လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ဆူးေလေစတီေတာ္ ေတာင္ဘက္မုခ္အဆင္းရွိ ၁၀ေပ ပတ္လည္ သာသာ အခန္းက်ဥ္းတစ္ခုထဲသုိ႔ ေျခခ်မိသည္ႏွင့္ အသက္ (၈၀) ခန္႔ရွိ အဘိုးအိုတစ္ဦး၏ ေႏြးေထြးလိႈက္လွဲစြာ ဖိတ္ေခၚသည့္ ႏႈတ္ဆက္သံကို ဦးစြာၾကားရမည္ျဖစ္ သည္။

ဆုိင္ခန္းက်ဥ္းေလး၏ အဝင္ အဝမ်က္ႏွာစာတြင္ေတာ့ အစိမ္း ေရာင္ေနာက္ခံတြင္ အျဖဴေရာင္ စာလံုးမ်ားျဖင့္ စံပယ္ျဖဴေရာင္စံု ဓာတ္ပံုတိုက္ဟူ၍ ၁၉၇၀ ျပည့္ ႏွစ္ဝန္းက်င္မ်ားဆီက စာလံုးဒီ ဇိုင္းျဖင့္ ေရးသားထားသည့္ ဆုိင္းဘုတ္တစ္ခုကို ခ်ိတ္ဆြဲထားသည္။ ဓာတ္ပံုဆုိင္ေလးႏွင့္ ထိုဆုိင္း ဘုတ္တုိ႔၏သည္ သက္တမ္း ႏွစ္ ၄၀ ေက်ာ္ရွိေနၿပီျဖစ္သည္။

ဒစ္ဂ်စ္တယ္နည္းပညာမ်ား တိုးတက္လာေသာ ယေန႔ေခတ္ တြင္ မိုဘုိင္းဖုန္းမ်ားရွိ႐ံုျဖင့္ ဓာတ္ ပံုတစ္ပံု အလြယ္တကူ ႐ိုက္ကူးႏိုင္ေသာ္လည္း အဆိုပါ စံပယ္ျဖဴ ေရာင္စံုဓာတ္ပံုတိုက္ေလးသည္ ဧည့္သည္မ်ား ဝင္လာမစဲ တသဲသဲျဖင့္ ယေန႔ထိ တိုင္လည္ပတ္ေနရ ဆဲျဖစ္သည္။

ဧည့္သည္အမ်ားစုက စံပယ္ျဖဴဓာတ္ပံုဆုိင္ကို ရန္ကုန္ၿမိဳ႕တြင္ ႏွစ္ ၄၀ ခန္႔ ရပ္တည္ေနသည့္ ဓာတ္ပံုဆုိင္ေလးမုိ႔ အမွတ္တရ လာ ေရာက္အားေပးသလို ဓာတ္ပံုတိုက္ပိုင္ရွင္ အသက္ (၈၀)အရြယ္ဦးထြန္းစိန္ကို ခ်စ္ခင္ေသာ ေၾကာင့္ လာေရာက္အားေပးသူ မ်ားလည္း ရွိသည္။

‘‘ကာစတန္မာေတြလာၾက တာက ဘႀကီးက စိတ္ရွည္တယ္ တဲ့။ ဓာတ္ပံုဝါသနာပါတဲ့ကေလး ေတြကလည္း ဓာတ္ပံုနဲ႔ပတ္သက္ ၿပီး လာေမးၾကတယ္။ ဆရာေျပာ တာကို နားေထာင္ခ်င္လို႔ပါတဲ့။ ကေလးေတြလာေမးရင္ ေသခ်ာ ေလးေျပာျပျဖစ္တယ္။ ဘႀကီးက ဝါသနာပါလို႔ ဒီအလုပ္ကို ေရြး ခ်ယ္ၿပီး ယေန႔အထိ လုပ္ေနခဲ့တာ ပါ’’ဟု ဦးထြန္းစိန္က ေျပာသည္။

ဓာတ္ပံုတိုက္အတြင္း ကြန္ ပ်ဴတာတစ္လံုးရွိၿပီး ဓာတ္ပံု႐ိုက္ သည့္ ကန္႔လန္႔ကာ၊ မီးေခ်ာင္း၊ မွန္တုိ႔ရွိေနသည္။

စံပယ္ျဖဴ ေရာင္စံုဓာတ္ပံု တိုက္ကို ယေန႔အထိ ဦးစီးလုပ္ ကိုင္ေနသည့္ ဦးထြန္းစိန္သည္ စိုက္ပ်ိဳးေရး႐ံုးတြင္ အႀကီးတန္းစာ ရင္းစစ္အျဖစ္ လုပ္ကိုင္ေနရင္း ၁၉၇၂ ကစတင္ကာ အစိုးရအလုပ္တစ္ဖက္ႏွင့္ ဓာတ္ပံုလုပ္ငန္းကို စတင္လုပ္ကိုင္ခဲ့ျခင္းျဖစ္ သည္။ ၁၉၉၆ တြင္ အၿငိမ္းစားပင္စင္ယူကာ စံပယ္ျဖဴ ေရာင္စံုဓာတ္ ပံုတုိက္ကုိ ဦးစီးလုပ္ကိုင္ခဲ့သည္။

