ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူတိုင္းဟာ အေကာင္းဆံုးကိုယ္အေနအထား လိုခ်င္ၾကေပမယ့္ ဘယ္လိုျပဳျပင္ေနထိုင္သင့္လဲဆိုတာ သိသူနည္းသလို အမႈမဲ့အမွတ္မဲ့ ေနတတ္ၾကပါတယ္။ သင့္ရဲ႕ေနာက္ေက်ာကို သန္မာေစေအာင္ေလ့က်င့္ခန္း လုပ္တာေတြအျပင္ ေန႔စဥ္ပံုမွန္ လႈပ္ရွားမႈကေနတဆင့္ ကိုယ္အေနအထားကို ဘယ္လိုျပဳျပင္ရမလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္ရဲ႕ကိုယ္အေနအထား ပိုမိုတိုးတက္ဖို႔အတြက္ ေလ့က်င့္ခန္းလုပ္ပါ
သင့္ရဲ႕ကိုယ္အေနအထားကို တိုးတက္ေစဖို႔ ေဖာ္ျပပါေလ့က်င့္ခန္းကို ျပဳလုပ္ႏိုင္ပါတယ္။ အဆိုပါေလ့က်င့္ခန္းကို ေန႔စဥ္ ၁၀မိနစ္ ကေန မိနစ္ႏွစ္ဆယ္ထိျပဳလုပ္ေပးျခင္းျဖင့္ ေနာက္ေက်ာေတြ ပိုမိုသန္မာေစပါတယ္။ တကယ္လို႔သင္ဟာ ႐ံုးလုပ္ငန္းလုပ္သူဆိုပါက သင့္ရဲ႕ေနာက္ေက်ာ၊ လည္ပင္း၊ ပခံုးတို႔ကို ဂ႐ုစိုက္ေပးပါ။ ၾကာလာတာနဲ႔အမွ် ေ၀ဒနာခံစားရႏိုင္တာေၾကာင့္ ယခုေလ့က်င့္ခန္းကို ပံုမွန္လုပ္ေပးသင့္ပါတယ္။

၂။သင့္ရဲ႕လုပ္ငန္းခြင္မွာ စနစ္က်ေအာင္ ေနထိုင္ပါ
တကယ္လို႔သင္ဟာ ကြန္ျပဴတာေရွ႕မွာ တေနကုန္အလုပ္လုပ္ရသူဆိုပါက သင့္ေလ်ာ္တဲ့ကိုယ္အေနအထားကို ပိုမိုဂ႐ုစိုက္သင့္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စားပြဲခံုနဲ႔ထိုင္ခံုကို ပံုပါအတိုင္း သက္ေတာင့္သက္သာျဖစ္ေအာင္ ခ်ိန္ညွိၿပီး အလုပ္လုပ္သင့္ပါတယ္။

၃။ ဖုန္းကို မွန္ကန္စြာ ကိုင္တြယ္ပါ
လူအမ်ားစုဟာ ဖုန္းသံုးရင္ ငံု႔ၿပီး သံုးတတ္ၾကပါတယ္။ ယခုလိုသံုးျခင္းျဖင့္ ၾကာလာတာနဲ႔အမွ် လည္ပင္းနဲ႔ ေနာက္ေက်ာကို ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ဖုန္းကို သင့္ရဲ႕အေရွ႕ညာဖက္မွာ ကုိင္သင့္သလို လက္ေတာ့ဆိုရင္လည္း စားပြဲရဲ႕ညာဖက္ေထာင့္နားေလာက္မွာ ေနရာခ်ထားသင့္ပါတယ္။

၄။ စနစ္တက် အသက္႐ႈတတ္ဖို႔ ေလ့လာသင္ယူပါ
အသက္႐ႈျခင္းဟာ ကၽြန္ေတာ္တို႔ရဲ႕ လႈပ္ရွားမႈေတြနဲ႔ အာ႐ံုေတြအတြက္ အေရးႀကီးတဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ရင္ဘတ္နဲ႔ ၀မ္းဗိုက္ၾကား ၾကြက္သားကိုအသံုးျပဳၿပီး ထိထိေရာက္ေရာက္အသက္႐ႈျခင္းျဖင့္ လွပတဲ့ ကိုယ္ဟန္အေနအထားကို သဘာ၀က်က် ရရွိပါလိမ့္မယ္။

