ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

"သင္ ဘာေၾကာင့္ သမ္းတာလဲ"

လူေတြ ဘာေၾကာင့္ သမ္းတာလဲ၊ ဘယ္အခ်ိန္မွာ သမ္းၾကလဲ။ အမ်ားအားျဖင့္ အိပ္ခ်င္တဲ့အခါ သမ္းၾကတယ္လို႔ ယူဆၾကၿပီး ဘာေၾကာင့္ သမ္းတာလဲဆိုတာေတာ့ သိသူနည္းပါတယ္။ တကယ္ေတာ့ သင့္ခႏၶာကိုယ္ထဲမွာ ေအာက္ဆီဂ်င္ နည္းလာတဲ့အခါ သင့္ပါးစပ္ကို က်ယ္က်ယ္ပြင့္ေစၿပီး ေလေတြကို ပိုမ်ားမ်ားစုပ္ယူဖို႔ ႀကိဳးစားပါတယ္။ ႐ႉသြင္းဖို႔ ႀကိဳးစားတယ္၊ ဒါကို သမ္းတယ္လို႔ သိထားၾကတာပါ။ သမ္းတာဟာ သင့္ရဲ႕ ေသြးထဲမွာရိွတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔ ေအာက္ဆီဂ်င္ေတြရဲ႕ ပမာဏကို ထိန္းညိႇေပးတဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။

ေနာက္ၿပီး အစာစားၿပီးတဲ့အခါမွာလည္း သမ္းပါတယ္။ ဘာျဖစ္လို႔ သမ္းတာလဲဆိုေတာ့ သင္စားသံုးလိုက္တဲ့ အစားအစာေတြကို အစာအိမ္ အူမႀကီးေတြက အစာေျခဖို႔ လိုအပ္တဲ့ အပူနဲ႔ စြမ္းအင္အတြက္ ေအာက္စီဂ်င္မ်ားမ်ား လိုပါတယ္။ ေအာက္စီဂ်င္ မ်ားမ်ားရဖို႔ သမ္းရတာ ျဖစ္တယ္။ တခါတေလ လူအမ်ားၾကားမွာလည္း သမ္းတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အနီး၀န္းက်င္မွာရွိတဲ့ ေအာက္စီဂ်င္ေတြ လူတိုင္းက ႐ႉသြင္းၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ေတြ ျပန္ထုတ္တာမ်ားၿပီး ေအာက္စီဂ်င္ မလံုမေလာက္ျဖစ္ကာ ေအာက္စီဂ်င္မ်ားမ်ား ရဖို႔ေလကို မ်ားမ်ားစုပ္ယူရင္းနဲ႔ သမ္းတာပါပဲ။ လူၾကားထဲမွာ သမ္းခ်င္တာဟာ ေအာက္စီဂ်င္ မျပည့္၀တာေၾကာင့္ပါပဲ။

တကယ္လို႔ သင္ဟာ သမ္းေနၿပီ ဆိုပါေတာ့…၊ သင့္ခႏၶာကိုယ္က ေအာက္စီဂ်င္ ျပည့္၀ဖို႔ လိုအပ္ေနၿပီဆိုတာ သတိျပဳပါ။ ေအာက္စီဂ်င္ ျမန္ျမန္ျဖည့္ဆည္းၿပီး အားျပည့္ဖို႔ လက္တန္းပါတဲ့ ကုလားထိုင္ေပၚမွာ ကိုယ္ကို စန္႔ေအာင္ ဆန္႔လ်က္ အသက္ကို ျဖည္းျဖည္းခ်င္း အဆုတ္အျပည့္ ႐ႉသြင္းပါ။ (သို႔မဟုတ္) အိပ္ယာေပၚမွာ လဲေလ်ာင္းရင္း ကိုယ္ကို စန္႔လ်က္ အသက္ကို ျဖည္းျဖည္းခ်င္း အဆုတ္အျပည့္ ႐ႉသြင္းပါ။ ျဖည္းျဖည္းခ်င္း ႐ႉထုတ္ပါ။ ႐ႉသြင္း ႐ႉထုတ္ ၅ ႀကိမ္ေလာက္ လုပ္မိၿပီဆိုရင္ေတာ့ ေအာက္စီဂ်င္ျပည့္၀ၿပီး ျပန္လည္ လန္းဆန္းလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာ၀တီ
#Unicode Version#
"သင် ဘာကြောင့် သမ်းတာလဲ"

လူတွေ ဘာကြောင့် သမ်းတာလဲ၊ ဘယ်အချိန်မှာ သမ်းကြလဲ။ အများအားဖြင့် အိပ်ချင်တဲ့အခါ သမ်းကြတယ်လို့ ယူဆကြပြီး ဘာကြောင့် သမ်းတာလဲဆိုတာတော့ သိသူနည်းပါတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ပွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။ ရှူသွင်းဖို့ ကြိုးစားတယ်၊ ဒါကို သမ်းတယ်လို့ သိထားကြတာပါ။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

နောက်ပြီး အစာစားပြီးတဲ့အခါမှာလည်း သမ်းပါတယ်။ ဘာဖြစ်လို့ သမ်းတာလဲဆိုတော့ သင်စားသုံးလိုက်တဲ့ အစားအစာတွေကို အစာအိမ် အူမကြီးတွေက အစာခြေဖို့ လိုအပ်တဲ့ အပူနဲ့ စွမ်းအင်အတွက် အောက်စီဂျင်များများ လိုပါတယ်။ အောက်စီဂျင် များများရဖို့ သမ်းရတာ ဖြစ်တယ်။ တခါတလေ လူအများကြားမှာလည်း သမ်းတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနီးဝန်းကျင်မှာရှိတဲ့ အောက်စီဂျင်တွေ လူတိုင်းက ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်တွေ ပြန်ထုတ်တာများပြီး အောက်စီဂျင် မလုံမလောက်ဖြစ်ကာ အောက်စီဂျင်များများ ရဖို့လေကို များများစုပ်ယူရင်းနဲ့ သမ်းတာပါပဲ။ လူကြားထဲမှာ သမ်းချင်တာဟာ အောက်စီဂျင် မပြည့်ဝတာကြောင့်ပါပဲ။

တကယ်လို့ သင်ဟာ သမ်းနေပြီ ဆိုပါတော့…၊ သင့်ခန္ဓာကိုယ်က အောက်စီဂျင် ပြည့်ဝဖို့ လိုအပ်နေပြီဆိုတာ သတိပြုပါ။ အောက်စီဂျင် မြန်မြန်ဖြည့်ဆည်းပြီး အားပြည့်ဖို့ လက်တန်းပါတဲ့ ကုလားထိုင်ပေါ်မှာ ကိုယ်ကို စန့်အောင် ဆန့်လျက် အသက်ကို ဖြည်းဖြည်းချင်း အဆုတ်အပြည့် ရှူသွင်းပါ။ (သို့မဟုတ်) အိပ်ယာပေါ်မှာ လဲလျောင်းရင်း ကိုယ်ကို စန့်လျက် အသက်ကို ဖြည်းဖြည်းချင်း အဆုတ်အပြည့် ရှူသွင်းပါ။ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ ရှူသွင်း ရှူထုတ် ၅ ကြိမ်လောက် လုပ်မိပြီဆိုရင်တော့ အောက်စီဂျင်ပြည့်ဝပြီး ပြန်လည် လန်းဆန်းလာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top