‘‘၇၂ မွာ ႀကီးၾကပ္တယ္။ ဒါ ေပမဲ့ မလုပ္ျဖစ္ဘူး။ အစိုးရအ လုပ္က တစ္ဖက္နဲ႔ မနက္ ႐ံုးသြား ခါနီး တပည့္ကေလးေတြကို ႀကီး ၾကပ္တယ္။ ႐ံုးက ၄ နာရီဆိုဆင္း ၿပီ။ ညမိုးခ်ဳပ္ အလုပ္ကျပန္လာ ရင္ ႀကီးၾကပ္တယ္။ ၉၆ က်မွ ကေလးေတြကို ဆုိင္တစ္ဆုိင္ငွား ေပးၿပီး ကိုယ့္ဟာကိုယ္ ဓာတ္ပံုနဲ႔ပတ္သက္တဲ့ စာအုပ္ေတြဖတ္တယ္။ သင္တန္းမတက္ခဲ့ဘူး’’ဟု ဦးထြန္းစိန္က ေျပာသည္။

ဦးထြန္းစိန္သည္ ရန္ကုန္ၿမိဳ႕၃၈ လမ္းတြင္ေနထုိင္သူျဖစ္ၿပီး ဆူး ေလဘုရားေအာက္ရွိ ၎၏ ဓာတ္ပံုတိုက္သို႔ ေန႔စဥ္လမ္းေလွ်ာက္ ကာ ဆုိင္လာဖြင့္ေလ့ရွိသည္။ သႀကၤန္တြင္းမွလြဲ၍ က်န္သည့္ ရက္မ်ားတြင္ ပိတ္ရက္မရွိ ေန႔စဥ္ နံနက္ ၉ နာရီမွ ညေန ၆ နာရိထိ ဖြင့္လွစ္ခဲ့သည္။

စံပယ္ျဖဴတြင္ ပတ္စ္ပို႔ဓာတ္ ပံုေလးပံုလွ်င္ က်ပ္ ၈၀၀ သာေပး ရၿပီး ရွစ္ပံု႐ိုက္ပါက က်ပ္ ၁,၅၀၀ သာေပးရ၏။ တစ္ေန႔လွ်င္ ဦးထြန္းစိန္၏ ဝင္ေငြက အမ်ားဆံုး က်ပ္ ႏွစ္ေသာင္းခြဲခန္႔ရွိသည္မို႔ လခစား ဝန္ထမ္းထက္ေတာ့သာသည္ဟု ဆုိႏုိင္သည္။

‘‘ဒီေန႔ဆို ေန႔တစ္ဝက္ပဲရွိ ေသးတယ္။ တစ္ေသာင္းရွစ္ ေထာင္ရေနၿပီ။ ဘႀကီးက ဝါသနာေၾကာင့္လုပ္တာ စီးပြားေရးအရ ပိုက္ဆံရခ်င္ရ၊ မရခ်င္ေန အေရး မႀကီးဘူး။ ကာစတန္မာမလာတဲ့ အခ်ိန္ေတြမွာ တစ္ေယာက္တည္း စစ္တုရင္ထိုးတယ္’’ဟု ဦးထြန္းစိန္က ရယ္ေမာကာ ဆက္လက္ေျပာ သည္။

ယခင္ေခတ္က ေဒါက္ႀကီး မ်ားႏွင့္ ကင္မရာကို ေခါင္းၿမီးၿခံဳ ၿပီး ဖလင္ႏွင့္ ႐ိုက္ၾကေသာ္လည္း ေခတ္မီတိုးတက္လာသည့္ ယေန႔ ေခတ္တြင္ ဒစ္ဂ်စ္တယ္ကင္မရာ မ်ားျဖင့္ ကတ္စနစ္မ်ား၊ မိုဘုိင္း ဖုန္းမ်ားကို အသံုးျပဳသူမ်ားျပား လာသည္။

‘‘ဟိုးေရွးေခတ္က လူေတြက ေတာ့ ဖလင္ႀကိဳက္ၾကတယ္။ ဒီ ဖက္ေခတ္က်ေတာ့ အျမန္ ဒစ္ ဂ်စ္တယ္ကိုပဲ ႀကိဳက္ၾကတယ္။ ဒါေပမဲ့ ပံုကိုေတာ့ ဘႀကီးက ကာ စတန္မာေက်နပ္ေအာင္ လုပ္ေပး တယ္’’ဟု ဦးထြန္းစိန္က ေျပာ သည္။

ဦးထြန္းစိန္၏ အိမ္ေထာင္ ဘက္သည္လည္း ဓာတ္ပံုဝါသနာ ႀကီးသူျဖစ္သည္။ ထို႔အျပင္ ၎ ၏ ေယာက္ဖကလည္း ဆုိင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ၃၁ လမ္း ထိပ္တြင္ စံပယ္ဓာတ္ပံုဆုိင္ ဖြင့္ လွစ္ထားကာ သက္တမ္းၾကာရွည္ သည့္ ဓာတ္ပံုဆုိင္ထဲတြင္ ပါဝင္သည္။ ဦးထြန္းစိန္တြင္ သားသမီးသံုးဦးရွိၿပီး ၎တို႔ကိုလည္း ဓာတ္ပံုပညာျဖင့္ ေကြၽးေမြးပ်ိဳးေထာင္လာ ခဲ့ျခင္းျဖစ္သည္။

