ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဆိုးလ္ရွိ ေဒါင္ဂြတ္ႏွင့္ ကြမ္ဟီတကၠသိုလ္တို႔က ခ်စ္မႈေရးရာဘာသာရပ္မ်ား ပို႔ခ်ေနၿပီး ယေန႕ေခတ္လူငယ္တို႔သည္ မိသားစုဘ၀ မထူေထာင္လိုၾကေတာ့သည့္အတြက္ ၎တို႔ကို အဓိကရည္႐ြယ္ကာ ယင္းဘာသာရပ္ကို ပို႔ခ်ေနျခင္းျဖစ္သည္။

အိမ္ၿခံေျမေဈးႏႈန္းျမင့္မားျခင္း၊ အလုပ္အကိုင္ရရန္ မလြယ္ကူျခင္းႏွင့္ ပညာသင္စရိတ္ႀကီးျမင့္ျခင္းတို႔ေၾကာင့္ ယေန႕ေခတ္လူငယ္အမ်ားစုသည္ သမီးရည္းစားထားျခင္း၊ အိမ္ေထာင္ျပဳသားေမြးျခင္းဆိုသည့္ ကိစၥရပ္မ်ားကိုစိတ္မဝင္စားၾကေတာ့ေပ။

ထို႔ေၾကာင့္ အိမ္ေထာင္ျပဳသည့္ႏႈန္းထားေတာင္ကိုရီးယားတြင္ သိ သိသာသာက်ဆင္းလာေတာ့သည္။ယင္းအတြက္ ပါေမာကၡ ဂ်န္ဂ်ီဆြတ္ခ္က ဒန္ဂြတ္တကၠသိုလ္တြင္ ယင္း ဘာသာရပ္ကိုစတင္ပို႔ခ်ျခင္းျဖစ္သည္။

ယင္းဘာသာရပ္သည္ ေက်ာင္းသား ေက်ာင္းသူမ်ားကို လက္တြဲေဖာ္မွန္မွန္ကန္ ကန္ေ႐ြးခ်ယ္နည္းႏွင့္ ယင္းလက္တြဲေဖာ္ႏွင့္ ၾကာရွည္စြာ ခ်စ္ခင္သင့္ျမတ္နည္းတို႔ ကို ပို႔ခ်ေပးသည္။

ေက်ာင္းသားေက်ာင္းသူ မ်ားသည္ အတန္းေဖာ္သုံးဦးႏွင့္ တြဲရန္လိုၿပီး တစ္ဦးကိုတစ္လတြဲရမည္ဟု ဘာ သာရပ္တြင္ ထည့္သြင္းျပ႒ာန္းထားသည္။

ရည္းစားႏွင့္ခ်ိန္းေတြ႕ျခင္း၊ မနာလိုျဖစ္ျခင္းႏွင့္ ရန္ျဖစ္ျခင္းတို႔ကို ကိုင္တြယ္ ေျဖ ရွင္းပုံတို႔မွာ ၎တို႔လုပ္ရမည့္ အိမ္စာမ်ား ျဖစ္သည္။

စာေတြ႕ထက္လက္ေတြ႕မွေန၍ သင္ခန္းစာမ်ား ပိုရနိုင္သည္ဟု ယုံၾကည္သျဖင့္လက္ေတြ႕ ရည္းစားထားခိုင္းျခင္း ျဖစ္သည္ဟုပါေမာကၡကဆိုသည္။ ေနာက္ပိုင္းတြင္ ကြမ္ဟီတကၠသိုလ္ကပါ ယင္းဘာသာရပ္ကို ပို႔ခ်လာျခင္းျဖစ္သည္။

ေတာင္ကိုရီးယားတြင္ အိမ္ေထာင္ျပဳႏႈန္း၊ ကေလးေမြးဖြားႏႈန္း တစ္ႏွစ္ထက္တစ္ႏွစ္က်ဆင္းလာေနသျဖင့္ နိုင္ငံသားမ်ား အိမ္ ေထာင္ျပဳသားေမြးရန္ အစိုးရက နည္းေပါင္းစုံသုံးဆြဲေဆာင္ေနရသည္။

