စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အားလံုးလိုလို ရည္ရြယ္ခ်က္မ်ိဳးစံုနဲ့ တပ္ဆင္ထားတဲ့ ပတ္၀န္းက်င္က လံုျခံဳေရးကိရိယာေတြကို သတိျပဳမိၾကမွာပါ။ဒါေပမယ့္ ဒီလိုကိရိယာေတြမ်ားစြာထဲကမွ လူေတြသတိမထားမိေအာင္ လ်ိဳ့၀ွက္စြာတပ္ဆင္ထားတဲ့ လံုျခံဳေရးကိရိယာ၊အဆင္တန္ဆာေတြမ်ားစြာရွိပါေသးတယ္။အထူးသျဖင့္ ေတာ္၀င္မိသားစုနဲ့အိမ္ျဖဴေတာ္အၾကီးအကဲေတြအတြက္ေပါ့။ဆိုေတာ့ ဗဟုသုတအေနနဲ့ အခုပဲေလ့လာၾကည့္ရေအာင္ေနာ္..။   ။
1.အိမ္ျဖဴေတာ္ထဲက လ်ိဳ့၀ွက္၀န္ေဆာင္မွဳ

အခ်ိဳ့တီဗီစီးရီးေတြမွာေတာ့ ဒီ၀န္ေဆာင္မွဳကိုေဖာ္ျပထားေပမယ့္ ကာရုိက္တာနဲ့ျပင္ပဘ၀အစစ္အမွန္က အနည္းငယ္ကြဲလဲြမွဳေတြရွိတတ္ပါတယ္။အိမ္ျဖဴေတာ္ရဲ့ အထူးလ်ိဳ့၀ွက္အဖြဲ့အစည္းအေနနဲ့ လူေတြအလြယ္တကူမျမင္နိုင္တဲ့ေနရာမွာ ပုန္းကြယ္ေစာင့္ၾကပ္ေနရပါတယ္။သူတို့ဟာ မ်က္မွန္နက္ေတြတပ္ဆင္ထားျပီး ကုဒ္နာမည္ကိုယ္စီရွိသလို လိုအပ္တဲ့အရာေတြထည့္ထားတဲ့အိတ္ေတြပိုးျပီး ေစာင့္ၾကပ္သြားလာရပါတယ္။သူတို့ရဲ့တစ္ခုတည္းေသာအလုပ္ဟာ လက္ရွိသမၼတနဲ့သမၼတေဟာင္းေတြအပါအ၀င္ သူတို့မိသားစုေတြကို ကာကြယ္ဖို့ျဖစ္ပါတယ္။ေနာက္ သူတို့ရဲ့အလုပ္ခ်ိန္ဟာ ရုံးမွာရွိေနခ်ိန္တင္မကပဲ သူတို့ပင္စင္ယူ၊အလုပ္နားျပီးေနာက္၁၀နွစ္ထိ အက်ံဳး၀င္ပါတယ္။ေသနတ္ပစ္သမားေတြအေနနဲ့လည္း အိမ္ျဖဴေတာ္ရဲ့ေခါင္မိုးေပၚကေန အျမဲေစာင့္ၾကပ္ေနတတ္ပါတယ္။လစဥ္တိုင္းမွာလည္း အသစ္အသစ္ေသာနည္းစဥ္ေတြကိို ေလ့က်င့္သင္ယူရပါတယ္။
2.Food scanners at the white house

