ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

http://mystylemyanmar.com/wp-content/uploads/2017/05/3963368371_2d6f175917_o-e1494638708780.jpgမေကာင္းျမင္တဲ့အေတြးေတြဟာ သင့္ကို စိတ္ထိခိုက္ေစၿပီး သင့္ရဲ့ ပန္းတိုင္ေရာက္ဖို႔အတြက္ ယံုၾကည္မႈေတြ ယုတ္ေလ်ာ့ေစပါတယ္။ အေကာင္းျမင္စိတ္ အေကာင္းဘက္ကိုေျပာင္းလဲခ်င္စိတ္ေတြကို ေနာက္ျပန္စြဲသလိုျဖစ္ေစပါတယ္။ သင့္ရဲ့ စိတ္ သင့္ရဲ့ ေပ်ာ္ရႊင္ၿပီးေအာင္ျမင္တဲ့ဘ၀ကို အတားအဆီးျဖစ္ေစတဲ့ မေကာင္းတဲ့အေတြးေတြကို မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။

ငါအဆင္သင့္မျဖစ္ေသးဘူး

မၾကာခဏဆိုသလိုပဲ တစ္ခုခုလုပ္ဖုိ႔ ငါအဆင္သင့္မျဖစ္ေသးဘူးလို႔ေတြးတာမ်ိဳး မလုပ္သင့္ပါဘူး။ အဲဒီစိတ္ကူး အေတြးေတြကိုေျပာင္းၿပီးတစ္ခုခုစလုပ္ၾကည့္ပါ။ ဘာမွမလုပ္ဘဲနဲ႔ေတာ့ ဘယ္ေတာ့မွမဆင္သင့္ျဖစ္လာမွာ မဟုတ္ပါဘူး။

ငါမျပည့္စံုေသးဘူး

တစ္ခုခုလုပ္ေတာ့မယ္ဆို သင့္ကို အတားအဆီးျဖစ္ေစတာက ငါ့မွာအရည္အခ်င္းမျပည့္စံုေသးဘူးဆိုတဲ့အေတြးပါပဲ။ သင့္ရဲ့ ေအာင္ျမင္မႈ ေပ်ာ္ရႊင္မႈေတြကို ဒီအေတြးက ဖ်က္ဆီးပစ္ႏိုင္ပါတယ္။ လူတိုင္းကဘာမွမလုပ္ခင္မွာ ဘာမွမျပည့္စံုေသးပါဘူး။

ဘ၀က ခက္ခဲလိုက္တာ

ဘ၀က ခက္ခဲလိုက္တာဆိုတဲ့အေတြးမ်ိဳးပါ။ ဒါကေတာ့ လူတိုင္းေတြးဖူးၾကမယ္ထင္ပါတယ္။ သင္ဆင္းရဲသည္ျဖစ္ေစ ခ်မ္းသာသည္ျဖစ္ေစ ဘ၀ဆိုတာ ရုန္းကန္ေနရဦးမွာပါပဲ။ ကိုယ့္အတိုင္းတာနဲ႔ကိုယ္ ရုန္းကန္ၾကရမွာပါ။ ဘာမွမရုန္းကန္မႀကိဳးစားဘဲ ခက္ခဲတယ္ဆိုတာႀကီး ထိုင္ညည္းေနမယ္ဆို ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။

ဒါမျဖစ္ရင္ ဒါမရရင္ေတာ့ ေပ်ာ္ရႊင္ႏိုင္မွာမဟုတ္ဘူး။

ဒါမွဒါဆိုတဲ့အေတြးမ်ိဳးဟာ မေကာင္းပါဘူး။ ငါဒါမွမရရင္ ငါမေပ်ာ္ႏိုင္ေတာ့ဘူးဆိုတဲ့အေတြးပါ။ ငါလဲက်သြားရင္ ငါမေပ်ာ္ႏိုင္ေတာ့ဘူးဆိုတဲ့အေတြးမ်ိဳးက သင့္ကိုပိုၿပီး နာက်င္ေစပါတယ္။ သင္လဲက်လည္း ေနာက္တစ္ခါ ျပန္ထႏိုင္တဲ့အခြင့္အေရးရွိပါတယ္။