၁၉၈၀ ျပည့္ႏွစ္ဝန္းက်င္မ်ား က ရန္ကုန္ၿမိဳ႕တြင္ ေရာင္စံုဓာတ္ပံုမ်ား၊ လိုင္စင္ဓာတ္ပံုဆုိင္မ်ား ေခတ္မစားမီက စံပယ္ျဖဴတုိက္ကၿမိဳ႕ တြင္းေနျပည္သူမ်ားအတြက္ အားထားစရာျဖစ္ခဲ့သည္။ ထိုစဥ္က ေက်ာင္းဖြင့္ခါနီးဆုိလွ်င္ စံပယ္ျဖဴ ဓာတ္ပံုတိုက္မွာ လူတိုးမေပါက္ဘဲ တန္းစီခဲ့ရေၾကာင္း စိန္႔ေပါလ္ေက်ာင္းသားေဟာင္း ကိုဆလုိင္း ေအးေဇာ္က ေျပာသည္။

လက္ရွိတြင္ စံပယ္ျဖဴဆုိင္သုိ႔ ဓာတ္ပံုလာ႐ိုက္ၾကသည့္သူမ်ားသည္ ေရာင္စံုဓာတ္ပံု႐ိုက္ကူးသူ မ်ားၿပီး အမ်ားစုမွာ အမွတ္တရအျဖဴအမဲလုိင္စင္ဓာတ္ပံု႐ိုက္ကူး ေလ့ရွိၾကသည္။ ႏုိင္ငံျခားသားအမ်ားစုလည္း ေနာက္ခံအျဖဴ႐ိုက္ ကူးေၾကာင္း ဦးထြန္းစိန္က ေျပာ သည္။ သက္တမ္းၾကာေနၿပီျဖစ္ သည့္ ဓာတ္ပံုဆုိင္လည္းျဖစ္ၿပီး ၿမိဳ႕လယ္ေကာင္ ဆူးေလႏွင့္လည္းနီးသည္မို႔ ႏိုင္ငံျခားသားခရီးသြား အခ်ိဳ႕က ဦးထြန္းစိန္၏ ဓာတ္ပံု တိုက္ကို စိတ္ဝင္တစား ေရာက္ လာတတ္သည္။

ရန္ကုန္ၿမိဳ႕တြင္ လူေတာ္ ေတာ္မ်ားမ်ား သတိမျပဳမိဘဲ ယခု ကဲ့သို႔ သက္တမ္းၾကာျမင့္စြာ ရပ္ တည္ေနေသာ စံပယ္ျဖဴဓာတ္ပံု တိုက္ကို ႏုိင္ငံျခားသားဧည့္သည္ မ်ားလည္း လာေရာက္ၾကည့္႐ႈကာ မွတ္တမ္းတင္ေလ့ရွိေၾကာင္း ဧည့္ လမ္းၫႊန္ ကိုဝင္းေဌးလြင္ဦးက ေျပာသည္။

‘‘ဒီကို တိုးရစ္ဧည့္သည္ေတြ လာတယ္ဆုိတာက အေနာက္ ႏိုင္ငံကသူေတြမ်ားတယ္။ သူတို႔ အေနာက္ပိုင္းမွာ ဒီလိုဓာတ္ပံုဆုိင္ မ်ိဳးေတြ မရွိေတာ့ဘူး။ ရွားတယ္ ေပါ့။ ဒီလိုအခေၾကးေငြ နည္းနည္း ပဲေပးၿပီးေတာ့ လုိင္စင္ပံု႐ိုက္လုိ႔ရ တယ္ဆုိေတာ့ သေဘာက်ၾက တယ္။ ၿပီးေတာ့ အျပင္အဆင္ပံုစံ ကလည္း ဟိုဘက္ေခတ္ပံုုလို ဒီ စံပယ္ျဖဴဆုိတဲ့ ဆုိင္းဘုတ္ကို သူ တုိ႔က သေဘာက်တယ္။ ဒီေရာက္ ရင္ ဆုိင္းဘုတ္နဲ႔တြဲ႐ိုက္တာမ်ိဳး လုပ္ၾကတယ္။ ဆူးေလနဲ႔နီးေန ေတာ့ ဧည့္သည္လည္း ဝင္ရတာ စိတ္ေက်နပ္မႈတစ္ခုရတဲ့ေနရာ ေလးပါ’’ဟု ကိုဝင္းေဌးလြင္ဦးက ေျပာသည္။

ထို႔အျပင္ စံပယ္ျဖဴကို ဧည့္ သည္မ်ား ႏွစ္ၿခိဳက္ရသည့္အ ေၾကာင္းရင္း ေနာက္တစ္ခုက ဦးထြန္းစိန္၏ စိတ္ရွည္မႈေၾကာင့္ ျဖစ္သည္။

‘‘ဘႀကီးက မ်က္ႏွာကို ေသခ်ာေခ်ာေပးတယ္။ အျပင္ထြက္ ႐ိုက္တဲ့ ဓာတ္ပံုဆရာေတြနဲ႔ေတာ့ မတူဘူးေပါ့။ စိတ္ရွည္ရမယ္။ သည္းခံရမယ္။ ကာစတန္မာနဲ႔ စကားေျပာတဲ့အခါ လိမၼာပါးနပ္ ရမယ္။ အစစအရာရာေပါ့။ အခု ေခတ္ဆိုင္ႀကီးေတြ သြား႐ိုက္ ၾကည့္ ဒိုင္းဆို႐ိုက္ၿပီး အျပင္မွာ သြားေစာင့္ရတယ္။ ဘႀကီးက ေတာ့ အဲဒီလိုမဟုတ္ဘူး။ ဒီမွာ လာထိုင္ၾကည့္ ဘာလိုလဲ လိုတာ ေျပာ မႀကိဳက္တာျပင္ေပးမယ္ဆုိ ၿပီး ျပင္ေပးတာပါ။ ဝါသနာကိုး’’ ဟု ဦးထြန္းစိန္က ေျပာသည္။