အိမ္ျဖဴေတာ္တြင္းသို့ ဧည့္သည္ေတြယူေဆာင္လာတဲ့ အစားအစာေတြနဲ့ အိမ္ျဖဴေတာ္ရဲ့စားဖိုမွဴးခ်က္ျပဳတ္ဖို့ေရာက္လာတဲ့ဘယ္အစားအစာမဆို ပထမဆံုးအေနနဲ့ အထူးscannerေတြနဲ့ဖတ္၊စစ္ေဆးရပါတယ္။အိုဘားမားလက္ထက္ကေတာ့ မီရွဲလ္ကိုယ္တိုင္ ဟင္းသီးဟင္းရြက္ခင္းစိုက္ပ်ိဳးထားတာျဖစ္သလို ဟင္းသီးဟင္းရြက္ဟာ သူ့ရဲ့ေရြးခ်ယ္မွဳျဖစ္ခဲ့ပါတယ္။သမၼတထရမ့္လက္ထက္မွာေတာ့ fast foodနွစ္သက္သူပီပီ fast foodကပဲ သူ့ရဲ့ဦးစားေပးေရြးခ်ယ္မွဳျဖစ္ခဲ့ပါတယ္။ဟင္းသီးဟင္းရြက္ပဲၾကိဳက္ၾကိဳက္ ခ်ိစ္ဘာဂါပဲၾကိဳက္ၾကိဳက္ မည္သည့္အစားအစာမဆို သမၼတရဲ့စားပဲြထက္ကိုေရာက္မလာခင္မွာ အႏၱရာယ္ကင္းမကင္း စစ္ေဆးခံရပါတယ္။
3.အထူးလံုျခံဳေအာင္ျပဳလုပ္ထားတဲ့ သမၼတရဲ့စီးေတာ္ယာဥ္

သမၼတရဲ့စီးေတာ္ယာဥ္တံခါးေတြဟာ ပံုမွန္အားျဖင့္ ဖ်က္ဆီးပစ္လို့မရနိုင္ပါဘူး။ကားရဲ့ကိုယ္ထည္ပိုင္းကို ၅လက္မရွိတဲ့သံခ်ပ္ကာေတြနဲ့ဖန္တီးျပဳလုပ္ထားသလို ကားေအာက္မွာဗံုးလာထားရင္ေတာင္ ကားကိုဖ်က္ဆီးပစ္နိုင္စြမ္းမရွိပါဘူး။ကားမွန္ေတြကိုလည္း အေျမွာက္ဒံုးက်ည္ဒဏ္ခံနိုင္တဲ့အျပင္ လံုး၀ေဖာက္ခဲြ၊ေဖာက္ထြင္းနိုင္စြမ္းမရွိတဲ့မွန္ေတြနဲ့ျပဳလုပ္ထားပါတယ္။ကားတံခါးကေတာ့၈လက္မအထူရွိျပီး ဘိုးရင္းဂ်က္၇၄၇ရဲ့တံခါးအေလးခ်ိန္နဲ့ တစ္ထပ္တည္းပါပဲ။တရား၀င္စာတမ္းေတြအရေတာ့ ဒီစီးေတာ္ယာဥ္ကို အဘက္ဘက္ကလံုျခံဳမွဳရွိေအာင္ တိုးျမွင့္ရတာ ေဒၚလာ၁၅သန္းကုန္က်ေၾကာင္းသိရပါတယ္။ထို့အျပင္ စိတ္၀င္စားစရာအေကာင္းဆံုးက နာမည္ပါပဲ”The Beast”တဲ့…။
4.ေတာ္၀င္မိသားစုရဲ့လံုျခံဳတဲ့ခရီးသြားလာေရး

