န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေခတ္ေပၚ အစဥ္အလာအရ လက္ထပ္ခြင့္ေတာင္းခံတဲ့ ပံုစံက ဒီလိုမ်ိဳးပါပဲ။ ခ်စ္သူေကာင္ေလးက ဒူးတစ္ဖက္ေထာက္ျပီး ခ်စ္သူေကာင္မေလးကို ခရမ္းရင့္ေရာင္ လက္စြပ္ဗူးေလးထဲမွာ တလက္လက္ေတာက္ပေနတဲ့ စိန္လက္စြပ္ကို ျပျပီး လက္ထပ္ဖို႕ခြင့္ေတာင္းတာပါ။

“ငါ့ကိုလက္ထပ္ႏိုင္မလား” ဆိုတဲ့ ေမးခြန္းမေမးမီ ဒူးအရင္ေထာက္ရတဲ့ အေၾကာင္းရင္းက ဘာမ်ားျဖစ္မလဲ။

ဒီလိုရိုမန္႕တစ္ ဆန္ဆန္အျပဳအမူမ်ိဳးက ဘယ္တုန္းက အစျပဳခဲ့လဲဆိုတာေတာ့ ဘယ္သူမွ မသိၾကဘူး။ဒါေပမယ့္ ဒီအျပဳအမူက ကတိေပးတယ္ဆိုတဲ့ သေဘာမ်ိဳးသက္ေရာက္တယ္လို႕ ထုတ္ေဖာ္တဲ့ သီအိုရီေတြေတာ့ရွိပါတယ္။

အလယ္ေခတ္ သူရဲေကာင္းေတြရဲ႕ ၾကင္နာသိမ္ေမြ႕ရဲရင္တဲ့ ပံုစံမ်ိဳး မတိမ္ေကာသြားတဲ့အျပင္ေနာက္ပိုင္းေခတ္သစ္ေရာက္လာခ်ိန္မွာလည္း အလယ္ေခတ္ေအဒီ ၁၁၀၀ ၊ ၁၄၀၀ တုန္းက ပိုးပန္းတဲ့ နည္းလမ္းေတြ သံုးၾကပါတယ္။ဒူးေထာက္တယ္ဆိုတာကလည္း ရိုမန္တစ္ဆန္တဲ့ အခမ္းအနားေတြမွာ ျပဳလုပ္ေနၾကတဲ့ ဓေလ့ တစ္မ်ိဳးပါ။

အလယ္ေခတ္ေအဒီ ၁၁၀၀ ၊၁၄၀၀ ေလာက္က အႏုပညာ ၊ စာေပေတြမွာဆို သူရဲေကာင္းေတြက သူတို႕ေျမပိုင္ရွင္သူေဌးေပးအပ္ ခ်ီးျမွင့္ တဲ့ ေျမကို လက္ခံယူခ်ိန္မွာ ဒူးေထာက္ၾကသလို သူတို႕ေလးစားခ်စ္ခင္တဲ့ မိန္းကေလးေတြေပၚမွာ သိမ္ေမြ႕ႏူးညံ့တဲ့အခ်စ္ေတြျပသဖို႕ဒူးေထာက္ၾကတာပါ။

ဒီလိုမ်ိဳး အလယ္ေခတ္ ရာစုရဲ႕ဓေလ့ထံုးတမ္းေလာက္နဲ႕ ရွင္းျပဖို႕ရန္မလံုေလာက္ပါဘူး။ ဘာသာေရးကလည္း အခန္းက႑ တစ္ခုအေနနဲ႕ ရပ္တည္ေနတာေၾကာင့္ပါ။ ခရစ္ယာန္ဘာသာ ၊ အစၥလာမ္ဘာသာ ယံုၾကည္ သက္၀င္သူေတြက ဘုရားသခင္ထံမွာ ထာ၀ရသက္၀င္ ယံုၾကည္မႈ ႏွင့္ ေလးစားမႈကို ျပသဖို႕ ဒူးေထာက္ ဆုေတာင္း ၀တ္ျပဳၾကပါတယ္။