ဆုိင္စဖြင့္စဥ္ကတည္းက ယေန႔အထိ အႏွစ္ ၄၀ ေက်ာ္အ တြင္း အကူဝန္ထမ္းမထားရွိဘဲ ၎တစ္ေယာက္တည္းသာ ဦးစီး လုပ္ကိုင္ခဲ့ၿပီး ယခု အသက္အ ရြယ္ရလာသည့္တုိင္ ခပ္က်ဥ္း က်ဥ္း စံပယ္ျဖဴဓာတ္ပံုဆုိင္ထဲရွိ ကြန္ပ်ဴတာတစ္လံုးေရွ႕တြင္ ၎ တစ္ေယာက္တည္း လုပ္ကိုင္လို႔ ေကာင္းတုန္းျဖစ္သည္။

‘‘ဘႀကီးက ဓာတ္ပံု႐ိုက္တာ ပဲ စိတ္ဝင္စားတယ္။ ဘႀကီးဓာတ္ ပံုကို အေရွ႕မွာ စိတ္ဝင္စားစြာ ႐ိုက္ေနတယ္။ ေနာက္က ဖုန္း ေတြယူသြားရင္လည္း မသိဘူး။ လာတာကတစ္ေယာက္၊ ယူသြား တာကတစ္ေယာက္ေပါ့။ ဖုန္းခိုးခံ ရတာ သံုးေလးခါရွိၿပီ’’ဟု ဦးထြန္း စိန္က သူ၏ အေတြ႕အႀကံဳကို ေဝမွ်သည္။

ဦးထြန္းစိန္သည္ ၉၆ ခုႏွစ္ ပင္စင္မယူစဥ္ကတည္းက ဆီးခ်ိဳ ေရာဂါရွိေသာ္လည္း ယေန႔အထိ ေဒါင္ေဒါင္ျမည္က်န္းမာေနဆဲပင္ ျဖစ္သည္။

‘‘ခါတုိင္း စံပယ္မွာ ႐ိုက္ေန က်။ အခုက ဒီမွာ လာ႐ိုက္တာ အဘကို ေတြ႕ေတြ႕ခ်င္း ေလးစား သြားတယ္။ ႐ိုက္ရတာလည္း အ ဆင္ေျပတယ္။ သူတစ္ေယာက္ တည္းလုပ္ကိုင္ေနတာကို ၾကည့္ ရတာ။ အသက္လည္းႀကီးၿပီေလ။ ေနာက္လည္း ဒီမွာပဲ လာ႐ိုက္ဖို႔ စဥ္းစားထားတယ္။ သူ႔ဆုိင္မွာ တပည့္ေတြေတာင္ မေတြ႕လို႔ ကိုယ္က စိတ္ပူေနတာ’’ဟု ဓာတ္ ပံုလာ႐ိုက္သူတစ္ဦးက ေျပာ သည္။ ဝါသနာအရင္းခံကာ ႏွစ္ ရွည္လမ်ား အခုိင္အမာရပ္တည္ လာခဲ့ေသာ စံပယ္ျဖဴ ေရာင္စံု ဓာတ္ပံုဆိုင္ေလးကို ၎က်န္းမာ သေရြ႕၊ အသက္ (၈၀)အထိ လုပ္ ကိုင္ႏိုင္သေရြ႕ လုပ္ကိုင္မည္ဟု ေမွ်ာ္မွန္းထားေၾကာင္း အသက္(၇၆)ႏွစ္အရြယ္ အဘိုးအိုတစ္ဦး ၏ တက္ႂကြေသာ ရည္မွန္းခ်က္ တစ္ခုကို ၾကားသိခြင့္ရခဲ့သည္။

‘‘ဒီလိုဓာတ္ပံုဆုိင္မ်ိဳးကို ႏိုင္ ငံျခားဧည့္သည္ေတြ စိတ္ဝင္စား တာေကာင္းတာေပါ့။ ဒါေပမဲ့ ဒီ တစ္ခုတည္းမဟုတ္ဘူး။ ဆူးေလ မွာဆိုရင္ ကြၽန္ေတာ္တို႔က ဧည့္ သည္ကို လိုက္ပို႔လို႔ရတဲ့ ဒီလိုထူး ထူးျခားျခား စိတ္ဝင္စားဖို႔ေကာင္း တဲ့ေနရာေတြ၊ လုပ္ငန္းေတြ၊ လူ ေနမႈေတြေပါ့။ ဒါေတြ မ်ားမ်ားရွိ လာရင္ လည္ရပတ္ရတဲ့သူလည္း သေဘာေတြ႕တယ္။ တကယ္ တမ္း Tourist ဆြဲေဆာင္ဖို႔က သိပ္ မခက္ဘူးဗ်။ အခု စံပယ္ျဖဴဓာတ္ပံုဆိုင္ဆို ဘာမွမဟုတ္ဘူး။ ဒီအ တိုင္း ဆြဲေဆာင္ႏုိင္မယ့္ အေငြ႕အ သက္ေလးရွိတာနဲ႔ လူစိတ္ဝင္စား ၾကတယ္ေပါ့။ ဒါမ်ိဳးမ်ားမ်ားရွိလာ ရင္ ရန္ကုန္ၿမိဳ႕တြင္းကလည္း လည္ပတ္စရာေကာင္းလို႔ စိတ္ဝင္ စားၾကမွာပါ’’ဟု ဧည့္လမ္းၫႊန္ ကိုဝင္းေဌးလြင္ဦးက ေျပာသည္။

