ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

 ကိုယ္ဗလာျဖင့္ ေျခေထာက္ တစ္ဖက္ကို ႀကိဳးခ်ည္ထားေသာ၊ ခႏၶာကိုယ္ ေသးသြယ္ေသာ ကေလးငယ္တစ္ဦး၏ ဓာတ္ပံုသည္ ျမင္ရသူမ်ားကို အံ့အားသင့္ေစခဲ့သည္။ လြတ္လြတ္လပ္လပ္ကစားလိုေသာ္လည္း သူ႔ေျခခ်င္း ဝတ္တစ္ဖက္ကို အိမ္တိုင္တြင္ တြဲ၍ ႀကိဳးခ်ည္ကာ အျခားေနရာသို႔ မသြားႏိုင္ရန္ ထိန္းခ်ဳပ္ခံထားရ သည္။ အိမ္တိုင္ကို ပတ္ခ်ာလည္ လွည့္ေနကာ သူ႔လြတ္ေျမာက္မႈကို ရွာေဖြေနသည္။

အဆိုပါကေလးသည္ ေဇာ္ မြိန္းဟု ပတ္ဝန္းက်င္က ခ်စ္စႏိုး ေခၚၾကေသာ အသက္ (၁၀)ႏွစ္ အရြယ္ စိုင္းဝင္းႏိုင္ဦးျဖစ္သည္။ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသ မိုးမိတ္ၿမိဳ႕ မန္အံုရြာရွိ ၎၏မိဘ မ်ားအိမ္တြင္ လြန္ခဲ့ေသာ သံုးႏွစ္ ခန္႔ကစတင္ကာ ေျခေထာက္ကို ေန႔စဥ္ ႀကိဳးခ်ည္ထားခံရၿပီး ကေလး ဘဝေပ်ာ္စရာအခ်ိန္မ်ားကို အက်ဥ္းက်သူ တစ္ဦးကဲ့သို႔ ျဖတ္သန္းေနရသည္။ ေမြးစမွ (၅)ႏွစ္အရြယ္အထိ ကိုယ္ေရာစိတ္ပါ က်န္းမာဖြံ႕ၿဖိဳးခဲ့ေသာ ရွမ္းတိုင္းရင္းသား စိုင္းေဇာ္မြိန္းသည္ အျပင္းဖ်ားသည္ကို ေဆးၿမီးတိုျဖင့္ ကုသရာမွငွက္ဖ်ားပိုး ဦးေႏွာက္ထဲဝင္ကာ စိတ္က်န္းမာေရးခ်ဳိ႕တဲ့သူဘဝသို႔ေရာက္သြားခဲ့သည္။

‘‘ကြၽန္မသားကို ႀကိဳးနဲ႔ဘယ္ ခ်ည္ခ်င္မလဲ။ ရြာထဲလႊတ္ထား ရင္ သစ္ပင္အျမင့္ေပၚတက္တာ ကေန ခုန္ခ်တာမ်ဳိးေတြလုပ္ေတာ့ ကြၽန္မတို႔ မအားတဲ့အခ်ိန္ ႀကိဳးနဲ႔ ခ်ည္ထားရတယ္။ ဒါမွ သူ အႏၲရာယ္မျဖစ္မွာ’’ဟုသားျဖစ္သူ ကို အိမ္တိုင္တြင္ ႀကိဳးႏွင့္မခ်ည္ ခ်င္ဘဲ အႏၲရာယ္ျဖစ္မည္စိုး၍ ခ်ည္ထားရေၾကာင္း မိခင္ျဖစ္သူ ေအးမန္က ဖြင့္ဟသည္။ အသက္ (၃၀)အရြယ္ ရွမ္းတိုင္းရင္းသူ ေအးမန္တို႔သားအမိထံ အျဖစ္ ဆိုးက လြန္ခဲ့ေသာငါးႏွစ္က ေရာက္လာခဲ့သည္။ မူႀကိဳတက္ ေနေသာ (၅)ႏွစ္အရြယ္ စိုင္းေဇာ္ မြိန္းသည္ အျပင္းဖ်ားၿပီး မိုးမိတ္ ေဆး႐ံုတြင္ တစ္လခန္႔ ကုသခံ ေသာ္လည္း မသက္သာ၍ မိုး ကုတ္ေဆး႐ံုသို႔လႊဲရာ က်န္းမာ ေရးဗဟုသုတနည္းပါးေသာ ေအး မန္တို႔ ဇနီးေမာင္ႏွံက သားကို ေဆး႐ံုသို႔ ေခၚမသြားေတာ့ဘဲ ရြာ သို႔ျပန္ေခၚလာကာ ေဆးၿမီးတို ျဖင့္ ကုသရန္ ဆံုးျဖတ္ခဲ့သည္။ ေနာက္ဆံုးတြင္ ငွက္ဖ်ားပိုးဦး ေႏွာက္ထဲဝင္ကာ စိုင္းေဇာ္မြိန္း တစ္ေယာက္ စိတ္ေရာဂါေဝဒနာ ရွင္ဘဝ ေရာက္သြားေတာ့သည္။

