ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေန ႏွင့္ ပတ္၀န္းက်င္ေလထုညစ္ညမ္းမႈမ်ားျဖင့္ ထိေတြ႕မႈလြန္ကဲျခင္း၊ ေျခာက္ေသြ႕ေသာအသားအေရ၊ စိတ္ဖိစီးမႈမ်ား၊ ခ်ို႕တဲ့ေသာေနထုိင္မႈပံုစံမ်ား ႏွင့္ ဓာတုပစၥည္းမ်ားအသံုးျပဳကာ ထုတ္လုပ္ထားသည့္ အလုကုန္ပစၥည္းမ်ားအသံုးျပဳမႈတုိ႕ေႀကာင့္ မည္းညစ္ေျခာက္ေသြ႕ေသာအသားအေရမ်ား ျဖစ္ေပၚလာႏိုင္ပါတယ္။

ထုိကဲ့သို႕ ပစၥည္းမ်ားကို ေစ်းႀကီးေပး၀ယ္မည့္အစား သဘာ၀ေဆးနည္းေဆးလက္မ်ားကို အသံုးျပဳျခင္းျဖင့္ အခ်ိန္ႏွင့္ပိုက္ဆံေခၽြတာႏိုင္ရံုသာမက သင့္အသားအေရကို ထိေရာက္စြာ၀င္းလက္ေစမွာျဖစ္ပါတယ္။ ထုိ႕ေႀကာင့္ အသားအေရကို သဘာ၀အတိုင္း၀င္းလက္လာေစႏိုင္သည့္ နည္းလမ္းေကာင္းေလးမ်ားကို ေ၀မွ်လုိက္ရပါတယ္။

၁။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ကိုအသားအေရေပၚသို႕ ႏူးညံ့စြာသုတ္ေပးၿပီး မိနစ္အနည္းငယ္မွ်ထားၿပီးေနာက္ ေရေႏြးေႏြးျဖင့္ေဆးေႀကာေပးႏိုင္ပါတယ္။ တစ္ခါလုပ္လွ်င္ တစ္ႀကိမ္ကို ရက္သတၱပတ္အနည္းငယ္မွ် လုပ္ေဆာင္ေပးျခင္းျဖင့္ အသားအေရအတြင္း သိသိသာသာေျပာင္းလဲလာမႈကို ေတြ႕ျမင္ႏိုင္ပါတယ္။

၂။ လိေမၼာ္သီး

လတ္ဆတ္သည့္လိေမၼာ္သီးေဖ်ာ္ရည္ကို မွန္မွန္ေသာက္သံုးေပးျခင္းသည္ အသားအေရ၏အလံုးစံုအေနအထားကို တိုးတက္ေကာင္းမြန္လာေစႏိုင္ပါတယ္။ ထုိ႕အျပင္ လိေမၼာ္သီးအရည္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္း ႏွင့္ နႏြင္းမႈန္႕အနည္းငယ္ကို ေရာစပ္ၿပီး မ်က္ႏွာ၊ လည္ပင္း၊ လက္ ႏွင့္ ေျခေထာက္တုိ႕ကို အိပ္ရာသို႕မ၀င္ခင္လိမ္းေပး၍ မိနစ္ ၂၀ မွ ၃၀ ခန္႕ႀကာျမင့္ၿပီးေနာက္မွာ ေဆးေႀကာသန္႕စင္ေပးႏိုင္ပါတယ္။

၃။ ပ်ားရည္

ပ်ားရည္သည္ အေရးအေႀကာင္းမ်ား ႏွင့္ ၀က္ၿခံအမာရြတ္မ်ားကို ေပ်ာက္ကင္းေစႏိုင္သည့္ Antibacterial အစြမ္းသတၱိမ်ားပါ၀င္ပါတယ္။ ပ်ားရည္ကိုမ်က္ႏွာေပၚသို႕လိမ္းျခယ္ၿပီး မိနစ္အနည္းငယ္မွ်ထား၍ ႀကက္သီးေႏြးထရံုေရေႏြးျဖင့္ ေဆးေႀကာေပးႏိုင္ပါတယ္။ ထုိသုိ႕ျပဳလုပ္ျခင္းက ဆဲလ္ေသမ်ားကိုဖယ္ရွားေပးၿပီး အသားအေရကို ပိုမို၀င္းလက္ေတာက္ပလာေစမွာျဖစ္ပါတယ္။

