ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

၈ တန္​း​ေက်ာင္​းသူ ဒီ​ေကာင္​မ​ေလးမွာကိုယ္​၀န္​ ၇ လ႐ွိ​ေနတယ္​လို႔ဆရာ၀န္​က ကြၽန္​​ေတာ္​့ကို တိုးတိုး​ေလး​ေျပာတယ္​..

“သမီးကို ဘယ္​သူလုပ္​တာလဲ..” လို႔

ကြၽန္​​ေတာ္​ နဲ႔ ဆရာ၀န္​က ​ေခ်ာ့​ေမာ့ ​ေမး​ေတာ့လည္​း​ေကာင္​မ​ေလးက မ​ေျပာ..

ဘယ္​လို​ေမး​ေမး မ​ေျပာ..ငိုပဲ ငို​ေနတယ္​..

“ကြၽန္​​မသမီး မွာ ရည္​းစားမ႐ွိဘူး ဆရာရဲ႕..”​ေကာင္​မ​ေလးရဲ႕ မိခင္​ကလည္​း ဆရာ၀န္​ကိုမရဲတရဲနဲ႔ ​ေျပာတယ္​..

ကြၽန္​​ေတာ္​့ အ​ေတြ႔အၾကံဳအရ သိလိုက္​ၿပီ..ဆရာ၀န္​နားကို ကြၽန္​​ေတာ္​ကပ္​ၿပီး တိုးတိုး​ေလး​ေျပာလိုက္​တယ္​..

“အန္​တီ..အျပင္​ကို ခဏထြက္​​ေပးပါ..”လို႔ ဆရာ၀န္​က အ​ေမျဖစ္​သူကို ​ေ႐ွာင္​ခိုင္​းလိုက္​တယ္​…

ဆရာ၀န္​က ​ေကာင္​မ​ေလးကို ​​ေခ်ာ့ၿပီး​ေမးတယ္​..”သမီး အိမ္​မွာ ​ေယာက်္​ားဆိုရင္​ ဘယ္​သူ​ေတြ႐ွိလဲ.””အ​ေဖ ရယ္​ အကိုရယ္​ ပါ”

“အိမ္​ကို ၀င္​ထြက္​သြားလာတတ္​တဲ့တျခား အမ်ိဳး ​ေယာက်္​ား​ေတြ ႐ွိ​ေသးလား..”

“မ႐ွိဘူး ဆရာႀကီး..”

” သမီး အ​ေဖနဲ႔ အကို တို႔က​ေရာ

သမီးကို ၾကင္​နာရဲ႕လားကြယ္​..”

​ေကာင္​မ​ေလး မ်က္​ႏွာသိသိသာသာပ်က္​သြားတယ္​..

မ်က္​ရည္​​ေတြက်ၿပီး ​ေခါင္​းကိုငံု႔လို႔

စကားတစ္​ခြန္​းကို တုန္​ရီစြာ​ေျပာတယ္​..

“သမီးကို သမီးအကိုက ဟိုဟာ လုပ္​ဖူးတယ္​..”
…………………………………



ဒီလိုမ်ိဳး သားအရင္​းနဲ႔ သမီးအရင္​း ျဖစ္​ၾကတဲ့ ကိစၥမ်ိဳးမွာ ကြၽန္​​ေတာ္​ အသနားဆံုးကအ​ေမျဖစ္​သူကိုပါပဲ..

အျဖစ္​အပ်က္​ကို ​ေျပာျပတဲ့အခါ ငိုဖို႔​ေတာင္​သတိမရဘဲ ​ေၾကာင္​​ေတာင္​​ေတာင္​ႀကီးျဖစ္​သြားတဲ့

အဲဒီအဖြားႀကီးပံုကို ကြၽန္​​ေတာ္​ မ်က္​လံုးထဲက မထြက္​..

“သူတို႔အ​ေဖကို ကြၽန္​မ ဘယ္​လို​ေျပာရမလဲ႐ွင္​..”ဆိုၿပီး​ေတာ့မွ မ်က္​ရည္​​ေတြက်လာတယ္​..

မႏွစ္​က တစ္​ခါ ၾကံဳခဲ့ဖူးတဲ့ ​ေမာင္​ႏွမ အရင္​း ျဖစ္​ၾကတဲ့ ကိုယ္​၀န္​မွာတုန္​းက​ေတာ့​ေကာင္​​ေလး​ေရာ ​ေကာင္​မ​ေလးပါမူးယစ္​​ေဆးကို သံုးၾကတယ္​..

