ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ့္ရဲ႕ခ်စ္သူဟာ ကိုယ့္အတြက္ၿပီးျပည့္စံုတဲ့သူတစ္ေယာက္ျဖစ္တယ္ဆိုတာကို သိႏိုင္မယ့္နည္းလမ္းေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ အခက္ခဲေတြကိုရင္ဆိုင္ရမွာမေၾကာက္ဘူး

သင့္ခ်စ္သူဟာ သင္နဲ႔ ပတ္သက္ၿပီးျဖစ္လာမယ့္၊ ရင္ဆိုင္လာရမယ့္ အခက္ခဲေတြကို မေၾကာက္ဘူး၊ ေကာင္းေကာင္းဆိုးဆိုး သင့္နားမွာ အၿမဲတမ္းရွိၿပီး ရင္ဆိုင္ဖို႔ အသင့္ျဖစ္ေနတယ္ဆိုရင္ သူဟာ သင့္အတြက္ ၿပီးျပည့္စံုတဲ့သူတစ္ေယာက္ပါပဲ။

၂။ သင့္ကိုအၿမဲတမ္း အားေပးတယ္

သင့္ခ်စ္သူဟာ သင့္ေအာင္ျမင္မႈကို ဂုဏ္ျပဳတတ္တယ္၊ သင္၀မ္းနည္းအားငယ္တဲ့အခါ အားေပးတတ္တယ္။ သင္နဲ႔ပတ္သက္လာရင္ သူဟာ သင့္ဖက္မွာ အၿမဲတမ္းရွိေနၿပီး သင့္ဖက္က ရပ္တည္ေပးတယ္။ သင့္ကိုအားတက္လာေအာင္ အၿမဲလုပ္ေပးတတ္တယ္ဆိုရင္ သူဟာ သင့္အတြက္ ၿပီးျပည့္စံုတဲ့ခ်စ္သူတစ္ေယာက္ပါပဲ။

၃။ သင္စိတ္ဓာတ္က်ေနတဲ့အခါ သူက အားျဖစ္ေစတယ္

သင္စိတ္ဓာတ္က် အားငယ္ေနတဲ့အခါ သင့္ကို အားျပန္တက္လာေအာင္ သူဟာ အၿမဲတမ္း ေပ်ာ္စရာေတြ ဖန္တီးေပးတတ္တယ္။ သင့္၀မ္းနည္းတဲ့အခါ ရယ္ေအာင္လုပ္ေပးႏိုင္တဲ့သူျဖစ္တယ္။

၄။ သင္နဲ႔ပတ္သက္တဲ့ ကိစၥေသးေသးေလးကအစ သူဂရုစိုက္တယ္

သင္နဲ႔ပတ္သက္လာရင္ သင္ဘာအက်ၤ ီ ၀တ္တယ္ဆိုတာကအစ၊ သင္ဘာႀကိဳက္တတ္တယ္၊ သင္ဘာအစားအစာနဲ႔ မတည့္ဘူးဆိုတာကအစ အေသးစိတ္ သူမွတ္မိတယ္။ ဂရုစိုက္တတ္တယ္ဆိုရင္ သင့္အတြက္သူက ျပည့္စံုတဲ့ခ်စ္သူတစ္ဦးပါပဲ။

၅။ သင့္ထင္ျမင္ယူဆခ်က္ေတြကို တန္ဖိုးထားတယ္

သင့္ထင္ျမင္ယူဆခ်က္ေတြကို တန္ဖိုးထားတယ္။ ဘ၀ရဲ႕ အေရးႀကီးတဲ့ဆံုးျဖတ္ခ်က္ေတြမွာ သင့္အႀကံဥာဏ္ကိုယူတတ္တယ္။ သင့္ကို ေလးစားမႈအျပည့္ရွိတယ္။

၆။ သင္နဲ႔ ဘယ္လိုညွိႏိႈင္းရမယ္ဆိုတာသိတယ္

ျပည့္စံုတဲ့ စံုတြဲေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈအျပည့္ ညွိညွိႏိႈင္းႏိႈင္းနဲ႔ တုိင္ပင္ေလ့ရွိတယ္။ ဆံုးျဖတ္ခ်က္တစ္ခုခ်ေတာ့မယ္ဆိုရင္လည္း သင့္သေဘာဆႏၵကို ထည့္ၿပီးစဥ္းစားေလ့ရွိပါတယ္။