ထုိ႔ျပင္ ယင္းသို႔ လည္ပတ္ စရာေနရာသစ္မ်ားတိုးပြားလာမႈ ကလည္း တိုင္းျပည္၏ႏုိင္ငံျခား ဝင္ေငြကို တစ္ေထာင့္တစ္ေနရာ က ေထာက္ပ့ံေပးရာ ေရာက္ၿပီး ျပည္သူမ်ားလည္း ဝင္ေငြတစ္ ရပ္ရရွိေစႏိုင္ေၾကာင္း ဧည့္လမ္း ၫႊန္အခ်ိဳ႕က ေထာက္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ဆူးလေစေတီတော် တောင်ဘက်မုခ်အဆင်းရှိ ၁၀ပေ ပတ်လည် သာသာ အခန်းကျဉ်းတစ်ခုထဲသို့ ခြေချမိသည်နှင့် အသက် (၈၀) ခန့်ရှိ အဘိုးအိုတစ်ဦး၏ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်သည့် နှုတ်ဆက်သံကို ဦးစွာကြားရမည်ဖြစ် သည်။

ဆိုင်ခန်းကျဉ်းလေး၏ အဝင် အဝမျက်နှာစာတွင်တော့ အစိမ်း ရောင်နောက်ခံတွင် အဖြူရောင် စာလုံးများဖြင့် စံပယ်ဖြူရောင်စုံ ဓာတ်ပုံတိုက်ဟူ၍ ၁၉၇၀ ပြည့် နှစ်ဝန်းကျင်များဆီက စာလုံးဒီ ဇိုင်းဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထားသည်။ ဓာတ်ပုံဆိုင်လေးနှင့် ထိုဆိုင်း ဘုတ်တို့၏သည် သက်တမ်း နှစ် ၄၀ ကျော်ရှိနေပြီဖြစ်သည်။

ဒစ်ဂျစ်တယ်နည်းပညာများ တိုးတက်လာသော ယနေ့ခေတ် တွင် မိုဘိုင်းဖုန်းများရှိရုံဖြင့် ဓာတ် ပုံတစ်ပုံ အလွယ်တကူ ရိုက်ကူးနိုင်သော်လည်း အဆိုပါ စံပယ်ဖြူ ရောင်စုံဓာတ်ပုံတိုက်လေးသည် ဧည့်သည်များ ဝင်လာမစဲ တသဲသဲဖြင့် ယနေ့ထိ တိုင်လည်ပတ်နေရ ဆဲဖြစ်သည်။

ဧည့်သည်အများစုက စံပယ်ဖြူဓာတ်ပုံဆိုင်ကို ရန်ကုန်မြို့တွင် နှစ် ၄၀ ခန့် ရပ်တည်နေသည့် ဓာတ်ပုံဆိုင်လေးမို့ အမှတ်တရ လာ ရောက်အားပေးသလို ဓာတ်ပုံတိုက်ပိုင်ရှင် အသက် (၈၀)အရွယ်ဦးထွန်းစိန်ကို ချစ်ခင်သော ကြောင့် လာရောက်အားပေးသူ များလည်း ရှိသည်။

‘‘ကာစတန်မာတွေလာကြ တာက ဘကြီးက စိတ်ရှည်တယ် တဲ့။ ဓာတ်ပုံဝါသနာပါတဲ့ကလေး တွေကလည်း ဓာတ်ပုံနဲ့ပတ်သက် ပြီး လာမေးကြတယ်။ ဆရာပြော တာကို နားထောင်ချင်လို့ပါတဲ့။ ကလေးတွေလာမေးရင် သေချာ လေးပြောပြဖြစ်တယ်။ ဘကြီးက ဝါသနာပါလို့ ဒီအလုပ်ကို ရွေး ချယ်ပြီး ယနေ့အထိ လုပ်နေခဲ့တာ ပါ’’ဟု ဦးထွန်းစိန်က ပြောသည်။

ဓာတ်ပုံတိုက်အတွင်း ကွန် ပျူတာတစ်လုံးရှိပြီး ဓာတ်ပုံရိုက် သည့် ကန့်လန့်ကာ၊ မီးချောင်း၊ မှန်တို့ရှိနေသည်။

စံပယ်ဖြူ ရောင်စုံဓာတ်ပုံ တိုက်ကို ယနေ့အထိ ဦးစီးလုပ် ကိုင်နေသည့် ဦးထွန်းစိန်သည် စိုက်ပျိုးရေးရုံးတွင် အကြီးတန်းစာ ရင်းစစ်အဖြစ် လုပ်ကိုင်နေရင်း ၁၉၇၂ ကစတင်ကာ အစိုးရအလုပ်တစ်ဖက်နှင့် ဓာတ်ပုံလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။ ၁၉၉၆ တွင် အငြိမ်းစားပင်စင်ယူကာ စံပယ်ဖြူ ရောင်စုံဓာတ် ပုံတိုက်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။