စိုင္းေဇာ္မြိန္းတြင္ (၈) ႏွစ္ ႏွင့္ (၃)ႏွစ္အရြယ္ ညီမႏွစ္ဦးရွိ ေသးသည္။ စိုင္းေဇာ္မြိန္းက သား ႀကီးျဖစ္ေသာ္လည္း လူမမယ္ ညီမႏွစ္ေယာက္ၾကားတြင္ ေမာင္ ငယ္ကဲ့သို႔ ျဖစ္ေနသည္။ မိဘမ်ား က ေန႔စားအလုပ္သမားမ်ားျဖစ္ ၿပီး အလုပ္ေပၚလာပါက စိုင္း ေဇာ္မြိန္းကို အိမ္တိုင္တြင္ ႀကိဳး ခ်ည္ခဲ့ကာ အလုပ္ထြက္လုပ္ သည္။ ပထမတန္းတက္ေနေသာ ညီမ ေက်ာင္းမွျပန္လာပါက စိုင္း ေဇာ္မြိန္းကို ႀကိဳးေျဖ၍ ထိန္းရ သည္။ ႀကိဳးျဖည္ထားပါက သူ လုပ္ေလ့ရွိသည္မွာ အနီးပတ္ဝန္း က်င္အိမ္မ်ားေပၚတက္၍ ဆား ဘူး၊ ဆီဘူးမ်ားကို အဖံုးဖြင့္သြန္ ျခင္းျဖစ္ေၾကာင္း မိခင္ေအးမန္က ေျပာသည္။ အေနတည္ၿငိမ္ေအး ခ်မ္းေသာ္လည္း ၎စိတ္ထင္ရာ လုပ္တတ္၍ အိမ္တိုင္တြင္ ႀကိဳး ခ်ည္ခံရေၾကာင္း ရွင္းျပသည္။

ႀကိဳးေျဖေပးပါက ခါး အနည္းငယ္ကုန္းကာ ေလးကန္ ေနေသာ ေျခလွမ္းမ်ားျဖင့္ ဦး တည္ရာ သြားေလ့ရွိသည္။ ေတြ႕ ရာမုန္႔ ေကာက္စားသည္။ မ်က္ လံုးမ်ားက စူးရွၾကည္လင္ေသာ္ လည္း အၾကည့္တို႔က အဓိပၸာယ္ မဲ့သလိုရွိေနသည္။ အဝတ္အစား ဝတ္ေပးသည့္တိုင္ လူလစ္သည္ ႏွင့္ ခြၽတ္ပစ္သည္။ (၁၀)ႏွစ္ အရြယ္သာ ရွိေသးေသာ္လည္း ဆံပင္တို႔က ျဖဴခ်င္ခ်င္ျဖစ္ေန သည္။ ငယ္စဥ္က သူႀကိဳက္ေသာ သီခ်င္းမ်ားကို တီတီတာတာႏွင့္ လိုက္ဆိုခဲ့ေသာ စိုင္းေဇာ္မြိန္းတစ္ ေယာက္ စိတ္ပုိင္းဆိုင္ရာ ခြၽတ္ ယြင္းမႈ ျဖစ္ေပၚၿပီးေနာက္ လံုးဝ ႏႈတ္ဆိတ္သြားေတာ့သည္။ တစ္ ခါတစ္ရံ ဗလံုးဗေထြး ညည္းညဴ သည္မွအပ မည္သည့္စကားမွ် မေျပာေတာ့သည္မွာ ငါးႏွစ္ရွိၿပီ ဟု မိခင္ကဆိုသည္။

သို႔ေသာ္ ေမာင္ေဇာ္မြိန္းကိုရန္ကုန္ၿမိဳ႕သို႔ ပို႔ေဆာင္၍ ေဆး ကုသေပးႏိုင္ရန္ ကူညီေပးေန ေသာ မိုးမိတ္ၿမိဳ႕ခံ ကိုထြန္းက ‘‘ရြာထဲကို လႊတ္ထားလိုက္မယ္ ဆိုရင္ မီးျခစ္တစ္လံုးနဲ႔ အိမ္ေတြ မီး႐ိႈ႕လိုက္မလားေပါ့။ မိဘေတြ က ႀကံဖန္စိုးရိမ္ေတာ့ ႀကိဳးခ်ည္ခဲ့ ရတဲ့ အေျခအေနျဖစ္သြားတာ ေပါ့။ မိဘေတြက အသိပညာ အရမ္းနည္းတယ္။ ကေလးက ယဥ္ေက်းသိမ္ေမြ႕တယ္။ မ႐ိုင္း ဘူး’’ဟုေျပာသည္။

