×

“ ျမန္မာ့ ျပန္လမ္းမဲ့ ေရကန္ ..”
သုိ႔မဟုတ္
လ်ဳိ႔၀ွက္ျပီးထူးဆန္းလြန္းတဲ့ နယ္စပ္ က ေရကန္တစ္ကန္
ဘာျမဴဒါၾတိဂံဆန္ဆန္ ေပ်ာက္ဆံုးတတ္တဲ့ ျမန္မာႏိုင္ငံ ပိုင္ ျပန္လမ္းမဲ့ ေရကန္ အေၾကာင္း ကို ေရးသားလုိက္ပါတယ္။
သူရဲ႕ အမည္နာမကုိက The Lake Of No Return ျဖစ္တဲ့အတြက္ ျပန္လမ္းမဲ့ ေရကန္လုိ႔ အမည္ေပးလုိက္ျခင္း ပဲ ျဖစ္ပါတယ္။ ေဒသခံေတြကေတာ့ Nawng Yung လုိ႔ ေခၚၾကပါတယ္။

အဲဒီေရကန္ ဟာ လီဒုိလမ္းမၾကီးနား မွာ တည္ရွိပါတယ္။ အိႏၵိယ ၊ ျမန္မာ ႏွစ္ႏုိင္ငံ နယ္စပ္ ေဘာ္ဒါလုိင္းမွာ ရွိတယ္ ဆုိေပမဲ့ အမွန္စစ္စစ္ကေတာ့ ျမန္မာ့ေျမေပၚရဲ႔ အတုိင္းအထြာ 27 degree 13′ 11″N 96 degree 08′ 39″ E မွာတည္ရွိေနတဲ့ ျမန္မာပုိင္ပဲ ျဖစ္ပါတယ္။ လီဒုိ လမ္းမၾကီးကုိ ဒုတိယကမာၻစစ္အတြင္းမွာ အိႏိၵယႏုိင္ငံကေန တရုတ္နိုင္ငံကုိ အေရးၾကီးတဲ့ စစ္ပစၥည္း ကရိယာေတြ သယ္ယူဖုိ႔နဲ႔ စစ္ေရွာင္ရင္ သုံးရေအာင္ဆုိျပီး ရည္ရြယ္ေဖာက္လုပ္ထားခဲ့တာ ျဖစ္ပါတယ္။

အလြန္လွပတဲ့ အင္ဂ်င္နီယာလက္ရာေတြ ရွိတယ္ လုိ႔ ဆုိၾကီးျပီး အိႏၵိယႏုိင္ငံ ၊  အာသံျပည္နယ္၊ လီဒို အရပ္ကေနတဆင့္ စတင္ေဖာက္လုပ္တဲ့အတြက္ လီဒိုလမ္းမ လုိ႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ တနည္းအားျဖင့္ အိႏၵိယ-ျမန္မာ-တ႐ုတ္ လမ္း လုိ႔လည္း ေခၚဆုိႏုိင္ပါတယ္။

အဲဒီအခိ်န္မွာ အဲဒီလမ္းနဲ႔ မလွမ္းမကမ္းမွာ ရွိတဲ႔ ေရကန္ေပၚက ျဖတ္သန္း သြားတဲ့ မဟာမိတ္ အေမရိကန္ ေလယာဥ္ေပါင္းမ်ားစြာဟာ ထူးဆန္းစြာ ေပ်ာက္ဆံုးသြားခဲ့ျပီး ေရကန္နား ကိုေရာက္ရွိ ခ်ည္းကပ္လာတဲ့ ဂ်ပန္စစ္သား ဒါဇင္ေပါင္းမ်ားစြာလည္း ေပ်ာက္ဆံုးသြားခဲ့ ဖူးတဲ့ သမိုင္းေတြရွိပါတယ္ ။