အခု ဒီျပႆနာမွာ​ေတာ့ မ်က္​စိ​ေ႐ွ႕က​ေကာင္​မ​ေလးဟာ ​႐ိုးသားတဲ့ ​ေတာသူ​ေတာင္​သားပံုစံမို႔ မူးယစ္​​ေဆး​ေတာ့မသံုးႏိုင္​ …

ဒါဆို ​ေမာင္​ႏွမ အရင္​း Sex ျဖစ္​ရ​ေလာက္​​ေအာင္​ဘာက အသိဥာဏ္​မဲ့​ေစတာလဲ..ကြၽန္​​ေတာ္​က ​ေကာင္​မ​ေလးကို ​ေမးလိုက္​တယ္​..

“သမီးကို သမီးအကိုက အဲဒီလို လာလုပ္​တာကိုမျငင္​းဖူးလား သမီးရယ္​..”

“သမိီးကို အတင္​းအက်ပ္​ လုပ္​တာ ဦး..သမီးျငင္​းတယ္​..မရဘူး..

​ေနာက္​ထပ္​​ေတာ့ ထပ္​မလုပ္​​ေတာ့ပါဘူး..အဲဒီ တစ္​ခါထဲပါ..”

“သမီးအကိုက အသက္​ ဘယ္​​ေလာက္​လဲ အရက္​​ေတြ ဘာ​ေတြ ​ေသာက္​လား..”

“သမီးအကိုက ၁၀ တန္​း​ေက်ာင္​းသားပါ..အရက္​လည္​း မ​ေသာက္​ပါဘူး..”

“သူက ဖုန္​း​ေတြ ဘာ​ေတြ သံုးလား..”အ​ေမျဖစ္​သူက ၀င္​​ေျပာတယ္​..



“ဆရာ​ေရ..ငယ္​ငယ္​ရြယ္​ရြယ္​နဲ႔

ဖုန္းထဲမွာ မ​ေကာင္​းတာ​ေတြ ၾကည္​့​ေနလို႔အဲဒီ ဖုန္​းကို ကြၽန္​မ သိမ္​းထားလိုက္​တယ္​..”

အ​ေျဖကို ​ေတြ႔ပါၿပီ..ဆယ္​​ေက်ာ္​သက္​ လူငယ္​တစ္​​ေယာက္​အ​ေနနဲ႔

ကိုယ္​့စိတ္​ကိုယ္​ မႏိုင္​တဲ့အခ်ိန္​ Porn ကားၾကည္​့ၿပီးစိတ္​မထိန္​းႏိုင္​လို႔ ကိုယ္​့ညီမကိုယ္​ျပန္​ ​ေစာ္​ကားမိတာ…

ႏိုင္​ငံတကာမွာလည္​း Porn ဆိုဒ္​​ေတြ ႐ွိတယ္​..ျမန္​မာႏိုင္​ငံမွာလည္​း ႐ွိပါတယ္​..

(ကြၽန္​​ေတာ္​လည္​း တစ္​ခါတစ္​​ေလ ၀င္​ၾကည္​့ပါတယ္​..)

ဒါ​ေပမဲ့ သူမ်ားႏိုင္​ငံ​ေတြမွာက Cyber Law ဆိုတာကြၽန္​​ေတာ္​တို႔ႏိုင္​ငံထက္​ ပို​ေကာင္​းမယ္​ထင္​ပါတယ္​..အသက္​ ၁၆ ႏွစ္​​ေအာက္​ဆိုရင္​ Porn ကားၾကည္​့ဖို႔မလြယ္​..

မရဘူး ​ေျပာတာမဟုတ္​ပါ..မလြယ္​ဘူးလို႔ ​ေျပာတာ ျဖစ္​ပါတယ္​..

ကြၽန္​​ေတာ္​တို႔ဆီမွာက​ေတာ့ Porn ကားကို ၈ တန္​း ၉ တန္​း ၁၀ တန္​း က​ေလး​ေတြ ၾကည္​့ခ်င္​သလို ၾကည္​့ခြင္​့႐ွိ​ေနတယ္​..

​ေသြးသား အား​ေကာင္​းတဲ့အျပင္​အ​ေတြ႔အၾကံဳကလည္​း မ႐ွိ ၊အ​ေတြ႔အၾကံဳ႐ွာဖို႔ကလည္​း မလြယ္​ကူ​ေသးတဲ့အရြယ္​ျဖစ္​​ေန​ေလ​ေတာ့

စိတ္​က ထန္​ လြန္မက ထန္​ လာတဲ့အခါအိမ္​မွာအတူတူ​ေနတဲ့ ညီမ​ေတြအ​ေပၚ ၾကံမိ​ၾကံရာ ၾကံတတ္​ၾကတယ္​..