‘‘၇၂ မှာ ကြီးကြပ်တယ်။ ဒါ ပေမဲ့ မလုပ်ဖြစ်ဘူး။ အစိုးရအ လုပ်က တစ်ဖက်နဲ့ မနက် ရုံးသွား ခါနီး တပည့်ကလေးတွေကို ကြီး ကြပ်တယ်။ ရုံးက ၄ နာရီဆိုဆင်း ပြီ။ ညမိုးချုပ် အလုပ်ကပြန်လာ ရင် ကြီးကြပ်တယ်။ ၉၆ ကျမှ ကလေးတွေကို ဆိုင်တစ်ဆိုင်ငှား ပေးပြီး ကိုယ့်ဟာကိုယ် ဓာတ်ပုံနဲ့ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ သင်တန်းမတက်ခဲ့ဘူး’’ဟု ဦးထွန်းစိန်က ပြောသည်။

ဦးထွန်းစိန်သည် ရန်ကုန်မြို့၃၈ လမ်းတွင်နေထိုင်သူဖြစ်ပြီး ဆူး လေဘုရားအောက်ရှိ ၎င်း၏ ဓာတ်ပုံတိုက်သို့ နေ့စဉ်လမ်းလျှောက် ကာ ဆိုင်လာဖွင့်လေ့ရှိသည်။ သင်္ကြန်တွင်းမှလွဲ၍ ကျန်သည့် ရက်များတွင် ပိတ်ရက်မရှိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရိထိ ဖွင့်လှစ်ခဲ့သည်။

စံပယ်ဖြူတွင် ပတ်စ်ပို့ဓာတ် ပုံလေးပုံလျှင် ကျပ် ၈၀၀ သာပေး ရပြီး ရှစ်ပုံရိုက်ပါက ကျပ် ၁,၅၀၀ သာပေးရ၏။ တစ်နေ့လျှင် ဦးထွန်းစိန်၏ ဝင်ငွေက အများဆုံး ကျပ် နှစ်သောင်းခွဲခန့်ရှိသည်မို့ လခစား ဝန်ထမ်းထက်တော့သာသည်ဟု ဆိုနိုင်သည်။

‘‘ဒီနေ့ဆို နေ့တစ်ဝက်ပဲရှိ သေးတယ်။ တစ်သောင်းရှစ် ထောင်ရနေပြီ။ ဘကြီးက ဝါသနာကြောင့်လုပ်တာ စီးပွားရေးအရ ပိုက်ဆံရချင်ရ၊ မရချင်နေ အရေး မကြီးဘူး။ ကာစတန်မာမလာတဲ့ အချိန်တွေမှာ တစ်ယောက်တည်း စစ်တုရင်ထိုးတယ်’’ဟု ဦးထွန်းစိန်က ရယ်မောကာ ဆက်လက်ပြော သည်။

ယခင်ခေတ်က ဒေါက်ကြီး များနှင့် ကင်မရာကို ခေါင်းမြီးခြုံ ပြီး ဖလင်နှင့် ရိုက်ကြသော်လည်း ခေတ်မီတိုးတက်လာသည့် ယနေ့ ခေတ်တွင် ဒစ်ဂျစ်တယ်ကင်မရာ များဖြင့် ကတ်စနစ်များ၊ မိုဘိုင်း ဖုန်းများကို အသုံးပြုသူများပြား လာသည်။

‘‘ဟိုးရှေးခေတ်က လူတွေက တော့ ဖလင်ကြိုက်ကြတယ်။ ဒီ ဖက်ခေတ်ကျတော့ အမြန် ဒစ် ဂျစ်တယ်ကိုပဲ ကြိုက်ကြတယ်။ ဒါပေမဲ့ ပုံကိုတော့ ဘကြီးက ကာ စတန်မာကျေနပ်အောင် လုပ်ပေး တယ်’’ဟု ဦးထွန်းစိန်က ပြော သည်။

ဦးထွန်းစိန်၏ အိမ်ထောင် ဘက်သည်လည်း ဓာတ်ပုံဝါသနာ ကြီးသူဖြစ်သည်။ ထို့အပြင် ၎င်း ၏ ယောက်ဖကလည်း ဆိုင်နှင့် မျက်နှာချင်းဆိုင် ၃၁ လမ်း ထိပ်တွင် စံပယ်ဓာတ်ပုံဆိုင် ဖွင့် လှစ်ထားကာ သက်တမ်းကြာရှည် သည့် ဓာတ်ပုံဆိုင်ထဲတွင် ပါဝင်သည်။ ဦးထွန်းစိန်တွင် သားသမီးသုံးဦးရှိပြီး ၎င်းတို့ကိုလည်း ဓာတ်ပုံပညာဖြင့် ကျွေးမွေးပျိုးထောင်လာ ခဲ့ခြင်းဖြစ်သည်။

