မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×







Credit: DVB

# Unicode Version ဖြင့် ဖတ်ပါ #
သြစတြေးလျ နိုင်ငံက ရဲအရာရှိ တဦးဟာ ညပိုင်း ကင်းလှည့်ချိန်မှာ တွေ့ရှိခဲ့တဲ့ ဧရာမ စပါးကြီ မြွေကြီး တကောင်ကြောင့် အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့ရပါတယ်။

သူဟာ မြွေကြီး နဲ့အတူ အမှတ်မထင် ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံ ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ မြောက်ပိုင်း ကွင်းစလန်ပြည်နယ်မှာ ဖြစ်ခဲ့ပြီး တခြား အဖော် တဦးနဲ့ ကင်းလှည့်ချိန် မှာ လမ်းမပေါ်ဖြတ်သွားတဲ့ မြွေကြီးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“မြွေကြီး ရဲ့အရှည်ဟာ ၅ မီတာ ကျော်လောက်ရှိမယ် ထင်တယ်ဗျ။ ဒါပေမယ့် ဘာ အမျိုးအစား ဆိုတာကိုတော့ သေသေချာချာမသိဘူး” လို့ ဘီဘီစီသတင်းကို ပြောပါတယ်။

ဒါဟာ အခုနှစ်အစောပိုင်းက ဖြစ်ခဲ့တာဖြစ်ပေမယ့် ဒီ ဓာတ်ပုံ ဟာ ကြည့်ရှုသူ ၂ သန်းကျော်ရှိခဲ့ပြီး မှတ်ချက်ပေါင်း ၁ သောင်းလောက် ရှိခဲ့တာပါ။

ဒါဟာ သြစတြေးလျ မျိုးစိတ် စပါးကြီးမြွေဖြစ်နိုင်ပြီး သူတို့ဟာ အရှည် ၇ မီတာ (၂၃ ပေ) လောက်ထိ ကြီးထွားနိုင်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top