ပညာ႐ွင္​မဟုတ္​တဲ့ ပရဟိတသမားမို႔ဘာလုပ္​သင္​့တယ္​ ညာလုပ္​သင္​့တယ္​ အၾကံမ​ေပးတတ္​ပါ..

အကိုအရင္​းက မုဒိန္​းက်င္​့လို႔ကိုယ္​၀န္​ ၇ လ ႐ွိ​ေနတဲ့ ဒီ​ေကာင္​မ​ေလးကိုက​ေလး​ေမြး​ေပးဖို႔ပဲ ကူညီရ​ေတာ့မွာပါပဲ..

ဒုကၡ ဒုကၡ ဒုကၡ…

စိတ္​ညစ္​ရ​ေသာ ​ေန႔ပါပဲ……။

ကိုစိုးထိုက္​(ဖဒို)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Soe Htike

#Unicode Version#
၈ တန်းကျောင်းသူ ဒီကောင်မလေးမှာကိုယ်ဝန် ၇ လရှိနေတယ်လို့ဆရာဝန်က ကျွန်တော့်ကို တိုးတိုးလေးပြောတယ်..

“သမီးကို ဘယ်သူလုပ်တာလဲ..” လို့

ကျွန်တော် နဲ့ ဆရာဝန်က ချော့မော့ မေးတော့လည်းကောင်မလေးက မပြော..

ဘယ်လိုမေးမေး မပြော..ငိုပဲ ငိုနေတယ်..

“ကျွန်မသမီး မှာ ရည်းစားမရှိဘူး ဆရာရဲ့..”ကောင်မလေးရဲ့ မိခင်ကလည်း ဆရာဝန်ကိုမရဲတရဲနဲ့ ပြောတယ်..

ကျွန်တော့် အတွေ့အကြုံအရ သိလိုက်ပြီ..ဆရာဝန်နားကို ကျွန်တော်ကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်..

“အန်တီ..အပြင်ကို ခဏထွက်ပေးပါ..”လို့ ဆရာဝန်က အမေဖြစ်သူကို ရှောင်ခိုင်းလိုက်တယ်…

ဆရာဝန်က ကောင်မလေးကို ချော့ပြီးမေးတယ်..”သမီး အိမ်မှာ ယောကျ်ားဆိုရင် ဘယ်သူတွေရှိလဲ.””အဖေ ရယ် အကိုရယ် ပါ”

“အိမ်ကို ဝင်ထွက်သွားလာတတ်တဲ့တခြား အမျိုး ယောကျ်ားတွေ ရှိသေးလား..”

“မရှိဘူး ဆရာကြီး..”

” သမီး အဖေနဲ့ အကို တို့ကရော

သမီးကို ကြင်နာရဲ့လားကွယ်..”

ကောင်မလေး မျက်နှာသိသိသာသာပျက်သွားတယ်..

မျက်ရည်တွေကျပြီး ခေါင်းကိုငုံ့လို့

စကားတစ်ခွန်းကို တုန်ရီစွာပြောတယ်..

“သမီးကို သမီးအကိုက ဟိုဟာ လုပ်ဖူးတယ်..”
…………………………………



ဒီလိုမျိုး သားအရင်းနဲ့ သမီးအရင်း ဖြစ်ကြတဲ့ ကိစ္စမျိုးမှာ ကျွန်တော် အသနားဆုံးကအမေဖြစ်သူကိုပါပဲ..

အဖြစ်အပျက်ကို ပြောပြတဲ့အခါ ငိုဖို့တောင်သတိမရဘဲ ကြောင်တောင်တောင်ကြီးဖြစ်သွားတဲ့

အဲဒီအဖွားကြီးပုံကို ကျွန်တော် မျက်လုံးထဲက မထွက်..

“သူတို့အဖေကို ကျွန်မ ဘယ်လိုပြောရမလဲရှင်..”ဆိုပြီးတော့မှ မျက်ရည်တွေကျလာတယ်..

မနှစ်က တစ်ခါ ကြုံခဲ့ဖူးတဲ့ မောင်နှမ အရင်း ဖြစ်ကြတဲ့ ကိုယ်ဝန်မှာတုန်းကတော့ကောင်လေးရော ကောင်မလေးပါမူးယစ်ဆေးကို သုံးကြတယ်..