၁၉၈၀ ပြည့်နှစ်ဝန်းကျင်များ က ရန်ကုန်မြို့တွင် ရောင်စုံဓာတ်ပုံများ၊ လိုင်စင်ဓာတ်ပုံဆိုင်များ ခေတ်မစားမီက စံပယ်ဖြူတိုက်ကမြို့ တွင်းနေပြည်သူများအတွက် အားထားစရာဖြစ်ခဲ့သည်။ ထိုစဉ်က ကျောင်းဖွင့်ခါနီးဆိုလျှင် စံပယ်ဖြူ ဓာတ်ပုံတိုက်မှာ လူတိုးမပေါက်ဘဲ တန်းစီခဲ့ရကြောင်း စိန့်ပေါလ်ကျောင်းသားဟောင်း ကိုဆလိုင်း အေးဇော်က ပြောသည်။

လက်ရှိတွင် စံပယ်ဖြူဆိုင်သို့ ဓာတ်ပုံလာရိုက်ကြသည့်သူများသည် ရောင်စုံဓာတ်ပုံရိုက်ကူးသူ များပြီး အများစုမှာ အမှတ်တရအဖြူအမဲလိုင်စင်ဓာတ်ပုံရိုက်ကူး လေ့ရှိကြသည်။ နိုင်ငံခြားသားအများစုလည်း နောက်ခံအဖြူရိုက် ကူးကြောင်း ဦးထွန်းစိန်က ပြော သည်။ သက်တမ်းကြာနေပြီဖြစ် သည့် ဓာတ်ပုံဆိုင်လည်းဖြစ်ပြီး မြို့လယ်ကောင် ဆူးလေနှင့်လည်းနီးသည်မို့ နိုင်ငံခြားသားခရီးသွား အချို့က ဦးထွန်းစိန်၏ ဓာတ်ပုံ တိုက်ကို စိတ်ဝင်တစား ရောက် လာတတ်သည်။

ရန်ကုန်မြို့တွင် လူတော် တော်များများ သတိမပြုမိဘဲ ယခု ကဲ့သို့ သက်တမ်းကြာမြင့်စွာ ရပ် တည်နေသော စံပယ်ဖြူဓာတ်ပုံ တိုက်ကို နိုင်ငံခြားသားဧည့်သည် များလည်း လာရောက်ကြည့်ရှုကာ မှတ်တမ်းတင်လေ့ရှိကြောင်း ဧည့် လမ်းညွှန် ကိုဝင်းဌေးလွင်ဦးက ပြောသည်။

‘‘ဒီကို တိုးရစ်ဧည့်သည်တွေ လာတယ်ဆိုတာက အနောက် နိုင်ငံကသူတွေများတယ်။ သူတို့ အနောက်ပိုင်းမှာ ဒီလိုဓာတ်ပုံဆိုင် မျိုးတွေ မရှိတော့ဘူး။ ရှားတယ် ပေါ့။ ဒီလိုအခကြေးငွေ နည်းနည်း ပဲပေးပြီးတော့ လိုင်စင်ပုံရိုက်လို့ရ တယ်ဆိုတော့ သဘောကျကြ တယ်။ ပြီးတော့ အပြင်အဆင်ပုံစံ ကလည်း ဟိုဘက်ခေတ်ပုံုလို ဒီ စံပယ်ဖြူဆိုတဲ့ ဆိုင်းဘုတ်ကို သူ တို့က သဘောကျတယ်။ ဒီရောက် ရင် ဆိုင်းဘုတ်နဲ့တွဲရိုက်တာမျိုး လုပ်ကြတယ်။ ဆူးလေနဲ့နီးနေ တော့ ဧည့်သည်လည်း ဝင်ရတာ စိတ်ကျေနပ်မှုတစ်ခုရတဲ့နေရာ လေးပါ’’ဟု ကိုဝင်းဌေးလွင်ဦးက ပြောသည်။

ထို့အပြင် စံပယ်ဖြူကို ဧည့် သည်များ နှစ်ခြိုက်ရသည့်အ ကြောင်းရင်း နောက်တစ်ခုက ဦးထွန်းစိန်၏ စိတ်ရှည်မှုကြောင့် ဖြစ်သည်။

‘‘ဘကြီးက မျက်နှာကို သေချာချောပေးတယ်။ အပြင်ထွက် ရိုက်တဲ့ ဓာတ်ပုံဆရာတွေနဲ့တော့ မတူဘူးပေါ့။ စိတ်ရှည်ရမယ်။ သည်းခံရမယ်။ ကာစတန်မာနဲ့ စကားပြောတဲ့အခါ လိမ္မာပါးနပ် ရမယ်။ အစစအရာရာပေါ့။ အခု ခေတ်ဆိုင်ကြီးတွေ သွားရိုက် ကြည့် ဒိုင်းဆိုရိုက်ပြီး အပြင်မှာ သွားစောင့်ရတယ်။ ဘကြီးက တော့ အဲဒီလိုမဟုတ်ဘူး။ ဒီမှာ လာထိုင်ကြည့် ဘာလိုလဲ လိုတာ ပြော မကြိုက်တာပြင်ပေးမယ်ဆို ပြီး ပြင်ပေးတာပါ။ ဝါသနာကိုး’’ ဟု ဦးထွန်းစိန်က ပြောသည်။