အရမ္းေနာက္က်သြားၿပီ

သြားၿပီ အရာအားလံုးဘာမွမရွိေတာ့ဘူး။ အားလံုးေနာက္က်သြားၿပီဆိုတဲ့အေတြးမ်ိဳးက သင့္ကိုေပ်ာ္ရႊင္ေစမွာမဟုတ္ပါဘူး။ သင့္ဘ၀ကို စၿပီးေျပာင္းလဲဖို႔ စဥ္းစားလိုက္တဲ့အခ်ိန္ဟာ သင္ဘယ္ေတာ့မွ ေနာ္ကမက်ေသးပါဘူး။ သင့္ရဲ့အသက္အရြယ္အေနအထားေၾကာင့္ သင့္ဘ၀ေျပာင္းလဲမႈ ႀကိဳးစားမႈေတြကို အတားဆီးျဖစ္မခံပါနဲ႔။

ငါ့မွာအခ်ိန္မရွိဘူး။

အၿမဲတမ္း တစ္ခုခုလုပ္ဖို႔ဆိုရင္ ငါ့မွာအခ်ိန္မွမရွိတာဆိုတာမ်ိဳးက သင့္ကိုစိတ္ဓါတ္က်ေစမွာပါ။ သင့္မွာ ကိုယ္ပိုင္အေတြးအေခၚအတြက္ ကိုယ္ပိုင္အခ်ိန္ရွိပါတယ္။

ဘယ္အရာမွ ငါမေကာင္းေကာင္းမကၽြမ္းက်င္ဘူး။

ဒါဟာ ေနာက္ထပ္ သင့္ဘ၀ကို အဆိပ္အေတာက္ျဖစ္ေစတဲ့အေတြးတစ္ခုပါပဲ။ ဘယ္အရာကိုမွ ငါေကာင္းေကာင္းမတတ္ဘူးဆိုတဲ့အေတြးမ်ိဳးက သင့္ဘ၀ကို ဟိုး… ေအာက္ဆံုးထိ ဆြဲခ်သြားမွာျဖစ္ပါတယ္။ မေန႔ကထက္ ဒီေန႔ကိုသာ သင္အာရံုစိုက္ထားပါ။

ငါနဲ႔ မသင့္ေတာ္ဘူး။

တစ္ခုခုဆိုရင္ သင္ဟာ ေသြဖယ္ခံရတယ္ တစ္ေယာက္တည္းအထီးက်န္ေနတယ္လို႔ ခံစားေနရပါလိမ့္မယ္။ ဒါဟာ သင့္ကိုယ္သင္ဘယ္သူျဖစ္တယ္ဆိုတာကို လက္မခံႏိုင္ေသးလို႔ပါ။ တစ္ခုခုဆို ငါနဲ႔မသင့္ေတာ္ဘူး။ ငါနဲ႔က မကိုက္ပါဘူးကြာ။ ငါနဲ႔ဆို အဆင္ေျပမွာမဟုတ္ဘူးလို႔ေတြးတာဟာ သင့္ဘ၀တစ္ခုလံုးကို အထီးက်န္ေစပါလိမ့္မယ္။

ငါက အရံႈးသမားတစ္ေယာက္ပါပဲ။

က်ရံႈးျခင္းမွာ ဘ၀တစ္ခုကို နစ္ျမဳပ္မထားသင့္ပါဘူး။ လူတိုင္း ဘ၀မွာ တစ္ႀကိမ္တစ္ခါေတာ့ က်ရံႈးဖူးၾကပါတယ္။ ဒါေပမယ့္ သင့္မွာ အခြင့္အေရးရလာတဲ့အခါ အဆင္သင့္ျဖစ္ႏိုင္ေအာင္ လဲၿပီးရင္ ျပန္ထပါ။