ဥပဓိ႐ုပ္ေကာင္းၿပီး ထက္ ျမက္ပံုရေသာ စိုင္းေဇာ္မြိန္းကို ေရာဂါစတင္ ခံစားရစဥ္အခ်ိန္ ကတည္းက စနစ္တက် ကုသမႈ မလုပ္ခဲ့ျခင္းသည္ မိဘမ်ား၏ လို အပ္ခ်က္ျဖစ္ေၾကာင္း စိတ္ေရာဂါ ကု ဆရာဝန္မ်ားႏွင့္ အေထြေထြ ေရာဂါကုဆရာဝန္အခ်ဳိ႕က ေျပာ သည္။ စိတ္ေရာဂါသည္ ကုသပါ က ေပ်ာက္ကင္းေသာေရာဂါျဖစ္ ၿပီး နည္းလမ္းမွန္မွန္ႏွင့္ ျမန္ျမန္ ဆန္ဆန္ အေျဖရွာရန္သာ အေရး ႀကီးေၾကာင္း စိတ္က်န္းမာေရး အထူးကုဆရာဝန္ ေဒါက္တာ သက္ေအာင္က စိုင္းေဇာ္မြိန္း အတြက္ အားေပးစကားေျပာသည္။

‘‘သူတုိ႔ကို ပတ္ဝန္းက်င္မွာ အတတ္ႏိုင္ဆံုး လိုက္ေရာညီေထြ စြာ ေနႏိုင္ေအာင္ သူတို႔ကိုယ္သူ တို႔ အတတ္ႏိုင္ဆံုး ထိန္းေက်ာင္း တတ္ေအာင္သာ Training လုပ္ ေပးရေလ့ရွိတယ္’’ဟု ေဒါက္တာ သက္ေအာင္က အႀကံျပဳသည္။

မိုးမိတ္ၿမိဳ႕ ေဆး႐ံုအုပ္ ေဒါက္တာစိုးညီညီက စိုင္းေဇာ္ မြိန္းကို ၎၏မိဘမ်ားက အိမ္ တိုင္တြင္ ႀကိဳးျဖင့္ခ်ည္ထားျခင္း သည္ လြဲမွားေသာ လုပ္ရပ္ျဖစ္ ၿပီး ၎တာဝန္က်သည့္ တစ္ႏွစ္ ခန္႔ကာလအတြင္း ေဆး႐ံုသို႔ တစ္ ႀကိမ္မွ် လာေရာက္ျပသဖူးျခင္း မရွိဟုဆိုသည္။ နားလည္တတ္ ကြၽမ္းေသာ ဆရာဝန္မ်ားႏွင့္ တိုင္ ပင္ကုသပါက ေရာဂါအေျခအေန အေပါင္းလကၡဏာ ေဆာင္လာ ႏိုင္သည္ဟုဆိုသည္။

စိုင္းေဇာ္မြိန္းကဲ့သို႔ ငယ္စဥ္ အခါက ျပင္းထန္ေသာေရာဂါ တစ္ခုခု ခံစားရကာ မိဘမ်ား၏ က်န္းမာေရးအသိပညာနည္းပါး မႈေၾကာင့္ အနာဂတ္ေပ်ာက္ရွ သြားေသာ ကေလးငယ္မ်ားလည္း ေဒသအမ်ားစုတြင္ ရွိေနသည္။ မေကြးတိုင္းေဒသႀကီး ပြင့္ျဖဴၿမိဳ႕ နယ္ ကုန္းေဇာင္းၿမိဳ႕ေန ကိုဟန္ဝင္းေအာင္က လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာေသာ စိုင္းေဇာ္မြိန္းကိုေတြ႕ျမင္ၿပီးေနာက္ ၎၏ညီငယ္၏ ျဖစ္ရပ္ႏွင့္ ႏိႈင္းယွဥ္ကာ မိုးမိတ္ၿမိဳ႕ရွိ လူမႈေရးအဖြဲ႕မ်ားထံ ဖုန္းဆက္၍ အႀကံျပဳခဲ့သည္။ ကိုဟန္ဝင္းေအာင္၏ (၁၃)ႏွစ္ အရြယ္ညီငယ္သည္ ေမြးၿပီး ေျခာက္လအၾကာ၌ အတက္ ေရာဂါရခဲ့ေသာေၾကာင့္ ရြာမွ ဗိေႏၶာဆရာကို အားကိုးကာ ေဆးၿမီးတိုႏွင့္ ကုသရာမွ ဦးေႏွာက္ထိခိုက္ခဲ့သည္။ ရန္ကုန္ၿမိဳ႕ ဟယ္လ္ပင္ ကေလးေဆး႐ံုတြင္ စနစ္တက် ေဆးကုသမႈခံယူၿပီး ရြာသာႀကီး စိတ္က်န္းမာေရး ေဆး႐ံု၌ ထပ္မံကုသခဲ့ရာ ေရာဂါအေျခအေန သက္သာခဲ့ေၾကာင္း ၎၏ အေတြ႕အႀကံဳကို ေျပာသည္။