ဒါေၾကာင့္မို႕ သင္ခ်စ္ရတဲ့ သူက ဒူးတစ္ဖက္ေထာက္ျပီး လက္စြပ္ေလးနဲ႕ အံ့အားသင့္ေအာင္ ျပဳလုပ္တာက သင့္ ရဲ႕ ‘ Yes’ဆိုတဲ့ အေျဖၾကားခ်င္ရံု တစ္ခုတည္း မဟုတ္ဘဲ သင့္ကို တန္ဖိုးးထား ျမတ္ႏိုးျပီး ထာ၀ရ ခ်စ္သြားႏိုင္ေၾကာင္းျပသေနတာျဖစ္လို႕ ဂုဏ္ယူလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May Moe
#Unicode Version#
ခေတ်ပေါ် အစဉ်အလာအရ လက်ထပ်ခွင့်တောင်းခံတဲ့ ပုံစံက ဒီလိုမျိုးပါပဲ။ ချစ်သူကောင်လေးက ဒူးတစ်ဖက်ထောက်ပြီး ချစ်သူကောင်မလေးကို ခရမ်းရင့်ရောင် လက်စွပ်ဗူးလေးထဲမှာ တလက်လက်တောက်ပနေတဲ့ စိန်လက်စွပ်ကို ပြပြီး လက်ထပ်ဖို့ခွင့်တောင်းတာပါ။

“ငါ့ကိုလက်ထပ်နိုင်မလား” ဆိုတဲ့ မေးခွန်းမမေးမီ ဒူးအရင်ထောက်ရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ။

ဒီလိုရိုမန့်တစ် ဆန်ဆန်အပြုအမူမျိုးက ဘယ်တုန်းက အစပြုခဲ့လဲဆိုတာတော့ ဘယ်သူမှ မသိကြဘူး။ဒါပေမယ့် ဒီအပြုအမူက ကတိပေးတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်လို့ ထုတ်ဖော်တဲ့ သီအိုရီတွေတော့ရှိပါတယ်။

အလယ်ခေတ် သူရဲကောင်းတွေရဲ့ ကြင်နာသိမ်မွေ့ရဲရင်တဲ့ ပုံစံမျိုး မတိမ်ကောသွားတဲ့အပြင်နောက်ပိုင်းခေတ်သစ်ရောက်လာချိန်မှာလည်း အလယ်ခေတ်အေဒီ ၁၁၀၀ ၊ ၁၄၀၀ တုန်းက ပိုးပန်းတဲ့ နည်းလမ်းတွေ သုံးကြပါတယ်။ဒူးထောက်တယ်ဆိုတာကလည်း ရိုမန်တစ်ဆန်တဲ့ အခမ်းအနားတွေမှာ ပြုလုပ်နေကြတဲ့ ဓလေ့ တစ်မျိုးပါ။

အလယ်ခေတ်အေဒီ ၁၁၀၀ ၊၁၄၀၀ လောက်က အနုပညာ ၊ စာပေတွေမှာဆို သူရဲကောင်းတွေက သူတို့မြေပိုင်ရှင်သူဌေးပေးအပ် ချီးမြှင့် တဲ့ မြေကို လက်ခံယူချိန်မှာ ဒူးထောက်ကြသလို သူတို့လေးစားချစ်ခင်တဲ့ မိန်းကလေးတွေပေါ်မှာ သိမ်မွေ့နူးညံ့တဲ့အချစ်တွေပြသဖို့ဒူးထောက်ကြတာပါ။

ဒီလိုမျိုး အလယ်ခေတ် ရာစုရဲ့ဓလေ့ထုံးတမ်းလောက်နဲ့ ရှင်းပြဖို့ရန်မလုံလောက်ပါဘူး။ ဘာသာရေးကလည်း အခန်းကဏ္ဍ တစ်ခုအနေနဲ့ ရပ်တည်နေတာကြောင့်ပါ။ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ်ဘာသာ ယုံကြည် သက်ဝင်သူတွေက ဘုရားသခင်ထံမှာ ထာဝရသက်ဝင် ယုံကြည်မှု နှင့် လေးစားမှုကို ပြသဖို့ ဒူးထောက် ဆုတောင်း ဝတ်ပြုကြပါတယ်။

ဒါကြောင့်မို့ သင်ချစ်ရတဲ့ သူက ဒူးတစ်ဖက်ထောက်ပြီး လက်စွပ်လေးနဲ့ အံ့အားသင့်အောင် ပြုလုပ်တာက သင့် ရဲ့ ‘ Yes’ဆိုတဲ့ အဖြေကြားချင်ရုံ တစ်ခုတည်း မဟုတ်ဘဲ သင့်ကို တန်ဖိုးးထား မြတ်နိုးပြီး ထာဝရ ချစ်သွားနိုင်ကြောင်းပြသနေတာဖြစ်လို့ ဂုဏ်ယူလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: May Moe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top