၇။ သင့္မိသားစုနဲ႔ သင့္ပတ္၀န္းက်င္ကလူေတြကိုပါ ဂရုစိုက္တယ္

သင့္ကိုခ်စ္တဲ့သူ၊ သင့္အတြက္ ၿပီးျပည့္စံုတဲ့ခ်စ္သူဟာ သင့္ကိုသာမက သင့္မိသားစုနဲ႔ သင့္ပတ္၀န္းက်င္ကလူေတြကိုပါ ဂရုစိုက္တတ္ပါတယ္။ သင့္မိသားစုက အကူအညီတစ္ခုခုလိုရင္လည္း အၿမဲတမ္းေပးဖို႔ အဆင္သင့္ရွိေနတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကိုယ့်ရဲ့ချစ်သူဟာ ကိုယ့်အတွက်ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိနိုင်မယ့်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ အခက်ခဲတွေကိုရင်ဆိုင်ရမှာမကြောက်ဘူး

သင့်ချစ်သူဟာ သင်နဲ့ ပတ်သက်ပြီးဖြစ်လာမယ့်၊ ရင်ဆိုင်လာရမယ့် အခက်ခဲတွေကို မကြောက်ဘူး၊ ကောင်းကောင်းဆိုးဆိုး သင့်နားမှာ အမြဲတမ်းရှိပြီး ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတယ်ဆိုရင် သူဟာ သင့်အတွက် ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါပဲ။

၂။ သင့်ကိုအမြဲတမ်း အားပေးတယ်

သင့်ချစ်သူဟာ သင့်အောင်မြင်မှုကို ဂုဏ်ပြုတတ်တယ်၊ သင်ဝမ်းနည်းအားငယ်တဲ့အခါ အားပေးတတ်တယ်။ သင်နဲ့ပတ်သက်လာရင် သူဟာ သင့်ဖက်မှာ အမြဲတမ်းရှိနေပြီး သင့်ဖက်က ရပ်တည်ပေးတယ်။ သင့်ကိုအားတက်လာအောင် အမြဲလုပ်ပေးတတ်တယ်ဆိုရင် သူဟာ သင့်အတွက် ပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်ပါပဲ။

၃။ သင်စိတ်ဓာတ်ကျနေတဲ့အခါ သူက အားဖြစ်စေတယ်

သင်စိတ်ဓာတ်ကျ အားငယ်နေတဲ့အခါ သင့်ကို အားပြန်တက်လာအောင် သူဟာ အမြဲတမ်း ပျော်စရာတွေ ဖန်တီးပေးတတ်တယ်။ သင့်ဝမ်းနည်းတဲ့အခါ ရယ်အောင်လုပ်ပေးနိုင်တဲ့သူဖြစ်တယ်။

၄။ သင်နဲ့ပတ်သက်တဲ့ ကိစ္စသေးသေးလေးကအစ သူဂရုစိုက်တယ်

သင်နဲ့ပတ်သက်လာရင် သင်ဘာအင်္ကျ ီ ဝတ်တယ်ဆိုတာကအစ၊ သင်ဘာကြိုက်တတ်တယ်၊ သင်ဘာအစားအစာနဲ့ မတည့်ဘူးဆိုတာကအစ အသေးစိတ် သူမှတ်မိတယ်။ ဂရုစိုက်တတ်တယ်ဆိုရင် သင့်အတွက်သူက ပြည့်စုံတဲ့ချစ်သူတစ်ဦးပါပဲ။

၅။ သင့်ထင်မြင်ယူဆချက်တွေကို တန်ဖိုးထားတယ်

သင့်ထင်မြင်ယူဆချက်တွေကို တန်ဖိုးထားတယ်။ ဘဝရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ သင့်အကြံဉာဏ်ကိုယူတတ်တယ်။ သင့်ကို လေးစားမှုအပြည့်ရှိတယ်။

၆။ သင်နဲ့ ဘယ်လိုညှိနှိုင်းရမယ်ဆိုတာသိတယ်

ပြည့်စုံတဲ့ စုံတွဲတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့် ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်ပင်လေ့ရှိတယ်။ ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုရင်လည်း သင့်သဘောဆန္ဒကို ထည့်ပြီးစဉ်းစားလေ့ရှိပါတယ်။

၇။ သင့်မိသားစုနဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကိုပါ ဂရုစိုက်တယ်

သင့်ကိုချစ်တဲ့သူ၊ သင့်အတွက် ပြီးပြည့်စုံတဲ့ချစ်သူဟာ သင့်ကိုသာမက သင့်မိသားစုနဲ့ သင့်ပတ်ဝန်းကျင်ကလူတွေကိုပါ ဂရုစိုက်တတ်ပါတယ်။ သင့်မိသားစုက အကူအညီတစ်ခုခုလိုရင်လည်း အမြဲတမ်းပေးဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top