‘‘သူတို႔စိတ္ထဲမွာ စြဲလမ္းတဲ့ အရာတစ္ခုကိုပဲ ေဇာင္းေပးၿပီး လုပ္တာ။  ပံုမွန္လူေတြ လက္မခံ ႏိုင္တဲ့ အလုပ္မ်ဳိးေတြ လိုက္လုပ္ တယ္။ ဆိုင္ကယ္အိတ္ေဇာ ေပါက္ေတြထဲကို ေက်ာက္ခဲေတြ လိုက္ထည့္တယ္။ သူမ်ားအိမ္က ဘူးဆို႔၊ ပုလင္းဆို႔ေတြယူတယ္။ ရြာမွာက ကေလးကို နားလည္ မေပးႏိုင္တဲ့သူေတြက ကေလးကို ႐ိုက္လႊတ္တာ၊ လုပ္လႊတ္တာ ေတြရွိခဲ့တာေပါ့ဗ်ာ’’ဟု ညီ၏ အတိတ္ျဖစ္ရပ္မ်ားအေပၚ ဝမ္း နည္းဟန္ျဖင့္ ရင္ဖြင့္သည္။ ညီႏွင့္ ႐ုပ္ခ်င္းဆင္းသူ စိုင္းေဇာ္မြိန္းကို မိဘမ်ားႏွင့္လူ႔အဖြဲ႕အစည္း ခ်ိတ္ ဆက္ကာအေကာင္းဆံုး ကုသ ေပးႏိုင္ရန္ ကိုဟန္ဝင္းေအာင္က ဆႏၵျပဳသည္။ယခုအခါ စိုင္းေဇာ္မြိန္းကို ရန္ကုန္ၿမိဳ႕ ရြာသာႀကီးစိတ္က်န္း မာေရးေဆး႐ံု၌ ျပသ၍ ကုသမႈ ေပးရန္ မိုးမိတ္ေဒသခံ ပရဟိတ အေရး ေဆာင္ရြက္သူမ်ားက ႀကိဳး ပမ္းေနသည္။ ယခုအခါ မေအး မန္က ၎တို႔မိသားစုအေနျဖင့္ ေငြေၾကးမရွိဘဲ လူသာလိုက္ပါ လာႏိုင္မည့္ အေျခအေနျဖစ္ ေၾကာင္း ေျပာျပသည္။

 စိုင္းေဇာ္မြိန္းထံသြား၍ အဝတ္အစားသစ္မ်ား၊ အ႐ုပ္မ်ား ေပးရာ ယခင္ထက္ မ်က္ႏွာေပး ပိုၾကည္လင္လာၿပီး လက္ခုပ္ လက္ဝါးတီးကာ ေပ်ာ္ရႊင္ဟန္ျပ ေၾကာင္း ေဒသခံ ေဒၚျမသက္ခ်ဳိ က အားတက္သေရာ ေျပာသည္။ စိုင္းေဇာ္မြိန္းကို အနီးကပ္ေႏြးေႏြး ေထြးေထြး ေနေပးရာ ေပ်ာ္ရႊင္ ဟန္အတိုင္းသားျပၿပီး ကမၻာ ေက်ာ္ ကာတြန္းဇာတ္ကား ေၾကာင္ႏွင့္ႂကြက္ (Tom and Jerry) ကားကိုၾကည္ကာ တီးလံုး သံကို ႏႈတ္ကလိုက္ညည္းေနတတ္ ၿပီဟု ေဒၚျမသက္ခ်ဳိက ေျပာ သည္။

မိဘႏွစ္ပါးက မူးယစ္ေဆးစြဲ ေနေသာ သားသမီးမ်ားကို ေကြၽး ေမြးျပဳစုျခင္းမျပဳေတာ့၍ အာဟာ ရျပတ္ေနေသာ လသားအရြယ္ ညီမႏွင့္ ငါးႏွစ္အရြယ္ ေမာင္ျဖစ္ သူကို ရြာႏွင့္ မိုင္ ၃၀ ခန္႔အကြာ ၿမိဳ႕ေပၚသို႔ အေျပးေခၚေဆာင္လာ ခဲ့ေသာ အသက္ (၁၂)ႏွစ္အရြယ္ မိန္းကေလးငယ္ တစ္ဦးကိုမူ အနာဂတ္အေရး စိတ္ေအးေစ မည့္ အစိုးရ၏ ေစာင့္ေရွာက္ေရး ေဂဟာသို႔ ပို႔ေဆာင္ေပးႏိုင္ခဲ့ေသာ ျဖစ္ရပ္တစ္ခု မိုးမိတ္ၿမိဳ႕သမိုင္း တြင္ လြန္ခဲ့ေသာ ေလးလခန္႔က ေပၚေပါက္ခဲ့သည္။