ငါ့ရည္မွန္းခ်က္ေတြက မျဖစ္ႏိုင္ေတာ့ဘူးထင္တယ္။

တစ္ခုခုဆို ထင္တယ္ ထင္တယ္နဲ႔ ကိုယ့္ရဲ့ အထင္ေတြနဲ႔ ဘ၀ကို မတိုင္းတာပါနဲ႔။ မျဖစ္ႏိုင္ဘူးဆိုတာ ဘ၀မွာမရွိပါဘူး။ ပန္းတိုင္တစ္ခု ေအာင္ျမင္မႈတစ္ခုရဖို႔ဟာ ဘယ္ေတာ့မွမလြယ္ကူဘူးဆိုတာ သတိရပါ။ သင့္ရဲ့ အနာဂတ္ပန္းတိုင္းကို တစ္လွမ္းခ်င္းသာေလွ်ာက္ပါ။ တစ္ေန႔ပန္းတိုင္ေရာက္မွာ ေသခ်ာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
မကောင်းမြင်တဲ့အတွေးတွေဟာ သင့်ကို စိတ်ထိခိုက်စေပြီး သင့်ရဲ့ ပန်းတိုင်ရောက်ဖို့အတွက် ယုံကြည်မှုတွေ ယုတ်လျော့စေပါတယ်။ အကောင်းမြင်စိတ် အကောင်းဘက်ကိုပြောင်းလဲချင်စိတ်တွေကို နောက်ပြန်စွဲသလိုဖြစ်စေပါတယ်။ သင့်ရဲ့ စိတ် သင့်ရဲ့ ပျော်ရွှင်ပြီးအောင်မြင်တဲ့ဘဝကို အတားအဆီးဖြစ်စေတဲ့ မကောင်းတဲ့အတွေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ငါအဆင်သင့်မဖြစ်သေးဘူး

မကြာခဏဆိုသလိုပဲ တစ်ခုခုလုပ်ဖို့ ငါအဆင်သင့်မဖြစ်သေးဘူးလို့တွေးတာမျိုး မလုပ်သင့်ပါဘူး။ အဲဒီစိတ်ကူး အတွေးတွေကိုပြောင်းပြီးတစ်ခုခုစလုပ်ကြည့်ပါ။ ဘာမှမလုပ်ဘဲနဲ့တော့ ဘယ်တော့မှမဆင်သင့်ဖြစ်လာမှာ မဟုတ်ပါဘူး။

ငါမပြည့်စုံသေးဘူး

တစ်ခုခုလုပ်တော့မယ်ဆို သင့်ကို အတားအဆီးဖြစ်စေတာက ငါ့မှာအရည်အချင်းမပြည့်စုံသေးဘူးဆိုတဲ့အတွေးပါပဲ။ သင့်ရဲ့ အောင်မြင်မှု ပျော်ရွှင်မှုတွေကို ဒီအတွေးက ဖျက်ဆီးပစ်နိုင်ပါတယ်။ လူတိုင်းကဘာမှမလုပ်ခင်မှာ ဘာမှမပြည့်စုံသေးပါဘူး။

ဘဝက ခက်ခဲလိုက်တာ

ဘဝက ခက်ခဲလိုက်တာဆိုတဲ့အတွေးမျိုးပါ။ ဒါကတော့ လူတိုင်းတွေးဖူးကြမယ်ထင်ပါတယ်။ သင်ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဘဝဆိုတာ ရုန်းကန်နေရဦးမှာပါပဲ။ ကိုယ့်အတိုင်းတာနဲ့ကိုယ် ရုန်းကန်ကြရမှာပါ။ ဘာမှမရုန်းကန်မကြိုးစားဘဲ ခက်ခဲတယ်ဆိုတာကြီး ထိုင်ညည်းနေမယ်ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ဒါမဖြစ်ရင် ဒါမရရင်တော့ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။

ဒါမှဒါဆိုတဲ့အတွေးမျိုးဟာ မကောင်းပါဘူး။ ငါဒါမှမရရင် ငါမပျော်နိုင်တော့ဘူးဆိုတဲ့အတွေးပါ။ ငါလဲကျသွားရင် ငါမပျော်နိုင်တော့ဘူးဆိုတဲ့အတွေးမျိုးက သင့်ကိုပိုပြီး နာကျင်စေပါတယ်။ သင်လဲကျလည်း နောက်တစ်ခါ ပြန်ထနိုင်တဲ့အခွင့်အရေးရှိပါတယ်။