ကေလးေမြးဖြားႏႈန္းတက္လာရန္အလို႔ငွာ ေတာင္ကိုရီးယားအစိုးရသည္ ေဒၚလာ ဘီလ်ံ ၆၀ ခန႔္သုံးစြဲထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: PM

# Unicode Version ျဖင့္ ဖတ္ပါ #
ဆိုးလ်ရှိ ဒေါင်ဂွတ်နှင့် ကွမ်ဟီတက္ကသိုလ်တို့က ချစ်မှုရေးရာဘာသာရပ်များ ပို့ချနေပြီး ယနေ့ခေတ်လူငယ်တို့သည် မိသားစုဘ၀ မထူထောင်လိုကြတော့သည့်အတွက် ၎င်းတို့ကို အဓိကရည်ရွယ်ကာ ယင်းဘာသာရပ်ကို ပို့ချနေခြင်းဖြစ်သည်။

အိမ်ခြံမြေဈေးနှုန်းမြင့်မားခြင်း၊ အလုပ်အကိုင်ရရန် မလွယ်ကူခြင်းနှင့် ပညာသင်စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ယနေ့ခေတ်လူငယ်အများစုသည် သမီးရည်းစားထားခြင်း၊ အိမ်ထောင်ပြုသားမွေးခြင်းဆိုသည့် ကိစ္စရပ်များကိုစိတ်မဝင်စားကြတော့ပေ။

ထို့ကြောင့် အိမ်ထောင်ပြုသည့်နှုန်းထားတောင်ကိုရီးယားတွင် သိ သိသာသာကျဆင်းလာတော့သည်။ယင်းအတွက် ပါမောက္ခ ဂျန်ဂျီဆွတ်ခ်က ဒန်ဂွတ်တက္ကသိုလ်တွင် ယင်း ဘာသာရပ်ကိုစတင်ပို့ချခြင်းဖြစ်သည်။

ယင်းဘာသာရပ်သည် ကျောင်းသား ကျောင်းသူများကို လက်တွဲဖော်မှန်မှန်ကန် ကန်ရွေးချယ်နည်းနှင့် ယင်းလက်တွဲဖော်နှင့် ကြာရှည်စွာ ချစ်ခင်သင့်မြတ်နည်းတို့ ကို ပို့ချပေးသည်။

ကျောင်းသားကျောင်းသူ များသည် အတန်းဖော်သုံးဦးနှင့် တွဲရန်လိုပြီး တစ်ဦးကိုတစ်လတွဲရမည်ဟု ဘာ သာရပ်တွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ရည်းစားနှင့်ချိန်းတွေ့ခြင်း၊ မနာလိုဖြစ်ခြင်းနှင့် ရန်ဖြစ်ခြင်းတို့ကို ကိုင်တွယ် ဖြေ ရှင်းပုံတို့မှာ ၎င်းတို့လုပ်ရမည့် အိမ်စာများ ဖြစ်သည်။

စာတွေ့ထက်လက်တွေ့မှနေ၍ သင်ခန်းစာများ ပိုရနိုင်သည်ဟု ယုံကြည်သဖြင့်လက်တွေ့ ရည်းစားထားခိုင်းခြင်း ဖြစ်သည်ဟုပါမောက္ခကဆိုသည်။ နောက်ပိုင်းတွင် ကွမ်ဟီတက္ကသိုလ်ကပါ ယင်းဘာသာရပ်ကို ပို့ချလာခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် အိမ်ထောင်ပြုနှုန်း၊ ကလေးမွေးဖွားနှုန်း တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာနေသဖြင့် နိုင်ငံသားများ အိမ် ထောင်ပြုသားမွေးရန် အစိုးရက နည်းပေါင်းစုံသုံးဆွဲဆောင်နေရသည်။

ကလေးမွေးဖွားနှုန်းတက်လာရန်အလို့ငှာ တောင်ကိုရီးယားအစိုးရသည် ဒေါ်လာ ဘီလျံ ၆၀ ခန့်သုံးစွဲထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: PM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top