ကံအေၾကာင္း မလွစြာျဖင့္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခဲ့သူ စိုင္း ေဇာ္မြိန္းသည္ ရန္ကုန္ၿမိဳ႕ရွိ ရြာသာႀကီး စိတ္က်န္းမာေရး ေဆး႐ံု၌ ကုသမႈခံယူေတာ့မည္ ျဖစ္သည္။ သို႔ေသာ္ စိုင္းေဇာ္မြိန္း တစ္ေယာက္ လူ႔အဖြဲ႕အစည္း၏ ဝိုင္းဝန္းပံ့ပိုးမႈျဖင့္ လူေကာင္း ပကတိျပန္ျဖစ္မည္လား (သို႔မ ဟုတ္) မိုးမိတ္ၿမိဳ႕ မန္အံုရြာရွိ သူ႔ မိဘမ်ား၏အိမ္မွ ခ်ည္တိုင္တြင္ ျပန္လည္အခ်ည္ခံရမည္လားဆို သည္ကိုမူ မည္သူကမွ်ကံေသကံမ မေျပာႏိုင္ေသးေပ။  ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ကိုယ်ဗလာဖြင့် ခြေထောက် တစ်ဖက်ကို ကြိုးချည်ထားသော၊ ခန္ဓာကိုယ် သေးသွယ်သော ကလေးငယ်တစ်ဦး၏ ဓာတ်ပုံသည် မြင်ရသူများကို အံ့အားသင့်စေခဲ့သည်။ လွတ်လွတ်လပ်လပ်ကစားလိုသော်လည်း သူ့ခြေချင်း ဝတ်တစ်ဖက်ကို အိမ်တိုင်တွင် တွဲ၍ ကြိုးချည်ကာ အခြားနေရာသို့ မသွားနိုင်ရန် ထိန်းချုပ်ခံထားရ သည်။ အိမ်တိုင်ကို ပတ်ချာလည် လှည့်နေကာ သူ့လွတ်မြောက်မှုကို ရှာဖွေနေသည်။

အဆိုပါကလေးသည် ဇော် မွိန်းဟု ပတ်ဝန်းကျင်က ချစ်စနိုး ခေါ်ကြသော အသက် (၁၀)နှစ် အရွယ် စိုင်းဝင်းနိုင်ဦးဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မိုးမိတ်မြို့ မန်အုံရွာရှိ ၎င်း၏မိဘ များအိမ်တွင် လွန်ခဲ့သော သုံးနှစ် ခန့်ကစတင်ကာ ခြေထောက်ကို နေ့စဉ် ကြိုးချည်ထားခံရပြီး ကလေး ဘဝပျော်စရာအချိန်များကို အကျဉ်းကျသူ တစ်ဦးကဲ့သို့ ဖြတ်သန်းနေရသည်။ မွေးစမှ (၅)နှစ်အရွယ်အထိ ကိုယ်ရောစိတ်ပါ ကျန်းမာဖွံ့ဖြိုးခဲ့သော ရှမ်းတိုင်းရင်းသား စိုင်းဇော်မွိန်းသည် အပြင်းဖျားသည်ကို ဆေးမြီးတိုဖြင့် ကုသရာမှငှက်ဖျားပိုး ဦးနှောက်ထဲဝင်ကာ စိတ်ကျန်းမာရေးချို့တဲ့သူဘဝသို့ရောက်သွားခဲ့သည်။