၄။ သံပရိုသီး

သံပရိုသီးအရည္ထဲသို႕ ဂြမ္းလံုးကိုႏွစ္ကာ မ်က္ႏွာေပၚသို႕ သုတ္လိမ္းေပးပါ။ အသားအေရထဲသို႕စိမ့္၀င္ဖို႕အတြက္ ေသခ်ာလိမ္းျခယ္ေပးကာ တစ္နာရီမွ်ႀကာျမင့္သည့္ေနာက္မွာေတာ့ ေရျဖင့္ေဆးေႀကာေပးႏိုင္ပါတယ္။ တေန႕လွ်င္တစ္ႀကိမ္ မွန္မွန္လုပ္ေပးျခင္းျဖင့္ အသားအေရမွာ ၀င္းလက္ေတာက္ပလာၿပီး အမာရြတ္မ်ားျဖစ္ေပၚလာမႈမွ ကာကြယ္ေပးႏိုင္ပါတယ္။

၅။ ရွားေစာင္းလက္ပတ္အႏွစ္

ရွားေစာင္းလက္ပတ္သည္ အသားအေရ၏နဂိုမူလအေရာင္ကို ျပန္လည္ရရွိေစၿပီး ပ်က္စီးသြားသည့္ တစ္သွ်ဴးမ်ားျပန္လည္ဖြဲ႕စည္းရန္အတြက္ ကူညီေပးပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္ကို အသားအေရအႏွံ႕လိမ္းျခယ္ေပးၿပီး မိနစ္သံုးဆယ္ခန္႕ႀကာ ထားရွိေပးၿပီးသည့္ေနာက္မွာ ေရျဖင့္သန္႕စင္ေပးလုိ႕ရပါတယ္။

၆။ သေဘာၤသီး

အသားအေရကို ၀င္းလက္ေတာက္ပေစသည့္ အစြမ္းသတၱိမ်ား အျပည့္ရွိသည့္အတြက္ အသီးအျဖစ္စားသံုးႏိုင္ရံုသာမက သေဘာၤသီး၏အတြင္းအသားကိုပါ အသံုးျပဳႏုိင္ပါတယ္။ ထုိအတြင္းသားကုိ မ်က္ႏွာေပၚသို႕လိမ္းၿပီးသည့္အခါမွာ ေျခာက္ေအာင္ထားၿပီး ေရေအးျဖင့္ေဆးေႀကာေပးၿပီးေနာက္မွာ အသားအေရ၀င္းလက္လာတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

၇။ နႏြင္း

နႏြင္းမႈန္႕ကို ႏို႕ခရင္မ္ျဖင့္ ပ်စ္ႏွစ္သည္အထိေရာေမႊကာ အသားအေရေပၚလိမ္းေပး၍ ေျခာက္ေအာင္ထားၿပီးေနာက္ ႀကက္သီးေႏြးထရံုေရျဖင့္ ေဆးေႀကာေပးႏုိင္ပါတယ္။ မွန္မွန္လုပ္ေဆာင္ေပးပါက အသားအေရျဖဴေဖြးလာရန္အတြက္ အလြန္ထိေရာက္မႈရွိတာကို ေတြ႕ျမင္ႏိုင္ပါတယ္။

၈။ သခြားသီး

အခ်ပ္ေလးမ်ားလွီးထားသည့္ သခြားသီးမ်ားကို မည္းညစ္သည့္အသားအေရတ၀ိုက္အေပၚသို႕ တင္ေပးပါ။ မိနစ္အနည္းငယ္မွ်ထားၿပီးေနာက္ ဖယ္လုိက္၍ ေရေႏြးေႏြးျဖင့္ ေဆးေႀကာေပးႏိုင္ပါတယ္။ တေန႕လွ်င္ ႏွစ္ႀကိမ္မွန္မွန္လုပ္ေပးျခင္းျဖင့္ အင္မတန္သက္ေရာက္မႈရွိသည့္ ရလဒ္ေကာင္းမ်ားကို ေပးစြမ္းမွာပါ။

