iMyanmarHouse.com - Best Property Website for Myanmar
×

ဖိလစ္ပိုင္ႏိုင္ငံက အေျပးမယ္တစ္ေယာက္ဟာ ဖခင္ေသဆုံးၿပီး ၂၂ နာရီအၾကာမွာ မ်က္ရည္ေတြနဲ႔ ပန္းဝင္ႏိုင္ခဲ့တဲ့တယ္လို႔ သိရသည္။

Mary Joy Tabal ဆိုတဲ့ အေျပးမယ္ေလးဟာ ၂၀၁၇ ခုႏွစ္က အီတလီႏိုင္ငံ ဆီးဂိမ္းမွာ ေ႐ႊဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး ဖိလစ္ပိုင္ျပန္ေရာက္ခ်ိန္မွာ ဖခင္ႀကီးဟာ ႏွလုံးေရာဂါေဖာက္လာလို႔ အေရးေပၚေဆး႐ုံတင္ထားတာကို ဆို႔နင့္စြာ ေတြ႕လိုက္ရပါတယ္။

သို႔ေသာ္ သူမဟာ 41st National Milo Marathon ၿပိဳင္ပြဲကိုလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ စာရင္းေပးသြင္းထားခဲ့ပါတယ္။ ဖခင္ႀကီးက သမီးစိတ္ခ်မ္းသာေအာင္ Milo Marathon ၿပိဳင္ပြဲကို ဆက္လက္ဝင္ၿပိဳင္ဖို႔၊ သူကိုယ္တိုင္လည္း တီဗြီကေန အားေပမယ့္အေၾကာင္း ႏွစ္သိမ့္ခဲ့ပါတယ္။ သို႔ေပမယ့္ ၿပိဳင္ပြဲမစတင္ခင္ တစ္ရက္အလိုမွာပင္ ဖခင္ႀကီးဟာ ႏွလုံးေရာဂါနဲ႔ ေသဆုံးသြားခဲ့ပါတယ္။

ဒါေပမယ့္ သူမဟာ ဖခင္ရဲ႕ ေမွ်ာ္လင့္ခ်က္ကို ဆက္လက္အေကာင္အထည္ေဖာ္ဖို႔အတြက္ Milo Marathon ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဖခင္အတြက္၊ ဖခင္ဟာ ေကာင္းကင္ဘုံက သူမကို ၾကည့္ေနမယ္ဆိုတာ ယုံၾကည္ၿပီး၊ ၿပိဳင္ပြဲကို ယခင္ကထက္ အားစိုက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

Joy ဟာ မ်က္ရည္အႏိုင္ႏိုင္နဲ႔ ပန္းဝင္ႏိုင္ခဲ့ၿပီး အားရပါးရ ငိုခ်လိုက္ၿပီး ၾကမ္းေပၚမွာ ေမွာက္လွ်က္ကေလး ၿငိမ္သက္ကာ သူမ ႀကိဳးစားခဲ့သမွ် ဖခင္တစ္ေယာက္ ေကာင္းကင္ဘုံကေန အသိအမွတ္ျပဳႏိုင္ပါေစေၾကာင္း ဆုေတြေတာင္းေနပုံရပါတယ္။

Joy ဟာ ၂၀၁၇ ဆီးဂိမ္းမွာလည္း ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ဂုဏ္ကိုေဆာင္ႏိုင္ခဲ့တဲ့ စံျပအေျပးမယ္တစ္ဦးျဖစ္ၿပီး၊ ၂၀၁၆ ခုႏွစ္ Scotiabank Ottawa Marathon ၿပိဳင္ပြဲမွာလည္း နံပတ္(၁) ရပ္တည္ႏိုင္ခဲ့သူပါ။ အခုအခါမွာေတာ့ သူမရဲ႕ ေအာင္ျမင္မႈကို မိသားစုနဲ႔အတူ မွ်ေဝခံစားဖို႔အတြက္ ဖခင္ရဲ႕ေနရာတစ္ခုမွာ ကြက္လပ္ျဖစ္သြားခဲ့ရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei

# Unicode Version ျဖင့္ ဖတ္ပါ #

ဖိလစ်ပိုင်နိုင်ငံက အပြေးမယ်တစ်ယောက်ဟာ ဖခင်သေဆုံးပြီး ၂၂ နာရီအကြာမှာ မျက်ရည်တွေနဲ့ ပန်းဝင်နိုင်ခဲ့တဲ့တယ်လို့ သိရသည်။

Mary Joy Tabal ဆိုတဲ့ အပြေးမယ်လေးဟာ ၂၀၁၇ ခုနှစ်က အီတလီနိုင်ငံ ဆီးဂိမ်းမှာ ရွှေဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ဖိလစ်ပိုင်ပြန်ရောက်ချိန်မှာ ဖခင်ကြီးဟာ နှလုံးရောဂါဖောက်လာလို့ အရေးပေါ်ဆေးရုံတင်ထားတာကို ဆို့နင့်စွာ တွေ့လိုက်ရပါတယ်။

သို့သော် သူမဟာ 41st National Milo Marathon ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားခဲ့ပါတယ်။ ဖခင်ကြီးက သမီးစိတ်ချမ်းသာအောင် Milo Marathon ပြိုင်ပွဲကို ဆက်လက်ဝင်ပြိုင်ဖို့၊ သူကိုယ်တိုင်လည်း တီဗွီကနေ အားပေမယ့်အကြောင်း နှစ်သိမ့်ခဲ့ပါတယ်။ သို့ပေမယ့် ပြိုင်ပွဲမစတင်ခင် တစ်ရက်အလိုမှာပင် ဖခင်ကြီးဟာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

ဒါပေမယ့် သူမဟာ ဖခင်ရဲ့ မျှော်လင့်ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် Milo Marathon ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဖခင်အတွက်၊ ဖခင်ဟာ ကောင်းကင်ဘုံက သူမကို ကြည့်နေမယ်ဆိုတာ ယုံကြည်ပြီး၊ ပြိုင်ပွဲကို ယခင်ကထက် အားစိုက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Joy ဟာ မျက်ရည်အနိုင်နိုင်နဲ့ ပန်းဝင်နိုင်ခဲ့ပြီး အားရပါးရ ငိုချလိုက်ပြီး ကြမ်းပေါ်မှာ မှောက်လျှက်ကလေး ငြိမ်သက်ကာ သူမ ကြိုးစားခဲ့သမျှ ဖခင်တစ်ယောက် ကောင်းကင်ဘုံကနေ အသိအမှတ်ပြုနိုင်ပါစေကြောင်း ဆုတွေတောင်းနေပုံရပါတယ်။

Joy ဟာ ၂၀၁၇ ဆီးဂိမ်းမှာလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ စံပြအပြေးမယ်တစ်ဦးဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် Scotiabank Ottawa Marathon ပြိုင်ပွဲမှာလည်း နံပတ်(၁) ရပ်တည်နိုင်ခဲ့သူပါ။ အခုအခါမှာတော့ သူမရဲ့ အောင်မြင်မှုကို မိသားစုနဲ့အတူ မျှဝေခံစားဖို့အတွက် ဖခင်ရဲ့နေရာတစ်ခုမှာ ကွက်လပ်ဖြစ်သွားခဲ့ရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top