‘‘ကျွန်မသားကို ကြိုးနဲ့ဘယ် ချည်ချင်မလဲ။ ရွာထဲလွှတ်ထား ရင် သစ်ပင်အမြင့်ပေါ်တက်တာ ကနေ ခုန်ချတာမျိုးတွေလုပ်တော့ ကျွန်မတို့ မအားတဲ့အချိန် ကြိုးနဲ့ ချည်ထားရတယ်။ ဒါမှ သူ အန္တရာယ်မဖြစ်မှာ’’ဟုသားဖြစ်သူ ကို အိမ်တိုင်တွင် ကြိုးနှင့်မချည် ချင်ဘဲ အန္တရာယ်ဖြစ်မည်စိုး၍ ချည်ထားရကြောင်း မိခင်ဖြစ်သူ အေးမန်က ဖွင့်ဟသည်။ အသက် (၃၀)အရွယ် ရှမ်းတိုင်းရင်းသူ အေးမန်တို့သားအမိထံ အဖြစ် ဆိုးက လွန်ခဲ့သောငါးနှစ်က ရောက်လာခဲ့သည်။ မူကြိုတက် နေသော (၅)နှစ်အရွယ် စိုင်းဇော် မွိန်းသည် အပြင်းဖျားပြီး မိုးမိတ် ဆေးရုံတွင် တစ်လခန့် ကုသခံ သော်လည်း မသက်သာ၍ မိုး ကုတ်ဆေးရုံသို့လွှဲရာ ကျန်းမာ ရေးဗဟုသုတနည်းပါးသော အေး မန်တို့ ဇနီးမောင်နှံက သားကို ဆေးရုံသို့ ခေါ်မသွားတော့ဘဲ ရွာ သို့ပြန်ခေါ်လာကာ ဆေးမြီးတို ဖြင့် ကုသရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ငှက်ဖျားပိုးဦး နှောက်ထဲဝင်ကာ စိုင်းဇော်မွိန်း တစ်ယောက် စိတ်ရောဂါဝေဒနာ ရှင်ဘဝ ရောက်သွားတော့သည်။

စိုင်းဇော်မွိန်းတွင် (၈) နှစ် နှင့် (၃)နှစ်အရွယ် ညီမနှစ်ဦးရှိ သေးသည်။ စိုင်းဇော်မွိန်းက သား ကြီးဖြစ်သော်လည်း လူမမယ် ညီမနှစ်ယောက်ကြားတွင် မောင် ငယ်ကဲ့သို့ ဖြစ်နေသည်။ မိဘများ က နေ့စားအလုပ်သမားများဖြစ် ပြီး အလုပ်ပေါ်လာပါက စိုင်း ဇော်မွိန်းကို အိမ်တိုင်တွင် ကြိုး ချည်ခဲ့ကာ အလုပ်ထွက်လုပ် သည်။ ပထမတန်းတက်နေသော ညီမ ကျောင်းမှပြန်လာပါက စိုင်း ဇော်မွိန်းကို ကြိုးဖြေ၍ ထိန်းရ သည်။ ကြိုးဖြည်ထားပါက သူ လုပ်လေ့ရှိသည်မှာ အနီးပတ်ဝန်း ကျင်အိမ်များပေါ်တက်၍ ဆား ဘူး၊ ဆီဘူးများကို အဖုံးဖွင့်သွန် ခြင်းဖြစ်ကြောင်း မိခင်အေးမန်က ပြောသည်။ အနေတည်ငြိမ်အေး ချမ်းသော်လည်း ၎င်းစိတ်ထင်ရာ လုပ်တတ်၍ အိမ်တိုင်တွင် ကြိုး ချည်ခံရကြောင်း ရှင်းပြသည်။

ကြိုးဖြေပေးပါက ခါး အနည်းငယ်ကုန်းကာ လေးကန် နေသော ခြေလှမ်းများဖြင့် ဦး တည်ရာ သွားလေ့ရှိသည်။ တွေ့ ရာမုန့် ကောက်စားသည်။ မျက် လုံးများက စူးရှကြည်လင်သော် လည်း အကြည့်တို့က အဓိပ္ပာယ် မဲ့သလိုရှိနေသည်။ အဝတ်အစား ဝတ်ပေးသည့်တိုင် လူလစ်သည် နှင့် ချွတ်ပစ်သည်။ (၁၀)နှစ် အရွယ်သာ ရှိသေးသော်လည်း ဆံပင်တို့က ဖြူချင်ချင်ဖြစ်နေ သည်။ ငယ်စဉ်က သူကြိုက်သော သီချင်းများကို တီတီတာတာနှင့် လိုက်ဆိုခဲ့သော စိုင်းဇော်မွိန်းတစ် ယောက် စိတ်ပိုင်းဆိုင်ရာ ချွတ် ယွင်းမှု ဖြစ်ပေါ်ပြီးနောက် လုံးဝ နှုတ်ဆိတ်သွားတော့သည်။ တစ် ခါတစ်ရံ ဗလုံးဗထွေး ညည်းညူ သည်မှအပ မည်သည့်စကားမျှ မပြောတော့သည်မှာ ငါးနှစ်ရှိပြီ ဟု မိခင်ကဆိုသည်။

သို့သော် မောင်ဇော်မွိန်းကိုရန်ကုန်မြို့သို့ ပို့ဆောင်၍ ဆေး ကုသပေးနိုင်ရန် ကူညီပေးနေ သော မိုးမိတ်မြို့ခံ ကိုထွန်းက ‘‘ရွာထဲကို လွှတ်ထားလိုက်မယ် ဆိုရင် မီးခြစ်တစ်လုံးနဲ့ အိမ်တွေ မီးရှို့လိုက်မလားပေါ့။ မိဘတွေ က ကြံဖန်စိုးရိမ်တော့ ကြိုးချည်ခဲ့ ရတဲ့ အခြေအနေဖြစ်သွားတာ ပေါ့။ မိဘတွေက အသိပညာ အရမ်းနည်းတယ်။ ကလေးက ယဉ်ကျေးသိမ်မွေ့တယ်။ မရိုင်း ဘူး’’ဟုပြောသည်။

