ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ မႏၱေလးသူနာျပဳတကၠသိုလ္အနီး ေရေျမာင္းအတြင္းပစ္ထားေသာ ၀ါယာႀကိဳးေခြႀကီးကို သူနာျပဳတကၠသိုလ္ဝန္ထမ္းမ်ားက ဒီဇင္ဘာ ၇ ရက္တြင္ ခက္ခက္ခဲခဲ ဆယ္ယူသိမ္းဆည္းခဲ့သည္။

ယင္း၀ါယာၾကိဳးေခြၾကီးသည္ အဆိုပါေရေျမာင္းအတြင္းပစ္ထားသည္မွာ ေလးလခန္႔ရွိျပီျဖစ္ေၾကာင္း၊ သူနာျပဳတကၠသိုလ္၏ေရထြက္ေျမာင္းပိတ္ေနျခင္းေၾကာင့္ ၀န္ထမ္းမ်ားက ဆယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ သူနာျပဳတကၠသိုလ္ရဲ႕ ေရထြက္ေျမာင္း ပိတ္ေနတာရယ္၊ နိုင္ငံေတာ္ပိုင္ပစၥည္းေတြ ပ်က္စီးေပ်ာက္ပ်က္သြားမွေၾကာင့္မို႔ ဆက္သြယ္ေရးဌာနကို ကြ်န္ေတာ္ဌာနကတာဝန္ရွိသူလူႀကီးေတြက အေၾကာင္းၾကားထားတာ တလေက်ာ္ၿပီ။ လာေရာက္ဆယ္ယူျခင္းမရွိလို႔ ကြ်န္ေတာ္တို႔ဝန္ထမ္းေတြစုေပါင္းၿပီး ဆယ္ယူျပီး ေက်ာင္းမွာ ထိန္းသိမ္းထားမွာပါ”ဟု သူနာျပဳတကၠသိုလ္မွ တာဝန္ရွိသူတဦးကေျပာသည္။

၀ါယာၾကိဳးေခြၾကီးကို ေရေျမာင္းအတြင္းပစ္ထာသည့္ ကိစၥႏွင့္ပတ္သက္၍ ရပ္ကြက္လူႀကီး ဦးသိန္းေက်ာ္က”ဆက္သြယ္ေရးဌာနက တာဝန္ရိွသူမ်ား ဒီဝါယာေခြဟာ ဘာေၾကာင့္ ဒီေနရာေရာက္ေနသလဲ၊ ရိုးရိုးသားသားေရာက္ေနတာေရာ ဟုတ္ရ႕ဲလားဆိုတာေတာ့ စုံစမ္းစစ္ေဆးသင့္ပါတယ္။ အခုလုိ တာဝန္သိသိန႔ဲ ျပည္သူပိုင္ပစၥည္းကိုထိန္းသိမ္းေပးတ့ဲ သူနာျပဳတကၠသိုလ္က ဝန္ထမ္းေတြအတြက္ ေလးစားဂုဏ္ယူပါတယ္။ အခုလို ပစ္ထားလို မသာမာသူေတြ ေတြ႕သြားရင္ ခိုးယူေရာင္းခ်တာေတြျဖစ္နိုင္တာေပါ့”ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စိုင္းထူးခန္႔ (NewsWatchJournal)

# Unicode Version ျဖင့္ ဖတ္ပါ #

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးသူနာပြုတက္ကသိုလ်အနီး ရေမြောင်းအတွင်းပစ်ထားသော ဝါယာကြိုးခွေကြီးကို သူနာပြုတက္ကသိုလ်ဝန်ထမ်းများက ဒီဇင်ဘာ ၇ ရက်တွင် ခက်ခက်ခဲခဲ ဆယ်ယူသိမ်းဆည်းခဲ့သည်။

ယင်းဝါယာကြိုးခွေကြီးသည် အဆိုပါရေမြောင်းအတွင်းပစ်ထားသည်မှာ လေးလခန့်ရှိပြီဖြစ်ကြောင်း၊ သူနာပြုတက္ကသိုလ်၏ရေထွက်မြောင်းပိတ်နေခြင်းကြောင့် ဝန်ထမ်းများက ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သူနာပြုတက္ကသိုလ်ရဲ့ ရေထွက်မြောင်း ပိတ်နေတာရယ်၊ နိုင်ငံတော်ပိုင်ပစ္စည်းတွေ ပျက်စီးပျောက်ပျက်သွားမှကြောင့်မို့ ဆက်သွယ်ရေးဌာနကို ကျွန်တော်ဌာနကတာဝန်ရှိသူလူကြီးတွေက အကြောင်းကြားထားတာ တလကျော်ပြီ။ လာရောက်ဆယ်ယူခြင်းမရှိလို့ ကျွန်တော်တို့ဝန်ထမ်းတွေစုပေါင်းပြီး ဆယ်ယူပြီး ကျောင်းမှာ ထိန်းသိမ်းထားမှာပါ”ဟု သူနာပြုတက္ကသိုလ်မှ တာဝန်ရှိသူတဦးကပြောသည်။

ဝါယာကြိုးခွေကြီးကို ရေမြောင်းအတွင်းပစ်ထာသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်လူကြီး ဦးသိန်းကျော်က”ဆက်သွယ်ရေးဌာနက တာဝန်ရှိသူများ ဒီဝါယာခွေဟာ ဘာကြောင့် ဒီနေရာရောက်နေသလဲ၊ ရိုးရိုးသားသားရောက်နေတာရော ဟုတ်ရဲ့လားဆိုတာတော့ စုံစမ်းစစ်ဆေးသင့်ပါတယ်။ အခုလို တာဝန်သိသိနဲ့ ပြည်သူပိုင်ပစ္စည်းကိုထိန်းသိမ်းပေးတဲ့ သူနာပြုတက္ကသိုလ်က ဝန်ထမ်းတွေအတွက် လေးစားဂုဏ်ယူပါတယ်။ အခုလို ပစ်ထားလို မသာမာသူတွေ တွေ့သွားရင် ခိုးယူရောင်းချတာတွေဖြစ်နိုင်တာပေါ့”ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: စိုင်းထူးခန့် (NewsWatchJournal)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top