၅။ သင့္ရဲ႕ကိုယ္ဟန္အေနအထားကို အခ်ိန္တိုင္းမွာ ေစာင့္ၾကည့္ပါ
သင့္ရဲ႕ေနာက္ေက်ာကို ေျဖာင့္တန္းေစဖို႔အတြက္ အခ်ိန္တိုင္းသတိရသင့္ပါတယ္။ အလုပ္လုပ္ေနတဲ့အခ်ိန္သာမက ကားေမာင္းတဲ့အခါမွာလည္း ဂ႐ုစိုက္ရမွာျဖစ္ၿပီး အိပ္တဲ့အခ်ိန္မွာလည္း ဂ႐ုစိုက္သင့္ပါတယ္။ ဒါေၾကာင့္ မွန္ကန္တဲ့ေခါင္းအံုး၊ ေစာင္၊ နဲ႕ သက္ေတာင့္သက္သာျဖစ္ေစမယ့္ ေမြ႔ယာတို႔ကိုပဲ သံုးစြဲသင့္ပါတယ္။

၆။ ၁၃၅ဒီဂရီေထာင့္ အတိုင္းအနားယူပါ
သင့္ေလွ်ာ္တဲ့ ကိုယ္အေနအထားနဲ႕ ထိုင္ျခင္းဟာ သင့္ရဲ႕ေနာက္ေက်ာတင္းမာမႈကို ေလွ်ာနည္းတာေၾကာင့္ ထိုင္တဲ့အခါ ဂ႐ုစုိက္ေပးပါ။

၇။ သင့္ရဲ႕အဓိက်တဲ့ ၾကြက္သားေတြကို ေယာဂ ေလ့က်င့္ခန္းနဲ႔ ေလ့က်င့္ေပးပါ

ေယာဂေလ့က်င့္ခန္းဟာ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႕ ႐ုပ္ပိုင္းဆိုင္ရာကို ပိုမိုေကာင္းမြန္ေအာင္ ကူညီေပးပါတယ္။ေယာဂအျပင္ အျခား Fitness အစီးအစဥ္ေတြျဖစ္တဲ့ ေအ႐ိုးဗစ္လို ေလ့က်င့္ခန္းမ်ားကလည္း ၿပီးျပည့္စံုတဲ့ ကိုယ္အေနအထားရရွိဖို႔ ကူညီေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lifestylemyanmar

# Unicode Version ျဖင့္ ဖတ္ပါ #
လူတိုင်းဟာ အကောင်းဆုံးကိုယ်အနေအထား လိုချင်ကြပေမယ့် ဘယ်လိုပြုပြင်နေထိုင်သင့်လဲဆိုတာ သိသူနည်းသလို အမှုမဲ့အမှတ်မဲ့ နေတတ်ကြပါတယ်။ သင့်ရဲ့နောက်ကျောကို သန်မာစေအောင်လေ့ကျင့်ခန်း လုပ်တာတွေအပြင် နေ့စဉ်ပုံမှန် လှုပ်ရှားမှုကနေတဆင့် ကိုယ်အနေအထားကို ဘယ်လိုပြုပြင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့ကိုယ်အနေအထား ပိုမိုတိုးတက်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ပါ
သင့်ရဲ့ကိုယ်အနေအထားကို တိုးတက်စေဖို့ ဖော်ပြပါလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းကို နေ့စဉ် ၁၀မိနစ် ကနေ မိနစ်နှစ်ဆယ်ထိပြုလုပ်ပေးခြင်းဖြင့် နောက်ကျောတွေ ပိုမိုသန်မာစေပါတယ်။ တကယ်လို့သင်ဟာ ရုံးလုပ်ငန်းလုပ်သူဆိုပါက သင့်ရဲ့နောက်ကျော၊ လည်ပင်း၊ ပခုံးတို့ကို ဂရုစိုက်ပေးပါ။ ကြာလာတာနဲ့အမျှ ဝေဒနာခံစားရနိုင်တာကြောင့် ယခုလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