ေဒသခံေတြရဲ႕ ေရွးရုိးအစဥ္အလာ သမုိင္း ၊ ပုံျပင္ေတြမွာလည္း နတ္ၾကီးျပီး ဘီလူးေတြ က်က္စားတဲ့ ေရကန္လုိ႔ မွတ္ယူၾကပါတယ္။ ေဒသခံေတြက အဲဒီကန္ထဲက ငါးေတြကုိ ဖမ္းဆီးေလ့မရွိပဲ ေဘးမဲ့ေပးထားတဲ့ ေနရာေဒသတစ္ခုလည္း ျဖစ္ပါတယ္။ ယခင္တုန္းက အရြယ္အလြန္ၾကီးမားတဲ့ ေရနဂါးေတြကုိ ေတြ႔ခဲ့ရျပီး ေရကန္ရဲ႕ ေအာက္ေျခမွာ နဂါးတုိင္းျပည္လုိမ်ဳိး တည္ရွိေနတယ္ လုိ႔ ဒ႑ာရီေတြလည္း ရွိခဲ့ဖူးပါတယ္။

ေနာက္ပုိင္းမွာ အဂၤလိပ္ေတြက အဲဒီေရကန္ကုိ Lake of no return ၊ ျပန္လမ္းမဲ့ေရကန္ လုိ႔ အမည္ေပးခဲ့ျပီး အိႏၵိယလူမ်ဳိးေတြကေတာ့ အိႏၵိယ ရဲ႕ ဘာျမဴဒါေဒသ လုိ႔ အမည္ေပးခဲ့ပါတယ္။ တယ္လီဂရပ္သတင္းစာကလည္း အဲဒီအေၾကာင္း ကုိ အခုိင္အမာ ေရးသားခဲ့ပါတယ္။

၀ီကီပီဒီယား ရဲ႕ စြယ္စုံက်မ္းမွာလည္း အဲဒီေရကန္အေၾကာင္း ကို ေပ်ာက္ဆုံးမႈေတြပါမက်န္ ထည့္သြင္းထားတာေတြ႔ရွိရျပီး ေရကန္ေအာက္ေျခမွာ ဘာျမဴဒါၾတိဂံေဒသ ရဲ႕ ေနာက္ဆုံး သီအုိရီ လုိမ်ဳိး မီသိန္းဓါတ္ေငြ႔ေတြမ်ား ရွိေနမလား လုိ႔ စမ္းသပ္ၾကည့္သင့္ေၾကာင္း ထင္ျမင္ခ်က္ေရးထားတာကုိ ေတြ႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
“ မြန်မာ့ ပြန်လမ်းမဲ့ ရေကန် ..”

သို့မဟုတ်

လျို့ဝှက်ပြီးထူးဆန်းလွန်းတဲ့ နယ်စပ် က ရေကန်တစ်ကန်

ဘာမြူဒါတြိဂံဆန်ဆန် ပျောက်ဆုံးတတ်တဲ့ မြန်မာနိုင်ငံ ပိုင် ပြန်လမ်းမဲ့ ရေကန် အကြောင်း ကို ရေးသားလိုက်ပါတယ်။

သူရဲ့ အမည်နာမကိုက The Lake Of No Return ဖြစ်တဲ့အတွက် ပြန်လမ်းမဲ့ ရေကန်လို့ အမည်ပေးလိုက်ခြင်း ပဲ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ Nawng Yung လို့ ခေါ်ကြပါတယ်။