ေတာ္၀င္မိသားစု၀င္ေတြဟာ အျမဲလိုလိုသီးသန့္ဂ်က္ေလယာဥ္ေတြနဲ့ပ်ံသန္းေနျခင္းမ၇ွိပဲ သာမန္ေလေၾကာင္းလိုင္းေတြနဲ့လည္း မၾကာခဏသြားလာေလ့ရွိပါတယ္။နိုင္ငံအေျခစိုက္ကုမၼဏီကိုအားေပးတဲ့အေနနဲ့ အမ်ားအားျဖင့္ Britishေလေၾကာင္းလိုင္းေတြကို ေရြးခ်ယ္ေလ့ရွိပါတယ္။ဒီလိုခရီးသြားလာတဲ့အခါမ်ိဳးမွာလည္း သူတို့ရဲ့ထိပ္တန္းလံုျခံဳေရးအဖဲြ့အစည္းမပါပဲ လံုး၀သြားလာေလ့မရွိပါဘူး။ဒါေပမယ့္ ေမ်ွာ္လင့္ထားသလို အဖဲြ့၀င္မ်ားမ်ားနဲ့ဖဲြ့စည္းထားတဲ့ အဖြဲ့ၾကီးတစ္ခုေတာ့မဟုတ္ပါဘူး။2011၀ီလ်ံနဲ့ကိတ္ LAကိုသြားတဲ့ခရီးစဥ္မွာဆိုရင္ အေစာင့္အၾကပ္၇ေယာက္သာပါ၀င္ျပီး  ၾသစေၾတးလ်ခရီးစဥ္မွာဆိုရင္လည္း စုစုေပါင္း၁၁ေယာက္သာပါ၀င္ပါတယ္။ဒါဟာ သူတို့ရဲ့ကိန္းၾကီးခန္းၾကီးမေနတတ္၊မ၀င့္၀ါတတ္တဲ့ လူေနမွဳပံုစံကို ေဖာ္ျပေနပါတယ္။ဥပမာအားျဖင့္ ေဆာ္ဒီအာေရးဘီးယားဘုရင္ဆိုရင္ ခရီးထြက္ခ်ိန္ အနည္းဆံုးအေစာင့္အၾကပ္ေပါင္း၁၀၀၀အျမဲပါပါတယ္။
5.The Pentagon building’s design

ေနာက္ကြယ္မွာ သီးသန့္ရည္၇ြယ္ခ်က္နဲ့ ေသခ်ာေဆာက္လုပ္ထားတဲ့ ဒီအေဆာက္အအံုပံုစံဟာ အနည္းငယ္ထူးဆန္းေနတာေတာ့ အံ့ၾသစရာေတာ့မရွိပါဘူး။လံုျခံဳေရးအရ အေဆာက္အအံုဟာ ရွည္လ်ားစရာမလိုေပမယ့္ ရုံးခန္းမ်ားစြာ တစုတစည္းတည္းျမင္သာေအာင္၊ဆန့္ေအာင္ေတာ့ လံုေလာက္တဲ့အက်ယ္ပမာဏ၇ွိဖို့လိုပါတယ္။လက္ရွိခ်ိန္မွာဆိုရင္ ထိုေနရာမွာ လူေပါင္း၄၀၀၀၀တျပိဳင္တည္းအလုပ္လုပ္နိုင္ျပီး ကားေပါင္း၁၀၀၀၀ပါကင္ထိုးလို့ရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
အားလုံးလိုလို ရည်ရွယ်ချက်မျိုးစုံနဲ့ တပ်ဆင်ထားတဲ့ ပတ်ဝန်းကျင်က လုံခြုံရေးကိရိယာတွေကို သတိပြုမိကြမှာပါ။ဒါပေမယ့် ဒီလိုကိရိယာတွေများစွာထဲကမှ လူတွေသတိမထားမိအောင် လျို့ဝှက်စွာတပ်ဆင်ထားတဲ့ လုံခြုံရေးကိရိယာ၊အဆင်တန်ဆာတွေများစွာရှိပါသေးတယ်။အထူးသဖြင့် တော်ဝင်မိသားစုနဲ့အိမ်ဖြူတော်အကြီးအကဲတွေအတွက်ပေါ့။ဆိုတော့ ဗဟုသုတအနေနဲ့ အခုပဲလေ့လာကြည့်ရအောင်နော်..။   ။