၂။သင့်ရဲ့လုပ်ငန်းခွင်မှာ စနစ်ကျအောင် နေထိုင်ပါ
တကယ်လို့သင်ဟာ ကွန်ပြူတာရှေ့မှာ တနေကုန်အလုပ်လုပ်ရသူဆိုပါက သင့်လျော်တဲ့ကိုယ်အနေအထားကို ပိုမိုဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် သင့်ရဲ့စားပွဲခုံနဲ့ထိုင်ခုံကို ပုံပါအတိုင်း သက်တောင့်သက်သာဖြစ်အောင် ချိန်ညှိပြီး အလုပ်လုပ်သင့်ပါတယ်။

၃။ ဖုန်းကို မှန်ကန်စွာ ကိုင်တွယ်ပါ
လူအများစုဟာ ဖုန်းသုံးရင် ငုံ့ပြီး သုံးတတ်ကြပါတယ်။ ယခုလိုသုံးခြင်းဖြင့် ကြာလာတာနဲ့အမျှ လည်ပင်းနဲ့ နောက်ကျောကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ဖုန်းကို သင့်ရဲ့အရှေ့ညာဖက်မှာ ကိုင်သင့်သလို လက်တော့ဆိုရင်လည်း စားပွဲရဲ့ညာဖက်ထောင့်နားလောက်မှာ နေရာချထားသင့်ပါတယ်။

၄။ စနစ်တကျ အသက်ရှုတတ်ဖို့ လေ့လာသင်ယူပါ
အသက်ရှုခြင်းဟာ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေနဲ့ အာရုံတွေအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြား ကြွက်သားကိုအသုံးပြုပြီး ထိထိရောက်ရောက်အသက်ရှုခြင်းဖြင့် လှပတဲ့ ကိုယ်ဟန်အနေအထားကို သဘာဝကျကျ ရရှိပါလိမ့်မယ်။

၅။ သင့်ရဲ့ကိုယ်ဟန်အနေအထားကို အချိန်တိုင်းမှာ စောင့်ကြည့်ပါ
သင့်ရဲ့နောက်ကျောကို ဖြောင့်တန်းစေဖို့အတွက် အချိန်တိုင်းသတိရသင့်ပါတယ်။ အလုပ်လုပ်နေတဲ့အချိန်သာမက ကားမောင်းတဲ့အခါမှာလည်း ဂရုစိုက်ရမှာဖြစ်ပြီး အိပ်တဲ့အချိန်မှာလည်း ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ခေါင်းအုံး၊ စောင်၊ နဲ့ သက်တောင့်သက်သာဖြစ်စေမယ့် မွေ့ယာတို့ကိုပဲ သုံးစွဲသင့်ပါတယ်။

၆။ ၁၃၅ဒီဂရီထောင့် အတိုင်းအနားယူပါ
သင့်လျှော်တဲ့ ကိုယ်အနေအထားနဲ့ ထိုင်ခြင်းဟာ သင့်ရဲ့နောက်ကျောတင်းမာမှုကို လျှောနည်းတာကြောင့် ထိုင်တဲ့အခါ ဂရုစိုက်ပေးပါ။

၇။ သင့်ရဲ့အဓိကျတဲ့ ကြွက်သားတွေကို ယောဂ လေ့ကျင့်ခန်းနဲ့ လေ့ကျင့်ပေးပါ

ယောဂလေ့ကျင့်ခန်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။ယောဂအပြင် အခြား Fitness အစီးအစဉ်တွေဖြစ်တဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်းများကလည်း ပြီးပြည့်စုံတဲ့ ကိုယ်အနေအထားရရှိဖို့ ကူညီပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lifestylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top