အရမ်းနောက်ကျသွားပြီ

သွားပြီ အရာအားလုံးဘာမှမရှိတော့ဘူး။ အားလုံးနောက်ကျသွားပြီဆိုတဲ့အတွေးမျိုးက သင့်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ သင့်ဘဝကို စပြီးပြောင်းလဲဖို့ စဉ်းစားလိုက်တဲ့အချိန်ဟာ သင်ဘယ်တော့မှ နော်ကမကျသေးပါဘူး။ သင့်ရဲ့အသက်အရွယ်အနေအထားကြောင့် သင့်ဘဝပြောင်းလဲမှု ကြိုးစားမှုတွေကို အတားဆီးဖြစ်မခံပါနဲ့။

ငါ့မှာအချိန်မရှိဘူး။

အမြဲတမ်း တစ်ခုခုလုပ်ဖို့ဆိုရင် ငါ့မှာအချိန်မှမရှိတာဆိုတာမျိုးက သင့်ကိုစိတ်ဓါတ်ကျစေမှာပါ။ သင့်မှာ ကိုယ်ပိုင်အတွေးအခေါ်အတွက် ကိုယ်ပိုင်အချိန်ရှိပါတယ်။

ဘယ်အရာမှ ငါမကောင်းကောင်းမကျွမ်းကျင်ဘူး။

ဒါဟာ နောက်ထပ် သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေတဲ့အတွေးတစ်ခုပါပဲ။ ဘယ်အရာကိုမှ ငါကောင်းကောင်းမတတ်ဘူးဆိုတဲ့အတွေးမျိုးက သင့်ဘဝကို ဟိုး… အောက်ဆုံးထိ ဆွဲချသွားမှာဖြစ်ပါတယ်။ မနေ့ကထက် ဒီနေ့ကိုသာ သင်အာရုံစိုက်ထားပါ။

ငါနဲ့ မသင့်တော်ဘူး။

တစ်ခုခုဆိုရင် သင်ဟာ သွေဖယ်ခံရတယ် တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခံစားနေရပါလိမ့်မယ်။ ဒါဟာ သင့်ကိုယ်သင်ဘယ်သူဖြစ်တယ်ဆိုတာကို လက်မခံနိုင်သေးလို့ပါ။ တစ်ခုခုဆို ငါနဲ့မသင့်တော်ဘူး။ ငါနဲ့က မကိုက်ပါဘူးကွာ။ ငါနဲ့ဆို အဆင်ပြေမှာမဟုတ်ဘူးလို့တွေးတာဟာ သင့်ဘဝတစ်ခုလုံးကို အထီးကျန်စေပါလိမ့်မယ်။

ငါက အရှုံးသမားတစ်ယောက်ပါပဲ။

ကျရှုံးခြင်းမှာ ဘဝတစ်ခုကို နစ်မြုပ်မထားသင့်ပါဘူး။ လူတိုင်း ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကျရှုံးဖူးကြပါတယ်။ ဒါပေမယ့် သင့်မှာ အခွင့်အရေးရလာတဲ့အခါ အဆင်သင့်ဖြစ်နိုင်အောင် လဲပြီးရင် ပြန်ထပါ။

ငါ့ရည်မှန်းချက်တွေက မဖြစ်နိုင်တော့ဘူးထင်တယ်။

တစ်ခုခုဆို ထင်တယ် ထင်တယ်နဲ့ ကိုယ့်ရဲ့ အထင်တွေနဲ့ ဘဝကို မတိုင်းတာပါနဲ့။ မဖြစ်နိုင်ဘူးဆိုတာ ဘဝမှာမရှိပါဘူး။ ပန်းတိုင်တစ်ခု အောင်မြင်မှုတစ်ခုရဖို့ဟာ ဘယ်တော့မှမလွယ်ကူဘူးဆိုတာ သတိရပါ။ သင့်ရဲ့ အနာဂတ်ပန်းတိုင်းကို တစ်လှမ်းချင်းသာလျှောက်ပါ။ တစ်နေ့ပန်းတိုင်ရောက်မှာ သေချာပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top