အခု ဒီပြဿနာမှာတော့ မျက်စိရှေ့ကကောင်မလေးဟာ ရိုးသားတဲ့ တောသူတောင်သားပုံစံမို့ မူးယစ်ဆေးတော့မသုံးနိုင် …

ဒါဆို မောင်နှမ အရင်း Sex ဖြစ်ရလောက်အောင်ဘာက အသိဉာဏ်မဲ့စေတာလဲ..ကျွန်တော်က ကောင်မလေးကို မေးလိုက်တယ်..

“သမီးကို သမီးအကိုက အဲဒီလို လာလုပ်တာကိုမငြင်းဖူးလား သမီးရယ်..”

“သမီးကို အတင်းအကျပ် လုပ်တာ ဦး..သမီးငြင်းတယ်..မရဘူး..

နောက်ထပ်တော့ ထပ်မလုပ်တော့ပါဘူး..အဲဒီ တစ်ခါထဲပါ..”

“သမီးအကိုက အသက် ဘယ်လောက်လဲ အရက်တွေ ဘာတွေ သောက်လား..”

“သမီးအကိုက ၁၀ တန်းကျောင်းသားပါ..အရက်လည်း မသောက်ပါဘူး..”

“သူက ဖုန်းတွေ ဘာတွေ သုံးလား..”အမေဖြစ်သူက ဝင်ပြောတယ်..



“ဆရာရေ..ငယ်ငယ်ရွယ်ရွယ်နဲ့

ဖုန်းထဲမှာ မကောင်းတာတွေ ကြည့်နေလို့အဲဒီ ဖုန်းကို ကျွန်မ သိမ်းထားလိုက်တယ်..”

အဖြေကို တွေ့ပါပြီ..ဆယ်ကျော်သက် လူငယ်တစ်ယောက်အနေနဲ့

ကိုယ့်စိတ်ကိုယ် မနိုင်တဲ့အချိန် Porn ကားကြည့်ပြီးစိတ်မထိန်းနိုင်လို့ ကိုယ့်ညီမကိုယ်ပြန် စော်ကားမိတာ…

နိုင်ငံတကာမှာလည်း Porn ဆိုဒ်တွေ ရှိတယ်..မြန်မာနိုင်ငံမှာလည်း ရှိပါတယ်..

(ကျွန်တော်လည်း တစ်ခါတစ်လေ ဝင်ကြည့်ပါတယ်..)

ဒါပေမဲ့ သူများနိုင်ငံတွေမှာက Cyber Law ဆိုတာကျွန်တော်တို့နိုင်ငံထက် ပိုကောင်းမယ်ထင်ပါတယ်..အသက် ၁၆ နှစ်အောက်ဆိုရင် Porn ကားကြည့်ဖို့မလွယ်..

မရဘူး ပြောတာမဟုတ်ပါ..မလွယ်ဘူးလို့ ပြောတာ ဖြစ်ပါတယ်..

ကျွန်တော်တို့ဆီမှာကတော့ Porn ကားကို ၈ တန်း ၉ တန်း ၁၀ တန်း ကလေးတွေ ကြည့်ချင်သလို ကြည့်ခွင့်ရှိနေတယ်..

သွေးသား အားကောင်းတဲ့အပြင်အတွေ့အကြုံကလည်း မရှိ ၊အတွေ့အကြုံရှာဖို့ကလည်း မလွယ်ကူသေးတဲ့အရွယ်ဖြစ်နေလေတော့

စိတ်က ထန် လွန်မက ထန် လာတဲ့အခါအိမ်မှာအတူတူနေတဲ့ ညီမတွေအပေါ် ကြံမိကြံရာ ကြံတတ်ကြတယ်..

ပညာရှင်မဟုတ်တဲ့ ပရဟိတသမားမို့ဘာလုပ်သင့်တယ် ညာလုပ်သင့်တယ် အကြံမပေးတတ်ပါ..

အကိုအရင်းက မုဒိန်းကျင့်လို့ကိုယ်ဝန် ၇ လ ရှိနေတဲ့ ဒီကောင်မလေးကိုကလေးမွေးပေးဖို့ပဲ ကူညီရတော့မှာပါပဲ..

ဒုက္ခ ဒုက္ခ ဒုက္ခ…

စိတ်ညစ်ရသော နေ့ပါပဲ……။

ကိုစိုးထိုက်(ဖဒို)
ဖိုးသူတော် (www.phothutaw.com)
Credit:  Soe Htike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top