ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သစ္ပင္တစ္ပင္ဟာ သူ႔အပင္လာနားတဲ့ငွက္ေတြကို အလိုလိုဖမ္းတယ္ဆိုရင္ သုတဇုန္ မိတ္ေဆြေတြ သိပ္ယုံၾကမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ မယုံမရွိပါနဲ႔ ဒီအပင္တကယ္ပဲ ရွိပါတယ္။ အပင္ရဲ႕နာမည္ကေတာ့ Parapara(Pisonia brunoniana ) လို႔ေခၚပါတယ္။ နယူးဇီလန္က Three Kings , the Hen နဲ႔ Chicken ကြၽန္းေတြမွာ အမ်ားဆုံး ေတြ႕ရတတ္တဲ့ ရွားပါးအပင္မ်ိဳးျဖစ္ပါတယ္။ တခါတရံမွာေတာ့ ကမ္း႐ိုးတန္းတခ်ိဳ႕ေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။

ဒီအပင္ကို ငွက္ခ်စ္သူေတြဟာ အလြန္မုန္းၾကပါတယ္။ အေၾကာင္းကေတာ့ သူတို႔ခ်စ္တဲ့ ငွက္ကေလးေတြကို ဖမ္းယူၿပီး ေသေစႏိုင္လို႔ျဖစ္ပါတယ္။ ဒီအပင္ေတြဟာ က်န္တဲ့ရာသီမွာ ငွက္ေတြကိုမဖမ္းေပမယ့္ ေဆာင္းရာသီ နဲ႔ ေႏြဦးရာသီေတြမွာေတာ့ ငွက္ေတြကိုဖမ္းေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ အဲဒီရာသီေတြမွာ အသီးရဲ႕ထိပ္ပိုင္းဟာ အနက္ေရာင္အျဖစ္ေျပာင္းသြားၿပီး တကယ့္ေကာ္လိုအေစးေတြျဖစ္ေပၚလာတဲ့အတြက္ပါ။

ငွက္ေတြကိုဖမ္းယူပုံကေတာ့ ဒီလိုပါ။ ထြက္လာတဲ့ ေကာ္လိုမ်ိဳးအေစးေတြဟာ ပိုးမႊားအင္းဆက္ေလးေတြကို မလႈပ္ႏိုင္ေအာင္ ခ်ဳပ္ေႏွာင္ထားပါတယ္။ ဒီလိုနဲ႔ အပင္ရဲ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ အင္းဆက္ပိုးမႊားေတြအျပည့္ျဖစ္လာတတ္ပါတယ္။ ဒီအင္းဆက္ ပိုးမႊားေကာင္ေတြဟာ ငွက္ေတြကို စြဲေဆာင္ပါတယ္။ ငွက္ေတြဟာ ပိုးမႊားေတြကပ္ေနတဲ့ အပင္ရွိရာကို နားၿပီး ပိုးမႊားေတြစားေသာက္တဲ့အခါ သူတို႔ရဲ႕အေတာင္အေမႊးေတြမွာ သစ္ပင္က ေကာ္အေစးေတြဟာ ကပ္လာပါတယ္။ စားေသာက္ၿပီး ပ်ံသန္းတဲ့အခါမွာေတာ့ ေကာ္အေစးေတြကပ္ေနတဲ့အတြက္ ပ်ံသန္းလို႔မရေတာ့ပါဘူး။ အေကာင္ႀကီးတဲ့ငွက္ေတြကေတာ့ ႐ုန္းကန္ပ်ံသန္းႏိုင္ေပမယ့္ အေကာင္ငယ္တဲ့ငွက္ေတြကေတာ့ မပ်ံသန္းႏိုင္ေတာ့ပဲ အပင္မွာကပ္ေနရင္ကပ္ ၊ မကပ္ေနရင္ အေမႊးနဲ႔ေကာ္နဲ႔ ကပ္ကာ ေအာက္ကိုျပဳတ္က်ပါတယ္။ ေအာက္ကိုျပဳတ္က်တဲ့ငွက္ေတြဟာ ေတာေၾကာင္ နဲ႔ ေခြးေတြရဲ႕ အစာျဖစ္သြားသလို အပင္မွာကပ္ေနတဲ့ငွက္ေတြကလည္း နာရီေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္ အစာေရစာျပတ္ကာ ေသဆုံးသြားေလ့ရွိပါတယ္။

Parapara ပင္ေတြ အမ်ားစု မွာ ငွက္ကေလးေတြဟာ မပ်ံသန္းႏိုင္ေတာ့ပဲ အေမႊးအေတာင္မ်ားတုပ္ေႏွာင္ခံရသလို ျဖစ္ကာ ေသဆုံးေနတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း ငွက္ခ်စ္သူေတြဟာ Parapara ပင္ေတြကို မုန္းၾကသလို ရွိသမွ် Parapara ပင္ အကုန္လုံးကို ခုတ္ပစ္ခ်င္ၾကပါတယ္။ ဒါေပမယ့္ ရွားပါးအပင္ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ဆႏၵမျပည့္ဝပါဘူး။ အိမ္ၿခံဝန္းေတြ ေျမယာေတြမွာ ဒီအပင္ေတြကို လုံးဝမစိုက္ဖို႔ ေတာ့ အၿမဲေဆာ္ဩေနတတ္ၾကသလို Parapara ပင္ေတြရွိရာကို မၾကာခဏသြားကာ ငွက္ကေလးေတြကို ကယ္တင္လွ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: freezemyanmar

