မလွေတာ့လဲ ကိစၥမရွိပါဘူးတဲ့။
အႏုပညာအလုပ္ေတြနဲ႕ အလွမ္းေဝးသြားေပမယ့္ ယခုထက္ထိ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားႏိုင္သူ သရုပ္ေဆာင္ နႏၵာလိႈင္က ယခုရက္ပိုင္းအတြင္းမွာ ဝိတ္ခ်ေနတယ္လို႕ သိရပါတယ္။ သူမကို အရမ္းပိန္သြားလို႕ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

နႏၵာလိႈင္ကေတာ့ သူမပိန္သြားတာဟာ ဝိတ္ခ်ေနတဲ့အခ်ိန္မို႕လို႕ ပိန္သြားတာ ျဖစ္ေၾကာင္းနဲ႕ ေနာက္ေတာ့ မ်က္ႏွာျပန္ျပည့္သြားမွာပါဆိုၿပီး ပရိသတ္ေတြကို ျပန္ေျပာျပခဲ့ပါတယ္။
အရမ္းပိန္သြားၿပီး မလွေတာ့ဘူးလို႕ ေျပာတဲ့သူေတြကိုလညး္ စိတ္မပူဖို႕ကို သူမရဲ႕ ေဖ့စ္ဘြတ္မွာ လြန္ခဲ့တဲ့ မိနစ္ပိုင္းေလာက္ ေျပာျပထား ပါတယ္။
“အရမ္းပိန္သြားလို႔မလွေတာ့ဘူးလို႔စိတ္မေကာင္းျဖစ္ေနတဲ့သူေတြမပူပါနဲ႔လို႔
ဝိတ္ခ်ေနတဲ႔အခ်ိန္မို႔လို႔ပါလို႔
ေနာက္ေတာ့မ်က္ႏွာျပန္ျပည့္သြားမွာပါလို႔
မလွေတာ့လဲကိစၥမရွိပါဘူးလို႔
ပစၥည္းသခၤါရ လူသခၤါရ အလွသခၤါရ ပါလို႕” ဆိုၿပီး ေရးသားထားတာ ေတြ႕ရပါတယ္။
ပရိသတ္ေတြကေတာ့ သူမဘယ္လိုေနေန လွၿပီးသား ခ်စ္ၿပီးသားပါဆိုၿပီး သူမရဲ႕ ပို႕စ္ေအာက္မွာ ျပန္ၿပီး မွတ္ခ်က္ေလးေတြ ေပးထားၾကပါေသးတယ္။ နႏၵာလိႈင္ကေတာ့ အႏုပညာအလုပ္ေတြ နားထားေပမယ့္လည္း ယခုထက္တုိင္ ပရိသတ္အားေပးမႈကို ရရွိထားတဲ့ အႏုပညာ ရွင္တစ္ဦးျဖစ္ ပါတယ္။
႐ုပ္ရည္ေရာ ခႏၶာကိုယ္ပါ အလွဆံုး သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးခဲ့တဲ့ နႏၵာလႈိင္ဟာ အိမ္ေထာင္ျပဳၿပီး ေနာက္မွာ ေတာ့ သူမရဲ႕အိမ္ေထာင္ေရးမွာပဲ စိတ္ႏွစ္ကာ သမီးေလး ၃ ေယာက္ကို ထိန္းရင္း အိမ္ရွင္မေကာင္းတစ္ေယာက္အျဖစ္ သူမရဲ႕ ဘဝကို တည္ေဆာက္ ေနသူျဖစ္ပါတယ္။
Photo : နႏၵာလိႈင္ FB
ဖိုးသူေတာ္ (www.phothutaw.com)
Credit: DUWUN
# Unicode Version ျဖင့္ ဖတ္ပါ #
မလှတော့လဲ ကိစ္စမရှိပါဘူးတဲ့။
အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားပေမယ့် ယခုထက်ထိ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားနိုင်သူ သရုပ်ဆောင် နန္ဒာလှိုင်က ယခုရက်ပိုင်းအတွင်းမှာ ဝိတ်ချနေတယ်လို့ သိရပါတယ်။ သူမကို အရမ်းပိန်သွားလို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။
နန္ဒာလှိုင်ကတော့ သူမပိန်သွားတာဟာ ဝိတ်ချနေတဲ့အချိန်မို့လို့ ပိန်သွားတာ ဖြစ်ကြောင်းနဲ့ နောက်တော့ မျက်နှာပြန်ပြည့်သွားမှာပါဆိုပြီး ပရိသတ်တွေကို ပြန်ပြောပြခဲ့ပါတယ်။
အရမ်းပိန်သွားပြီး မလှတော့ဘူးလို့ ပြောတဲ့သူတွေကိုလည်း စိတ်မပူဖို့ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် ပြောပြထား ပါတယ်။
“အရမ်းပိန်သွားလို့မလှတော့ဘူးလို့စိတ်မကောင်းဖြစ်နေတဲ့သူတွေမပူပါနဲ့လို့
ဝိတ်ချနေတဲ့အချိန်မို့လို့ပါလို့
နောက်တော့မျက်နှာပြန်ပြည့်သွားမှာပါလို့
မလှတော့လဲကိစ္စမရှိပါဘူးလို့
ပစ္စည်းသင်္ခါရ လူသင်္ခါရ အလှသင်္ခါရ ပါလို့” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။
ပရိသတ်တွေကတော့ သူမဘယ်လိုနေနေ လှပြီးသား ချစ်ပြီးသားပါဆိုပြီး သူမရဲ့ ပို့စ်အောက်မှာ ပြန်ပြီး မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။ နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အနုပညာ ရှင်တစ်ဦးဖြစ် ပါတယ်။
ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။
Photo : နန္ဒာလှိုင် FB
ဖိုးသူတော် (www.phothutaw.com)
Credit: DUWUN