ဆိုင်စဖွင့်စဉ်ကတည်းက ယနေ့အထိ အနှစ် ၄၀ ကျော်အ တွင်း အကူဝန်ထမ်းမထားရှိဘဲ ၎င်းတစ်ယောက်တည်းသာ ဦးစီး လုပ်ကိုင်ခဲ့ပြီး ယခု အသက်အ ရွယ်ရလာသည့်တိုင် ခပ်ကျဉ်း ကျဉ်း စံပယ်ဖြူဓာတ်ပုံဆိုင်ထဲရှိ ကွန်ပျူတာတစ်လုံးရှေ့တွင် ၎င်း တစ်ယောက်တည်း လုပ်ကိုင်လို့ ကောင်းတုန်းဖြစ်သည်။

‘‘ဘကြီးက ဓာတ်ပုံရိုက်တာ ပဲ စိတ်ဝင်စားတယ်။ ဘကြီးဓာတ် ပုံကို အရှေ့မှာ စိတ်ဝင်စားစွာ ရိုက်နေတယ်။ နောက်က ဖုန်း တွေယူသွားရင်လည်း မသိဘူး။ လာတာကတစ်ယောက်၊ ယူသွား တာကတစ်ယောက်ပေါ့။ ဖုန်းခိုးခံ ရတာ သုံးလေးခါရှိပြီ’’ဟု ဦးထွန်း စိန်က သူ၏ အတွေ့အကြုံကို ဝေမျှသည်။

ဦးထွန်းစိန်သည် ၉၆ ခုနှစ် ပင်စင်မယူစဉ်ကတည်းက ဆီးချို ရောဂါရှိသော်လည်း ယနေ့အထိ ဒေါင်ဒေါင်မြည်ကျန်းမာနေဆဲပင် ဖြစ်သည်။

‘‘ခါတိုင်း စံပယ်မှာ ရိုက်နေ ကျ။ အခုက ဒီမှာ လာရိုက်တာ အဘကို တွေ့တွေ့ချင်း လေးစား သွားတယ်။ ရိုက်ရတာလည်း အ ဆင်ပြေတယ်။ သူတစ်ယောက် တည်းလုပ်ကိုင်နေတာကို ကြည့် ရတာ။ အသက်လည်းကြီးပြီလေ။ နောက်လည်း ဒီမှာပဲ လာရိုက်ဖို့ စဉ်းစားထားတယ်။ သူ့ဆိုင်မှာ တပည့်တွေတောင် မတွေ့လို့ ကိုယ်က စိတ်ပူနေတာ’’ဟု ဓာတ် ပုံလာရိုက်သူတစ်ဦးက ပြော သည်။ ဝါသနာအရင်းခံကာ နှစ် ရှည်လများ အခိုင်အမာရပ်တည် လာခဲ့သော စံပယ်ဖြူ ရောင်စုံ ဓာတ်ပုံဆိုင်လေးကို ၎င်းကျန်းမာ သရွေ့၊ အသက် (၈၀)အထိ လုပ် ကိုင်နိုင်သရွေ့ လုပ်ကိုင်မည်ဟု မျှော်မှန်းထားကြောင်း အသက်(၇၆)နှစ်အရွယ် အဘိုးအိုတစ်ဦး ၏ တက်ကြွသော ရည်မှန်းချက် တစ်ခုကို ကြားသိခွင့်ရခဲ့သည်။

‘‘ဒီလိုဓာတ်ပုံဆိုင်မျိုးကို နိုင် ငံခြားဧည့်သည်တွေ စိတ်ဝင်စား တာကောင်းတာပေါ့။ ဒါပေမဲ့ ဒီ တစ်ခုတည်းမဟုတ်ဘူး။ ဆူးလေ မှာဆိုရင် ကျွန်တော်တို့က ဧည့် သည်ကို လိုက်ပို့လို့ရတဲ့ ဒီလိုထူး ထူးခြားခြား စိတ်ဝင်စားဖို့ကောင်း တဲ့နေရာတွေ၊ လုပ်ငန်းတွေ၊ လူ နေမှုတွေပေါ့။ ဒါတွေ များများရှိ လာရင် လည်ရပတ်ရတဲ့သူလည်း သဘောတွေ့တယ်။ တကယ် တမ်း Tourist ဆွဲဆောင်ဖို့က သိပ် မခက်ဘူးဗျ။ အခု စံပယ်ဖြူဓာတ်ပုံဆိုင်ဆို ဘာမှမဟုတ်ဘူး။ ဒီအ တိုင်း ဆွဲဆောင်နိုင်မယ့် အငွေ့အ သက်လေးရှိတာနဲ့ လူစိတ်ဝင်စား ကြတယ်ပေါ့။ ဒါမျိုးများများရှိလာ ရင် ရန်ကုန်မြို့တွင်းကလည်း လည်ပတ်စရာကောင်းလို့ စိတ်ဝင် စားကြမှာပါ’’ဟု ဧည့်လမ်းညွှန် ကိုဝင်းဌေးလွင်ဦးက ပြောသည်။

ထို့ပြင် ယင်းသို့ လည်ပတ် စရာနေရာသစ်များတိုးပွားလာမှု ကလည်း တိုင်းပြည်၏နိုင်ငံခြား ဝင်ငွေကို တစ်ထောင့်တစ်နေရာ က ထောက်ပံ့ပေးရာ ရောက်ပြီး ပြည်သူများလည်း ဝင်ငွေတစ် ရပ်ရရှိစေနိုင်ကြောင်း ဧည့်လမ်း ညွှန်အချို့က ထောက်ပြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top