၉။ အုတ္ဂ်ံဳမႈန္႕

အုတ္ဂ်ံဳမႈန္႕ကို ခရမ္းခ်ဥ္သီးအရည္ႏွင့္ ေရာစပ္ကာ မ်က္ႏွာေပၚလိမ္းျခယ္ၿပီး မိနစ္ ၂၀ ခန္႕ထားေပးၿပီး ေရေအးျဖင့္မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။ ေဆးေႀကာသည့္အခါမွာလည္း အုတ္ဂ်ံဳမႈန္႕က အသားအေရရွိ ဆဲလ္ေသမ်ားကို ပြတ္တိုက္သန္႕စင္ႏိုင္ရန္အတြက္ ျဖည္းညွင္းညင္သာစြာလုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
နေ နှင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုများဖြင့် ထိတွေ့မှုလွန်ကဲခြင်း၊ ခြောက်သွေ့သောအသားအရေ၊ စိတ်ဖိစီးမှုများ၊ ချို့တဲ့သောနေထိုင်မှုပုံစံများ နှင့် ဓာတုပစ္စည်းများအသုံးပြုကာ ထုတ်လုပ်ထားသည့် အလုကုန်ပစ္စည်းများအသုံးပြုမှုတို့ကြောင့် မည်းညစ်ခြောက်သွေ့သောအသားအရေများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ထိုကဲ့သို့ ပစ္စည်းများကို ဈေးကြီးပေးဝယ်မည့်အစား သဘာဝဆေးနည်းဆေးလက်များကို အသုံးပြုခြင်းဖြင့် အချိန်နှင့်ပိုက်ဆံချွေတာနိုင်ရုံသာမက သင့်အသားအရေကို ထိရောက်စွာဝင်းလက်စေမှာဖြစ်ပါတယ်။ ထို့ကြောင့် အသားအရေကို သဘာဝအတိုင်းဝင်းလက်လာစေနိုင်သည့် နည်းလမ်းကောင်းလေးများကို ဝေမျှလိုက်ရပါတယ်။

၁။ ဒိန်ချဉ်

ဒိန်ချဉ်ကိုအသားအရေပေါ်သို့ နူးညံ့စွာသုတ်ပေးပြီး မိနစ်အနည်းငယ်မျှထားပြီးနောက် ရေနွေးနွေးဖြင့်ဆေးကြောပေးနိုင်ပါတယ်။ တစ်ခါလုပ်လျှင် တစ်ကြိမ်ကို ရက်သတ္တပတ်အနည်းငယ်မျှ လုပ်ဆောင်ပေးခြင်းဖြင့် အသားအရေအတွင်း သိသိသာသာပြောင်းလဲလာမှုကို တွေ့မြင်နိုင်ပါတယ်။

၂။ လိမ္မော်သီး

လတ်ဆတ်သည့်လိမ္မော်သီးဖျော်ရည်ကို မှန်မှန်သောက်သုံးပေးခြင်းသည် အသားအရေ၏အလုံးစုံအနေအထားကို တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ထို့အပြင် လိမ္မော်သီးအရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း နှင့် နနွင်းမှုန့်အနည်းငယ်ကို ရောစပ်ပြီး မျက်နှာ၊ လည်ပင်း၊ လက် နှင့် ခြေထောက်တို့ကို အိပ်ရာသို့မဝင်ခင်လိမ်းပေး၍ မိနစ် ၂၀ မှ ၃၀ ခန့်ကြာမြင့်ပြီးနောက်မှာ ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

၃။ ပျားရည်

ပျားရည်သည် အရေးအကြောင်းများ နှင့် ဝက်ခြံအမာရွတ်များကို ပျောက်ကင်းစေနိုင်သည့် Antibacterial အစွမ်းသတ္တိများပါဝင်ပါတယ်။ ပျားရည်ကိုမျက်နှာပေါ်သို့လိမ်းခြယ်ပြီး မိနစ်အနည်းငယ်မျှထား၍ ကြက်သီးနွေးထရုံရေနွေးဖြင့် ဆေးကြောပေးနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက ဆဲလ်သေများကိုဖယ်ရှားပေးပြီး အသားအရေကို ပိုမိုဝင်းလက်တောက်ပလာစေမှာဖြစ်ပါတယ်။