# Unicode Version ျဖင့္ ဖတ္ပါ #
သစ်ပင်တစ်ပင်ဟာ သူ့အပင်လာနားတဲ့ငှက်တွေကို အလိုလိုဖမ်းတယ်ဆိုရင် သုတဇုန် မိတ်ဆွေတွေ သိပ်ယုံကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယုံမရှိပါနဲ့ ဒီအပင်တကယ်ပဲ ရှိပါတယ်။ အပင်ရဲ့နာမည်ကတော့ Parapara(Pisonia brunoniana ) လို့ခေါ်ပါတယ်။ နယူးဇီလန်က Three Kings , the Hen နဲ့ Chicken ကျွန်းတွေမှာ အများဆုံး တွေ့ရတတ်တဲ့ ရှားပါးအပင်မျိုးဖြစ်ပါတယ်။ တခါတရံမှာတော့ ကမ်းရိုးတန်းတချို့နေရာတွေမှာ တွေ့ရတတ်ပါတယ်။

ဒီအပင်ကို ငှက်ချစ်သူတွေဟာ အလွန်မုန်းကြပါတယ်။ အကြောင်းကတော့ သူတို့ချစ်တဲ့ ငှက်ကလေးတွေကို ဖမ်းယူပြီး သေစေနိုင်လို့ဖြစ်ပါတယ်။ ဒီအပင်တွေဟာ ကျန်တဲ့ရာသီမှာ ငှက်တွေကိုမဖမ်းပေမယ့် ဆောင်းရာသီ နဲ့ နွေဦးရာသီတွေမှာတော့ ငှက်တွေကိုဖမ်းလေ့ရှိပါတယ်။ အကြောင်းကတော့ အဲဒီရာသီတွေမှာ အသီးရဲ့ထိပ်ပိုင်းဟာ အနက်ရောင်အဖြစ်ပြောင်းသွားပြီး တကယ့်ကော်လိုအစေးတွေဖြစ်ပေါ်လာတဲ့အတွက်ပါ။

ငှက်တွေကိုဖမ်းယူပုံကတော့ ဒီလိုပါ။ ထွက်လာတဲ့ ကော်လိုမျိုးအစေးတွေဟာ ပိုးမွှားအင်းဆက်လေးတွေကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားပါတယ်။ ဒီလိုနဲ့ အပင်ရဲ့နေရာတော်တော်များများမှာ အင်းဆက်ပိုးမွှားတွေအပြည့်ဖြစ်လာတတ်ပါတယ်။ ဒီအင်းဆက် ပိုးမွှားကောင်တွေဟာ ငှက်တွေကို စွဲဆောင်ပါတယ်။ ငှက်တွေဟာ ပိုးမွှားတွေကပ်နေတဲ့ အပင်ရှိရာကို နားပြီး ပိုးမွှားတွေစားသောက်တဲ့အခါ သူတို့ရဲ့အတောင်အမွှေးတွေမှာ သစ်ပင်က ကော်အစေးတွေဟာ ကပ်လာပါတယ်။ စားသောက်ပြီး ပျံသန်းတဲ့အခါမှာတော့ ကော်အစေးတွေကပ်နေတဲ့အတွက် ပျံသန်းလို့မရတော့ပါဘူး။ အကောင်ကြီးတဲ့ငှက်တွေကတော့ ရုန်းကန်ပျံသန်းနိုင်ပေမယ့် အကောင်ငယ်တဲ့ငှက်တွေကတော့ မပျံသန်းနိုင်တော့ပဲ အပင်မှာကပ်နေရင်ကပ် ၊ မကပ်နေရင် အမွှေးနဲ့ကော်နဲ့ ကပ်ကာ အောက်ကိုပြုတ်ကျပါတယ်။ အောက်ကိုပြုတ်ကျတဲ့ငှက်တွေဟာ တောကြောင် နဲ့ ခွေးတွေရဲ့ အစာဖြစ်သွားသလို အပင်မှာကပ်နေတဲ့ငှက်တွေကလည်း နာရီပေါင်းများစွာကြာပြီးတဲ့နောက် အစာရေစာပြတ်ကာ သေဆုံးသွားလေ့ရှိပါတယ်။

Parapara ပင်တွေ အများစု မှာ ငှက်ကလေးတွေဟာ မပျံသန်းနိုင်တော့ပဲ အမွှေးအတောင်များတုပ်နှောင်ခံရသလို ဖြစ်ကာ သေဆုံးနေတတ်ကြပါတယ်။ ဒါကြောင့်လည်း ငှက်ချစ်သူတွေဟာ Parapara ပင်တွေကို မုန်းကြသလို ရှိသမျှ Parapara ပင် အကုန်လုံးကို ခုတ်ပစ်ချင်ကြပါတယ်။ ဒါပေမယ့် ရှားပါးအပင်ဖြစ်တာကြောင့် သူတို့ရဲ့ဆန္ဒမပြည့်ဝပါဘူး။ အိမ်ခြံဝန်းတွေ မြေယာတွေမှာ ဒီအပင်တွေကို လုံးဝမစိုက်ဖို့ တော့ အမြဲဆော်ဩနေတတ်ကြသလို Parapara ပင်တွေရှိရာကို မကြာခဏသွားကာ ငှက်ကလေးတွေကို ကယ်တင်လျှက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: freezemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top