1.အိမ်ဖြူတော်ထဲက လျို့ဝှက်ဝန်ဆောင်မှု

အချို့တီဗီစီးရီးတွေမှာတော့ ဒီဝန်ဆောင်မှုကိုဖော်ပြထားပေမယ့် ကာရိုက်တာနဲ့ပြင်ပဘဝအစစ်အမှန်က အနည်းငယ်ကွဲလွဲမှုတွေရှိတတ်ပါတယ်။အိမ်ဖြူတော်ရဲ့ အထူးလျို့ဝှက်အဖွဲ့အစည်းအနေနဲ့ လူတွေအလွယ်တကူမမြင်နိုင်တဲ့နေရာမှာ ပုန်းကွယ်စောင့်ကြပ်နေရပါတယ်။သူတို့ဟာ မျက်မှန်နက်တွေတပ်ဆင်ထားပြီး ကုဒ်နာမည်ကိုယ်စီရှိသလို လိုအပ်တဲ့အရာတွေထည့်ထားတဲ့အိတ်တွေပိုးပြီး စောင့်ကြပ်သွားလာရပါတယ်။သူတို့ရဲ့တစ်ခုတည်းသောအလုပ်ဟာ လက်ရှိသမ္မတနဲ့သမ္မတဟောင်းတွေအပါအဝင် သူတို့မိသားစုတွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။နောက် သူတို့ရဲ့အလုပ်ချိန်ဟာ ရုံးမှာရှိနေချိန်တင်မကပဲ သူတို့ပင်စင်ယူ၊အလုပ်နားပြီးနောက်၁၀နှစ်ထိ အကျုံးဝင်ပါတယ်။သေနတ်ပစ်သမားတွေအနေနဲ့လည်း အိမ်ဖြူတော်ရဲ့ခေါင်မိုးပေါ်ကနေ အမြဲစောင့်ကြပ်နေတတ်ပါတယ်။လစဉ်တိုင်းမှာလည်း အသစ်အသစ်သောနည်းစဉ်တွေကို လေ့ကျင့်သင်ယူရပါတယ်။

2.Food scanners at the white house

အိမ်ဖြူတော်တွင်းသို့ ဧည့်သည်တွေယူဆောင်လာတဲ့ အစားအစာတွေနဲ့ အိမ်ဖြူတော်ရဲ့စားဖိုမှူးချက်ပြုတ်ဖို့ရောက်လာတဲ့ဘယ်အစားအစာမဆို ပထမဆုံးအနေနဲ့ အထူးscannerတွေနဲ့ဖတ်၊စစ်ဆေးရပါတယ်။အိုဘားမားလက်ထက်ကတော့ မီရှဲလ်ကိုယ်တိုင် ဟင်းသီးဟင်းရွက်ခင်းစိုက်ပျိုးထားတာဖြစ်သလို ဟင်းသီးဟင်းရွက်ဟာ သူ့ရဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။သမ္မတထရမ့်လက်ထက်မှာတော့ fast foodနှစ်သက်သူပီပီ fast foodကပဲ သူ့ရဲ့ဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ဟင်းသီးဟင်းရွက်ပဲကြိုက်ကြိုက် ချိစ်ဘာဂါပဲကြိုက်ကြိုက် မည်သည့်အစားအစာမဆို သမ္မတရဲ့စားပွဲထက်ကိုရောက်မလာခင်မှာ အန္တရာယ်ကင်းမကင်း စစ်ဆေးခံရပါတယ်။

3.အထူးလုံခြုံအောင်ပြုလုပ်ထားတဲ့ သမ္မတရဲ့စီးတော်ယာဉ်

သမ္မတရဲ့စီးတော်ယာဉ်တံခါးတွေဟာ ပုံမှန်အားဖြင့် ဖျက်ဆီးပစ်လို့မရနိုင်ပါဘူး။ကားရဲ့ကိုယ်ထည်ပိုင်းကို ၅လက်မရှိတဲ့သံချပ်ကာတွေနဲ့ဖန်တီးပြုလုပ်ထားသလို ကားအောက်မှာဗုံးလာထားရင်တောင် ကားကိုဖျက်ဆီးပစ်နိုင်စွမ်းမရှိပါဘူး။ကားမှန်တွေကိုလည်း အမြှောက်ဒုံးကျည်ဒဏ်ခံနိုင်တဲ့အပြင် လုံးဝဖောက်ခွဲ၊ဖောက်ထွင်းနိုင်စွမ်းမရှိတဲ့မှန်တွေနဲ့ပြုလုပ်ထားပါတယ်။ကားတံခါးကတော့၈လက်မအထူရှိပြီး ဘိုးရင်းဂျက်၇၄၇ရဲ့တံခါးအလေးချိန်နဲ့ တစ်ထပ်တည်းပါပဲ။တရားဝင်စာတမ်းတွေအရတော့ ဒီစီးတော်ယာဉ်ကို အဘက်ဘက်ကလုံခြုံမှုရှိအောင် တိုးမြှင့်ရတာ ဒေါ်လာ၁၅သန်းကုန်ကျကြောင်းသိရပါတယ်။ထို့အပြင် စိတ်ဝင်စားစရာအကောင်းဆုံးက နာမည်ပါပဲ”The Beast”တဲ့…။