ဥပဓိရုပ်ကောင်းပြီး ထက် မြက်ပုံရသော စိုင်းဇော်မွိန်းကို ရောဂါစတင် ခံစားရစဉ်အချိန် ကတည်းက စနစ်တကျ ကုသမှု မလုပ်ခဲ့ခြင်းသည် မိဘများ၏ လို အပ်ချက်ဖြစ်ကြောင်း စိတ်ရောဂါ ကု ဆရာဝန်များနှင့် အထွေထွေ ရောဂါကုဆရာဝန်အချို့က ပြော သည်။ စိတ်ရောဂါသည် ကုသပါ က ပျောက်ကင်းသောရောဂါဖြစ် ပြီး နည်းလမ်းမှန်မှန်နှင့် မြန်မြန် ဆန်ဆန် အဖြေရှာရန်သာ အရေး ကြီးကြောင်း စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာ သက်အောင်က စိုင်းဇော်မွိန်း အတွက် အားပေးစကားပြောသည်။

‘‘သူတို့ကို ပတ်ဝန်းကျင်မှာ အတတ်နိုင်ဆုံး လိုက်ရောညီထွေ စွာ နေနိုင်အောင် သူတို့ကိုယ်သူ တို့ အတတ်နိုင်ဆုံး ထိန်းကျောင်း တတ်အောင်သာ Training လုပ် ပေးရလေ့ရှိတယ်’’ဟု ဒေါက်တာ သက်အောင်က အကြံပြုသည်။

မိုးမိတ်မြို့ ဆေးရုံအုပ် ဒေါက်တာစိုးညီညီက စိုင်းဇော် မွိန်းကို ၎င်း၏မိဘများက အိမ် တိုင်တွင် ကြိုးဖြင့်ချည်ထားခြင်း သည် လွဲမှားသော လုပ်ရပ်ဖြစ် ပြီး ၎င်းတာဝန်ကျသည့် တစ်နှစ် ခန့်ကာလအတွင်း ဆေးရုံသို့ တစ် ကြိမ်မျှ လာရောက်ပြသဖူးခြင်း မရှိဟုဆိုသည်။ နားလည်တတ် ကျွမ်းသော ဆရာဝန်များနှင့် တိုင် ပင်ကုသပါက ရောဂါအခြေအနေ အပေါင်းလက္ခဏာ ဆောင်လာ နိုင်သည်ဟုဆိုသည်။

စိုင်းဇော်မွိန်းကဲ့သို့ ငယ်စဉ် အခါက ပြင်းထန်သောရောဂါ တစ်ခုခု ခံစားရကာ မိဘများ၏ ကျန်းမာရေးအသိပညာနည်းပါး မှုကြောင့် အနာဂတ်ပျောက်ရှ သွားသော ကလေးငယ်များလည်း ဒေသအများစုတွင် ရှိနေသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ် ကုန်းဇောင်းမြို့နေ ကိုဟန်ဝင်းအောင်က လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော စိုင်းဇော်မွိန်းကိုတွေ့မြင်ပြီးနောက် ၎င်း၏ညီငယ်၏ ဖြစ်ရပ်နှင့် နှိုင်းယှဉ်ကာ မိုးမိတ်မြို့ရှိ လူမှုရေးအဖွဲ့များထံ ဖုန်းဆက်၍ အကြံပြုခဲ့သည်။ ကိုဟန်ဝင်းအောင်၏ (၁၃)နှစ် အရွယ်ညီငယ်သည် မွေးပြီး ခြောက်လအကြာ၌ အတက် ရောဂါရခဲ့သောကြောင့် ရွာမှ ဗိန္ဓောဆရာကို အားကိုးကာ ဆေးမြီးတိုနှင့် ကုသရာမှ ဦးနှောက်ထိခိုက်ခဲ့သည်။ ရန်ကုန်မြို့ ဟယ်လ်ပင် ကလေးဆေးရုံတွင် စနစ်တကျ ဆေးကုသမှုခံယူပြီး ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၌ ထပ်မံကုသခဲ့ရာ ရောဂါအခြေအနေ သက်သာခဲ့ကြောင်း ၎င်း၏ အတွေ့အကြုံကို ပြောသည်။