အဲဒီရေကန် ဟာ လီဒိုလမ်းမကြီးနား မှာ တည်ရှိပါတယ်။ အိန္ဒိယ ၊ မြန်မာ နှစ်နိုင်ငံ နယ်စပ် ဘော်ဒါလိုင်းမှာ ရှိတယ် ဆိုပေမဲ့ အမှန်စစ်စစ်ကတော့ မြန်မာ့မြေပေါ်ရဲ့ အတိုင်းအထွာ 27 degree 13′ 11″N 96 degree 08′ 39″ E မှာတည်ရှိနေတဲ့ မြန်မာပိုင်ပဲ ဖြစ်ပါတယ်။ လီဒို လမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်းမှာ အိန္ဒိယနိုင်ငံကနေ တရုတ်နိုင်ငံကို အရေးကြီးတဲ့ စစ်ပစ္စည်း ကရိယာတွေ သယ်ယူဖို့နဲ့ စစ်ရှောင်ရင် သုံးရအောင်ဆိုပြီး ရည်ရွယ်ဖောက်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အလွန်လှပတဲ့ အင်ဂျင်နီယာလက်ရာတွေ ရှိတယ် လို့ ဆိုကြီးပြီး အိန္ဒိယနိုင်ငံ ၊  အာသံပြည်နယ်၊ လီဒို အရပ်ကနေတဆင့် စတင်ဖောက်လုပ်တဲ့အတွက် လီဒိုလမ်းမ လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အိန္ဒိယ-မြန်မာ-တရုတ် လမ်း လို့လည်း ခေါ်ဆိုနိုင်ပါတယ်။

အဲဒီအချိန်မှာ အဲဒီလမ်းနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရေကန်ပေါ်က ဖြတ်သန်း သွားတဲ့ မဟာမိတ် အမေရိကန် လေယာဉ်ပေါင်းများစွာဟာ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပြီး ရေကန်နား ကိုရောက်ရှိ ချည်းကပ်လာတဲ့ ဂျပန်စစ်သား ဒါဇင်ပေါင်းများစွာလည်း ပျောက်ဆုံးသွားခဲ့ ဖူးတဲ့ သမိုင်းတွေရှိပါတယ် ။

ဒေသခံတွေရဲ့ ရှေးရိုးအစဉ်အလာ သမိုင်း ၊ ပုံပြင်တွေမှာလည်း နတ်ကြီးပြီး ဘီလူးတွေ ကျက်စားတဲ့ ရေကန်လို့ မှတ်ယူကြပါတယ်။ ဒေသခံတွေက အဲဒီကန်ထဲက ငါးတွေကို ဖမ်းဆီးလေ့မရှိပဲ ဘေးမဲ့ပေးထားတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ယခင်တုန်းက အရွယ်အလွန်ကြီးမားတဲ့ ရေနဂါးတွေကို တွေ့ခဲ့ရပြီး ရေကန်ရဲ့ အောက်ခြေမှာ နဂါးတိုင်းပြည်လိုမျိုး တည်ရှိနေတယ် လို့ ဒဏ္ဍာရီတွေလည်း ရှိခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ အင်္ဂလိပ်တွေက အဲဒီရေကန်ကို Lake of no return ၊ ပြန်လမ်းမဲ့ရေကန် လို့ အမည်ပေးခဲ့ပြီး အိန္ဒိယလူမျိုးတွေကတော့ အိန္ဒိယ ရဲ့ ဘာမြူဒါဒေသ လို့ အမည်ပေးခဲ့ပါတယ်။ တယ်လီဂရပ်သတင်းစာကလည်း အဲဒီအကြောင်း ကို အခိုင်အမာ ရေးသားခဲ့ပါတယ်။

ဝီကီပီဒီယား ရဲ့ စွယ်စုံကျမ်းမှာလည်း အဲဒီရေကန်အကြောင်း ကို ပျောက်ဆုံးမှုတွေပါမကျန် ထည့်သွင်းထားတာတွေ့ရှိရပြီး ရေကန်အောက်ခြေမှာ ဘာမြူဒါတြိဂံဒေသ ရဲ့ နောက်ဆုံး သီအိုရီ လိုမျိုး မီသိန်းဓါတ်ငွေ့တွေများ ရှိနေမလား လို့ စမ်းသပ်ကြည့်သင့်ကြောင်း ထင်မြင်ချက်ရေးထားတာကို တွေ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top