cele 7 ရဲ့အင်တာဗျူးမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: takhon
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top