‘‘သူတို့စိတ်ထဲမှာ စွဲလမ်းတဲ့ အရာတစ်ခုကိုပဲ ဇောင်းပေးပြီး လုပ်တာ။  ပုံမှန်လူတွေ လက်မခံ နိုင်တဲ့ အလုပ်မျိုးတွေ လိုက်လုပ် တယ်။ ဆိုင်ကယ်အိတ်ဇော ပေါက်တွေထဲကို ကျောက်ခဲတွေ လိုက်ထည့်တယ်။ သူများအိမ်က ဘူးဆို့၊ ပုလင်းဆို့တွေယူတယ်။ ရွာမှာက ကလေးကို နားလည် မပေးနိုင်တဲ့သူတွေက ကလေးကို ရိုက်လွှတ်တာ၊ လုပ်လွှတ်တာ တွေရှိခဲ့တာပေါ့ဗျာ’’ဟု ညီ၏ အတိတ်ဖြစ်ရပ်များအပေါ် ဝမ်း နည်းဟန်ဖြင့် ရင်ဖွင့်သည်။ ညီနှင့် ရုပ်ချင်းဆင်းသူ စိုင်းဇော်မွိန်းကို မိဘများနှင့်လူ့အဖွဲ့အစည်း ချိတ် ဆက်ကာအကောင်းဆုံး ကုသ ပေးနိုင်ရန် ကိုဟန်ဝင်းအောင်က ဆန္ဒပြုသည်။ယခုအခါ စိုင်းဇော်မွိန်းကို ရန်ကုန်မြို့ ရွာသာကြီးစိတ်ကျန်း မာရေးဆေးရုံ၌ ပြသ၍ ကုသမှု ပေးရန် မိုးမိတ်ဒေသခံ ပရဟိတ အရေး ဆောင်ရွက်သူများက ကြိုး ပမ်းနေသည်။ ယခုအခါ မအေး မန်က ၎င်းတို့မိသားစုအနေဖြင့် ငွေကြေးမရှိဘဲ လူသာလိုက်ပါ လာနိုင်မည့် အခြေအနေဖြစ် ကြောင်း ပြောပြသည်။

 စိုင်းဇော်မွိန်းထံသွား၍ အဝတ်အစားသစ်များ၊ အရုပ်များ ပေးရာ ယခင်ထက် မျက်နှာပေး ပိုကြည်လင်လာပြီး လက်ခုပ် လက်ဝါးတီးကာ ပျော်ရွှင်ဟန်ပြ ကြောင်း ဒေသခံ ဒေါ်မြသက်ချို က အားတက်သရော ပြောသည်။ စိုင်းဇော်မွိန်းကို အနီးကပ်နွေးနွေး ထွေးထွေး နေပေးရာ ပျော်ရွှင် ဟန်အတိုင်းသားပြပြီး ကမ္ဘာ ကျော် ကာတွန်းဇာတ်ကား ကြောင်နှင့်ကြွက် (Tom and Jerry) ကားကိုကြည်ကာ တီးလုံး သံကို နှုတ်ကလိုက်ညည်းနေတတ် ပြီဟု ဒေါ်မြသက်ချိုက ပြော သည်။

မိဘနှစ်ပါးက မူးယစ်ဆေးစွဲ နေသော သားသမီးများကို ကျွေး မွေးပြုစုခြင်းမပြုတော့၍ အာဟာ ရပြတ်နေသော လသားအရွယ် ညီမနှင့် ငါးနှစ်အရွယ် မောင်ဖြစ် သူကို ရွာနှင့် မိုင် ၃၀ ခန့်အကွာ မြို့ပေါ်သို့ အပြေးခေါ်ဆောင်လာ ခဲ့သော အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကိုမူ အနာဂတ်အရေး စိတ်အေးစေ မည့် အစိုးရ၏ စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင်ပေးနိုင်ခဲ့သော ဖြစ်ရပ်တစ်ခု မိုးမိတ်မြို့သမိုင်း တွင် လွန်ခဲ့သော လေးလခန့်က ပေါ်ပေါက်ခဲ့သည်။

ကံအကြောင်း မလှစွာဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့သူ စိုင်း ဇော်မွိန်းသည် ရန်ကုန်မြို့ရှိ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၌ ကုသမှုခံယူတော့မည် ဖြစ်သည်။ သို့သော် စိုင်းဇော်မွိန်း တစ်ယောက် လူ့အဖွဲ့အစည်း၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် လူကောင်း ပကတိပြန်ဖြစ်မည်လား (သို့မ ဟုတ်) မိုးမိတ်မြို့ မန်အုံရွာရှိ သူ့ မိဘများ၏အိမ်မှ ချည်တိုင်တွင် ပြန်လည်အချည်ခံရမည်လားဆို သည်ကိုမူ မည်သူကမျှကံသေကံမ မပြောနိုင်သေးပေ။  ။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top