4.တော်ဝင်မိသားစုရဲ့လုံခြုံတဲ့ခရီးသွားလာရေး

တော်ဝင်မိသားစုဝင်တွေဟာ အမြဲလိုလိုသီးသန့်ဂျက်လေယာဉ်တွေနဲ့ပျံသန်းနေခြင်းမ၇ှိပဲ သာမန်လေကြောင်းလိုင်းတွေနဲ့လည်း မကြာခဏသွားလာလေ့ရှိပါတယ်။နိုင်ငံအခြေစိုက်ကုမ္မဏီကိုအားပေးတဲ့အနေနဲ့ အများအားဖြင့် Britishလေကြောင်းလိုင်းတွေကို ရွေးချယ်လေ့ရှိပါတယ်။ဒီလိုခရီးသွားလာတဲ့အခါမျိုးမှာလည်း သူတို့ရဲ့ထိပ်တန်းလုံခြုံရေးအဖွဲ့အစည်းမပါပဲ လုံးဝသွားလာလေ့မရှိပါဘူး။ဒါပေမယ့် မျှော်လင့်ထားသလို အဖွဲ့ဝင်များများနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးတစ်ခုတော့မဟုတ်ပါဘူး။2011ဝီလျံနဲ့ကိတ် LAကိုသွားတဲ့ခရီးစဉ်မှာဆိုရင် အစောင့်အကြပ်၇ယောက်သာပါဝင်ပြီး  သြစတြေးလျခရီးစဉ်မှာဆိုရင်လည်း စုစုပေါင်း၁၁ယောက်သာပါဝင်ပါတယ်။ဒါဟာ သူတို့ရဲ့ကိန်းကြီးခန်းကြီးမနေတတ်၊မဝင့်ဝါတတ်တဲ့ လူနေမှုပုံစံကို ဖော်ပြနေပါတယ်။ဥပမာအားဖြင့် ဆော်ဒီအာရေးဘီးယားဘုရင်ဆိုရင် ခရီးထွက်ချိန် အနည်းဆုံးအစောင့်အကြပ်ပေါင်း၁၀၀၀အမြဲပါပါတယ်။

5.The Pentagon building’s design

နောက်ကွယ်မှာ သီးသန့်ရည်ရွယ်ချက်နဲ့ သေချာဆောက်လုပ်ထားတဲ့ ဒီအဆောက်အအုံပုံစံဟာ အနည်းငယ်ထူးဆန်းနေတာတော့ အံ့သြစရာတော့မရှိပါဘူး။လုံခြုံရေးအရ အဆောက်အအုံဟာ ရှည်လျားစရာမလိုပေမယ့် ရုံးခန်းများစွာ တစုတစည်းတည်းမြင်သာအောင်၊ဆန့်အောင်တော့ လုံလောက်တဲ့အကျယ်ပမာဏ၇ှိဖို့လိုပါတယ်။လက်ရှိချိန်မှာဆိုရင် ထိုနေရာမှာ လူပေါင်း၄၀၀၀၀တပြိုင်တည်းအလုပ်လုပ်နိုင်ပြီး ကားပေါင်း၁၀၀၀၀ပါကင်ထိုးလို့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top