၄။ သံပရိုသီး

သံပရိုသီးအရည်ထဲသို့ ဂွမ်းလုံးကိုနှစ်ကာ မျက်နှာပေါ်သို့ သုတ်လိမ်းပေးပါ။ အသားအရေထဲသို့စိမ့်ဝင်ဖို့အတွက် သေချာလိမ်းခြယ်ပေးကာ တစ်နာရီမျှကြာမြင့်သည့်နောက်မှာတော့ ရေဖြင့်ဆေးကြောပေးနိုင်ပါတယ်။ တနေ့လျှင်တစ်ကြိမ် မှန်မှန်လုပ်ပေးခြင်းဖြင့် အသားအရေမှာ ဝင်းလက်တောက်ပလာပြီး အမာရွတ်များဖြစ်ပေါ်လာမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်အနှစ်

ရှားစောင်းလက်ပတ်သည် အသားအရေ၏နဂိုမူလအရောင်ကို ပြန်လည်ရရှိစေပြီး ပျက်စီးသွားသည့် တစ်သျှူးများပြန်လည်ဖွဲ့စည်းရန်အတွက် ကူညီပေးပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို အသားအရေအနှံ့လိမ်းခြယ်ပေးပြီး မိနစ်သုံးဆယ်ခန့်ကြာ ထားရှိပေးပြီးသည့်နောက်မှာ ရေဖြင့်သန့်စင်ပေးလို့ရပါတယ်။

၆။ သဘောၤသီး

အသားအရေကို ဝင်းလက်တောက်ပစေသည့် အစွမ်းသတ္တိများ အပြည့်ရှိသည့်အတွက် အသီးအဖြစ်စားသုံးနိုင်ရုံသာမက သဘောၤသီး၏အတွင်းအသားကိုပါ အသုံးပြုနိုင်ပါတယ်။ ထိုအတွင်းသားကို မျက်နှာပေါ်သို့လိမ်းပြီးသည့်အခါမှာ ခြောက်အောင်ထားပြီး ရေအေးဖြင့်ဆေးကြောပေးပြီးနောက်မှာ အသားအရေဝင်းလက်လာတာကို တွေ့မြင်နိုင်ပါတယ်။

၇။ နနွင်း

နနွင်းမှုန့်ကို နို့ခရင်မ်ဖြင့် ပျစ်နှစ်သည်အထိရောမွှေကာ အသားအရေပေါ်လိမ်းပေး၍ ခြောက်အောင်ထားပြီးနောက် ကြက်သီးနွေးထရုံရေဖြင့် ဆေးကြောပေးနိုင်ပါတယ်။ မှန်မှန်လုပ်ဆောင်ပေးပါက အသားအရေဖြူဖွေးလာရန်အတွက် အလွန်ထိရောက်မှုရှိတာကို တွေ့မြင်နိုင်ပါတယ်။

၈။ သခွားသီး

အချပ်လေးများလှီးထားသည့် သခွားသီးများကို မည်းညစ်သည့်အသားအရေတဝိုက်အပေါ်သို့ တင်ပေးပါ။ မိနစ်အနည်းငယ်မျှထားပြီးနောက် ဖယ်လိုက်၍ ရေနွေးနွေးဖြင့် ဆေးကြောပေးနိုင်ပါတယ်။ တနေ့လျှင် နှစ်ကြိမ်မှန်မှန်လုပ်ပေးခြင်းဖြင့် အင်မတန်သက်ရောက်မှုရှိသည့် ရလဒ်ကောင်းများကို ပေးစွမ်းမှာပါ။

၉။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်ကို ခရမ်းချဉ်သီးအရည်နှင့် ရောစပ်ကာ မျက်နှာပေါ်လိမ်းခြယ်ပြီး မိနစ် ၂၀ ခန့်ထားပေးပြီး ရေအေးဖြင့်မျက်နှာသစ်ပေးနိုင်ပါတယ်။ ဆေးကြောသည့်အခါမှာလည်း အုတ်ဂျုံမှုန့်က အသားအရေရှိ ဆဲလ်သေများကို ပွတ်တိုက်သန့်စင်နိုင်ရန်အတွက် ဖြည်းညှင်းညင်သာစွာလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top